Sunday, January 31, 2016

Jolly LLB (2013) မြန်မာစာတန်းထိုး


India နိုင်ငံမှာ အကြီးမားဆုံး လဘ်စားမှုတွေနဲ့ တရားဥပဒေ ဆိုတာ ကိုယ်ကြိုက်သလို

လုပ်ယူလို့ရနေတဲ့ ကိစ္စရပ်အပေါ် လမ်းကြောင်း တည့်ပေးထားတဲ့ အသိပညာပေး

ရုပ်ရှင်ကား ဖြစ်ပြီး တရားသူကြီးတွေ ရှေ့နေတွေဟာလဲ ငွေနဲ့ ပတ်သက်လာရင်

တရားမျှတမှုကို မျက်ကွယ်ပြုပြီး ငွေနောက်သာ သဲသဲမဲမဲ လိုက်နေတဲ့အကြောင်းကို

ထင်သာမြင်သာ ရှိအောင် ရိုက်ပြထားပါတယ် သေချာတာကတော့ အကျင့်ပျက် ချစားနေတဲ့

နိုင်ငံတွေ က ရှေ့နေတွေ အတုယူသင့် အလွဲပြင်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုအဖြစ်

ညွှန်းဆိုပေးချင်ပါတယ်...

(သစ်ဆန်းခန့်)


Download Link
================



IMDb -  7.2/10
File size  -  (735 MB)
Quality -    DVD Rip 720p
Format - MP4
Duration  02:08:23
Subtitle - Myanmar
Encoder - Thit San Khant



Triple Tap (2010) မြန်မာစာတန်းထိုး


ဒီတစ်ခါမှာတော့ ဟောင်ကောင်အက်ရှင် အေးဂျင့်စုံထောက် ဇတ်ကားမျိုး တင်ပေးလိုက်ပါတယ်

အညွှန်းကိုတော့ အထူးတလည် ရေးမတော့ပါဘူး တစ်ခါတလေမှာ အညွှန်းက ဇတ်လမ်းရဲ့အရှိန်ကို

ဖျက်စီးစေတက်တယ်လေ ဒီတော့ကာ Download သာ ဆွဲကြည့်လိုက်ပါတော့....


(သစ်ဆန်းခန့်)


Download Link
==================



IMDb - 6.3/10
File size  -  (671 MB)
Quality -   DVD Rip 720p
Format - MP4
Duration  1h 58m
Subtitle - Myanmar
Encoder - Thit San Khant


1448 Love Among Us (2014) မြန်မာစာတန်းထိုး

အချစ်ဆိုတာ ဆန်းကြယ်သော အရာလို့ ရှေးကအဆိုရှိခဲ့သလိုပါပဲ။
ဒီဇာတ်ကားမှာလဲ အချစ်ရဲ့ ဆန်းကြယ်ပုံတွေကို ခံစားရမှာပါ။
ထိုင်း Romance ဇာတ်ကားစစ်စစ်ဖြစ်ပြီး IMDb မှာ (6/10) ထိ Rating ပေးထားကြတာ တွေ့ရပါတယ်။
သက်တန့်ရောင်တွေကို နားလည်ပေးနိုင်ရင် နှလုံးသားနဲ့ ခံစားနိုင်မှာပါ။
(မြန်မာစာတန်းထိုးလိုအပ်ချက်များရှိခဲ့ပါက နားလည်ပေးကြပါကုန်။)


File size...(800MB) 
Quality...Blu-ray Rip 720p

Format...mp4
Duration....01:32:53
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(350MB)
 


နမူနာကြည့်ရန

Saturday, January 30, 2016

Closed Circuit (2013) မြန်မာစာတန်းထိုး



လန်ဒန် ရဲ့ အထင်ကရဈေးတခုမှာ ပေါက်ကွဲမှု့တခု ဖြစ်ပွဲခဲ့ပြီး လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ပါတယ်… ဒီဖြစ်ရပ်မှာ သံဒယရှိခြင်း ခံရသူ တဦး ကို ဖမ်းဆီးခဲ့ပါတယ်…

တရားလိုရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်နေတဲ့ ဆိုင်မွန် ဟာ ရုတ်တရတ် သေဆုံးသွားခဲ့ပြီးနောက် Martin Rose ကိုဆောင်ရွက်စေဖို့ လွဲပြောင်းပေးခြင်းခံရသလို တချိန်ထဲမှာပဲ တရားခံဖက်က ရှေ့နေအဖြစ် Claudia Simmons ကို ဆောင်ရွက်စေခဲ့ပါတယ်…သူတို့ ၂ ဦးဟာ မကြာခင်အချိန်တခုကမှ ပြတ်စဲထားတဲ့ လင်မယားတွေ ဖြစ်ပေမယ့် ဒီအမှုကို ပေးအပ်လိုက်ချိန်ကစလို့ တဦး နဲ့ တဦး မည်သည့် အကြောင်းနဲ့မှ ဆက်သွယ်ခွင့် နဲ့ ဆက်သွယ်မည် မဟုတ်ပါကြောင်း ကို ကတိပေးထားရပြန်တယ်..

တရာခံရှေ့နေ Claudia ဟာ MI5 agent Nazrul Sharma ရဲ့ ထိမ်းသိမ်းမှု့အောက်မှာသာ လှုပ်ရှားခွင့်ရှိပြီး တရားခံ Farroukh  ရဲ့ မိသားစုကိုလဲ လုံခြုံရေးအရ MI5 မှ ကာကွယ်စောက်ရှောက်ထားပါတယ်… Martin ကတော့ မိတ်ဆွေဖြစ်သူ ရှေ့နေ Devlin နှင့်အတူ လုပ်ကိုင်ထောက်လှမ်းနေခဲ့တယ်…

 Martin ဟာ သူငှားစီးတဲ့ တက္ကစီ ကို မသင်္ကာရာမှ တရားခံ Farroukh ဟာ MI5 မှ Agent တယောက်ဆိုတာ သိသွားချိန်မှာ …
Martin ဟာ သတ်မှတ်ထားတဲ့ စည်းကမ်း ကို ချိုးဖောက်ပြီး Claudia ကို ဘောလုံးပွဲမှာ လျို့ဝှက်ချိန်းဆိုခဲ့ပြီး Farroukh ဟာ MI 5 တယောက်ဖြစ်ကြောင်း သတိပေးခဲ့တယ်…
နောက်တနေ့မှာပဲ သူတို့လိုက်ပါဆောင်ရွက်နေတဲ့ လန်ဒန်ဗုံးကွဲမှု့ကို စတင် ရုံးတင် စစ်ဆေးရာမှာ လျှို့ဝှက် စစ်ဆေးစေခဲ့ပြီး တရားလိုဘက်မှ နားထောင်ပြန်ကြားခွင့်မရခဲ့ပါဘူး…

Martin နဲ့ Claudia ဟာ Farroukh ရဲ့ သားဖြစ်သူ အားစစ်ဆေးရာမှာ ပြောကြားခဲ့တဲ့ စကားတခွန်းကို အစပြုရာမှ လန်ဒန်ဗုံးကွဲမှု့ရဲ့ တရားခံအစစ် ကို သိရှိသွားခဲ့ပြီး ဖော်ထုတ်ရာမှ –

ဒီဇာတ်ကား က တော်တော်ကြည့်ကောင်းတဲ့ ကားပါပဲ … ကျွန်တော့ အနေနဲ့ review ကို ရေချင်ပေမယ့်လဲ ရေးလိုက်ရင် ဇာတ်လမ်း က ပေါ့သွားမှာစိုးတာရယ်က တကြောင်း … ဘာသာပြန် မှားပြန်ရင်လဲ စာဖတ်သူ စိတ်အနှောက်အယှက်ဖြစ်မှာ စိုးတာကြောင့် ကိုယ်တိုင် ကြည့်ရှု့ ခံစားမှသာလျှင် ပိုမို ရသစုံလင်စေမှာဖြစ်တာကြောင့် ဒီလောက်ပဲ ရေးသားလိုက်ရပါတယ်…

File Size         : 750 MB
Quality           : Blu ray 720P
Running Time : 1hr 36 minute
Format           : Mp4
Genre             : Crime, Drama, Mysterey
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းကိုတော့ MMmovie Guideမှ ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်)

Slumdog Millionaire (2008) မြန်မာစာတန်းထိုး



Slumdog Millionaire လို့ပြောလိုက်တာနဲ့ မသိသူမရှိသလောက်ပါပဲ။
ဒီရုပ်ရှင်ကားဟာ အော်စကာဆု (၈)ဆုရရှိခဲ့သလို ကမ္ဘာအနှံ့ ဆုပေါင်း ၁၀၀ကျော်ဆွတ်ခူးခဲ့တဲ့ဇာတ်ကားပါ။
ဇာတ်ဝင်သီချင်းဖြစ်တဲ့ Jai Ho! (You Are My Destiny)
MTV ဟာလဲ TOP 10 List ထဲမှာ လပေါင်းများစွာရှိနေခဲ့ပါတယ်...။
India နိုင်ငံရဲ့ သန်းပေါင်းများစွာ တန်တဲ့ ဥာဏ်စမ်းပြိုင်ပွဲမှာ လာပြိုင်တဲ့
ကောင်လေးတစ်ယောက်ဟာ အဖြေတိုင်းကို အထစ်အငေါ့ မရှိဖြေဆိုနိုင်လို့
ခိုးချ ထားတယ်ထင်ပြီး ရဲတွေက ဖမ်းခေါ် ရိုက်နှိပ်စက်ပြီး စစ်ဆေးတဲ့အခါ
အဖြေတွေဟာ ကြမ်းတမ်းလှတဲ့ သူ့ဘ၀ တစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေဆိုတာ
မျက်ရည်ကျမတက် ပြန်လည်ကြည့်ရှုကြရမှာဖြစ်ပါတယ်...။

IMDb Rating (8/10) Rotten Tomatoes (92%) ထိရရှိထားတဲ့ ဇာတ်ကားမို့လို့
သတိရတိုင်း ပြန်ကြည့်ဖို့ Quality ကောင်းကောင်းလေးနဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။

File size...(950MB) 
Quality...BR-Rip 720p

Format...mp4
Duration....01:55:14
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)

 





နမူနာကြည့်ရန

Friday, January 29, 2016

Aashiqui 2 (2013) မြန်မာစာတန်းထိုး


ဒီကားလေးကတော့ IMDb 7 ရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားပါပဲ
အဆိုတော်တစ်ယောက်ရဲ့ ဘ၀အနိမ့်အမြင့် အတက်အကျတွေကို သင်ခန်းစာ ယူဖွယ် ဆွတ်ပျံ့ကြည်နူးဖွယ် ရိုက်ကူးပြထားတာပါ။
reviewတွေထဲမှာတော့ သင်တို့ရဲ့ ဒီဇာတ်ကားဟာ မျက်ဝန်းတွေကို စိုစွတ်စေပြီး အာခေါင်တွေကိုခြောက်သွေ့သွားစေနိုင်တယ်လို့တောင်ဆိုထားပါတယ်။

အရက်ကြောင့် ပျက်စီးလုနီးပါးဖြစ်ခဲ့ရတဲ့ ကိုယ့်ရဲ့ ဂုဏ်သတင်းကို ဘယ်လို ထိမ်းသိမ်းခဲ့တယ် ကိုယ့်ရဲ့ ဘ၀လက်တွဲဖော် ချစ်သူဆိုတာ ကိုယ့်ဘ၀မှာ ဘယ်လောက်အရေးပါတယ်ဆိုတာ ဒီဇာတ်ကားက အဓိက ဇာတ်ဆောင်က အကောင်းဆုံး ချပြသွားနိုင်ခဲ့ပါတယ်။
ရုပ်ရှင်ချစ် ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ရိုမန့်တစ်ဇာတ်ကားကောင်းလေးပါ။

File Size         : 950 MB
Quality           : DVD Rip 720P
Running Time : 2hr 12 minute
Format           : Mp4
Genre             : Drama, Musical
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

(အညွန်းရေးပေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)

Tinker bell and The Pirate Fairy (2014) မြန်မာစာတန်းထိုး


ဒီအပတ် စနေနေ့ Weekend Special အတွက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Tinker Bell Series တွေထဲမှာ နောက်ဆုံးထွက်ရှိလာခဲ့တဲ့ Tinker Bell - The pirate fairy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ကျွန်တော်က Tinker Bell ကို ၁၉၅၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Peter Pan ဇာတ်ကားမှာ စသိခဲ့တာပါ။ အဲဒီ ပီတာပန်ဇာတ်ကားဟာ ကျွန်တော်ကလေးဘဝ ကြည့်ဖူးသမျှ ကာတွန်းကားတွေထဲမှာ အကြိုက်ဆုံးပါ။ ခဏခဏပြန်ပြန်ကြည့်ပါတယ်။ မိကျောင်းကြီးက နာရီသံတချက်ချက်နဲ့ ရေထဲကပေါ်လာတဲ့အခန်းဆို အခုထိကို ရယ်နေရတုန်းပါပဲ။

ဒီ Pirate Fairy ဟာလည်း Tinker Bell Series တွေထဲမှာ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ Tinker Bell က ရွှေမှုန်လေးတွေကြဲလိုက်တဲ့အခါ ရွှေမှုန်လေးတွေနဲ့ ထိတဲ့သူမှန်သမျှ လေပေါ်ပျံလို့ရသွားတယ်လေ။ အစောပိုင်းထွက်ရှိထားတဲ့ ဇာတ်ကားတွေမှာ ဒါကို တင်ပြထားပါတယ်။ ဒီဇာတ်ကားမှာတော့ ဒီရွှေမှုန်လေးတွေကို ဘယ်လိုပြုလုပ်တယ်ဆိုတာကနေ ဇာတ်လမ်းစထားပါတယ်။

Pixie Hollow ထဲမှာ ရွှေမှုန်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ Dust Keeper တွေ ရှိပါတယ်။ သူတို့က အဲဒီအမှုန်လေးတွေကို အထူးဂရုတစိုက် ထုပ်ပိုးသိမ်းဆည်းရပါတယ်။ Magic Spell ပြင်းထန်တဲ့ ဒီအမှုန်လေးတွေဟာ မကောင်းသူတွေလက်ထဲရောက်သွားရင် အင်မတန် အန္တရာယ်ကြီးတာကိုး။

ရွှေမှုန်လေးတွေကို ဘယ်ကရသလဲဆိုတော့ အပြာရောင်မှော်အမှုန်လေး (blue pixie dust) လေးကနေ ဖန်တီးယူတာပါ။ အဲဒီအပြာရောင် အမှုန်လေးတွေက အဓိကအသက်ပါပဲ။ အဲဒိအတွက် သေသေချာချာ သိမ်းဆည်းထားပြီး အထူးတာဝန်ပေးခံရတဲ့သူတွေသာ အနားကပ်ခွင့်ရှိပါတယ်။

တစ်နေ့မှာတော့ အပြာရောင်အမှုန်လေးတွေကို သိမ်းထားတဲ့လျှို့ဝှက်ခန်းထဲကနေ သွားယူဖို့အတွက် Zarina ဆိုတဲ့ Dust Keeper လေး ကို တာဝန်ပေးလိုက်ပါတယ်။ ဒီနတ်သမီးလေးကတော့ စပ်စုစိန်လေးပါပဲ။ အရာရာကို အသစ်ဖန်တီးချင်စိတ်ရှိတဲ့ သူဟာ ရွှေရောင်အမှုန်နဲ့ အပြာရောင်အမှုန်နှစ်ခုပဲ ရှိတာကို အားမရပါဘူး။ ခရမ်းရောင်အမှုန်၊ ပန်းရောင်အမှုန်လေးတွေကို ကိုယ့်ဘာသာကိုယ် ဖန်တီးချင်ပါတယ်။ အဲဒိတော့ အဓိကအသက်ဖြစ်တဲ့ အပြာရောင်အမှုန်လေးတွေကို တာဝန်ပေးခံရတဲ့နေ့မှာ နည်းနည်းခိုးယူပြီး အိမ်ကိုသယ်သွားပါတယ်။ အဲဒိနောက် လျှောက်စမ်းသပ်လိုက်တာ ပန်းရောင်အမှုန်တွေ၊ ခရမ်းရောင်အမှုန်တွေ ရလာပါပြီ။

ရွှေရောင်အမှုန်လေးက ပျံသန်းနိုင်အောင် လုပ်နိုင်တဲ့ အစွမ်းရှိတယ်။ ခရမ်းရောင်အမှုန်လေးကကော ဘာအစွမ်းလဲ။ ပန်းရောင်အမှုန်လေးကကော ဘာအစွမ်းလဲ။ စပ်စုတဲ့ ဒီနတ်သမီး Zarina လေး ကလိလိုက်ချိန်မှာတော့ Pixie Hollow ကြီး တစ်ခုလုံး ပျက်စီးသွားပါတယ်။

အဲဒိအတွက် အလွန်အမင်း ဒေါသထွက်သွားတဲ့ Dust Keeper ကြီးက သူ့ကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ ဒီအခါ Zarina တစ်ယောက် သူ့ကိုနှင်ထုတ်ရပါ့မလားဆိုပြီး စိတ်ထဲမှာ အငြိုးတွေထားကာ သူ ခိုးထားတဲ့အထဲက ကျန်သေးတဲ့ အပြာရောင်အမှုန်လေးတွေကို ယူပြီး ပင်လယ်ဓားပြတွေနဲ့ ပူးပေါင်းလိုက်တဲ့အချိန်မှာတော့.....။

ဒီဇာတ်ကားဟာ အရင်က ထွက်ရှိထားတဲ့ Tinker Bell ဇာတ်ကားတွေထဲက မှော်အစွမ်းတွေ ဘယ်လိုရရှိလာသလဲဆိုတာ ရှင်းပြထားတဲ့ ဇာတ်ကားပါပဲ။ နောက်ပြီး Peter Pan ဇာတ်ကားထဲက ပင်လယ်ဓားပြကြီးနဲ့ စတင်တွေ့ဆုံပုံကိုလည်း သိရမှာပါ။

Peter Pan မှာတုန်းက သူတို့နှစ်ယောက် ရန်ဘက်ဆိုတာပဲ သိတယ်။ ဘယ်လိုကြောင့် ရန်သူတွေဖြစ်ကုန်တယ်ဆိုတာ မပါပါဘူး။ နောက်ပြီး ပင်လယ်ဓားပြကြီးလက်က ချိတ်ကြီးအကြောင်းလည်း မပါပါဘူး။ ဒီဇာတ်ကားမှာလည်း ဒါကို လျှို့ဝှက်ထားပါသေးတယ်။ နောက်ထွက်မယ့် ကားတွေမှာတော့ ပြန်ရှင်းပြမယ်လို့ မျှော်လင့်ရတာပါပဲ။

ဒါပေမယ့် ဒီဇာတ်ကားမှာ ဓားပြအုပ်စုကို တိုက်ခိုက်တတ်တဲ့ မိကျောင်းကြီးအကြောင်းကိုတော့ ရှင်းပြထားပါတယ်။ မိကျောင်းကြီးလာတဲ့အချိန်ဆို ဘာလို့ နာရီသံ တချက်ချက်မြည်တာလဲဆိုတာပါ သိခွင့်ရမှာပါ။

Disney ဟာ သူတို့ရဲ့ ထုံးစံအတိုင်း အရုပ်လှလှ၊ ရှုခင်းလှလှလေးတွေနဲ့ ကာတွန်းကားတွေ ဖန်တီးလေ့ရှိတဲ့အတွက် မိန်းကလေးတွေ အကြိုက်တွေ့ကြပါတယ်။ ဒီဇာတ်ကားဟာလည်း မိန်းကလေးပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် ကားကောင်းလေးတစ်ကားပါပဲ။

အားလုံးပဲ ကျေနပ်နိုင်ကြပါစေခင်ဗျာ....။

File Size         : 620 MB
Quality           : Blu ray 720P
Running Time : 1hr 18 minute
Format           : Mp4
Genre             : Animation, Adventure, Fantasy
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

(ဇာတ်ကားအညွန်းကိုတော့ Movie Locos Facebook Pageမှ ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်)

Thursday, January 28, 2016

Scary Movie 4 (2006) မြန်မာစာတန်းထိုး


Scary Movie ဆိုတာကတော့ သူ့ခေတ်အခါက နာမည်ကြီးမှန်သမျှတွေကို ဟာသသက်သက် လှောင်ပြောင်ထားသော
ဇာတ်ကားများဖြစ်ပါတယ်။ အထူးသဖြင့်တော့ နာမည်ကြီး ဇာတ်ကားတွေ သရုပ်ဆောင်တွေကို လှောင်ပြောင်ထားတာပါ။
မူရင်းဇာတ်ကားတွေကို ကြည့်ဖူးထားရင် Scary Movie ရဲ့ လှောင်ပြောင်ချက်တွေက အတော်လေး ခွီနေရပါတယ်။
(Scary Movie စုစုပေါင်း ၅ ကားထွက်ထားပါတယ်။ အခုကတော့ နံပါတ် ၄ ဇာတ်ကားကိုတင်ပေးလိုက်တာပါ။
နောက်ဇာတ်ကားတွေကိုလဲ အဆင်ချောသလို တင်ဆက်သွားပါ့မယ်။ တစ်ကားနဲ့တစ်ကား အဆက်အစပ်မရှိတဲ့အတွက်
ဘယ်ကကြည့်ကြည့်အဆင်ပြေပါတယ်။)

ဒီနံပါတ် ၄ ဇာတ်ကားထဲမှာ....
Arachnophobia (1990)...Final Destination (2000)...Thir13en Ghosts (2001).... 
R. Kelly: Bump and Grind - You Be the Judge (2002)....Saw (2004).... 
Scooby Doo 2: Monsters Unleashed (2004) ....Shaun of the Dead (2004)....
Kill Bill: Vol. 2 (2004) ....What the #$*! Do We (K)now!? (2004).....The Village (2004) ..... 
The Grudge (2004) ....Million Dollar Baby (2004)....Hustle & Flow (2005) ..... 
The Amityville Horror (2005) ...."The Oprah Winfrey Show: Episode dated 23 May 2005" (2005)..... 
War of the Worlds (2005) .....Dark Water (2005) ....Deuce Bigalow: European Gigolo (2005) .... 
The 40 Year Old Virgin (2005).....Brokeback Mountain (2005)....Saw II (2005) 
စတဲ့ဇာတ်ကားတွေကို ဟာသဖောက်ထားတာကြောင့် အဲ့ဒီဇာတ်ကားတွေကို ကြည့်ဖူးထားရင် ပိုရယ်ရမှာပါ။

Scary Movie တွေနဲ့ ပတ်သတ်ပြီး မှတ်မိနေတာကတော့....
ကျွန်တော် ငယ်ငယ်တုန်းက... Horror ဇာတ်ကားဆိုရင် ညဖက် အိပ်မပျော်အောင်ထိ ကြောက်ခဲ့ဖူးပါတယ်။
ဒါပေမယ့် Scary Movie တွေ ကြည့်ပြီးနောက်မှာ ဘယ် Horror ဇာတ်ကားမှ မကြောက်တတ်တော့ပါ။
သူတို့လှောင်ထားတဲ့ Horror ဇာတ်ကားတွေကြည့်ပြီး ရယ်ပဲရယ်ချင်တော့ပါတယ်။

(ဒီဇာတ်ကားကိုတော့ Tariq L Walker  မှကိုယ်တိုင်ဘာသာပြန်ပြီး တင်ဆက်လိုက်တာပါ။)                   


File size...(750MB) 
Quality...Blu-ray Rip 720p

Format...mp4
Duration....01:29:33
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(300MB)

 




နမူနာကြည့်ရန်

Wednesday, January 27, 2016

Barefoot(2014) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးက ကျွန်တော့် Favouriteကား တွေထဲက တကားဖြစ်ပါတယ်။
ဒီဇာတ်ကားလေးဟာ IMDb rating 6.6/10 ရရှိထားပါတယ်။


ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် မင်းသားဂျေးကတော့အိမ်က ပိုက်ဆံရှိချမ်းသာပေမယ့် တခြားမြို့မှာ မိန်းမရှုပ် လောင်းကစားလုပ်နဲ့မူးရူးသောင်းကျန်းနေတဲ့ လူ့ဘောကျော့တယောက်ဖြစ်တယ်။
သူ့ရဲ့လုပ်ရပ်တွေကြောင့် စိတ္တဇဆေးရုံမှာ လူမှုရေးဝန်ထမ်းအဖြစ်လုပ်ကိုင်ဖို့အမိန့်ချခံလိုက်ရတယ်။

ထိုအချိန်မှာပဲ ဆေးရုံလာတက်တဲ့စိတ်ဝေဒနာရှင်မင်းသမီးဒေစီနဲ့ စတင်တွေ့ဆုံပါတော့တယ်။
ဒေစီဟာ ဂျေးကို မြင်မြင်ချင်းသံယောဇဉ်ဖြစ်သွားပြီနေရာတကာတကောက်ကောက်လိုက်တယ်။
အကြွေးတွေဆပ်ဖို့ပိုက်စံလည်းလို...ညီရဲ့မင်္ဂလာဆောင်ကလည်းရှိ...အဖေကလည်း
ဂျေးကိုချစ်သူတယောက်ခေါ်ပြီး အိမ်ကိုပြန်ဖို့ပြောတဲ့အချိန်မှာ...ချစ်သူကလည်းရှာမရ
ကြံရာမရတဲ့အဆုံးစိတ်ဝေဒနာရှင်ဒေစီကိုပဲ ချစ်သူအဖြစ်ဟန်ဆောင်ပြီး မိသားစုနဲ့
သွားတွေ့တဲ့အချိန်မှာပဲ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦး။


မင်းသမီးဒေစီရဲ့ innocent ဆန်တဲ့ သရုပ်ဆောင်ချက်တွေကြောင် ဇာတ်ကားဟာ ရသမြောက်ခဲ့ပါတယ်
sex ခန်းတခန်းမှမပါပဲ Romance ဆန်ဆန်ရိုက်ကူးထားတဲ့ drama ကားကို
မိမိချစ်သူရည်းစားနဲ့အတူကြည့်မယ်ဆိုရင်တော့ကြည်နှုးမှုရသအပြည့်အ၀ပေးစွမ်းနိုင်မှာပါ။
(ရည်စားမရှိသူများကတော့ တယောက်တည်းကြည့်ပေါ့....:P)
(ဇာတ်ကားအညွှန်းရေးပေးသူရော . ဘာသာပြန်ပေးသူရော Channel Myanmar Team မှ Ko AP Newschool ဖြစ်ပါတယ်။)
@San Win Maung

File Size                          : 700 Mb
Quality                            : HD 720P
File Size 2                       : 350 Mb
Quality                            : HD 360P
Running Time                  : 1h 25m
Translated                       : AP Newschool
Encoded                         : San Win Maung


Download and Direct Watch HD 720P

Download and Direct Watch HD small file 360P

Sadako 2 (2013)မြန်မာစာတန်းထိုး



ဒီဇာတ်ကားလေးကတော့ကျွန်တော့်ရဲ့၇ကားမြောက်
ဘာသာပြန်ကားလေးဖြစ်သလိုပထမဆုံးဘာသာပြန်တဲ့ဂျပန်သရဲကားလေးလည်းဖြစ်ပါတယ်

ခင်မင်တဲ့သူငယ်ချင်းတွေနဲ့အစ်ကိုတွေကဂျပန်ကားလေးပြန်ပါလားလို့ပြောတာကြောင့်ပြန်ဖြစ်သွားတာ
လည်းဖြစ်ပါတယ် အမှန်တိုင်းပြောရရင်ဒီကားလေးကိုဘာသာပြန်ရင်းကို
တော်တော်ကြက်သီးထမိပါတယ်အသံတွေရဲ့လုပ်ဆောင်ချက်ကတော်တော်မိုက်တာမို့ဘာသာပြန်ရင်း
နဲ့တောင်နောက်တခါသရဲကားဘာသာမပြန်တော့ဘူးလို့စိတ်ကူးမိတဲ့အထိပါပဲ

ဒီဇာတ်ကားလေးဟာ ဆာဒကိုဆိုတဲ့သရဲမအကြောင်းကိုရိုက်ကူးထားတာပါ
ကျွန်တော့်သူငယ်ချင်း(ဂျပန်)ပြောတာကတော့ဒီဇာတ်ကားရိုက်နေရင်းကိုအနုပညာရှင်တွေ
ဒါရိုက်တာတွေအခက်အခဲတွေ့ခဲ့ရပါတယ်တဲ့မြန်မာကားမှာဆို သက်တံ့သစ်ကားရိုက်တုန်းကအခက်အခဲ
လိုမျိုးထင်ပါတယ်

ဒီဇာတ်ကားဟာအပိုင်း၂ပါ အပိုင်း၂ကလည်းသူ့ဇတ်လမ်းနဲ့တူကွဲပြားတာကြောင်း
ကျွန်တော်အပိုင်း၂ကိုဘာသာပြန်ဖြစ်တာပါကဲအညွန်းလေးဖတ်လိုက်ရအောင်

လွန်ခဲ့သော၅နစ်ကသေဆုံးသွား
ပြီဖြစ်သောဆာဒကိုဆိုသောသရဲမလေးထူးထူးဆန်းဆန်းပန်းချီကားလေးတွေကိုဆွဲတတ်သော
ကလေးမလေးတစ်ယောက်ကလေးမလေးကိုမချေမငံလုပ်မိသူတိုင်းအသေဆိုးနဲ့ဘာလို့သေကြတာ
လဲကလေးမလေးကသရဲဝင်စားဖြစ်နိင်ပါ့မလား သေဆုံးသွားသောလူတွေကကောရိုးရိုးသားသား
သေဆုံးသွားကြတာလားဘေးပရောဂတွေကောပါလားမွေးကတည်းကကလေးမလေးရဲ့မိခင်ကော
ဘယ်ကိုရောက်သွားလဲစသဖြင့်ဇတ်ကွက်လေးတွေ ကပရိတ်သတ်ကိုဖြည်းဖြည်းချင်းဆွဲဆောင်သွားမှာပါ

ဖုန်းနဲ့ကြည့်သောသူများနားကြပ်ထိုးပြီးကြည့်ပါလေ computerနင့်ကြည့်သောသူများမီးပိတ်ပြီးကြည့်
ပါသေချာပါတယ်သရဲကားကြိုက်တဲ့ပရိတ်သတ်တွေ စိတ်လှုပ်ရှားမှုတွေကိုဒီဇတ်ကားလေးကပေးမှာပါ
 
File Size         : 690 MB
Quality           : Blu ray 720P
Running Time : 1hr 36 minute
Format           : Mp4
Genre             : Horror
Encoder         : Joker.phs

Download And watch With Pcloud Link Full HD
 


(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူ ကိုစိုးထွေးပဲ ဖြစ်ပါတယ်)
 

Detective Dee: The Mystery of the Phantom Flame (2010) မြန်မာစာတန်းထိုး

ကျွန်ုပ်သည် ခေတ်သစ်ရှားလော့စီးရီးကို ကြည့်ပြီးသကာလ စုံထောက်ခြင်း၌ ပျော်မွေ့လျက်ရှိရာ
အနှီ တရုတ်စုံထောက်ကားကိုလဲ ကြည့်မိလေသည်....။

ဇာတ်လမ်းကား စိတ်ဝင်စားဖွယ်ရာ အတိတည်း။
အေဒီ ၆၈၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပထမဆုံးသော ဘုရင်မဖြစ်လာမည့် ဘုရင်မ ဝူ သည် 
ထီးနန်းတက်ပွဲ ပြုလုပ်ရန်  အားထုတ်နေချိန်ဖြစ်လေသည်။
ထိုအချိန်၌ နေရင်းထိုင်ရင်း ဆန်းကြယ်စွာ မီးလောင်သူများ ထွက်ပေါ်လာပြီး အဆိုပါ မီးလောင်သူများမှာလဲ
ဘုရင်မ ဝူ နန်းတက်ပွဲအမှီ ထုလုပ်နေသော ရုပ်ပွားတော် တည်ဆောက်ရေးနှင့် ဆက်စပ်နေချေသည်။
ဖြေရှင်းမနိုင်သော ဇာတ်ထုတ်ကြီးအား ဖြေရှင်းရန် ဘုရင်မ ဝူကို ပုန်ကန်မှုဖြင့် ထောင်ချထားသော
စုံထောက်ဒီးကို ထောင်မှထုတ်ကာ တာဝန်ပေးလိုက်လေသည်။
သို့နှင့် စုံထောက်ဒီးနှင့် ဆန်းကြယ်မီးတောက် အမှုဖြစ်လာချေတမုံ့။

စုံထောက်ဒီးကား စုံထောက်ရာတွင် စေ့စပ်သကဲ့သို့ သစ္စာတရားကို လက်ကိုင်ထားသူဖြစ်လေသည်။
သစ္စာတရား ၊ အမှန်တရားနှင့် ပတ်သတ်လာလျှင် ဘုရင်မ သော်မှ အလွတ်မပေး စစ်ဆေးသူတည်း။
ဘုရင်မဝူသည်လည်း တရုတ်နိုင်ငံ၏ ပထမဆုံးသော ဘုရင်မ လုပ်မည့်သူဖြစ်သောကြောင့်
ပေါ့သေးသေး မဟုတ်ရကား သက်ဦးဆံပိုင်စနစ်တို့ ထုံးစအတိုင်း နန်းတွင်းအရှုပ်တော်ပုံသည်
အတော်ပင် ရှုပ်ထွေးလွန်းနေသည်။ အနှီအရှုပ်ထုတ်ထဲ ရုပ်ပြောင်းရုပ်လွှဲ..ကိုယ်ဖော့သိုင်း..ကိုယ်ပွားသိုင်း
စသည့် ရှေးတရုတ်သိုင်းမျိုးစုံတတ်ကျွမ်းသော ဆန်းကြယ်မီးတောက်ကို ဖန်တီးသူတို့ ပါဝင်လာရာ 
စုံထောက်ဒီးတစ်ယောက် ရတက်ပွေရလေပြီ။
သို့ပေသည့် သူရဲကောင်းတို့ထုံး နှလုံးမူသော စုံထောက်ဒီးသည် နိုင်ငံနှင့် လူမျိုးအတွက်
ဘုရင်မကိုမှ ခွင့်မလွှတ်...ကျောသားရင်သား မခွဲခြားဘဲ....ကိုယ်ကျိုးစွန့်ပြီး ဆန်းကြယ်မီးတောက်အမှုကို ဖော်ထုတ်ခဲ့လေသည်။

အတော်ပင်ကောင်းမွန်ပြည့်စုံသော တရုတ်စုံထောက်ဇာတ်ကားဖြစ်ရာ ထမင်းကောင်း ဟင်းကောင်းဆိုလျင် ချစ်ခင်ရသူကို သတိရသကဲ့သို့ ဤဇာတ်ကားကောင်းကိုလဲ မိတ်ဆွေတို့အား  ကြည့်ရှုစေရန် အလို့ငှာ
မြန်မာစာတန်းထိုးဖြင့် ကျွန်ုပ် တင်ဆက်လိုက်ပါသည်။
(စုံထောက်ဒီး ငယ်ရွယ်စဉ်ပုံစံဖြင့် ရိုက်ကူးထားသော ဇာတ်ကားလဲ ရှိပါသည်....
အလျဉ်းသင့်သလို ဆက်လက်တင်ဆက်သွားပါ့မည်....ဤကား စကားချပ်)

File size...(1GB) 
Quality...BR-Rip 720p

Format...mp4
Duration....02:03:22
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)

 



နမူနာကြည့်ရန်

Tuesday, January 26, 2016

Bad Johnson (2014) မြန်မာစာတန်းထိုး


Comedy, Fantasy အမျိုးအစား အမေရိကန် ဟာသဇာတ်ကားပါ။
တချို့အခန်းတွေ အပြောအဆိုတချို့တွေကတော့ အရွယ်ရောက်ပြီးသား လူတွေသာကြည့်သင့်ပါတယ်။

File size...(750MB) 
Quality...BR-Rip 720p

Format...mp4
Duration....01:27:30
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(300MB)

 




နမူနာကြည့်ရန်
 

Batman Begins (2005) မြန်မာစာတန်းထိုး

June 17 2005 မှာထွက်ရှိခဲ့ပြီး Christopher Nolan ရိုက်ကူးခဲ့တဲ့ Bat Man: Begins ဟာ ရုံဝင်ငွေ 374.2 million ရရှိခဲ့ပြီး DC Comics ကဇတ်ကောင်ကို အခြေခံထားတဲ့ super Hero ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Bat Man လို့ပြောလိုက်တာနဲ့ Christian Bale ကိုမျက်စိထဲပြေးမြင်မိကြမှာပါ။ အရင်ကလဲ Bat Man ဇတ်ကောင်ကို အလီလီရိုက်ကူးခဲ့ကြပေမဲ့ Christian Bale ကိုမမှိခဲ့ကြပါဘူး။ ဒီကားကတော့ The greatest Detective လို့လူသိများတဲ့ Bat Man စတင်ဖြစ်ပေါ်လာပုံကိုရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။

 ဇတ်လမ်းအကျည်းကတော့ Bat Man ဖြစ်လာမယ့် Bruce Wayne ဟာငယ်ငယ်ကလင်းနို့ကြောက်တတ်ပါတယ်။ သူ့အဖေ Thomas Wayne နဲ့ Martha Wayne တို့ဟာသန်းကြွယ်သူဌေးတွေဖြစ်ပြီး Wayne Enterprises လုပ်ငန်းပိုင်ရှင်တွေဖြစ်ပါတယ်။ တစ်နေ့ ကပွဲရုံမှာ ကပွဲသွားကြည့်ရင်း လင်းနို့ကြောက်တတ်တဲ့ Bruce ကြောင့်စောစောပြန်လာခဲ့ကြတုန်း လမ်းမှာ Joe Chill ဆိုတဲ့လူက ဓားပြတိုက်ပါတယ်။ Bruce ရဲ့မိဘနှစ်ပါးလုံးကို ဓားပြကသတ်ပြီး ထွက်ပြေးသွားပါတယ်။ နောက်တော့ တစ်ကောင်ကြွက်ဖြစ်သွားတဲ့ Bruce ဟာ ဝိန်းမိသားစုရဲ့ အိမ်တော်ထိန်း Alfred Pennyworth ရဲ့လက်ပေါ်မှာပဲကြီးပြင်းခဲ့ရပါတယ်။ ဘရုစ်ဟာ ငယ်စဉ်ကတည်းက မိဘတွေသေဆုံးခဲ့လို့ ဒုစရိုက်လောကကို ချေမှုန်းမယ်ဆိုပြီး မြေအောက်လောကထဲကို ကိုယ်တိုင်ဝင်ရောက်သွားပါတော့တယ် အဲ့ဒီမှာ မြေအောက်လောကရဲ့ဘုရင်လို့ခေါ်ရတဲ့ အရိပ်အဖွဲ့ကြီးရဲ့ ခေါင်းဆောင် Ra’s al Ghul နဲ့တွေ့ပြီးသူ့ဆီမှာပညာသင်ပါတယ်။ Bruce Wayne အနေနဲ့ဆိုရင် သူဟာအမြဲမရှိနိုင်တဲ့အတွက် သူကြောက်ခဲ့တဲ့ လင်းနို့ သင်္ကေတကို ယူပြီး ဒုစရိုက်လောကကိုချေမှုန်းတာပါ။ နောက်မှ အရိပ်အဖွဲ့ကြီးရဲ့လုပ်ရပ်တွေကို နားလည်သွားတော့ သူ့မြို့တော်ကို အစွမ်းကုန်ကာကွယ်ပါတော့တယ်။

Bat Man ဟာ Super Hero တွေက အထူးခြားဆုံးသူတစ်ယောက်ပါ ဘာထူးခြားတဲ့စွမ်းအားမှမရှိဘဲ တိုက်ခိုက်စွမ်းရည်နဲ့ ညဏ်ရည်ကိုသာသုံးပါတယ်။ Justice League ကိုဦးဆောင်သူပါ။ Bat Man က Super Power မရှိပေမဲ့ ဘယ် Hero ကိုမှမကြောက်တဲ့သူပါ အားလုံးရဲ့ အားနည်းချက်ကိုလေ့လာပြီး ဗျူဟာကျကျ တိုက်ခိုက်တတ်သူပါ ( DC မှာ Bat Man ကြောက်တာ Wonder Woman တစ်ယောက်ပဲရှိပါတယ် comics ထဲမှာတော့ Bat Man က Wonder Woman နဲ့ဘာညာဘာညာတွေပါ )။ Bat man မှာ အိမ်တော်ထိန်း လူယုံ Alfred Pennyworth ၊ Bat Man ရဲ့ Technical supporter Lucius Fox နဲ့ သူ့ရဲ့တစ်ဦးတည်းသော ငယ်သူငယ်ချင်း Rachel Dawes ရဲမင်းကြီး ဖြစ်လာမဲ့ James Gordon တို့က ပင်တိုင်တွေပါပဲ။ ဒီရုပ်ရှင်ကားမှာတော့ Director Christopher Nolan က စိတ်ကူးယဉ်ဇတ်ကောင် Bat Man ကို ယုတ္တိရှိအောင်အသက်သွင်းခဲ့သူပါ။ Michael Caine, Liam Neeson, Morgan Freeman တို့လိုသရုပ်ဆောင်ကြီးတွေပါဝင်တဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

File Size         : 1 GB
Quality           : Blu ray 720P
Running Time : 2hr 20 minute
Format           : Mp4
Genre             : Action, Adventure
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size


 Batman : The Dark Knight ပြန်ကြည့်ရန် ဒီလင့်ကို နှိပ်ပါ

Batman: The Dark Knight Rises ပြန်ကြည့်ရန် ဒီလင့်ကို နှိပ်ပါ

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ငတုံးမျိုးကို ပဲ ဖြစ်ပါတယ်)

Monday, January 25, 2016

Khamoshiyan (2015) မြန်မာစာတန်းထိုး

အသဲကွဲပြီး ဇာတ်လမ်းအသစ်ရှာဖို့ ခရီးထွက်လာတဲ့ စာရေးဆရာ....
လူသေကောင်နဲ့ နှစ်ပါးသွားနေတဲ့ ညှို့ဓါတ်ပြင်း မိန်းကလေး....
သူတို့နှစ်ယောက် မကောင်းဆိုးဝါး တည်းခိုခန်း တစ်ခုတည်းမှာ တွေ့ဆုံကြသောအခါဝယ်......။

File size...(950MB) 
Quality...DVD-Rip 720p

Format...mp4
Duration....01:58:13
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)

 



နမူနာကြည့်ရန်