Sunday, January 11, 2015

Frequencies (2013) မြန်မာစာတန်းထိုး


သိပ္ပံကားကောင်းလေးတွေကြိုက်နှစ်သက်တွေအတွက် ဒီကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်
Review အရင်ဆုံးကြည့်လိုက်ရအောင်

ကမ္ဘာပေါ်မှာ လူတွေရဲ့ ဘဝတန်ဖိုး . . . ဆက်ဆံရေး . . . အစရှိသည်တို့ကို " frequencies " တွေနဲ့သတ်မှတ်ထားပါတော့တယ်။ ထိုထဲမှာမှ Isaac-Newton လို့ခေါ်တဲ့ကောင်လေးတစ်ယောက်  .. . .  သူ့ကိုတော့ Zak ကို လူသိများကြပြီး သူကတော့ "Low frequency" နဲ့ မွေးဖွားလာသူဖြစ်ပြီး သူကတော့ ထိုအရာကို ပြောင်းလဲပစ်ချင်နေတာပါ။ အကြောင်းကတော့ "High frquency" ကောင်မလေးတစ်ယောက်ဖြစ်တဲ့ Marie ကို ငယ်စဉ်ကတည်းက စိတ်ဝင်တစားရှိနေလို့ပါ။

Zak ရဲ့ မိဘတွေနဲ့ ဆရာတွေကတော့ Zak နဲ့ Marie ဟာ ဆန့်ကျင်ဘက်တွေဖြစ်တဲ့အတွက် မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ် . . သူတို့ငယ်စဉ်ဘဝတွေ့ဆုံတိုင်းမှာ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်ပျက်ကျန်ခဲ့တာပါပဲ။ Marie . .  သူမကတော့ "High frequency" အဖြစ်နဲ့ မွေးဖွားလာသူဖြစ်ပြီး စိတ်လှုပ်ရှားခံစားမှု မရှိပါဘူး။ ဒါပေမယ့် သူ့ ရည်မှန်းချက်ကတော့ အချစ်ကို ခံစားရဖို့ပါပဲ။ Theo ကတော့ Zak ရဲ့ သူငယ်ချင်းဖြစ်ပြီး Zak ရဲ့ frequency ကို မြင့်တင်ပေးဖို့ကြိုးစားကူညီပေးသူဖြစ်ပြီး ငယ်ဘဝမှာတော့ မအောင်မြင်ခဲ့ပါဘူး။

နှစ်ပေါင်းများစွာကြာပြီး အရွယ်ရောက်နေပြီဖြစ်တဲ့ Marie ရဲ့ မွေးနေ့မှာ Zak တစ်ယောက် ပြန်လာခဲ့ပြီး သူ့ "Frequency" ကို မြှင့်တင်နိုင်ပြီလို့ ပြောဆိုပြီး Marie ဆီက အနမ်းကိုတောင် ရအောင်ယူနိုင်ခဲ့ပါတယ်။ ထို့အတူ သူတို့နှစ်ယောက်အတူတူ ညကို ကုန်ဆုံးဖြစ်ခဲ့ပါတော့တယ်။ Zak ဟာ Theo နဲ့အတူတူ "Sound waves" ကို ရှာဖွေတွေ့ရှိခဲ့ပါတယ် . . .ထို "Sound waves" ကတော့ လူတစ်ယောက်ရဲ့ "Frequency" ကို မြှင့်တင်ပေးနိုင်ပါတယ်။ သူတို့ဟာ ဖုန်းတစ်လုံးကို တီထွင်ခဲ့ပြီး ထိုဖုန်းကတော့ ပတ်ဝန်းကျင်အခြေအနေကိုလိုက်ပြီး လူတစ်ယောက်ရဲ့ "Frequency" ကို မြှင့်တင်ပေးမယ့် စကားလုံးတွေကို ဖော်ပြပေးပါတယ်။

သူတို့ရဲ့ဇာတ်လမ်းမှာ Mozart ရဲ့ ဂီတတွေက ဘယ်လိုပါဝင်လာပြီး နောက်ပိုင်းဘယ်လိုတွေ ဆက်ဖြစ်ကြမလည်းဆိုတာကိုတော့ . . . . . 

Sci-Fi ရုပ်ရှင်အမျိုးအစားဖြစ်ပြီး ကြည့်ရှုသူတွေကို တွေးတောစရာအများကြီးပေးမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDB rating 6.9 ပဲ ရရှိထားပေမယ့် Rotten Tomatoes မှာတော့ 100% အပြည့်ရရှိထားပါတယ်။ Frequencies ရုပ်ရှင်ကားဟာ ကုန်ကျစရိတ်အများကြီးနဲ့ ရိုက်ကူးခဲ့တာမဟုတ်ပဲနဲ့ ရုပ်ရှင်ထဲမှာ အချစ်ဇာတ်လမ်းနဲ့ တွေးခေါ်စရာတွေ အများကြီးကို တွေ့မြင်ရမှာပါ။ ရုပ်ရှင်ကားကြည့်ပြီးတာနဲ့ ကျွန်တော်လည်း Mozart ရဲ့ သံစဉ်တွေ လိုက်ရှာပြီး နားထောင်ကြည့်ဖြစ်လိုက်ပါသေးတယ်။

(ရုပ်ရှင်အညွှန်းကို mmmovieguide မှ ပြန်လည်တင်ပြပါသည် )

Filesize : 1.2GB
Quality :720p

Format : mkv
Running Time : 1 Hour And 45 Min
Subtitle : Myanmar Subtitle ( Hardsub )
Encoder: LK


Download And Watch With Pcloud ( HD )

Download Small Filesize with Pcloud ( 445 MB )




No comments:

Post a Comment