Saturday, October 31, 2015
Thirteen Ghosts (မြန်မာစာတန်းထိုး)
 Holloween ညမှာ ကြည့်ဖို့ သရဲကားတစ်ကား တင်ပေးလိုက်ပါတယ်။ 2001 ခုနှစ်က ဇာတ်ကားဖြစ်ပြီး IMDb 5.5 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆိုးသွမ်းရက်စက်တဲ့ ၀ိညာဉ်တွေကို အကြံတစ်ခုနဲ့ လိုက်ဖမ်းနေတဲ့ လူတစ်ယောက်ရဲ့ အိမ်ကို အမွေဆက်ခံဖို့ ရောက်ရှိလာတဲ့ မိသားစုတစ်ခုရဲ့ကြောက်စရာ အဖြစ်ဆိုးအကြောင်းပါ။ ဒီဇာတ်ကားမှာ ပါဝင်တဲ့သရဲတွေအကြောင်းကို သိနိုင်စေဖို့ ဘာသာပြန်သူ ညီသံလွင်မှ စာထဲမှာ ကွင်းစကွင်းပိတ်နဲ့ ထည့်ရေးပေးထားတဲအတွက် စာအနည်းငယ်များနေတဲ့နေရာတွေမှာ ရပ်ပြီး ဖတ်ကြည့်မယ်ဆိုရင် ပို စိတ်ဝင်စားစရာကောင်းပါလိမ့်မယ်။
Quality           : Dvd Rip
Format           : Mp4
Genre             : horror, mystery, thriller
Encoder          :  Littleneo
Friday, October 30, 2015
Swing Vote(2008) (မြန်မာစာတန်းထိုး)
ဒီဇာတ်လမ်းဟာလည်း ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.1 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက် သမ္မတလောင်း၂ယောက် မဲအရေအတွက်ဟာ အံ့သြစရာ တူညီနေတဲ့အချိန်မှာ အဲဒီနေ့က နိုင်ငံရေးကို လုံးဝစိတ်မ၀င်စားတဲ့ သာမန်လူတစ်ယောက်ရဲ့ မဲဟာ မထင်မှတ်ပဲ error ဖြစ်ပြီး မဲပြန်ပေးရမယ့်အခြေအနေဖြစ်လာခဲ့ပါတယ်။ သမ္မတကို ရွေးချယ်ဖို့ လူတစ်ယောက်ထဲရဲ့မဲပဲလိုအပ်တော့တဲ့ အခြေအနေမှာ ရှိသမျှ သတင်းထောက်တွေ နိုင်ငံရေးသမားတွေ ပါတီတွေ အားလုံး သူနေထိုင်ရာ မြို့ငယ်လေးဆီကို အလုံးအရင်းနဲ့ ဆင်းချလာပါတော့တယ်။ ဒီဇာတ်ကားမှာ အာဏာရဖို့အတွက် ကိုယ့်ယုံကြည်မှုတွေကို မေ့ပစ်ပြီး လူတစ်ယောက်ရဲ့ သဘောဆန္ဒနောက်ကို လိုက်မိတဲ့ သမ္မတလောင်း ၂ ယောက်၊ နာမည်ကျော်ကြားဖို့ အခွင့်အရေးရလာတဲ့ အချိန်မှာ မီဒီယာ ကျင့်ဝတ်တွေကို ဖောက်ဖျက်မိတော့မယ့် သတင်းထောက်မလေး နဲ့ ဒီလို အခြေအနေမျိုးမှာ အရေးပေးခံရတာကို ပျော်တာကလွဲပြီး တစ်နိုင်ငံလုံးရဲ့ မျှော်လင့်နေတဲ့ ပြသနာတွေကို စိတ်မ၀င်စားမိတဲ့ ကလေးအဖေ မဲဆန္ဒရှင် ဘဒ် တို့ ဘယ်လို အမြင်မှန်ပြီး မှန်ကန်တဲ့ လမ်းတွေပေါ် အသီးသီး ပြန်လျှောက်လှမ်းလာကြမလဲဆိုတာ.........
Quality           : Dvd Rip
Format           : Mp4
Genre             : Comedy, Drama
Encoder          :  Littleneo
Love Lesson(2013) မြန်မာစာတန်းထိုး
ဒီဇာတ်ကား ကတော့ အံအားသင့်ဖွယ် ကောင်းလောက်အောင်ကို တောင်းဆို သူတွေ များပြား ခဲ့ပါတယ်။ Secret travel တင်ပြီးနောက်မှာ love lesson လေး လုပ်ပေး ပါဦး ဆိုတဲ့ အသံတွေ ကျွတ်ကျွတ် ကို ညံသွား ခဲ့တာပါ။ ဒါ ကို ကြည့်ချင်းအားဖြင့် ပရိသတ်တွေ အနေနဲ့ ဒီဇာတ်ကား ကို ရင်းနှီး ပြီး လောက်ပြီး ဖြစ်မယ် လို့ ခန့်မှန်းရပါတယ်။ မြန်မာစာတန်းသာနဲ့ ကြည့်လိုက်ရလို့ ကတော့ကွာ... ဆိုတဲ့ ပရိသတ်တွေ အတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းကတော့ အနုပညာ နောက်ခံလေးပေါ့ဗျာ။ Hee-Sooဆိုတဲ့ ကောင်မလေးဟာ သီချင်းရေးဆရာမ လေးပါ။ ဒါပေမယ့် သူ့မရဲ့ ပျော်ရွှင်ဖွယ်ရာမရှိတဲ့ ရည်းစားဟောင်းနဲ့ ပြတ်ပြီးနောက်ပိုင်း အနုပညာ ကို ကောင်းကောင်း မဖန်တီး နိုင်ဘဲ ဖြစ်နေပါတယ်။ ဒီအချိန်မှာ အထက်တန်း ကျောင်းသားလေး တစ်ယောက်နဲ့ ဆုံမိပြီး သူမရဲ့ အနုပညာ ခံစားမှု စိတ်တွေ တဖန် နိုးကြား လာပါတယ်။စန္ဒရား သင်ပေးရင်း စေတနာ တွေကနေ အပြာရောင် လွှမ်းတဲ့ ချစ်ခြင်းတရားတွေရောစွက်လာပါတော့တယ်။ ဆန္ဒနဲ့ သိက္ခာ ကို ထိန်းညှိနေရတဲ့ ဆရာမလေးဟာ မြီးကောင်ပေါက် အရွယ် ကျောင်းသားလေးရဲ့ စိတ်ရိုင်းကိုလည်း အပြစ်မတင် ရက် လိုက်လည်း မလိုက်လျော ရက်နဲ့ ဝိရောဓိ ခံစားမှုတွေ ဖြစ်ပေါ်လာပါတယ်။ ချစ်ခြင်းတရား ရဲ့ အားနည်းချက်က အဆုံးစွန် လိုက်လျော ပေးခြင်းဆို ဆရာတပည့် စည်းကို ရိုက်ချိုးလိုက်သူ ကတော့ ဆရာမလေး ကိုယ်တိုင်ဖြစ်သွားပါတယ်။ခဏတာ လိုက်လျောခြင်းနဲ့ ထာဝရ လက်တွဲခြင်း ကိုလည်း သူမ ရွေးချယ် ရပါဦးမယ်။
သူမရဲ့ ချစ်သူဟောင်းကလည်း ပြန်လည်ချဉ်းကပ်လာသလို ကောင်လေးမှာ လည်း သူ့ရဲ့ သက်ဆိုင်သူ က ရှိပြီးသားပါ။ ဒါပေမယ့် ဘဝရဲ့ အခိုက်အတန့်တစ်ခုမှာ ရရှိခဲ့တဲ့ ကြည်နူးဖွယ် ကာလလေးတွေ အတွက် ဆရာမလေးဟာ ဘယ်တော့မှ သူ့ဆုံးဖြတ်ချက်တွေ အပေါ် နောင်တ ရမှာ မဟုတ်လိမ့်ပါဘူးဗျာ။ ဒီဇာတ်ကားလေးဟာ လူကြီးဇာတ်ကား ဆိုပေမယ်လို့ အင်မတန် သိမ်မွေ့နူးညံပြီး အနုပညာ ရနံတွေနဲ့ ထုံမွှမ်းနေတာ တွေ့ရပါတယ်။ သရုပ်ဆောင် မင်းသမီး ကိုယ်တိုင်ကလည်း ဒီဇာတ်ကားဟာ ကျွန်မ ရဲ့ စွန့်စားမှု တစ်ရပ်ဖြစ်တယ်လို့ ပြောခဲ့ဖူးပြီး ရုပ်ရှင်ကြည့်ပရိသတ်များရော ဝေဖန်သူများကပါ ချစ်ခြင်းတရားရဲ့ အခြားတစ်ဖက်ကို အကောင်းဆုံး ဖော်ကျူးပြနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။
File Size         : 570 MB
Quality           : Dvd Rip
Running Time : 1hr 20 minute
Format           : Mp4
Genre             : Romance
Encoder         : Joker.phs
Download And watch With Pcloud Link
(ဇာတ်ကားအညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)
Thursday, October 29, 2015
Momentum(2015) (မြန်မာစာတန်းထိုး)
           IMDb 5.4 ရထားတဲ့ အက်ရှင်ကားကောင်းတစ်ခုပါ။ ဇာတ်လမ်းအစမှာတော ဘဏ်တစ်ခုကို အဖွဲ့လိုက်ဓားပြတိုက်တာကနေ စတင်ပါတယ်။ သူတို့လိုချင်တာ ပိုက်ဆံနဲ့ စိန်တွေပဲဖြစ်ပေမဲ့ အဲဒီအရာတွေနဲ့အတူပါလာတဲ့ စတစ်တစ်ခုမှာ အမတ်ကြီးတစ်ဦးရဲ့ လျို့ဝှက်အချက်အလက်တွေပါလာပါတယ်။ အဲဒီမှာ သူတို့နောက်ကိုလိုက်လာတဲ့ ကြေးစားလူသတ်သမားတွေနဲ့ရင်ဆိုင်ရပြီးကံဆိုးသွားပါတော့တယ်။ အဖွဲ့ဝင်တွေ အသတ်ခံရပေမယ့် ဓားပြအဖွဲ့ထဲက မိန်းကလေးဟာ မထင်မှတ်ပဲ အထူးလေ့ကျင့်ထားတဲ့ အကောင်းဆုံး အေးဂျင့်ဟောင်းဖြစ်နေတဲ့အခါမှာတော့ ကြေးစားတွေ မုဆိုးကနေ သားကောင်ဖြစ်ကုန်ပါတော့တယ်။ မထင်မှတ်တဲ့ အကွက်လေးတွေနဲ့ အကောင်းဆုံးအင်ရှင်တွေကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို အားပေးလိုက်ကြပါဦး။ ဘာသာပြန်ကတော့ CM ရဲ့ ပရိသတ် ကို Min Myo Min ပဲ ဖြစ်ပါတယ်။
Quality...Blu-ray Rip 720p
Format...mp4
Subtitle....Myanmar Subtitle (Hardsub)
Encoder....Littleneo
(James Bond) Goldfinger (1964) မြန်မာစာတန်းထိုး
Cast & Crew
James Bond:
Director:
Writer(s):
Screenplay:
Richard Maibaum, Paul Dehn
Theme song:
"Goldfinger"
John Barry (Composer)
Leslie Bricusse (Composer)
Anthony Newley (Composer)
Shirley Bassey (Performer)
Facts & Figures
Budget:
$3 million
Gross:
$124.9 million
Distributed By:
Released:
Running Time:
110 minutes
Followed By:
James Bond ဇာတ်ကားတွေရဲ့ နံပါတ် (၃) ဇာတ်ကားကို မြန်မာစာတန်းထိုး
Bluray Quality နဲ့တင်ဆက်လိုက်ပါပြီ။ 
James Bond ဇာတ်ကားတွေ ထွက်ရှိခဲ့တာ မင်းသားကြီး ရှောင်ကွန်နရီရဲ့ Dr.No (1962) ကနေ အခုနောက်ဆုံးထွက် Spectre (2015) ထိ (၂၄) ကားရှိပါတယ်။
ကျွန်တော်တို့ Channel Myanmar အနေနဲ့ ထွက်ရှိပြီးသမျှ James Bond (၂၄) ကားလုံးကို
မြန်မာစာတန်းထိုး Blu-ray Rip Quality နဲ့တင်ပေးဖို့ ကြိုးစားသွားမှာပါ။
တစ်လကို (၂) ကားနှုန်းလောက်နဲ့တင်သွားပါ့မယ်။ 
တင်ပြီးသမျှ James Bond မြန်မာစာတန်းထိုးဇာတ်ကားများကို http://www.channelmyanmar.com/search/label/007 မှာသွားရှာပါ။
အားပေးကြသူ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
File size...(1GB) 
Quality...Blu-ray Rip 720p
Format...mp4
Duration....01:50:01
Subtitle....Myanmar Subtitle (Hardsub)
Encoder....Nyeinsaeya Aung
Download and Watch 720p HD (pCloud Link)
Download and Watch 360p Small File Size(400MB)
နမူနာကြည့်ရန်
Wednesday, October 28, 2015
August Rush (2007)-မြန်မာစာတန်းထိုး
ဒါရိုက်တာ ရိုက်ကူးထားပြီး IMDb Rating 7.5 အထိ ရရှိထားတဲ့ Drama နဲ့ Music ရောစပ်ထားတဲ့ဇာတ်ကားကောင်း တစ်ကားမို့ CM ချစ်သူများအတွက် မှတ်မှတ်ရရ တင်ပေးလိုက် ပါတယ်။
2007 ခုနှစ်က ထွက်ရှိထားပြီး ကြည့်ရှုသူများအဖို့ ဇာတ်လမ်းအစကနေ အဆုံးထိ music ရသကို ခံစားစေရင်း ကလေးငယ်တစ်ယောက်ရဲ့ မိဘကိုမျှော်လင့်တောင့်တမှုနဲ့ စိတ်အားထက်သန်မှုတွေကို ခံစားမှုအပြည့်ပေး စွမ်းနိုင်တဲ့ ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်လမ်းမှာ ကလေးငယ်လေး အီဗန် ( Freddie Highmore ) ရဲ့ ဂစ်တာကို ကျွမ်းကျင်စွာတီးခတ်ပြသမှုကလည်း ကျွန်တော်တို့လို music ကို ရူးသွပ်သူအဖို့ ရုပ်ရှင်ကြည့်ရင်း ဂီတရသကို မက်မောစွာကြည့်ရှုနေမိစေတယ်။
အမှတ်မထင်တွေ့ရှိခဲ့တဲ့ လူးဝစ် နဲ့ လိုင်လာ တို့ရဲ့ မြင်မြင်ချင်း ချစ်သွားတဲ့ အချစ် . အဲ့ဒီညမှာပဲ ချစ်တင်း
နှောခဲ့မှုနဲ့ တစ်ညလေးတွေ့ခဲ့တဲ့ လူနှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက် စွဲစွဲလမ်းလမ်း
ချစ်ခင်မှုဟာ အရမ်းကိုအံ့သြစေပြီး ကံကြမ္မာရဲ့ လှည့်ပြောင်းမှုအောက်မှာပဲ ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ်ရာ
အချစ်ဇာတ်လမ်းဟာ ဒီဇာတ်ကားရဲ့ ပြောင်မြောက်တဲ့ အပိုင်းထဲက တစ်ချက်လို့လည်းပြောလို့ရပါတယ်။
ရှေ့ဆက်ပြီးဇာတ်လမ်းကို မပြောပြဘဲ အခုလိုမျိုး တင်စားပြောဆိုမှုတွေဟာ ကြည့်ရှုသူများအဖို့ ပိုပြီးစိတ်ဝင်စားမှုရှိ စေမှာဖြစ်လို့ မိမိကိုယ်တိုင်သာ ဇာတ်ကားကို ကြည့်ရှုကြပါလို့ပဲ ကျွန်တော် တိုက်တွန်းရင်း CM ချစ်သူများအတွက် ဇာတ်ကားလေးတင်ပေးလိုက်ပါပြီ။
(ဇာတ်လမ်းကိုဘာသာပြန်ပေးသူကတော့ Ko AP Newschool မှ ဖြစ်ပါတယ်။ )
File Size-1                       : 904 MB
Quality                            : HD Blueray 720P 
File Size-2                       : 404 MB
Quality                            : HD Mobile Version
Running Time                  : 1h 53m
Source                            : YIFY
Translated                       : AP Newschool
Encoded                         : San Win Maung 
IMDb Rating                    : 7.5 
Sherlock Season 2 Episode 1(A Scandal in Belgravia) (မြန်မာစာတန်းထိုး)
   အားလုံးပဲ မင်္ဂလာရှိတဲ့ သီတင်းကျွတ်လပြည့်လေးပါ။ ရှားလော့ ၃ မှာ ဘယ်လိုပြီးသွားလဲ ဘယ်လိုခံစားရမလဲ သဘောပေါက်လို့ အမြန်ဆုံးတင်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကတော့ ၁၈၉၁ မှာ ဆာအာသာကိုနင်ဒွိုင်းရဲ့ A Scandal in Bohemia ၀တ္ထုကို ပြန်ဆန်းသစ်ပြီး ရိုက်ကူးထားတာပါ။ ဒါ့အပြင် ဇာတ်ကားထဲမှာ ထည့်ပြောသွားတဲ့ မှုခင်းနာမည်တွေ အားလုံးဟာလဲ မူရင်းဝတ္ထုတွေရှိခဲ့ပြီးသားဖြစ်တာကို ပြောပြချင်ပါတယ်။  ဒီကြားထဲမှာ အရေးကြီးတဲ့ကားတစ်ခုပြန်စရာရှိလို့ နောက်တစ်ပိုင်းကို နောက် ၇ ရက် လောက်နေမှ တင်ပေးဖြစ်ပါမယ်။ နေ့တိုင်း တောင်းနေရမှာစိုးလို့ပါ။ ခံစားကြည့်ကြပါဦး။
Dare Devil (2015) Season 1 Complete - မြန်မာစာတန်းထိုး
စောင့်မျှော်နေကြတဲ့သူတွေအတွက် Dare Devil Season 1 ကိုအစအဆုံးတင်ပေးလိုက်ပါတယ်..
season 2 ထွက်လာတဲ့အခါကျရင်လည်း ဆက်လက်တင်ပေးသွားမှာပဲဖြစ်ပါတယ်..
Dare Devil TV Series ကို  April 10, 2015 မှာ စတင်ပြသခဲ့ပါတယ်
Marvel Comic ထဲက မျက်မမြင် လူစွမ်းကောင်းဖြစ်ပြီး
သူဟာ မနက်မှာ ရှေ့နေလူချောလေး ဖြစ်ပြီး ညဘက်အခါတွင်
မြို့တစ်မြို့လုံးက ဒုစရိုက်မှုတွေ အားလုံးကို နှိမ်နှင်းတဲ့ သူရဲကောင်း တစ်ယောက်ဖြစ်ပါတယ်
ဇတ်လမ်း အကျဉ်း
==============
မာ့ခ် ဟာ အသက် ၉ နှစ်အရွယ်က သူတစ်ပါးကို ကူညီဖို့ ကြိုးစားရင်း
ဓါတုဆေးရည်များ မျက်လုံးထဲ ၀င်သွားပြီးနောက် အမြင်အာရုံများ လုံးဝ ဆုံးရှုံးသွားပါတယ်
သူ့မှာ လက်ဝှေ့ထိုးတဲ့ လက်ဝှေ့သမား ဖခင်သာ ရှိပြီး သူ၏ ဖခင်ကသာ သူ့ရဲ့ Hero
ဖြစ်ပါတယ် သူ စိတ်ဓါတ်ကျနေတဲ့အခါတိုင်း ဖခင် ဖြစ်သူက ဆွဲထူခဲ့ပါတယ်..
သူမှာ အားသာချက်က အကြားအာရုံဖြစ်ပြီး ထိုအကြားအာရုံက မျက်လုံးမြင်ရတဲ့သူတွေထက်
သူ့ကို ပိုအစွမ်းထက်ပြီး ပိုမြင်စေပါတယ်...တရားဥပဒေ မှာ ရှင်းလို့ မရတဲ့ ရှေ့နေလေး မာ့ခ် ဟာ
ညဘက် တွေမှာ ထို ဥပဒေအား လက်တစ်လုံးခြားလုပ်သွားတဲ့ သူတွေကိုလိုက်လံအပြစ်ပေးပါတော့တယ်....
အထက်ပါ TV Series ကို အပိုင်း၁ ကနေ အပိုင်း ၈ အထိ Channel Myanmar Admin တစ်ဦးဖြစ်တဲ့
Little Neo မှ တာဝန်ယူဘာသာပြန်ပေးခဲ့ပြီး အပိုင်း ၉ မှ အပိုင်း ၁၃ အထိ Admin LK က တာဝန်ယူ
ပြီးတင်ပေးခဲ့ပါတယ်..
If I Stay (2014) မြန်မာစာတန်းထိုး
ဒရာမာဇာတ်လမ်းကောင်းများကိုနှစ်သက်သောပရိသတ်များအတွက်" IF I STAY"ဆိုတဲ့ဒရာမာဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားမှာMia Hall တစ်ယောက် သူမရဲဘ၀မှာအခက်ခဲဆုံး ဆုံးဖြတ်ချက်ကိုချရပါမယ်။ အနုပညာကျောင်း Julliard မှာပညာသင်ကြားပြီးသူမရဲ့ဂီတအိပ်မက်ကို အကောင်အထည်ဖေါ်မှာလား သူမဘ၀ရဲ့တစ်ဦးတည်းသော ချစ်သူ Adam နဲ့အတူနေရဖို့ အခြားလမ်းကြောင်းကိုရွေးချယ်မှာလားဆိုတာပဲဖြစ်ပါတယ်။ အေးချမ်းတဲ့မိသားစုလေး အတူသွားတဲ့ ကားလမ်းခရီးက သူမရဲ့အဖေ၊ အမေနဲ့ မောင်လေးတွေရဲ့အသက်ကိုနှုတ်ယူသွားတဲ့အခါမှာတော့ အရာရာအားလုံး ချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်။ သူမ အခုအခါ ဆေးရုံမှာ မေ့မြောနေတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကစိတ်ဝိဥာဏ်လွင့်မြောနေတဲ့ အခြေအနေကိုရောက်ရှိသွားပြီး သူမရဲ့အနာဂါတ်ကိုသာမက သူမရဲ့ကံကြမ္မာတစ်ခုလုံးကိုအဆုံးအဖြတ်ပေးမယ့် ရွေးချယ်မှုတစ်ခုကိုပြုလုပ်ရမှာဖြစ်ပါတယ်။
File Size         : 760  MB
Quality           : Blu ray 720P
Running Time : 1hr 47 minute
Format           : Mp4
Genre             : Drama,Fantastic, Music
Encoder         : Joker.phs
Download And watch With Pcloud Link Full HD
Download And Watch With Pcloud Small File Size  (400MB)
(ဇာတ်ကားအညွန်းကိုတော့ trend.com.mm မှကူးယူဖော်ပြသည်)
Tuesday, October 27, 2015
ABCD:Any Body Can Dance(2015) မြန်မာစာတန်းထိုး
" အောင်မြင်မှုကို ရဖို့ ခက်လား"
" အောင်မြင်မှုကို ထိန်းဖို့ ခက်လား" ဆိုတဲ့
မေးခွန်းနှစ်ခုကို အမေးခံရလို့ နောက်ဆုံးကိုသာ
ရွေးချယ်ခဲ့မိမယ်ဆိုရင်တော့ ဒီဇာတ်ကားလေးဟာ
သင့်အတွက် အကောင်းဆုံးအဖြေရလဒ်တစ်ခုပေါ့။
ဒီဇာတ်ကားလေးရဲ့ အဓိပ္ပါယ်က
Any Body Can Dance -ABCD ဖြစ်ပြီး
IMDB - 6.7/ 10 လည်းရရှိထားကြောင့်
မလွတ်တမ်းကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်း
ဆူရှပ် ဆိုတဲ့ လူငယ်လေးဟာ
မွန်ဘိုင်းစတန်နာ အကအဖွဲ့ရဲ့ခေါင်းဆောင်ပေါ့။
အခုလည်း HKKN ဆိုတဲ့ အိန္ဒိယအကရှိုးပွဲမှာ
ဝင်ပြိုင်ထားပြီး အကောင်းဆုံးတင်ဆက်ခဲ့ပါတယ်။
သို့သော် ဆူရှပ် ဖန်တီးတဲ့ကကွက်တွေဟာ
ဖိလစ်ပိုင်လူငယ်ကကွက်အတိုင်း မလွဲမသွေ
တူနေတာကြောင့် ဒိုင်လူကြီးတွေက သူတို့အဖွဲ့ကို
ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်ပါတယ်။
လူလိမ် တွေအဖြစ် ပရိသတ်တွေရဲ့ တုံ့ပြန်မှုနဲ့
မွန်ဘိုင်းစတန်နာ အဖွဲ့ဟာလည်း ဖရိုဖရဲ
ဖြစ်ခဲ့ရပြီး လူမှုပတ်ဝန်းကျင်မှာလည်း
အရှက်တကွဲ ဖြစ်ခဲ့ကြရပါတယ်။
ဒါပေမဲ့ ဆူရှပ်ဟာ စိတ်ဓာတ်မကျဘဲ
သူ့အဖွဲ့ရဲ့သိက္ခာကို
ကယ်ဆယ်နိုင်ဖို့ ပြန်လည်ကြိုးပမ်းခဲ့တယ်။
တစ်နေ့မှာတော့ ဆူရှပ်ဟာ အရက်ဘားတစ်ခုမှာ
စားပွဲထိုးလုပ်နေရင်း ကကွက်အလှတွေနဲ့
သူ့စိတ်ကို ဖမ်းညှိစေတဲ့ လူတစ်ယောက်ကို
တွေ့မိတယ်။.သူ့နာမည်က ဗစ်နူး။
ဆူရှပ်သိသလောက်တော့ ဗစ်နူးဟာ
အရက်ဂျိုးတစ်ယောက်ပေမဲ့ အကဘုရင်တစ်ဦးပေါ့။
ဒီလိုနဲ့ ဆူရှပ်ဟာ ဗစ်နူးမူးနေစဉ် အိမ်ကို
ညစဉ် ပြန်ပို့ပေးပြီး တပည့်အဖြစ်အကသင်ပေးရန်
တောင်းဆိုခဲ့သည်။ ဗစ်နူးကတော့ ဆူရှပ်ကို
လူလိမ် ဖြစ်နေတာကြောင့် သင်မပေးခဲ့ပါဘူး။
ဒီလိုနဲ့ ဆူရှပ်ဟာ အလျှော့မပေးသေးဘဲ
သူ့အကအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တယ်။
သူ့ရဲ့ အဓိကမျှော်လင့်ချက်ကတော့
လက်ဗီးဂတ်စ် မှာကျင်းပတဲ့ Hip Hop
အကပြိုင်ပွဲမှာ အိန္ဒိယနိုင်ငံအသင်းအဖြစ်
ယှဉ်ပြိုင်လိုခြင်းပဲဖြစ်ပါတယ်။
ဒါကြောင့် ဗစ်နူးကိုလည်း တပည့်အဖြစ်လက်ခံပေးရန်
အကြိမ်ကြိမ် တောင်းဆိုခဲ့ကြတယ်။
နောက်ဆုံးမှာတော့ ---???
ကဲ--- ဘာတွေဖြစ်ကြမလဲ
ဆိုတာတော့
ရုပ်ရှင် ဖန်သားပြင်ပေါ်မှာပဲ ကြည့်လိုက်ရအောင်နော်။
ဒီဇာတ်ကားလေးဟာ ရိုးရိုးရှင်းရှင်းလေးနဲ့
အသိဥာဏ်တစ်ခုကို ရိုက်သွင်းစေခဲ့ပါတယ်။
အကအလှတွေကလည်း မြူးထူးစေပြီး
ဇာတ်လမ်းအဆုံးထိ မငြီးငွေ့သွားရပါဘူး။
ဒီကားလေးက Any body can dance ဆိုပေမဲ့ ကျွန်တော့်အတွက်တော့
Any body can dream လေးပါ။
ကျရှုံးရင် ပြန်ထတတ်တဲ့ စိတ်ကို
သင်ကြားစေခဲ့ပြီး ကြိုးစားမှုသာ အဓိကဆိုတဲ့မူကို
ဒီဇာတ်ကားလေးက မီးမောင်းထိုးပြနေပါတယ်။
ဒါ့အပြင် မိသားစုသဖွယ် နွေးထွေးမှု၊ ပေးဆပ်တတ်မှု၊ စာနာမှု၊တာဝန်ယူမှု စတဲ့
လောကကျင့်ဝတ်တွေပါ ပေါင်းစပ်ထားတာကြောင့်
သင်ခန်းစာလည်းပေးစွမ်းခဲ့ပါတယ်။
ဒါ့ကြောင့်မို့ ဒီဇာတ်ကားလေးကို
Channel Myanmar
ပရိသတ်ကြီးလည်းကြည့်ရှုလိုက်ပါဦးလို့
တိုက်တွန်းလိုက်ပါရစေ။
ဇာတ်ကားအညွန်းရေးသူ-လင်းခယံ
File Size         : 1. 3 GB
Quality           : 720p Dvd Rip
Running Time : 2hr 34 minute
Format           : Mp4
Genre             : Musical
Encoder         : Joker.phs
Download And watch With Pcloud Link
The Bourne Supremacy (2004) မြန်မာစာတန်းထိုး
Matt Damon ရဲ့ နာမည်ကြီး The Bourne ဇာတ်ကားတွေရဲ့ ဒုတိယဇာတ်ကားပါ။CIA အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Rating တွေကတော့ IMDb (7.8/10) Rotten Tomatoes (81%) ထိရရှိထားတာဖြစ်တဲ့အတွက်ဘယ်လောက်ထိကောင်းမယ်ဆိုတာတော့ ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ကြပါ။ (မြန်မာစာတန်းထိုးကိုတော့ AP Newschool မှကိုယ်တိုင်ဘာသာပြန်တင်ဆက်လိုက်ခြင်းဖြစ်ပါတယ်။)
File size...(900MB) 
Quality...BrRip 720p
Format...mp4
Duration....01:48:31
Subtitle....Myanmar Subtitle (Hardsub)
Encoder....Nyeinsaeya Aung
Download and Watch 720p HD (pCloud Link)
Download and Watch 360p Small File Size(400MB)
နမူနာကြည့်ရန်
Monday, October 26, 2015
Hitman-Agent 47(2015)-မြန်မာစာတန်းထိုး
IMDb Rating 5.9 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 
အေးဂျင့်47 ဟာ မျိုးဗီဇပြုပြင်ထားတဲ့ အဆင့်မြင့်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီး သူဟာ သာမန်ကြေးစား လူသတ်သမားထက် ပိုမိုတဲ့ စွမ်းအင်တွေရှိပြီး သူ့ကို အလွယ်တကူ သတ်ဖြတ်လို့ မရပါဘူး။ သူ့ဦးခေါင်းနောက်စေ့မှာ သူ့ကိုယ်ပိုင်နံပတ် ၄၇ ဆိုတာပါရှိပြီး အဲဒီနေရာကို ဖျက်ဆီးပစ်နိုင်မှာသာ အေးဂျင့်47လိုမျိုးဗီဇပြင်အဆင့်မြင့် ကြေးစားလူသတ်သမားတွေကိုသတ်ဖြတ်နိုင်မှာ
ဖြစ်ပါတယ်။ 
ဇာတ်ကားစစချင်းမှာ အေးဂျင့်47ဟာ ကောင်မလေး တစ်ယောက်ကို ရှာဖွေပါတယ်။အဲဒီကောင်မလေးဟာ ဥရောပတိုက်ကဖြစ်ပြီးအဲဒီကောင်မလေး နောက်ကို အေးဂျင့်47လိုက်နေချိန်မှာအေးဂျင့်47  နောက်ကိုလည်း အခြားသူတွေက လိုက်နေပါတယ်။
 အေးဂျင့် 47 လိုက်ရှာနေတဲ့ ကောင်မလေး ကတော့ ကတ်တီးယား ဆိုတဲ့ ကောင်မလေးပဲ ဖြစ်ပါတယ်။  အဲဒီကောင်မလေးဟာ ဘေးကြုံခါနီးမှာ သူ့ဘေးကို ကြိုမြင်နိုင်တဲ့ အစွမ်းရှိပြီး အေးဂျင့် 47 သူဆီ လာနေတာကိုကြိုသိလိုက်တာနဲ့ ခြေရာဖျောက်ထွက်ပြေးပါတယ်။ အေးဂျင့်47 ကို ခြေရာဖျောက် ပြေးလာတဲ့ ကတ်တီးယား မြေအောက် ဘူတာရုံ အရောက်မှာ  ဂျွန်စမစ်ဆိုတဲ့ လူတစ်ယောက် သူ့ဆီ ချည်းကပ်လာပြီး စကားပြောဖို့ ကြိုးစားချိန်မှာ မြေအောက် ဘူတာရုံထဲ အေးဂျင့် ၄၇ ရောက်လာပြီး လုပ်ကြံ သတ်ဖြတ်တဲ့ အတွက် သူတို့နှစ်ယောက် ထွက်ပြေးရပါတယ်။
  စမစ်ဟာ ကတ်တီးယားကို တမင် အဖမ်းခံရအောင် လုပ်ပြီး အမေရိကန်သံရုံးထဲဆီ ခေါ်သွားပါတယ်။ အမှန်တော့ အေးဂျင့် ၄၇ လက်က လွတ်အောင် အမေရိကန် သံရုံးထဲ ရောက်အောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် သံရုံးထဲ ရောက်ရင် အေးဂျင့်  ၄၇ လက်ထဲက လွတ်သွားမယ်လို့ ထင်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့ပါဘူး။
ဖခင်ကို တွေ့ဖို့လိုက်ရှာနေတဲ့ ကတ်တီးယား တစ်ယောက် အခက်အခဲအန္တရာယ်တွေရင်ဆိုင်ရင်း အေးဂျင့် 47 နဲ့ အတူ ထွက်ပြေးလွတ်မြောက်ခဲ့ပုံ၊ အေးဂျင့် 47 နဲ့အတူ စွန့်စားခဲ့ပုံများကို ရင်သပ်ရှုမောဖွယ်ရာခံစားနိုင်ဖို့ Movie ကိုသာ ကြည့်ကြပါကုန်။
  ဒီဇာတ်ကားဟာ နာမည်ကျော် ဗီဒီယိုဂိမ်း “Hitman” အတွဲလိုက်ကို ရုပ်ရှင်အဖြစ် အသက် သွင်းထားတာ ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီး အဖြစ်လည်း ထွက်ရှိခဲ့ဖူးပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာအဖြစ် အလက်ဇန်းဒါးဘတ်ရှ်က ဆောင်ရွက် ရိုက်ကူးတာဖြစ်ပြီး ဇာတ်လမ်းကိုတော့ စကစ်ဝုဒ် ရေးသားခဲ့တာ ဖြစ်ပါတယ်။
(ဇာတ်ကားအညွှန်းကိုThe Messenger မှ ကူးယူဖော်ပြထားပါတယ်။ဇာတ်လမ်းကိုဘာသာပြန်ပေးသူ ကတော့ Ye Kyaw Htet ဖြစ်ပါတယ်။ )
File Size-1                        : 895 MB
Quality                            : HDRip 720P
File Size-2                        : 414 Mb
Quality                            : HDrip mobile version
Running Time                  : 1h 36m
Source                            : Ganool
Translated                       : Ye Kyaw Htet
Encoded                         : San Win Maung 
Download and Direct Watch 720P (895 MB) 
Download and Direct Watch small file size(414 MB) 
နမူနာကြည့်ရန် ;
Monster Hunt (2015) မြန်မာစာတန်းထိုး
တရုတ်နိုင်ငံတွင် မကြာမီက ရုံတင်ပြသခဲ့သည့် ပြည်တွင်းထုတ် စိတ်ကူးယဉ် ဟာသ ဇာတ်ကား အမျိုးအစား ဖြစ်သည့် Monster Hunt ဇာတ်ကားမှာ တနင်္ဂနွေနေ့တွင် ၀င်ငွေယွမ်(၁ ဒသမ ၃၁၇) ဘီလီယံ (ဒေါ်လာ ၂၁၂ သန်း) ရရှိကာ နိုင်ငံသမိုင်းတွင် ၀င်ငွေ အများဆုံးရသည့် ဇာတ်ကားစံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံပိုင် ဆင်ဟွာသတင်းမှ ဖော်ပြချက်တွင် ထိုရုပ်ရှင်မှာ ဇူလိုင်လ(၁၆)တွင် ရုံတင်ခဲ့ပြီးနောက် ဆယ်ရက်အကြာတွင် ယွမ်ငွေ တစ်ဘီလီယံကျော် ( ဒေါ်လာ ၂၁၂ သန်း) ရခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံတွင် ယခင်က ၀င်ငွေ အကောင်းဆုံး စံချိန်တင်ထားသည့် ရုပ်ရှင်ကားမှာ  Lost in Thailand (၂၀၁၂) ဇာတ်ကား ဖြစ်ပြီး၊ ၀င်ငွေယွမ် ( ၁ ဒသမ ၂၇ ဘီလီယံ) ရခဲ့ဖူးသည်။
ယခု Monster Hunt ဇာတ်ကားမှာ လူနှင့် အန်နီမေးရှင်း ကာတွန်း ဇာတ်ကောင်များ ပေါင်းစပ် ရိုက်ကူးထားပြီး ဟူဘာဟု ခေါ်သည့် သရဲလေး တစ်ကောင် အကြောင်း ဇာတ်လမ်းဖြစ်သည်။
အဆိုပါဇာတ်ကားကို ၂၀၀၇ က ဟောလိဝုဒ် အန်နီမေးရှင်း ရုပ်ရှင်ကား ဖြစ်ပြီး၊ လူကြိုက်များခဲ့သည့် Shrek the Third ကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ရာမန်ဟွီက ရိုက်ထားခြင်း ဖြစ်သည်။
IMDb Rating(6.3/10) ရရှိထားပါသည်။
(Info ကို messengernewsjournal.com မှကူးယူဖော်ပြပါသည်။)
File size...(999MB) 
Quality...Blu-ray Rip 720p
Format...mp4
Duration....01:57:04
Subtitle....Myanmar Subtitle (Hardsub)
Encoder....Nyeinsaeya Aung
Download and Watch HD 720p (pCloud Link)
Download and Watch Small File Size 360p (500MB)  
နမူနာကြည့်ရန်
Sunday, October 25, 2015
Secret Travel (2013) မြန်မာစာတန်းထိုး ၁၈+++
ဒီတစ် ခါ တော့ ကိုရီးယား လူကြီး သီးသန့်  ကား လေး နဲ့ မိတ် ဆက် ပေးပါရ စေ
၁၈နှစ် နဲ့ အထက် ကား ဆို ပေမယ့်  ဒရာမာ ဆန် ဆန် နဲ့ ရိုက် ကူးထားတာ တွေ့ရသလို အချို့ ဇာတ် ဝင် ခန်း တွေကလည်း ရင် ဖို ဖွယ် ရာ တွေ နဲ့ ပြည့် နှက် လွန်း နေပါတယ် ။ တစ် ခု တော့ ကြို ပြောထားပါရ စေ.....
ဒီဇာတ် ကားထဲက မင်းသား ကို တော့ မနာလို မဖြစ် ကြပါနဲ့လို့။
ဇာတ် လမ်းက တော့ ခပ် ဆန်းဆန်းထဲကပါ။ In-Man ဆိုတဲ့ ကောင် လေးက ဘဝကို ငြီး ငွေ့ နေတဲ့ပုံစံ။ suicide လုပ် ချင် နေတယ် ဆို ပေမယ် လို့ မ သေခင် မှာ ဘဝရဲ့ အနှစ် သာရ တချို့ကို ကောင်း ကောင်းကြီး ခံစား သွားချင် နေ သေးသူ....
Ji-eun က ကောလိပ် ကျောင်းဖိုး ပိုက် ဆံ တွေ ကြောင့်  အ ကြွေးလည် ပင်း နစ် နေတဲ့ ခပ် ချော ချော ကောင် မ လေး... မ သေခင် မှာ ငွေ တွေ တစ်ခါ လောက် စိတ် ကြိုက် သုံးကြည့် သွားချင် သူ....
Hye-ri ဆိုတဲ့ ကောင် မ လေး က ချစ် သူ ရဲ့ ရက် စက် ခြင်းကို ခံလိုက် ရပြီး လူ့ လောကကြီးကို စိတ် ကုန် သွားသူ...ဘဝမှာ ထပ် ဆုံးရှုံးစရာ မရှိ လောက် တော့ အောင် ဒုက္ခ တွေ ချည်း ခံစားခဲ့ရသူက Cho-hee ဆိုတဲ့ ကောင် မ လေး....
သူတို့ တွေ ဆုံမိကြပြီး suicide club လုပ် ကာ မ သေခင် တစ် ယောက် ဆန္ဒ တစ် ယောက် ဖြည့် စည်း ပေးကြဖို့ တိုင် ပင် ကြရာကမှ ရုပ် ဝတ္ထု ဆန္ဒ တွေက နေ အ သွေးအသား ဆန္ဒ တွေ ပါလာပြီး.....
သံ ယောဇဉ် တွေ ဖြစ် ကာ ဘယ် လို အဆုံးသတ် ကြမယ် ဆိုတာကတော့။
File Size         : 800 MB
Quality           : HD Rip 720p
Running Time : 1hr 57 minute
Format           : Mp4
Genre             : Comedy
Encoder         : Joker.phs
Download And watch With Pcloud Link
(ဇာတ်ကားအညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)
Sherlock season 1 episode 3 (The Great Game) မြန်မာစာတန်းထိုး
ကြာသွားတဲ့အတွက် စိတ်မကောင်းပါဘူးဗျာ စောင့်ရတာနဲ့တန်အောင် တကယ်ကောင်းတဲ့ကားပါ။ ခုပဲတင်ပေးလိုက်ပါပြီ။ ကျတော်တို့ အဒ်မင်တွေ သိချင်နေတာလေး တစ်ခုတော့ရှိပါတယ်။ ကျတော်တို့ ပေ့ခ်ျမှာ Like ၂ သိန်းကျော်နေပေမယ့် ပို့စ်တွေမှာ Like က တစ်ထောင်လောက်ပဲရပါတယ်။ ဒါက တကယ်စိတ်ဝင်စားတဲ့သူ တစ်ထောင်လောက်ပဲရှိတာလား အားပေးနေပေမယ့် Like တို့ share တို့ မလုပ်ဖြစ်တာလား မသေချာပါဘူး။ ဒါကြောင့် ဆက်လုပ်ရမဲ့ အတိုင်းအတာလေး ခန့်မှန်းနိုင်အောင် သေချာလေး သိချင်မိပါတယ်။ အားလုံးကို ကျေးဇူးပါ။ အပိုင်း ၄ လဲ မကြာခင်လာပါမယ်။ littleneo နဲ့ silent kay တို့ ဘာသာပြန်ပေးထားပါတယ်။
American Ultra (2015) မြန်မာစာတန်းထိုး
ဒီဇာတ်ကားရဲ့ ဒါရိုက်တာက Max Landis ဖြစ်ကာ သရုပ်ဆောင်တွေကတော့ Social Network ဇာတ်ကားထဲကမင်းသား Jessie Eisenberg ဖြစ်ကာ မင်းသမီးကတော့ Twilight ဇာတ်ကားတွေနဲ့ နာမည်ကျော်လာသည့် Kristen Stewart တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတာပါ။
CIA အေးဂျင်ဟောင်း Mike Howell ဆိုသည့် လူရိုးလူအေးတစ်ယောက်ဟာ West Virginia က Liman ဆိုသည့် မြို့ကလေးမှာနေထိုင်လျက်ရှိတာပါ။ သူရဲ့အလုပ်ကစတိုး ဆိုင်စာရေးဖြစ်ကာ ကာလရှည်တွဲလာခဲ့သည့် ချစ်သူ Phoebe Larson ဆိုသည့်မိန်းကလေးကိုလည်း လပ်ထပ်ခွင့်တောင်းဖို့ ကြံရွယ်နေတာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ CIA ဌာနချုပ် Langley မှာရှိသည့် CIA အေးဂျင်း Victora Lasseter ဆိုသူကလည်းသူမ မအောင်မြင်ခဲ့သည့် Ultra ဆိုသည့်ပရိုဂရမ်က တစ်ဦးတည်းကျန်နေသည့်သူ့ကို သူမရဲ့ပြိုင်ဖက် Adrian Yates ဆိုသူကအစဖျောက်ပစ်ဖို့လုပ်နေတာကိုတွေ့လိုက်ရပါတယ်။ 
သူမရဲ့ပရိုဂရမ်ကမအောင်မြင်ခဲ့ပေမယ့် Adrian ကတော့သူရဲ့ Tough Guy ဆိုသည့်ပရိုဂရမ်ကအောင်မြင်မှုရထားတာပါ။ Adrian ကသူ့ရဲ့ Tought Guy ကလူတွေကိုစေလွှတ်ကာ Ultra အေဂျင့်လက်ကျန်ကို ရှင်းခိုင်းလိုက်ပါတယ်။ အဲ့ဒိမှာပဲ Lasseter က Mike ကို ဆက်သွယ်ခဲ့ပါတော့တယ်။ Adrian ရဲ့လူတွေက Mike ရဲ့ကားကိုဗုံးထောင်ကာသူ့ကိုလည်းတိုက်ခိုက်လာပါတော့ တယ်။ Mike က ဒီလူတွေကိုရှင်းပစ်လိုက်ကာ သူ့ရည်းစား Phoebe ထံဖုန်းဆက်ပြီးနောက်မှာတော့ သူတို့နှစ်ဦးသားလူသတ်မှုဖြင့်ရဲစခန်းရောက်သွားပါတော့တယ်။ 
Adrian ကရဲစခန်းကိုလူတွေထပ်မံစေလွှတ်ကာ Mike တို့ကို သတ်ခိုင်းခဲ့ပေမယ့်လွတ်သွားခဲ့ပြန်ပါတယ်။ ဒီနောက်မှာတော့ Mike ရဲ့သူငယ်ချင်းဖြစ်သည့် Rose ရဲ့အိမ်ကိုသွား ရောက်ကာပုန်းနေပါတော့တယ်။ Adrian ကတော့ တစ်မြို့လုံးကိုပိတ့်ဆို့ထားပြီး Rose ရဲ့အိမ်ကိုမေ့ ဆေးဓါတ်ငွေ့လွှတ်ကာတိုက်ခိုက်ရာမှာတော့ Rose တစ်ယောက်သေဆုံးသွားခဲ့ပါတော့တယ်။ Mike ကတော့ Phoebe ရဲ့ကယ်တင်မှုကြောင့် လွတ်မြောက်ခဲ့ရပြန်ပါတယ်။ CIA ရဲ့လုပ်ပုံလုပ်နည်းတွေကို Phoebe တစ်ယောက်သိနေသည့် အတွက်မေးရာမှာတော့ သူမဟာ Mike ကိုထိန်းချုပ်နေရသည့်သူဖြစ်ကြောင်းသိလိုက်ရ ပြီး နောက်မှာတော့ . . . . . . . . . .
(ရုပ်ရှင်အညွှန်းကို Mr.Black FB Page မှကူးယူဖော်ပြပါသည်။)
File size...(800MB) 
Quality...WEB-Rip 720p
Format...mp4
Duration....01:35:33
Subtitle....Myanmar Subtitle (Hardsub)
Encoder....Nyeinsaeya Aung
Download and Watch HD 720p (pCloud Link)
နမူနာကြည့်ရန်
Saturday, October 24, 2015
Queen of the Night (2013) မြန်မာစာတန်းထိုး
ကိုရီးယား Romantic comedy ဇာတ်လမ်းအမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
IMDb Rating(6.1/10) ရရှိထားပါတယ်။
ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးပါ။
File size...(800MB) 
Quality...HD-Rip 720p
Format...mp4
Duration....01:53:18
Subtitle....Myanmar Subtitle (Hardsub)
Encoder....Nyeinsaeya Aung
Download and Watch HD 720p (pCloud Link)
Download and Watch Small File Size 360p (400MB)  
နမူနာကြည့်ရန်
Spartacus TV Series (Season 1)
မွေးရပ်​​မြေ နဲ့ ကိုယ်​ ချစ်​တဲ့ သူ​တွေ ကို ​ခွဲခွာလိုက်​ရပြီး ​နောက်​ပိုင်းမှာ ​ရောမ မြို့ရဲ့ ​သွေးစွန်း တဲ့ ​နေရာ ​တွေ ကိုပဲ Spartarcus ဆိုတဲ့ ​ကောင်​​လေး ​ခြေချ ခဲ့ ရပါတယ်​။ ကျွန်​ အဖြစ်​ အတင်း သွတ်​သွင်းခြင်း ခံ ရတဲ့ အပြင်​ ရက်​စက်​ လှ တဲ့ လူလူခြင်း သတ်​ဖြတ်​ တာ ကို အရသာ ခံ ကြည့်​​နေကြတဲ့ လူအုပ်​​တွေ ကြားထဲမှာ သူ သိခဲ့ရတာက စစ်​ဆိုတာ စစ်​​မြေပြင်​မှာ တိုက်​မှ မဟုတ်​ပါဘူး။ အသက်​ရှင်​ ရပ်​တည်​ ဖို့ အတွက်​ ရုန်းကန်​ ရတာ ကလည်း စစ်​ပွဲ ပဲ ဆိုတာ ပါ။ သူ့ ဘဝ ဇာတ်​လမ်းကို လူ​တွေ ကို ပြန်​​ပြောပြရမယ်​ဆိုရင်​ ရက်​စက်​မှု ကြမ်းတမ်းမှု နဲ့ ကာမဂုဏ်​ ​တွေ ပဲ ​ပြောစရာ ရှိမှာပါ။ ခပ်​ကြမ်းကြမ်း တိုက်​ခိုက်​မှု ​တွေ ​ရောမ ​ခေတ်​ ကျွန်​​တွေရဲ့ ဘဝ​တွေ ကို ​တွေ့မြင်​ကြရမှာ ဖြစ်​သလို လိင်​အသား​ပေး ဇာတ်​ဝင်​ခန်း ခပ်​များများနဲ့ ပရိသတ်​ကြီးကို ဆွဲ​ဆောင်​ သွားမှာ ဖြစ်​ပါတယ်
Season 1 
                                          Episode 1
                            Episode  2
                            Episode  3
                            Episode 4
                            Episode 5
                            Episode 6
                            Episode 7  
                            Episode 8
                             Episode 9
                             Episode 10
                             Episode 11
                             Episode 12
                             Episode 13
(ဇာတ်ကားအညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)