Saturday, January 10, 2015

Mama (2013) မြန်မာစာန်းထိုး

http://www.quartetrecords.com/media/catalog/product/cache/4/image/500x/9df78eab33525d08d6e5fb8d27136e95/m/a/mama.jpg 


Director: Andres Muschietti ရိုက်ကူးတင်ဆက်ထားပြီး

January 18, 2013 (USA) တွင် ရုံတင်ပြသခဲ့သော ထိတ်လန့်ချောက်ခြားဖွယ်ရာ

ရုပ်ရှင်ဇတ်ကား တစ်ခုဖြစ်ပါတယ်...


ဇတ်လမ်း ပုံစံကတော့...

စိတ်ကျရောဂါ စွဲကပ်နေတဲ့ ရုံးဝန်ထမ်း အမျိုးသားဟာ သူ့ရုံးက ၀န်ထမ်း အားလုံး ကို

သတ်ဖြတ်ပစ်ခဲ့ပြီး အိမ်သို့ပြန်လာက ကလေးတွေကို တံခါးပိတ်ထားပြီး မိန်းမကို

ထပ်ပြီး သတ်ပစ်လိုက်ပါတယ်...

ထို့နောက်တွင်သော ငယ်ရွယ်သေးသော သမီးငယ် နှစ်ဦးကို ကားပေါ်တင်ပြီး

ထွက်ပြေးရာတွင် ချောက်ကမ်းပါး တစ်ခုအရောက် ကားဘရိတ်ချော်ပြီး ချောက်တွင်းသို့

ပြုတ်ကျသွားပါတော့တယ် သူကိုယ်တိုင် ဒဏ်ရာအနည်းငယ်သာ ရပြီး

သမီး နှစ်ဦးကို လက်ဆွဲခေါ်ကာ တောတွင်းသို့ ၀င်ရောက်လာရင်း

ထူးဆန်းသော အိမ်တစ်အိမ်ကို တွေ့ရှိရာ ၀င်ရောက်နားခိုခဲ့ပါတယ်..

ထို့နောက် ကလေးငယ် နှစ်ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ရန်

ပြုလုပ်တဲ့ အချိန်မှာပဲ မမြင်နိုင်သော အရာတစ်ခုက ကလေးငယ် နှစ်ဦးရဲ့

ဖခင်ကို သတ်ဖြတ်ပြီးနောက် ထိုကလေးငယ် နှစ်ဦးကို စောင့်ရှောက်ကျွေးမွေးနေပါတော့တယ်...

နှစ် အနည်းငယ် ကြာပြီးနောက် ဖခင် ဖြစ်သူ ရဲ့ ညီ ကလေးတွေ ရဲ့ ဦးလေးဟာ

ကလေးတွေကို အမြဲတမ်း ရှာဖွေစုံစမ်းနေရင်းနဲ့မှ ပြန်လာရှာဖွေတွေ့ရှိလို့

အိမ်သို့ ခေါ်ဆောင်လာတဲ့ အခါမှာ မကျွတ်မလွတ်သော ကလေးတွေကို စောင့်ရှောက်နေသော

အင်မတန် ကြောက်မက်ဖွယ် ကောင်းသော အရာပါ အိမ်သို့ လိုက်ပါလာခဲ့သော အခါ...

===========================================

နှလုံးရောဂါအခံရှိသူ နှင့် ကြောက်တက်သော ငယ်ရွယ်သော ကလေးများအား

မပြသ သင့်ပါ...
============================================

ဇတ်ဝင်ခန်း အချို့





Download Link
==========


(Thit San Khant) 

Follow Me - www.thitsankhant.com 

www.facebook.com/thitsankhant2 

ဇတ်လမ်းအသစ်တင်တိုင်း သိရှိလိုပါက

 အောက်က Follow Button အပြာရောင်လေးကို Click နှိပ်ပေးခဲ့ပါ :)
                                                          

No comments:

Post a Comment