Sunday, May 31, 2015

Careful What You wish For (2015) မြန်မာစာတန်းထိုး



fifty shades of grey လောက်တော့မကောင်းပေမယ့် ဒီကားလေးလည်း
သူ့ဟာနဲ့သူတော့ကောင်းတာပါပဲ :D 18+ ပါ မိသားစုနဲ့ကြည့်လို့မသင့်လျော်ပါခင်ဗျာ

Review :


ဒေါ့ခ်ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ အိမ်ချင်းကပ်လျက်က ခြံကို လင်မယားနှစ်ယောက် ပြောင်းလာတယ်။ ယောက်ျားဖြစ်သူက ဘဏ်သူဌေးတစ်ယောက်ဖြစ်ပြီး မိန်းမကငယ်ငယ်ချောချောပါ။ ဒါပေမဲ့ တခြားအမျိုးသားတွေကို စိတ်ဝင်စားတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်တာကြောင့် အဲဒီအိမ်ကိုရောက်ပြီးပြီးချင်း တစ်ဖက်ခြံကဒေါ့ခ်ကို ရင်းနှီးမှုရဖို့ ကြိုးစားတယ်။ စိတ်ကစားတတ်တဲ့ ဒေါ့ခ်အနေနဲ့ အမျိုးသမီးရဲ့ ဖြားယောင်းမှုအောက်ကို အချိန်တိုတိုအတွင်းမှာပဲ ပါသွားခဲ့တယ်။


ဒီအမျိုးသမီး လီနာက သူ့ယောက်ျားက ဘယ်လိုဂရုမစိုက်တာ၊ နှိပ်စက်တတ်တာတွေကို ဒေါ့ခ်ကိုပြောပြပြီး ဒေါ့ခ်ရဲ့မေတ္တာကို ရအောင်ယူတယ်။ သူတို့နှစ်ယောက်ဟာ လစ်ရင်လစ်သလို အတူတူနေကြတယ်။ မနူးမနပ်အ ရွယ်ဒေါ့ခ်က လီနာအပေါ်မှာ တော်တော်လေး စွဲလမ်းသွားမိတယ်။ ဒါပေမဲ့ သူကြိုက်နေတဲ့ အမျိုးသမီးက အိမ်ထောင်သည်တစ် ယောက် ဖြစ်နေတာကြောင့် သူ့ဇာတ်လမ်းကို သူငယ်ချင်းအရင်းကိုတောင် ပြောပြတာမျိုးမလုပ်ခဲ့ဘူး။ ဒေါ့ခ်ရဲ့မိဘတွေကလည်း ဒီအဖြစ်အပျက်ကို မရိပ်မိဘူး။


တစ်ရက်မှာတော့ လီနာက သူ့ကိုအရေးတကြီးအကူအညီ တစ်ခုတောင်းတယ်။ သူ့ယောက်ျားဖြစ်သူနဲ့ ရန်ဖြစ်ရင်းက သူသတ်မိခဲ့ကြောင်းနဲ့ ဒီအလောင်းကို ဖျောက်ပေးဖို့ဆိုပြီး ဒေါ့ခ်ကို ပြောတယ်။ ဒေါ့ခ်အနေနဲ့ကလည်း မွှန်နေတဲ့အချိန်ဖြစ်တာကြောင့် သူ့ယောက်ျားကို သူ့ဟာသူလှေစီးရင်း သေသွားတဲ့ပုံစံဖြစ်အောင်လုပ်ပြီး ဖျောက်ဖျက်ပစ်လိုက်တယ်။ သူတို့ အထင်ကတော့ ဒီကိစ္စကတော့ သာမန်လူသေမှုတစ်ခုအဖြစ်နဲ့သာ ပြီးဆုံးသွားမယ်လို့တွက်ခဲ့ကြတယ်။


ဒါပေမဲ့ လီနာ့ယောက်ျားရဲ့ သေဆုံးမှုက ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ သူဌေးကြီး တစ် ယောက်ရဲ့သေဆုံးမှုနောက်မှာသူ ပိုင်ဆိုင်တဲ့ငွေကြေးတွေနဲ့ သန်းနဲ့ ချီတဲ့ အသက်အာမခံကြေးကိစ္စ တွေရှိနေသေးတာကြောင့်ဒေသ တွင်းရဲတပ်ဖွဲ့တွေအပြင် အာမခံ ကုမ္ပဏီကစေလွှတ်တဲ့ စုံစမ်းစစ် ဆေးသူတွေပါ ရောက်လာတဲ့အ ချိန်မှာတော့ ဒီအမှုကို အသေး စိတ်စုံစမ်းမှုတွေ ပြုလုပ်ပါတော့ တယ်။ တကယ်တော့ ဒီလူသတ် မှုကို အကွက်ကျကျစီစဉ်ပြီး လူ ငယ်လေးဒေါ့ခ်ကို ဆွဲသွင်းတဲ့သူ က တခြားသူတော့မဟုတ်ပါဘူး။ ဒေါ့ခ်ကြိုက်နေတဲ့ အမျိုးသမီးလီ နာကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒီအ 

asafdရှုပ်တွေထဲက ဒေါ့ခ်တစ်ယောက် ပြန်ပြီးရုန်းထွက်နိုင်၊ မထွက်နိုင်ဖို့ ဆိုတာတော့ ...။
Review မှာ 7daydaily မှ ဖြစ်ပါသည်

Filesize : 654MB
Quality : 720p
Format : mp4
During : 1:31:19
Subtitle : Myanmar Subtitle ( Hardsub )
Encoder : LK

Download And Watch With Pcloud Link

Snow Girl and the Dark Crystal (2015) မြန်မာစာတန်းထိုး

 Screenshots




တရုတ်ရှေးဟောင်း စိတ်ကူးယဉ်သိုင်းကားနှစ်သက်သူတွေ မြည်းစမ်းကြည့်နိုင်ဖို့အတွက် အကယ်ဒမီဆုရ ဒါရိုက်တာပီတာပေါင်း ရိုက်ကူးထားတဲ့ဇာတ်ကားသစ်လေးအကြောင်း ဖော်ပြလိုက်ပါတယ်။

မကောင်းဆိုးဝါးမိစ္ဆာတွေကိုနှိမ်နင်းသူဖြစ်တဲ့ ဒဏ္ဍာရီထဲက သူရဲကောင်းကျုံးကွေဟာ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်ရှိသူဖြစ်ပြီး ကောင်းကင်ဘုံနဲ့ငရဲမှာ တစ်ပြိုင်နက်တိုက်ခိုက်ရင်း လူသားတွေနဲ့ သူချစ်ရတဲ့မိန်းကလေးကို ကယ်ဆယ်ပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။

တရုတ်ဒဏ္ဍာရီ ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ဒီဇာတ်လမ်းမှာလည်း နတ်သမီးတွေ၊ မကောင်းဆိုးဝါးတွေနဲ့ လူတွေအတူတကွ အေးအေးချမ်းချမ်း နေလို့မရတဲ့စကြဝဠာကြီးနဲ့ စတင်ထားပါတယ်။

ထောင်စုနှစ်တွေ ဖြတ်သန်းပြီးတိုင်းမှာ မကောင်း ဆိုးဝါးတွေကလည်း လူသားတွေအဖြစ် ပြန်ဝင်စားသလို အဆင့်မြင့်သွားတာတွေလည်းရှိတာကြောင့် မိုးနတ်မင်းဟာဆိုရင် ငရဲပြည်က မကောင်းဆိုးဝါးတွေ လွတ်လာမှာအလွန်စိုးရိမ်နေခဲ့ပါတယ်။

နတ်ဘုရား ကျန်ဒေါင်ရှန်ဟာ မိစ္ဆာရန်က ကာကွယ်နိုင်ဖို့အတွက် သူ့တပည့်ဖြစ်တဲ့ ကျုံးကွေကို မကောင်းဆိုးဝါးတွေ ရဲ့ဝိညာဉ်တွေသိမ်းဆည်းတဲ့ ငရဲပြည်ကနေ အနက်ရောင်  သလင်းကျောက်ကို ယူဆောင်စေခဲ့ပါတယ်။ တစ်ကိုယ်တည်းသမားကျုံးဟာ မိစ္ဆာတွေနဲ့မကောင်းမှုမှန်သမျှ ဖယ်ရှားရှင်းလင်းသူ တစ်ယောက်ဖြစ်တာကြောင့် သူ့ဆရာ ရဲ့ စေခိုင်းချက် အတိုင်းလုပ်ဆောင်ခဲ့ပါတယ်။ မကောင်းဆိုးဝါး ဘုရင်က ဟူမြို့တော်ကို  အေးခဲသွားအောင်  လုပ်ဖို့  အတွက် နှင်းမင်းသမီးကိုခိုင်းစေခဲ့ပါတယ်။ နှင်းမင်းသမီးနဲ့ မကောင်းဆိုးဝါးတွေဟာ ပါရှင်းအကအဖွဲ့ ယောင်ဆောင်ပြီး ဟူမြို့တော်ထဲဝင်ခဲ့ပြီး ပျောက်ဆုံးသွားတဲ့ ကျုံးရဲ့ချစ်သူလို့ ထင်မှတ်အောင်လည်း ညှို့ယူခဲ့ပါတယ်။ ဒီဇာတ်လမ်းက စိတ်ကူးယဉ် လျှို့ဝှက်ဆန်းကြယ် ဇာတ်ကားဖြစ်လို့ အထူးပြုလုပ်ချက်တွေ အလွန်အကျွံသုံးထားတာကြောင့် ကြည့်ရတာတစ်မျိုးဖြစ်နေပေမယ့်လည်း အတိုက်အခိုက် ဇာတ်ကွက်လေးတွေကတော့ ကြည့်ကောင်းပါတယ်။

အကအဖွဲ့ကိုယုံလွယ်မိတဲ့ လူသားတွေကို မိစ္ဆာတွေက ဘယ်လိုဒုက္ခပေးဦးမှာလဲ။ မိစ္ဆာတွေကို နှိမ်နင်းတဲ့ကျုံးကွေတစ်ယောက် သူချစ်ရတဲ့ နှင်းမင်းသမီးနဲ့ ဆုံစည်းခွင့်ရမလားဆိုတာ ကြည့်လိုက်ကြဦးနော်။ ဒီဇာတ်ကားမှာ မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသမီးဖန်ပင်းပင်းက နှင်းမင်းသမီးအဖြစ်သရုပ်ဆောင်ထားပြီး သူရဲကောင်း ကျုံးကွေအဖြစ် မင်းသားချန်ကွန်းက သရုပ်ဆောင်ထားတာပါ။         ။
ရုပ်ရှင်အညွှန်းကို 7Daydaily.com မှကူးယူဖော်ပြပါသည်။
(မြန်မာစာတန်းထိုးကိုတော့ ညီလေး ကသာသားလေး မှရေးထိုးပေးခဲ့ပါတယ်။)

File size...900MB
Quality....WEB-Rip 720p
Format...mp4
Duration....01:58:00
Subtitle....Myanmar Subtitle (Hardsub)

Encoder Note....Chinese&English Hardsub
Encoder....Kyaw Swar Win

 
Download and Watch 720p HD




နမူနာကြည့်ရန်




Saturday, May 30, 2015

Ted(မြန်မာစာတန်းထိုး)



ကျွန်တော်တို့တွေတော်တော်များများဟာ ငယ်ငယ်တည်းက ကလေးဘ၀ကပေါ့ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား တိတ်တစ်ခိုးဆုတောင်းလေးတွေတော့ ပြုခဲ့ဖူးကြပေတယ်။

အဲလိုနဲ့ တစ်ယောက်တည်းအထီ:ကျန်နေတဲ့ John Bennett ဆိုတဲ့သူဟာ ကလေးဘ၀မှာ သူရဲ့ ၀က်ဝံရုပ်လေးကို စကားပြောတတ်စေဖို့ ဆုတောင်းခဲ့ပါတယ်။ မမျှော်လင့်ပဲ အဲဆုတောင်းပြည့်သွားသောအခါ ၀က်ဝံရုပ်ကလေးက သူ့အတွက် အကောင်းဆုံး အဖော်ဖြစ်လာခဲ့ပါတယ်။

ပြသနာကတော့John Bennett လူပျိုပေါက်ဖြစ်လာတဲ့အခါမှာ လူရည်လည်တဲ့ဝက်ဝံကလေးက Johnလုပ်သမျ မကောင်းတာ တွေလုပ်လိုက်ပါတော့တယ်။  John ကရည်းစားရသွားတဲ့အခါမှာ ၀က်ဝံရုပ်ကလေးကို အနှောင့်အယှက်တစ်ခုလိုမြင်လာပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အေးစက်စေခဲ့တယ်။ အဲဒီနဲ့ ၀က်ဝံရုပ်ကလေးက တစ်ယောက်တည်းသီးသန့်ခွဲနေတဲ့အချိန်မှာပဲ စိတ္တဇဖြစ်နေတဲ့ သားအဖရဲ့ အဖမ်းကို ခံလိုက်ရပါတယ်။ Johnကရော ၀က်ဝံရုပ်ကလေးကို ကယ်တယ်နိုင်မှာလား၊သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ ဟာသဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားထွက်ပြီးတဲ့နောက်မှာ Ted၀က်ဝံရုပ်တွေ ပိုရောင်းအားကောင်းလာသလို အခုထိလဲ ကလေးတွေရဲ့ အချစ်တော် အရုပ်အဖြစ်ရှိနေဆဲပါ။

Ted Movie Download Link>>>>>http://adf.ly/1I3wt8

@joker

Friday, May 29, 2015

Tracers (2015) မြန်မာစာတန်းထိုး


 မြန်မာပရိသတ်တွေ ရင်းနှီးပြီးသား မင်းသားတစ်လက်ဖြစ်တဲ့ တေလာလော့တ်နာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အမေရိကန်သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားသစ်ပါ

နယူးယောက်မြို့မှာ စက်ဘီးနဲ့အလုပ်လုပ်တဲ့ ဆက်သားတစ်ဦးဖြစ်တဲ့ ကမ်ဟာတစ်နေ့မှာ မြို့ထဲကို စက်ဘီးစီးသွားတုန်း မတော်တဆ စက်ဘီးလဲရင်း နစ်ကီဆိုတဲ့ မိန်းကလေးနဲ့ ဆုံခဲ့ပါတယ်။ အဲဒီနောက်တော့ နစ်ကီဟာ သူ့အပေါင်းအဖော်တွေနဲ့ ကမ်ကိုမိတ်ဆက်ပေးခဲ့ပြီး နစ်ကီတို့အဖွဲ့ဟာ ဓားပြတိုက်၊ လုယက်မှုတွေလုပ်တဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။

ခုန်ပျံကျော်လွှားရင်း အဖွဲ့လိုက်ဓားပြတိုက်တဲ့ နစ်ကီတို့အဖွဲ့နဲ့ ပူးပေါင်းနိုင်ဖို့အတွက် သူတို့လိုဖြစ်အောင် ကမ်ဟာအခုန်အပျံတွေ လေ့ကျင့်ခဲ့ပါတယ်။ တရုတ်မာဖီးယားဂိုဏ်းနဲ့ အကြွေးမကင်းဖြစ်နေတဲ့ ကမ်က နစ်ကီတို့အဖွဲ့ထဲကို ၀င်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ အဖွဲ့တွေအတူတကွ ဓားပြတိုက်ကြရင်း ကမ်နဲ့ နစ်ကီတို့လည်း ချစ်ကြိုးသွယ်ခဲ့သလို အဖွဲ့သား အချင်းချင်း သစ္စာဖောက်မှုတွေရှိလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ကြည့်လိုက်ပါဦး။ ဒီဇာတ်လမ်းမှာ ပါကာလို့ခေါ်တဲ့ အခုန်အပျံအားကစားကို အသားပေးပြီး ရိုက်ပြထားတာမို့ ပါကာကို စိတ်ဝင်စားသူတွေ လည်း နှစ်သက်ကြမှာပါ။ ကမ်အဖြစ် တေလာလော့တ်နာ၊ နစ်ကီ အဖြစ် မာရီအက်ဂျရိုပေးလော့စ်တို့က သရုပ်ဆောင်ပေးထားပြီး လော့တ်နာ့ကိုဒီဇာတ်လမ်းထဲမှာ ပုံစံတစ်မျိုးနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(7daydaily မှ အညွှန်းကိုဖေါ်ပြပါသည် )

Filesize :651MB
Quality :720p
Format : mp4
During : 1:34:03
Subtitle : Myanmar Subtitles (Hardsub)
Encoder : LK


Download And Watch With Pcloud Link


The Wolverine (မြန်မာစာတန်းထိုး)

July 26, 2013 (USA) တွင် ရုံတင်ပြသခဲ့ပြီး

Director: James Mangold ရိုက်ကူးထားတဲ့ X-Men : The Wolverine သိပ္ပံအက်ရှင် အမျိုးအစား

ရုပ်ရှင်ကားကောင်း တစ်ခု ဖြစ်ပါတယ်...



X-Men ဇတ်လမ်းရုပ်ရှင်များ အစီအရီ တစ်နှစ်ကား ထွက်လာပြီးနောက်

X-Men First Class ပြီးနောက် ထွက်ရှိလာသော ဇတ်ကားဖြစ်ပြီး ဒီဇတ်ကားမှာ

Logan ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့ရဲ့ စစ်စခန်းတွင် ရေတွင်းပျက်တစ်ခုအတွင်း

အချူပ်ခံထားရတဲ့ အခန်းကနေ စပါတယ်...

အင်္ဂလိပ်တွေ ဗုံးကျဲတဲ့ အချိန်မှာပဲ စစ်ဗိုလ်လေး ယာရှီဒါ ဟာ ကိုယ့်ကိုကိုယ် မသတ်သေခင်

Logan အား ရေတွင်းအဖုံးဖွင့်ပေးလိုက်ပါတယ် ထို့နောက်

မိမိ ကိုကိုယ် အဆုံးစီရင်ရန် ကြံနေခိုက်မှာပဲ Logan က ဆွဲခေါ်ပြီး

ရေတွင်းပျက်ထဲ ပစ်ချခါ ယာရှီဒါ အပေါ်မှ သံပြားတစ်ခု ဖုံးပေးပြီး သူ့ကိုယ်ဖြင့်

ဖုံးကွယ်ပေးထားခဲ့ပါတယ် ဗုံးကျဲပြီးနောက် တစ်ကိုယ်လုံး စုတ်ပြတ်သက်သွားသော်လဲ

ချက်ချင်း ဒဏ်ရာ ပြန်ကျတ်လာသော Logan အား ကြည့်ပြီးနောက် ယာရှီဒါ တစ်ယောက်

Logan အား လူထူးဆန်း တစ်ဦးအဖြစ် သိရှိသွားပါတော့တယ်...


Logan ဟာ အမြဲတစေ မသေနိုင်ပဲ ဒဏ်ရာများ ပြန်ကျတ်နိုင်သော အစွမ်းရှိခဲ့ပါတယ်

ဒီတစ်ခါမှာတော့ ငယ်စဉ်က ကယ်ဆယ်ခဲ့သော ယာရှီဒါ ဟာ အသက်ရွယ်ကြီးမြင့်ပြီး

သေခါနီး ရောက်နေချိန်တွင် လိုဂန် အား ခေါ်တွေ့ပြီးနောက် မသေနိုင်သော အစွမ်းကို

ဖျက်ပြယ်ပေးမည် ဖြစ်ပြီး သာမန်လူ ဘ၀ဖြင့် နေထိုင်သေဆုံးနိုင်ရန် စီစဉ်ပေးမည်ဟု

အကြံပေးခဲ့သော်လဲ လိုဂန် က ညင်းဆိုခဲ့ပါတယ်...

ညင်းဆိုပြီး နောက်တစ်နေ့တွင် ယာရှီဒါ သေဆုံးခဲ့ပြီး သူ့အသုဘ တွင် ယာရှီဒါ ၏ သမီး

ယူရီကို အား အမွေ ကိစ္စဖြင့် သတ်ဖြတ်ရန် ကြံစည်မှုကြောင့် လူသတ်သမားများနှင့်

လိုဂန် ရင်ဆိုင်ရပါတော့တယ်...

ဒါပေမယ့် လိုဂန် ရဲ့ ဒဏ်ရာအမြန်ကျတ်နိုင်သော စွမ်းအားများ ပျောက်ကွယ်သွားပါပြီ

သွေးထွက်လွန်နေသော သူ့ကိုသူ ကြည့်ရင်း အလွန်အမင်း အံ့အောလျက် အဖြေရှာမရနိုင်တော့ပါ

ရန်သူတွေလက်ထဲက ယူရီကို အား ကယ်တင်လျက် သူ့စွမ်းအားများ ပျောက်ဆုံးရာ ရင်းမြစ်အား

ပြန်လည်ရှာဖွေခဲ့သော် အခါ....

------------------------------------
Download Link
------------------------------------




Thit San Khant
=============
www.facebook.com/thitsankhant2




 အသစ်တင်တိုင်း သိလိုပါက အောက်ပါ အပြာရောင် Button လေးကို Click ခဲ့ပါ




Thursday, May 28, 2015

Nineteen: Shh No Imaging (2015) မြန်မာစာတန်းထိုး

Screenshots



Information : 18+
Directed by Noh Jin-soo
With Choi Won-joon, Han Se-i, Kim Min-gi, Lee Jae-in, Kim Cheong-soon, Jang Moon-yeong,...
Release date in Korea : 2015/04

Synopsis
A smart finger movie about adult rated romance between young men and women who have total control over SNS.


File size...900MB
Quality....HD-Rip 720p
Format...mp4
Duration....00:57:55
Subtitle....Myanmar Subtitle (Hardsub)

Encoder....Kyaw Swar Win

 
Download and Watch 720p HD








နမူနာကြည့်ရန်



X- Men First Class (မြန်မာစာတန်းထိုး)



X-menပရိသတ်တွေ အတွက် ဒီဇာတ်ကားက အစိမ်းသက်သက်မဖြစ်နိုင်ပါဘူး။ ဒီဇာတ်ကားက ထွက်တာ နောက်ကျပေမဲ့ X-menဇာတ်ကားထဲက ဇာတ်ဆောင်တွေရဲ့ အရင်ဘ၀ကို ပြသနိုင်တဲ့ ဇာတ်ကားဆိုလဲ မမှားပါဘူး။X-menဇာတ်ကားထဲမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ ငယ်ဘ၀တွေ၊သူတို့ရဲ့ အစွမ်းတွေ၊ သူတို့ရဲ့ နာကြည်းမှူတွေကို စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ဇာတ်ကားပါ၊ ဇာတ်လမ်းအကျဉ်းချုပ်တော့
Magneto ဖြစ်လာမယ့် Erick က သူ့အမေကို Shaw သတ်ခဲ့တာ ပြန် လက်စားချေချင်တဲ့ စိတ် ပြင်းထန်ပြီး ထိန်းမနိုင်ဖြစ်လာတာ .. mutant တွေနဲ့ ကြီးစိုးချင်စိတ် ဖြစ်လာသူ
Charles က နဂိုကတည်းက mutant တွေအတွက် စိတ်ကောင်းထားတဲ့လူ .. လောကမှာ လူသားနဲ့ mutant သဟဇာတ ဖြစ်အောင် နေချင်သူ .. Erick ကိုလဲ သံယောဇဉ် ရှိနေသူ
Striker က အာဏာပိုင်အဖွဲ့ထဲကနေ .. mutant တွေကို စိတ်ဝင်စားနေသူ .. mutant ကို အခြေခံပြီး တခုခု လုပ်ဖို့ ကြံနေသူအဖြစ် စိတ်ဝင်စားဖွယ်ကြည့်ရမဲ့ ဇာတ်ကားပါ။

X-men First Class Movie Download Link>>>>>http://adf.ly/1HvumL

@Joker

Wednesday, May 27, 2015

Ex-Machina (2015) မြန်မာစာတန်းထိုး



ဒီရုပ်ရှင်ကိုကြည့်ဖို့အကြံပေးချင်ပါတယ်..ကြည်ရတာလည်းတန်မှာပါ
IMDb မှာ 7.9 ရရှိထားပါတယ်..Rotten Tomatoes မှာလည်း 92% ရရှိထားပါတယ်..
ရုပ်ရှင်ကိုမကြည့်ခင် Review လေးကိုနည်းနည်းအချိန်ပေးပြီးသေချာဖတ်ကြည့်စေချင်တယ်..
ဒီ Review က နည်းနည်းရှည်ပါတယ်..သေချာလေးဖတ်ပေးပါ..ဖတ်ရတာလည်းတန်မှာပါ

(Review ကို Movies-we watch,we feel Facebook Page မှ ကူးယူတင်ပြပါသည်)

Ex-Machina

သင်သာ အလုံးစုံသော အရာတွေကို ပိုင်ဆိုင်တဲ့ သူတစ်ယောက်ဆိုရင် သင်ဘာလုပ်မည်နည်း?
ထိုမေးခွန်းက ဒီဇာတ်ကားရဲ့ အဓိကမေးခွန်းတစ်ခုပါပဲ။
ကျွန်တော်တို့တွေ Artificial Intelligence (AI) တွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်တော်တော်များများကြည့်ဖူးကြပါလိမ့်မယ်။ AI တွေဘက် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေ ရှိခဲ့သလို AI တွေရဲ့ ခံစားချက်တွေ AI တွေရဲ့ လူသားဆန်လာမှုတွေ AI တွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေလည်း အများကြီးပါ။ Smart ဖြစ်တဲ့ ဇာတ်ညွှန်းတွေ ရှိခဲ့သလို Dumb ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေလည်း ရှိနေပြန်ခဲ့ပါတယ်။ ဒီ Ex-Machina ဆိုတဲ့ ဇာတ်ကားကတော့ Smart ဖြစ်လွန်းတဲ့ AI ဇာတ်ကား စာရင်းထဲကို ထည့်ဖြစ်အောင်ကို ထည့်ရမှာပါ။ အခုဆိုရင် 2015 ဟာ နှစ်ဝက်လောက်ကို ရောက်ရှိလာပါပြီ။ ဒီနှစ်တစ်နှစ်လုံးမှာ ကြည့်ခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ ဒီကားတစ်ကားထဲ ဇာတ်ညွှန်းရော ဇာတ်လမ်းပါ Intelligent ဖြစ်ပြီး Smart ဖြစ်လွန်းခဲ့ပါတယ်။ ဒီနှစ်ကြည့်ဖူးသမျှဇတ်ကားတွေထဲမှာ ကျွန်တော်အကြိုက်ဆုံး စာရင်းထဲကို ထည့်လိုက်ရပါပြီ။

ဇာတ်လမ်းရဲ့ အစကို စကားပြောခြင်းမပါဝင်တဲ့ မြန်ဆန်တဲ့ Tempo တစ်ခုကို နောက်ခံတီးခတ်ထားပြီး ရုပ်ပုံလွှာတွေနဲ့ ပဲ အခြေအနေတစ်ခုကို သရုပ်စဖော်ထားပါတယ်။
အချိန်ကာလကို ဘယ်ခေတ်တစ်ခုမှာ တည်ထားလဲဆိုတာတော့ မဖော်ပြထားဘူး။ ဒါပေမဲ့ အနာဂတ်တစ်ခုဆိုရင်လည်း မဝေးလွန်းတဲ့ အနာဂတ်တစ်ခု။ ဒါပေမဲ့ ထိုခေတ်မှာ Technology က Genius တွေကို ဘုရားတစ်ဆူဖြစ်စေတဲ့ ခေတ်တစ်ခုမှာ ဇတ်အိမ်ကို တည်ထားတယ်။ ဇာတ်လမ်းကို Bluebook လို့ အမည်ရတဲ့ ကမ္ဘာ့ အကြီးမားဆုံး Search Engine Company တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ Caleb Smith ဆိုသော Computer Programmer တစ်ယောက်သည် ထို Company ရဲ့ CEO ဖြစ်သူ Nathan Bateman ဆိုသူနှင့် သူ့ ရဲ့ Alaska ရှိ တန်ဖိုးကြီး အိမ်တစ်ဆောင်တွင် တစ်ပတ်တာ နေထိုင်ခွင့်ဆိုသော ကံစမ်းမဲ ပေါက်ခြင်းနှင့် စတင်ထားပါတယ်။ လူတွေရဲ့ အားကျမှုနဲ့ အတူ ကံကောင်းခြင်းဟု စောစီးစွာ ယူဆခဲ့သော Caleb သည် ပျော်ရွှင်တက်ကြွမှုတွေနှင့်အတူ တောအုပ်ထဲရှိ Nathan ရဲ့ အိမ်သို့ တစ်ဦးတည်းရောက်ရှိလာခဲ့လေသည်။ သူကြုံတွေ့ ရသော အရာအားလုံးသည် သူ့ အတွက်တော့ အထူးအဆန်းဖြစ်နေခဲ့သည်။ အလွန်တရာ ခမ်းနားလှပ၍ အလွန်တရာ ခေတ်မှီလှသော Architecture Designs များနှင့် တည်ဆောက်ထားသော ထိုအိမ်ကြီးနှင့် လှပ တိတ်ဆိတ် အေးချမ်း လှသော သစ်တော ပတ်ဝန်းကျင်လေး တို့ သည် အလွန်ပနံသင့် လှပနေပေမဲ့ အထီးကျန်ဆန်သော ခံစားမှုတွေကို ပေးစွမ်းနေလေ သည်။

Nathan က Caleb ရဲ့ ရောက်ရှိလာမှုကို ဝမ်းမြောက်နွေးထွေးစွာ ကြိုဆိုခဲ့ပြီး Caleb နေထိုင်ရမည့် အခန်းကို လိုက်ပြသောအခါ Caleb သည်အရာတစ်ခုကို သတိထားမိလိုက်သည်။ ထိုအရာကတော့ သူနေထိုင်ရမည့်အခန်းနှင့် တစ်ခြားအခန်းအများစုသည် ပြတင်းပေါက်များမရှိပေ။ သူ့ ရဲ့ သတိထားမှုကို ရိပ်မိသော Nathan က Caleb ရဲ့ ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ကို ပြောပြလေသည်။ ထိုအိမ်ကြီးသည် တစ်ကယ်တော့ သူမြင်သလို ခန့် ညားထည်ဝါလှသော အိမ်ကြီးတစ်ခုမဟုတ်ပေ။ Research Facility တစ်ခုကြီးပဲဖြစ်ပေသည်။ ထို့ကြောင့် ပြတင်းပေါက်များ မရှိနေခြင်းဖြစ်သည်ကို Nathan က ရှင်းပြခဲ့သည်။ ထို့ နောက် သူသည် Caleb ကို ဒီနေရာသို့ ခေါ်ဆောင်ခဲ့ခြင်းမှာ သူတီထွင်ထားသော AI တစ်ခုကို Turing test တစ်ခုကို တစ်ပတ်အတွင်း ပြုလုပ်ပေးရန်ဖြစ်ပေသည်။

(ဒီနေရာတွင် Turing test အကြောင်းကို ရှင်းပြချင်ပါတယ်။ ဟုတ်ပါတယ်။ Turing test က The Imitation Game ဇာတ်ကားထဲက ဇာတ်ကောင် Alan Turing တီထွင်ခဲ့တဲ့ test တစ်ခုဖြစ်ပါတယ်။ သဘောကတော့ Parlour Game တစ်ခုပါပဲ။ AI တစ်ခု ဥပမာ Computer ပဲထား သို့မဟုတ် Siri ပေါ့။ ထို AI တွေကို တီထွင်ပြီးတဲ့ အခါ သူတို့ရဲ့ Intelligence နဲ့ ထို အသိဥာဏ်သည် မည်မျှစွမ်းဆောင်နိုင်စွမ်း ရှိသည်ဆိုတာကို စမ်းသပ်တာပါ။ Player 2 ခုရှိတယ်ပဲထား။ Player 1 သည် လူသားတစ်ဦးဖြစ်ပြီး Player 2 ကို မည်သည့်အရာ အထီးလား အမလား ဟု Player 1 ကို အသိမပေးထားပဲ Player 1 က Player 2 ကို မေးခွန်းတွေ မေးမြန်းတဲ့ Test တစ်ခု။ အကယ်၍ Player 1 လူသားက ထို Player 2 ကို လူသားလား AI လား ဆိုတာကို Player 2 ဖြေတဲ့ အဖြေတွေမှ မခွဲခြားနိုင်ရင် Testing က အောင်မြင်တယ်ဆိုတဲ့ သဘောပါ။ ဟိုး Alan Turing တို့ ခေတ်ကတော့ Notes တွေနဲ့ ပဲ အဆက်အသွယ်လုပ်ပြီး စမ်းသပ်ရတဲ့ Test ပေါ့။ Alan Turing က 1940s ကျော်လောက်က idea တစ်ခုကို ရရှိပြီး အကယ်၍ Machine Intelligence က လူသားရဲ့ မေးခွန်းတွေနဲ့ ထိုလူသားကို Imitate လုပ်နိုင်ရင် ထို AI ရဲ့ Consciousness က အလွန်ကို မြင့်မားပြီး သူတို့ တီထွင်တဲ့ AI က အောင်မြင်တယ်ဆိုတာပါပဲ။ ယနေ့ ခေတ် AI တွေရဲ့ အတွေးတွေကို စမ်းသပ်တဲ့ Experiment တွေထဲမှာ အလွန်အရေးပါပြီး အလွန်အသုံးဝင်တဲ့ စမ်းသပ်မှုတစ်ခုပါပဲ။)

ဒါပေမဲ့ ဇာတ်လမ်းထဲမှာတော့ Nathan က Caleb ကို Turing test အစစ်လို Player 2 ကို အသိမပေးပဲထားခြင်းမျိုး မဟုတ်ပဲ Player 2 က ဘာလဲဆိုတာ ကြိုတင်အသိပေးခဲ့တယ်။ Caleb စမ်းသပ်ရမည့် အရာသည် လူသား အမျိုးသမီးပုံစံ အမျိုးသမီးတစ်ယောက်ရဲ့ အသိဥာဏ်နှင့် အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာပြင်ကို ပိုင်ဆိုင်ထားပြီး စက်ရုပ်ကိုယ်ထည်နှင့် တည်ဆောက်ထားသော AI Android တစ်ခုဖြစ်သည်ဟု ကြိုတင်ပြောပြလိုက်သည်။ သဘောကတော့ စမ်းသပ်မှု မလုပ်ခင်ကတည်းက AI တစ်ခုဖြစ်သည်ကို ကြိုသိသော Caleb သည် AI မှန်းသိရက်နှင့် ထို AI ကို လူသားတစ်ဦးသဖွယ် ခံစားလာရလျှင် Nathan တီထွင်ထားသော ထို AI သည် အမှန်တစ်ကယ် အဓိပ္ပာယ်ရှိပြီး လုံးဝအောင်မြင်သည်ဆိုသော သဘောပင်ဖြစ်သည်။
ထိုစမ်းသပ်မှုအတွက် “The Mother of all NDAs (Non-Disclosure Aggrement)” ကို sign ထိုးခဲ့သော Caleb ကို ထိုကတည်းက ကျွန်တော်တို့ ရင်ထိတ်ခဲ့ရသည်။ သူ စမ်းသပ်ရမည့် AI ရဲ့ အမည်သည် Ava ဖြစ်လေသည်။

တစ်ပတ်တိတိနေရမည်ဖြစ်သော Caleb သည် Ava ကို စမ်းသပ်မှု 6 ခုတိတိပြုလုပ်ခဲ့ရသည်။ Tests တွေစတင်လာတာနဲ့ ဇာတ်ကားဟာ သာမာန်အခြေအနေကနေ Thriller အဆင့်ကို လျင်မြန်စွာ ကူးပြောင်းသွားပါတော့တယ်။ စမ်းသပ်မှု 7 ခုမြောက်အကြောင်းကိုတော့ Spoilers ပါမည်ဖြစ်သောကြောင့် မပြောလိုတော့ပေ။ စမ်းသပ်မှူ 7 သည် အဓိကအကျဆုံးဇာတ်လမ်းပင် ဖြစ်သည်။
သူ့ တို့ရဲ့ စမ်းသပ်မှူအောင်မြင်နိုင်မည်လား .....
Caleb ထင်ထားခဲ့သော ရိုးရှင်းသော အရာများသည် သူ့ အား အမှောင်ဆုံးဖြစ် သော ထောင့်တစ်နေသို့ ခေါ်ဆောင်သွားမည်လား ......
Nathan ရဲ့ ထူးဆန်းသော အပြုအမူများနှင့် Ava ရဲ့ ပြောပြချက်များသည် ထို Facility နှင့် Caleb မသိခဲ့သေးသော လျှို့ဝှက်ချက်များကို Caleb အချိန်မှီ ဖော်ထုတ်နိုင်မည်လား ......
မည်သူ့ကို ယြုံကည်၍ မည်သူ့ကို မယုံကြည်နိုင်သလဲဆိုတာကိုရော Caleb သိနိုင်ပါ့မလား ......
Nathan သည်မည်ကဲ့သို့ သော လူလဲ? ဘာကြောင့် Caleb ကိုရွေးချယ်ခဲ့တာလဲ?
Caleb ကရော လူသားလား စက်ရုပ်လား?
Ave ရဲ့ Intention တွေကရော စစ်မှန်ရဲ့ သလား?
အစရှိတဲ့ မေးခွန်းတွေကို သိဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကားကို ကြည့်လိုက်ကြပါလို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ်။

ဒီဇာတ်ကားရဲ့ နာမည်နဲ့ ဇာတ်လမ်းဟာ သင့်လျော်တယ်လို့ ပထမဦးစွာ ခံစားမိပါတယ်။ Ancient Greek ဘာသာစကားတွေကနေရှင်းရမယ်ဆိုရင် “from the machine” ဟု အဓိပ္ပာယ်သက်ရောက်ပြီး ထိုမှတဆင့် “Deus Ex-Machina” ဆိုတဲ့ အခေါ်အဝေါ်တစ်စု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ “God from the Machine” ဆိုတာပါပဲ။ ဒါပေမဲ့ ဘယ်နေရာမှာ သုံးသလဲဆိုရင်တော့ ဇာတ်လမ်းတစ်ခု သို့မဟုတ် ဇာတ်ညွှန်းတစ်ခုမှာ ရှုပ်ထွေးနေတဲ့ ဇာတ်လမ်းကို မမျှော်လင့်သော အရာတစ်ခု သို့ မဟုတ် မမျှော်လင့်သော ဇာတ်ကောင်တစ်ယောက်ကနေ ဖြေရှင်းသွားခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ Director ဖြစ်သူ Alex Garland ဆိုသူဟာ ဒီဇာတ်ကားဟာ သူ့ ရဲ့ ပထမဆုံးသော Director အဖြစ်စတင်ရိုက်ကူးတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ သူ ပါဝင်ရေးသားခဲ့တဲ့ ဇာတ်ကားတွေကတော့ ကျွန်တော်တို့ နဲ့ မစိမ်းလှပါဘူး။ သူဟာ The Beach, The Tesseract နဲ့ The Coma ဆိုသော ဝတ္ထုတွေကိုရေးသားခဲ့သူဖြစ်ပြီး Zombie ဇာတ်ကားတွေရဲ့ အဖေလို့ သတ်မှတ် ခေါ်ဝေါ်ရလောက်တဲ့ 28 Days Later, သေဆုံးလာပြီဖြစ်တဲ့ နေလုံးကြီးရဲ့ ကံကြမ္မာဟာ ကမ္ဘာပေါ်ကလူသားတွေရဲ့ အသက်ဆက်ရှင်သန်မှု ကံကြမ္မာအဖြစ် ဇာတ်အိမ်တည်ထာားသော Sunshine, အနာဂတ်ရဲ့ ရဲတစ်ယောက်ဇာတ်လမ်းကို တိုက်ကြီးတစ်လုံးမှာ ဖော်ပြထားတဲ့ Dredd နဲ့ Clones တွေရဲ့ ရှုပ်ထွေးလှတဲ့ ဘဝအခြေအနေတွေ ဝမ်းနည်းဖွယ် ခံစားချက်တွေကို ဖော်ကြူးထားတဲ့ Never Let Me Go ဆိုသော ဇာတ်ကားများကို ဇာတ်ညွှန်းရေးသားခဲ့ဖူးတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ထိုဇာတ်ကားတွေကို ကြည့်မယ်ဆိုရင်ပဲ ထိုသူဟာ Sci-Fi နဲ့ ပတ်သက်တဲ့ Ideas တွေ ဘယ်လောက်ကောင်းမွန်တဲ့ လူလည်းဆိုတာ သိနိုင်ကြပါပြီ။

ဒီဇာတ်ကားကို Alex Garland ကိုယ်တိုင် ဇာတ်ညွှန်းရေးသားခဲ့ပြီး ပါဝင်ထားတဲ့ အဓိကဇာတ်ကောင် 3 ယောက်ကို Caleb အဖြစ် Domhnall Gleeson, Nathan အဖြစ် Oscar Isaac နဲ့ Ava အဖြစ် Alicia Vikander တို့က ပါဝင်ထားကြပါတယ်။ ထိုဇာတ်ကောင် 3 ဦးတည်းနှင့်ဖွဲ့ စည်းထားသော ဇာတ်လမ်းသည် ထို 3 ယောက်သည် တစ်ယောက်ကို တစ်ယောက် Cat & Mouse ပုံစံ ဇာတ်ကောင်တွေသည် သူတစ်ပြန်ကိုယ်တစ်ပြန် လိုက်နေ၍ နှိပ်စက်နေသော ဇာတ်လမ်းပင်ဖြစ်သည်။ သို့သော် Physically အရမဟုတ်ပဲ Mentally အရ Brains တွေကို အသုံးပြုတဲ့ ပြေးတန်းလိုက်တန်း ကစားပွဲ သဏ္ဍာန်မျိုးပင်ဖြစ်သည်။

ကျွန်တော်ရေးနေကျအတိုင်း ရေးရမယ်ဆိုရင် ဇာတ်ကောင်တစ်ယောက်ချင်းကို ပြောပြပါရစေ။ Caleb သည် ဇာတ်ကားရဲ့ အခန်းတိုင်းနီးပါးတွင် ပါဝင်သောသူဖြစ်သည်။ သူသည် ဇာတ်လမ်းရဲ့ ကြည့်ရှုသူ အမြင်က နေရသော ဇာတ်ကောင်တစ်ယောက်။ သူသည် စိတ်ထားမှန်ကန်သူ ရိုးသားသော လူငယ် Computer Programmer သမားတစ်ယောက်ဖြစ်ပြီး ကိုယ်လိုသူလို သာမာန်လူတစ်ယောက်။ ထိုသာမာန်လူတစ်ယောက်ရဲ့ သာမာန်မဟုတ်တဲ့ အခြေအနေတစ်ခုရဲ့ ဗဟိုမှာ ရောက်ရှိသွားတဲ့ ဇာတ်ကောင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူသည် လူသားဆန်သော အတွေးကို တွေးတောပြီး လူသားဆန်သော ခံစားချက်ရှိသူဖြစ်သည်။ ထိုအရာသည် သူ့အတွက် ပျော့ကွက်ဟုခေါ်တဲ့ အားနည်းချက်တစ်ခုဖြစ်သည်ကို ဇာတ်လမ်းမှာတွေ့ မြင်ခဲ့ရသည်။
ဒုတိယဇာတ်ကောင်ဖြစ်တဲ့ Nathan ကတော့ Caleb ရဲ့ ဇာတ်ကောင်နဲ့ အရာအားလုံးနီးပါး ဆန့် ကျင်ဘက်အဖြစ် ရေးဖွဲ့ ထားတဲ့ဇာတ်ကောင်တစ်ယောက်။ ပြောရမယ်ဆိုရင် Alpha Male လို့ တင်စားရတဲ့ ယောင်္ကျားပီသသော ယောင်္ကျားဆန်သော အမြဲတမ်းဦးဆောင်နိုင်စွမ်းရှိသော သန်မာသော ဥာဏ်ကောင်းသော ဇာတ်ကောင်မျိုး။ တစ်ကယ်တော့ ထိုဇာတ်ကောင်ကို ထိုကဲ့သို့ ရေးဖွဲ့ ထားခဲ့ခြင်းမှာ Caleb ဇာတ်ကောင်ရဲ့ ပြိုင်ဘက်အဖြစ် သဘောမျိုး သက်ရောက်စေအောင် ရေးဖွဲ့ ထားတယ်လို့ ကျွန်တော် ယူဆမိတယ်။ သူ့ ရဲ့ ခံစားချက်တွေကို မဖော်ပြခဲ့။ သူ့ ရဲ့ Ideas တွေကိုသာ စကားလုံးတွေမှ တစ်ဆင့် သိခဲ့ရတဲ့ ဇာတ်ကောင်မျိုး။ သူသည် ရန်သူဖြစ်နိုင်သလို မိတ်ဆွေလည်း ဖြစ်နိုင်သည်။ သူ့ ရဲ့ ideas တွေနဲ့ ထို Ideas တွေကို သူ့ ရဲ့ ယုံကြည်မှုတွေကို သူ့ ရဲ့ Dialogue မှတစ်ဆင့် ရုပ်ရှင်ရဲ့ တစ်နေရာတွင် ကျွန်တော်တို့ တွေ့ ခဲ့ကြရသည်။ သူသည် တစ်ချိန်တွင် AI တွေသည် ကမ္ဘာကို အုပ်စိုးသွားမည်ဟု ယုံကြည်နေသည်။ သူရဲ့ ယုံကြည်မှုကို သူဘယ်လိုပြောသလဲဆိုတော့ တစ်ချိန်မှာ AI တွေ သာ ကမ္ဘာပေါ်မှာ ရှိနေပြီး သူတို့ ဟာ သူတို့ရဲ့ သမိုင်းအစကို ပြန်ကြည့်လိုက်မယ်ဆိုရင် ငါတို့ လူသားတွေဟာ သူတို့ ရဲ့ Apes တွေလို့ သူတို့ မြင်မိလိမ့်မယ်။ Charles Darwin’s Theory အရ လူသားများသည် Apes များမှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် AI တွေရဲ့ ကနဦးအစသည်လည်း လူသားတွေပဲဖြစ်တယ်လို့ သူက ဆိုလိုချင်တာဖြစ်တယ်။

နောက်ဆုံးဇာတ်ကောင်ကတော့ Ava လို့ ခေါ်တဲ့ Female Humanoid Robotic A.I. Android ပဲဖြစ်တယ်။ သူမသည် ယုတ္တိဆန်သော လူတစ်ဘက်သားရဲ့ အမြင်ကို ပြောင်းလဲနိုင်စွမ်းရှိသော အသိဥာဏ်အလွန်တရာ မြင့်မားလှပြီး အလွန်တရာ လူသားဆန်လွန်းသော A.I. တစ်ယောက်ပင်ဖြစ်သည်။ လူသားဆန်သည်ဟုဆိုသော ကျွန်တော့် အသုံးအနှုန်းတွင် အဓိပ္ပာယ်မျိုးစုံ သက်ရောက်ပါသည်။ ဇာတ်ကားထဲတွင် ထို Ava ဆိုသော AI သည် သူမဘာသာ သူမ Electricity လျှပ်စစ် စွမ်းအင်ကို Induction Plate ကို အသုံးပြုကာ Recharge လုပ်၍ နေထိုင်နိုင်သည်။ သူမရဲ့ အသိဥာဏ် ဗဟုသုတတွေသည် Nathan ပိုင်ဆိုင်သော Bluebook Search Engine internet မှ data တွေ information တွေအကုန်လုံးကို Continual Flow မှတစ်ဆင့် ရယူသည်။ သူမရဲ့ မျက်နှာ တွင်း ခံစားချက်များ ဖော်ပြမှုနှင့် ခံစားချက်အလိုက် အသံနေအသံထား ပြောင်းလဲမှုသည် ကမ္ဘာပေါ်ရှိ Cellphones များနှင့် ဓာတ်ပုံရိုက်သော Camera users များအကုန်လုံးထံမှ Hack လုပ်ထားပြီး အသုံးပြုသည်။ သူမရဲ့ မိန်းမသားဆန်သော သဘောထားသည် Caleb အတွက် Design လုပ်ထားသော အသိစိတ်တစ်ခုပဲဖြစ်၍ သူမရဲ့ ဦးနှောက်သည် တစ်ခြား ကျွန်တော်တို့ ရုပ်ရှင်တွေမှာ မြင်ဖူးခဲ့တဲ့ AI တွေရဲ့ ဦးနှောက်တွေလို Circuits တွေနဲ့ ဖွဲ့ စည်းထားတာမျိုး မဟုတ်ပဲ အဖြူနဲ့ အပြာ ရောစပ်ထားတဲ့ “Structural Gel” တုံးတစ်တုံးပဲဖြစ်နေပြန်ပါတယ်။ သူမရဲ့ နောက်ကို ဖောက်ထွက်မြင်နိုင်သော စက်ရုပ်ခန္ဓာကိုယ် သဏ္ဍာန်ကို Man of Steel တို့ Godzilla တို့ Interstellar တို့ တွင် အသုံးပြုခဲ့တဲ့ Double Negative ဆိုသော VFX Company ကပဲ မင်းသမီး Alicia Vikander ရဲ့ တစ်ကိုယ်လုံးကို Reference Points တွေနဲ့ သတ်မှတ်ထားသော အဝတ်ကို ဝတ်စေလျက် ပြောင်းလဲရိုက်ကူးခဲ့ပါတယ်။ အရမ်းကို ကောင်းတဲ့ Effects တွေဆိုတာ ကြည့်တဲ့အခါ သိပါလိမ့်မယ်။

ဇာတ်ကောင်တွေရဲ့ နာမည်တွေဟာ Bible ထဲက Biblical names တွေကနေ သင့်တော်သော နာမည်တွေကို ယူသုံးခဲ့ကြပါတယ်။ Ava သည် Eve ဆိုသော ပထမဦးဆုံး ဘုရားသခင် ဖန်တီးသော အမျိုးသမီး နာမည်မှ ယူသုံးပြီး Nathan ဆိုသော နာမည်ကတော့ Court of David ထဲက တမန်တော်တစ်ဦးရဲ့ နာမည်ဖြစ်ကာ Caleb ကတော့ Exodus ထဲမှ နယ်မြေသစ်တွေ ရှာဖွေရန် Moses စေလွှတ်ခဲ့သော စုံစမ်းခဲ့သူတစ်ယောက်ရဲ့ နာမည်တွေပဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ ကျွန်တော် အလွန်နှစ်သက်မိခဲ့တဲ့ အရာတွေထဲက ပထမဆုံးကတော့ Dialogues ပါပဲ။ ဒီဇာတ်ကားရဲ့ အခြေခံဇာတ်လမ်းက ရိုးရှင်းတယ်။ ဒါပေမဲ့ စိတ်ဝင်စားဖို့ ကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကတော့ သူတို့ Characters 3 ယောက်ရဲ့ ပြောတဲ့ စကားတွေပဲ။ တစ်ချို့ နေရာတွေမှာ ဟာသဆန်ဆန်တွေ ထည့်ပေးခဲ့ပြီး တစ်ချို့ နေရာမှာတော့ ကြောက်မက်ဖွယ် စကားလုံးတွေကို ရေးထည့်ခဲ့တယ်။ အခန်းတိုင်းရဲ့ ဇာတ်ကောင်တွေ ပြောသော စကားများသည် အပိုမရှိ။ ဇာတ်လမ်းနှင့် စပ်ဆက်နေသော တစ်ခါတစ်ရံ ဇာတ်သိမ်းကို နမိတ်ပမာ ဖတ်ပေးနေသော စကားလုံးများပင်ဖြစ်တယ်။ ဒီဇာတ်ကားမှာ အကောင်းဆုံးကတော့ Alex Garland ရဲ့ ဇာတ်ညွှန်းပဲ။ သူသည် စကားလုံးတွေကို သေသေချာချာ ဂရုတစိုက် ရွေးချယ်ပေးခဲ့တာ အရမ်းသိသာပါတယ်။

နောက်တစ်ချက်နှစ်သက်မိတာကတော့ Rob Hardy ရဲ့ Cinematography ပါပဲ။ ရိုက်ကူးသွားချက်တွေသည် အလွန်တရာကို သန့် ရှင်းလှသည်။ ထို့ အပြင် အဆောက်အဦးရဲ့ Architecture ကို ပေါ်လွင်အောင် ရိုက်ကူးနိုင်သလို အဆောက်အဦးပြင်ပရှိ အလွန်လှပတဲ့ ရှုမျော်ခင်းတွေရဲ့ Landscapes ပိုင်းကိုလည်း သဘာဝထက် သာလွန်လှပအောင် သေသေသပ်သပ် ရိုက်ကူးနိင်ခဲ့ပါသေးတယ်။ ထို့ အပြင် Colors အရောင်ခွဲခြားမှုသည် အလွန်အရေးကြီးသည့်အတိုင်း ဇာတ်ကား Climax မှာ အသုံးပြုသွားသော အရောင်များသည် ဇာတ်လမ်းနှင့် အလွန်ကို လိုက်ဖက်ပြန်နေပြန်သည်။ ထို့ အပြင် Main Colors 3 ရောင် ဖြစ်တဲ့ Red, Blue နဲ့ Green ကို အခန်းတစ်ခုချင်းဆီမှာ ဇာတ်သွားနှင့် လိုက်ဖက်စွာ အသုံးပြုခဲ့သည်။
Directing အပိုင်းကိုပြောရမယ်ဆိုရင်လည်း သူ့ ရဲ့ ပထမဆုံး Director အဖြစ် ရိုက်ကူးခဲ့သောကြောင့် ဒီဇာတ်ကားသည် ထို Alex Garland ရဲ့ Personal Project တစ်ခုဖြစ်တယ်ဆိုတာ သေချာပါတယ်။ Directors တိုင်းဟာ သူတို့ ရဲ့ ပထမဦးဆုံး Project တွေမှာ သူတို့ ရဲ့ ကိုယ်ပိုင်ဟန်တွေကို လေ့လာနိုင်ပြီး အလွန်ကောင်းမွန်ခဲ့ကြပါတယ်။ သူသည် အခန်းတိုင်းကို အလွန်အနုစိပ်စွာ သေသေချာချာရိုက်ကူးခဲ့တာကို တွေ့ ရပါတယ်။ ဥပမာ Blade Runner လိုမျိုးပါပဲ။ အခန်းတိုင်းကို ပြီးစလွယ်မရိုက်ကူးခဲ့ပါ။ သူသည် Creative Freedom ဆိုသော လွတ်လပ်သော ဖန်တီးမှုတစ်ခု ရရှိအောင် ဇာတ်ကားရဲ့ Budget ကို နည်းနည်းပဲ အသုံးပြုခဲ့ပါတယ်။ သူပြောချက်အရဆိုရင် Budget များသွားရင် သူလိုချင်တဲ့ ဇာတ်လမ်းနဲ့ သွေဖယ်ပြီးဝေးကွာ သွားမှာကို စိုးရိမ်လို့ ပါတဲ့။ ဥပမာ Budget များတဲ့အခါ Helicopter ပျက်ကျတာတို့ Car Chase Scene တို့ လို Action ခန်းတွေ ပါဝင်ရမည်ဆိုရင် သူပြောချင်သော ဇာတ်လမ်းနှင့် ဝေးကွာသွားပါလိမ့်မည်တဲ့။ မှန်ပါတယ်။ အကယ်၍သာ ထိုကဲ့သို့ သော Action ခန်းတွေသာ ပါဝင်ခဲ့မည် ဆိုရင် ကျွန်တော် ဒီ Review ကို ယခုလို စိတ်ရှည်စွာနဲ့ ရေးသားမည် မဟုတ်တော့ပါ။
ဒီဇာတ်ကားကို မနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားတွေဖြစ်တဲ့ Transcendence, Dawn of the Planet of the Apes, Her နဲ့ Predestination တို့ ဇာတ်ကားတွေနဲ့ Themes အရ ဆင်တူတယ်လို့ ယူဆမိတယ်။ Transcendence ဇာတ်ကားလိုပဲ Directors တွေရဲ့ ပထမဇာတ်ကားဖြစ်ပြီး AI တွေကို မေးခွန်းထုတ်ခဲ့တယ်။ Dawn of the Planets of the Apes ဇာတ်ကားလိုပဲ လူသားဆန်သော အသိဥာဏ်တွေဆိုတာ ဘာလဲဆိုတာ ပြောပြခဲ့တယ်။ တရိစ္ဆာန်ပဲဖြစ်ဖြစ် စက်တစ်ခုခုပဲဖြစ်ဖြစ် လူသားတွေလို ခံစားတတ် လူသားတွေလို နားလည်တတ်လာကြပြီဆိုရင် ဘာဖြစ်နိုင်မယ်ထင်ပါသလဲ? သေချာပါတယ်။ တစ်နေ့ စက်တွေသာ လူသားတွေရဲ့ စိတ်တွေ အပြည့်အဝ ပိုင်ဆိုင်နိုင်လာကြပြီ ဆိုရင် လူသားတွေရဲ့ ကံကြမ္မာသည် မသေချာတော့ပေ။ အဘယ့်ကြောင့် ဆိုသော လူသားတွေရဲ့ ပင်ကို အခြေခံစိတ်ဓာတ်သည် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းပေသောကြောင့် ဖြစ်သည်။ ပြီးတော့ Her ဇာတ်ကားလိုပဲ လူသားနှင့် AI တို့ရဲ့ ဆက်စပ်မှုတွေကို ဖော်ပြခဲ့တယ်။ Predestination နဲ့ ကတော့ themes အရမတူပါဘူး။ ဒါပေမဲ့ ဇာတ်လမ်းရဲ့  အချိုးအကွေ့ တွေ လှည့်ကွက်တွေကို သဘောကျခဲ့လို့ တင်စားလိုက်တာပါ။

ဇာတ်လမ်းရဲ့ တစ်နေရာမှာ Flirt လုပ်လာတဲ့ Ava ရဲ့ Feminist ဆန်ခြင်းကို Caleb က တီထွင်သူ Nathan ကို မေးမြန်းခဲ့တယ်။ ဘာကြောင့် AI ကိုဖန်တီးတဲ့အရာမှာ Sexualism ကို Program လုပ်ခဲ့သလဲပေါ့။ AI မှာ Sexualism မလိုအပ်ဘူး။ သူသည် ယောင်္ကျားလည်းမဟုတ် မိန်းမလည်း မဟုတ်ဟု ပြောကြားချက်ကို Nathan က အရာအားလုံးနဲ့ သဘာဝတရားဟာ Program လုပ်ထားပြီးသားပါတဲ့။ မင်းဟာ Straight ဖြစ်ချင်ဖြစ်မယ်။ Gay ဖြစ်ချင်ဖြစ်မယ်။ ထိုအရာတွေဟာ မင်းရဲ့ ပတ်ဝန်းကျင်နဲ့ အခြေအနေတွေကို မင်းကို Program လုပ်ခြင်းပဲဖြစ်တယ်ဆိုပြီး သူ့ ရဲ့ AI အပေါ် လိင် ခွဲခြားပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်ကို ရှင်းပြခဲ့တယ်။

ဒီဇာတ်ကားသည် Sci-fi ဇာတ်ကားတစ်ကားဆိုပေမဲ့ သဘာဝတရားနှင့် ဆိုင်သော အရာတွေကို ချည်းကပ်ခဲ့တာကို တွေ့ ရှိခဲ့ပါတယ်။ လူအစစ်တွေက သာမာန်ထက်လွန်ကဲတဲ့ အခြေအနေတွေမှာ ရောက်ရှိသွားတဲ့ သဘောမျိုးပါ။ ကျွန်တော်တို့ တွေ Artificial Intelligence (A.I.) တွေနဲ့ ပတ်သက်ရင် ကြောက်မက်ဖွယ်ကောင်းသော အရာတွေ လူသားတွေကို တစ်နေ့ မှာ တွန်းလှန်တော်လှန်သော အရာတွေ အဖြစ် ရုပ်ရှင်တွေမှာ မြင်တွေ့ ခဲ့တယ်။ ဥပမာ Terminator ဇာတ်ကားတွေရဲ့ Skynet သည် လူသားမျိုးနွယ်စုကို ဖျက်ဆီးပစ်ခဲ့တယ်။ ထို့ နောက် ယာဉ်တစ်ခုလုံးရဲ့ လိုက်ပါလာကြတဲ့ အာကာသသမားတွေကို သတ်ပစ်ခဲ့တဲ့ 2001: Space Odyssey ဇာတ်ကားရဲ့  Hal 9000 ဒါမှမဟုတ် မိမိရဲ့ သက်တမ်းကို တိုးစေချင်လို့ ကြိုးပမ်းနေတဲ့ Blade Runner ထဲက Roy Betty လိုမျိုးတွေပေါ့။ ဒီဇာတ်ကားထဲက Ava ဆိုသော AI ကတော့ ထိုကဲ့သို့သော မဟုတ်။ လက်တွေ့ ကျတဲ့ AI တစ်ခုနဲ့ ထိုအရာနဲ့ ပတ်သက်ပြီး ဇာတ်ကားရဲ့ ဇာတ်သိမ်းမှာ လူသားမျိုးနွယ်စုတွေရဲ့ အနာဂတ်ကံကြမ္မာတွေကို မေးခွန်းထုတ်ပေးခဲ့ပါတယ်။ လူသားတစ်ယောက် ဖြစ်လာခြင်းရဲ့ ရည်ရွယ်ချက်တွေက ဘာလဲ? ယောင်္ကျားဆိုတာ ဘာလဲ? မိန်းမဆိုတာရော ဘာလဲ? လူသားတစ်ယောက်တည်း ကမ္ဘာပေါ်မှာ အသက်ရှင်ကျန်ရစ်ပြီး အချစ် နှင့် သူ့ အတွက် လူသားအဖော်က လွဲရင် ကျန်တာအားလုံး မတောင်းမတ ပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ရမယ်ဆိုရင် ထိုလူသား ဘာဖြစ်မလဲ? ပြောရမယ်ဆိုရင် ဒီနှစ်ကြည့်ဖူးသမျှဇာတ်ကားတွေထဲမှာ အကြိုက်ဆုံးကားတွေဆိုရင် Birdman, The Imitation Game နဲ့ ဒီကားပဲ ကျွန်တော့်အတွက် ရှိပါသေးတယ်။ 3 ကားစလုံးရဲ့ ဇာတ်သိမ်းဟာ သူ့ အနေနဲ့ သူ ကောင်းမွန်ပေမဲ့ Birdman နဲ့ ဒီဇာတ်ကားရဲ့ ဇာတ်သိမ်းဟာ ကျွန်တော့် အကြိုက် Smart ဖြစ်တဲ့ ဇာတ်သိမ်းတွေပါပဲ။ မနှစ်က ကျွန်တော် Predestination ကို ခေါ်ခဲ့သလို ယခု Ex-Machina ကိုပြန်ခေါ်ရမယ်ဆိုရင်တော့ Movie with Brain ပေါ့ဗျာ။

Filesize : 791 MB
Quality : Bluray720p
Format :mp4
During : 1:34:03
Subtitle : Myanmar Subtitle ( Hardsub)
Encoder : LK

Download And Watch With PCloud Link

Tuesday, May 26, 2015

Kung Fu Jungle (2014) မြန်မာစာတန်းထိုး



အက်ရှင်ကားတွေကြိုက်နှစ်သက်သူတွေအတွက် ခပ်မိုက်မိုက် ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေး
လိုက်ပါတယ်...ရုပ်ရှင်အညွှန်းကတော့ mmmovieguide ကဖြစ်ပါတယ်..

Hahou Mo ဟာ သိုင်းပညာသင်ကြားပြသပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်ပြီိး လူတစ်ယောက်ကို မတော်တဆသတ်လိုက်မိတဲ့အတွက်ကြောင့် ထောင်ကျနေသူတစ်ယောက်ပါ။ တစ်ရက်တော့ ထောင်ထဲမှာ TV ကြည့်နေတုန်း လူတစ်ယောက်သတ်ခံလိုက်ရတဲ့သတင်းကို ကြားလိုက်မိပါတော့တယ်။ သူဟာ ထိုလူသတ်မှုအကြောင်းကို သိပြီး ထိုအမှုကို စုံစမ်းနေတဲ့ စုံထောက် Luk Yuen-Sum ကို သူ ကူညီပေးမယ်လို့ ဆိုလိုက်ပါတယ်။

Fung Yu-Sau ဟာ သိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်တတ်သူတစ်ယောက်ဖြစ်ပြီး သိုင်းပညာရှင်တွေထဲမှာမှ နံပါတ် ၁ ဖြစ်ချင်နေသူဖြစ်ပြီး သူ့ရဲ့ စိတ်ရူးကြောင့် တခြားသိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူတွေကို ယှဉ်ပြိုင်ပြီး ရက်စက်စွာ သတ်ဖြတ်နေပါတော့တယ်။ Hahou Mo နဲ့ စုံထောက် Luk Yuen-Sum တို့ဟာ လူသတ်သမားကို ရှာဖွေနေသော်လည်း မဖမ်းဆီးနိုင်သးဘူးဖြစ်နေပါတော့တယ်။ ထိုအတော်အတွင်း Hahou Mo မှာ ဇာတိမြေကို ပြန်ရောက်သွားပြီး ထိုမှတစ်ဆင့် လူသတ်သမား Fung Yu-Sau အကြောင်း အနည်းငယ်စုံစမ်းမိပါတော့တယ်။

Fung Yu-Sau ရဲ့ အိမ်ကို စုံထောက် Luk Yuen-Sum တို့ဝင်ရောက်ရှာဖွေရာမှတစ်ဆင့် ထိုနေ့ဟာ Fung Yu-Sau ရဲ့ ဇနီးဆုံးတာ နှစ်ပတ်လည်နေ့ဖြစ်မှန်း ရိပ်မိပြီး စောင့်ဖမ်းဖို့ ကြံစည်ပါတော့တယ်။ တကယ်တမ်းလက်တွေ့မှာတော့ Fung Yu-Sau ရဲ့ သိုင်းပညာကျွမ်းကျင်မှုနဲ့ အတူ Hahou Mo ရဲ့ မသင်္ကာဖွယ် အပြုအမှုတစ်ချို့ကြောင့် အလွဲလွဲချော်ချော်ဖြစ်ကာ စုံထောက် Luk Yuen-Sum တို့ အဖွဲ့ပဲ ဒဏ်ရာအများအပြားရကာ ကျန်ရစ်ခဲ့ပါတော့တယ်။

 တကယ်တော့ Fung Yu-Sau နဲ့ Hahou Mo ဟာ ထိုလူသတ်မှုဖြစ်ရက်တွေမတိုင်ခင်က တစ်ခေါက်တွေ့ဆုံထားဖူးခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ လျို့ဝှက်ချက်က ဘာဖြစ်မလည်း . . . . .

အက်ရှင်သိုင်းကား ကြိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးဖြစ်ပြီး အထူးသဖြင့် ဖိုက်တင်ခန်းတွေက ပိုပြီး ရန်ခုန်စိတ်လှုပ်ရှားဖွယ် ပေးစွမ်းနိုင်မှာပါ။ တချို့အခန်းတွေတော့ အနည်းငယ်ရက်စက်တယ်လို့ထင်ရပြီး အခန်းအများစုကတော့ ကြည့်လို့အဆင်ပြေမှာပါ။ ဒါရိုက်တာ Teddy Chan က အကောင်းဆုံး ရိုက်ကူးတင်ဆက်ထားပြီး Ip Man ရုပ်ရှင်ဇာတ်ကားမှ Donnie Yen, Charlie Yeung, Baoqiang Wang တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

Filesize :819 MB
Quality : 720p

Format : mp4
Subtitle : Myanmar Subtitles

Encoder : LK

Download And Watch With Pcloud Link

Nurse 3-D (မြန်မာစာတန်းထိုး) 18+


February 7, 2014 (USA) မှာ ရုံတင်ပြသခဲ့ပြီး
Director: Doug Aarniokoski ရိုက်ကူးတင်ဆက်ထားတဲ့
The Nurse ဟာ 3D သည်းထိတ်ရင်ဖို စိတ္တဇလူသတ်ကား ဖြစ်ပြီး
ဇတ်လမ်း အတွင်း ကာယကံရှင် ကိုယ်တိုင်က အလွန်ဟန်ဆောင်ကောင်းပြီး ဥပဒေ လက်တွင်းက
ရှောင်တိမ်းနိုင်သူလဲဖြစ်ပါတယ်....


ဇတ်လမ်းအညွန်းကို တင်ဆက်ရမယ်ဆိုရင်တော့ အဘ်ဘေး ဆိုတဲ့

ညို့ငင်အား ကောင်းလွန်းတဲ့ နာ့စ်မလေး နဲ့ စတင်ရပါမယ်

သူမ ကတော့ စိန့်ဆေးရုံကြီးက စီနီယာ သူနာပြုဆိုလဲ မမှားပါဘူး

သူမဟာ အိမ်ထောင်ရေး ဖောက်ပြန်သူတွေ နဲ့ လိင်ကိစ္စအနိုင်ကျင့်သူတွေကို

တိတ်တဆိတ် သတ်ဖြတ်နေသူလဲ ဖြစ်ပါတယ်...

တစ်ရက်မှာတော့ သူမတို့ ဆေးရုံကို တာဝန်ကျလာတဲ့ နာ့စ်မချောလေး ဒယ်နီ ရောက်လာပါတယ်

အားလုံးထဲမှာပဲ အဘ်ဘေး ဟာ ဒယ်နီ ဆိုတဲ့ သူနာပြုမလေးကို မိန်းကလေးချင်း ချစ်သွားပါတယ်

နောက်ပိုင်း ဒယ်နီ ရဲ့ ပထွေးကိုလဲ လုပ်ကြံသတ်ဖြတ်လိုက်ပါတယ် ဒယ်နီ နဲ့ ပတ်သက်တဲ့သူမှန်သမျှကို

အစဖျောက်ဖို့လဲ ၀န်မလေးပါဘူး ဒါကို သိလာတဲ့ ဒယ်နီ တစ်ယောက် အဘ်ဘေး အကြောင်းတွေကို

စတင်စုံစမ်း သိရှိလာပြီး သူ့အနားက လူတွေကို သတိပေးပြောကြားပေမယ့် ဟန်ဆောင်ကောင်းပြီး

ပိရိလွန်းတဲ့ အဘ်ဘေး ဟာ ကိစ္စအားလုံးကို အကွက်ချ စီစဉ်ပြီး ဒယ်နီ အပေါ်လွှဲချခဲ့သောအခါ....

===============================================================

သတိပေးချင်တာကတော့ တစ်ကားလုံးနီးပါးဟာ လိင်ကိစ္စတွေနဲ့ ပြည့်နှပ်နေပါတယ်

သွေးထွက်သံယို သတ်ဖြတ်မှုတွေဟာလဲ အသည်းငယ်ပြီး နှလုံးရောဂါရှိသူတွေ နဲ့

ကလေးသူငယ်တွေ ကြောက်တက်သူတွေ ကြည့်ရှုဖို့ လုံးဝ မသင့်လျော်ပါဘူးလို့ သတိပေးပါရစေ...

===============================================================

Download Link
=============

Download

 အသစ်တင်တိုင်း သိရှိလိုပါက အောက်က Follow Button အပြာလေးကို ကလစ်နှိပ်ခဲ့ပါ..
 

The Water Diviner (2014) မြန်မာစာတန်းထိုး

Snapshots

မင်းသားကြီး Russell Crowe အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Historical Fictional Drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
Andrew Anastasios နဲ့ Dr Meaghan Wilson-Anastasios ရဲ့ စာအုပ် The Water Diviner ကို ရုပ်ရှင်ရိုက်ကူးထားတာဖြစ်ပြီး ဩစတြေးလျလူမျိုး လယ်သမား Connor က ဆုံးပါးသွားတဲ့ ဇနီးသည်ကို ပေးခဲ့တဲ့ ကတိအတိုင်း Gallipolli မြို့မှာ သားသုံးယောက်ကို ရှာဖွေတဲ့အကြောင်းဖြစ်ပါတယ်။
IMDb Rating(7.2/10) ထိရရှိထားတာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။
(ရုပ်ရှင်အညွှန်းကို motaku.club မှကူးယူဖော်ပြပါသည်။)
မြန်မာစာတန်းထိုးကိုတော့ ညီလေး ကသာသားလေး မှရေးသားထားပါတယ်။

File size...900MB
Quality....Blu-ray Rip 720p
Format...mp4
Duration....01:50:01
Subtitle....Myanmar Subtitle (Hardsub)

Encoder....Kyaw Swar Win

 
Download and Watch 720p HD







နမူနာကြည့်ရန်
 
 

Monday, May 25, 2015

Eagle Eye(မြန်မာစာတန်းထိုး)



အကြမ်းဖက် လုပ်ငန်းတွေကို အစိုးရဒေတာ အချက်အလက်တွေကိုအခြေခံပြီး အလိုအလျာက် တွက်ချက်ပြီးတာနဲ့ ပစ်မှတ် တွေကို ရှာဖွေ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပင်တာဂွန်စစ်ဌာန ချုပ်က စူပါကွန်ပျုတာ ဘောရက်ဆိုတာ ရှိပါတယ်။ သူက သတ်မှတ် ချက် တွေကို ဆုံးဖြတ်ရာမှာ လူတဦးလို ဆုံးဖြတ်ပါတယ်။ သူကအချုပ်အချယ် လွတ်ကင်းပြီး အမေရိကန်ပြည်သူတယောက် လို ဆုံးဖြတ် ခွင့်လဲရရှိထားပါတယ်။ အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ၀င်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမ၀င်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ၀င်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ရစ်ချယ် ဟောလိုမန်ဆို သူမိခင်တယောက် ကို သူ့ရဲ့ သားကလေး စီးနင်းလာတဲ့ ရထားကိုဖောက်ခွဲ ပြစ်တာမခံချင်ဘူးဆိုရင် ရှေ့နားက ဗန်ကားကို ၀င်ရောက်မောင်းနှင်ဖို့ ဖုန်းထဲ ကနေ အမိန့်ပေးခံရပါတော့တယ်။
ဘယ်သူကနေ ဒီလိုတွေ စီမံနေတယ်ဆိုတာကိုမသိရသေးပေမယ့် အခြေအနေအတွေကတော့ ဖြင့် ကမောက်ကမ ဖြစ်လို့နေ ပါတယ်။ ဒီအစီအစဉ်တွေကို ညွှန်ကြားသူနဲ့ လုပ်ကြံခံရမယ့်သူဟာ ဘယ်သူတွေဖြစ်လာမလဲဆိုတာကိုတော့ ရင်သပ်ရှုမော ဖွယ် တွေ့ရမှာဖြစ်ပါတယ်

Eagle Eye Movie Download Link>>>>>http://adf.ly/1Hnkih

@joker

Sunday, May 24, 2015

Les Miserables (2012) မြန်မာစာတန်းထိုး

ဒီဇာတ်ကားမှာ မင်းသား Hugh Jackman ၊ Russell Crowe ၊ Eddie Redmayne တို့နဲ့
မင်းသမီး Anne Hathaway ၊ Amanda Seyfried တို့ပါဝင်ထားပြီး  
Drama, Musical, Romance အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
IMDb Rating(7.7/10) နဲ့ Rotten Tomatoes(70%) ထိရရှိထားတဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပါတယ်။ 
ဒီဇာတ်ကားနဲ့ ၂၀၁၃ ခုနှစ်ရဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ သရုပ်ဆောင်ဆုကို မင်းသမီး အန်းဟက်သာဝေးက ရရှိခဲ့တာဖြစ်ပါတယ်။
(မြန်မာစာတန်းထိုးကိုတော့ ညီလေး ကသာသားလေး မှရေးထိုးပေးခဲ့တာပါ။)

File size...900MB
Quality....Blu-ray Rip 720p
Format...mp4
Duration....02:40:00
Subtitle....Myanmar Subtitle (Hardsub)

Encoder....Kyaw Swar Win

 
Download and Watch 720p HD






နမူနာကြည့်ရန်

Saturday, May 23, 2015

Maggie ( 2015 ) မြန်မာစာတန်းထိုး


ဇာတ်လမ်းအကျဉ်းကိုတော့ ထွေထွေထူးထူးမပြောတော့ပါဘူး..
ရောဂါပိုးကူးစက်သွားတဲ့ ကောင်မလေးတစ်ယောက်
Zombie တစ်ကောင်အဖြစ် ပြောင်းလဲသွားတဲ့အကြောင်းရဲ့
နောက်ဆက်တွဲဖြစ်ရပ်တွေကို ရိုက်ကူးထားပါတယ်...
ဒါရိုက်တာကတော့ Henry Hobson ဖြစ်ပါတယ်..
IMDb မှာ 5.9 သာရရှိထားတာကိုတော့သတိထားရပါမယ်
Zombie ကားတွေ သဘာဝလွန်ကားတွေကြိုက်နှစ်သက်တဲ့
သူတွေတော့စောင့်ကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်..


File Size : 658 MB
Quality : 720p 
Format : mp4
During : 1:35:04
Subtitle : Myanmar Subtitle ( Hardsub)
Encoder : LK




Unbroken (2014) မြန်မာစာတန်းထိုး

Screenshots



Laura Hillenbrand ရဲ့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို မှီငြမ်းပြီး မင်းသမီး Angelina Jolie က ရိုက်ကူးထားတဲ့ Unbroken ရုပ်ရှင်ဇာတ်ကားဟာ  ဒီနှစ် Oscars ဆုပေးပွဲမှာ nomination ၄ ခုအပါအဝင် အခြားဆုတွေ nomination တွေ တစ်သီတစ်တန်းကြီးရရှိထားပါတယ်။

ဇာတ်လမ်းကတော့ စစ်အတွင်း အမေရိကန်သုံ့ပန်းတွေထဲက သုံ့ပန်းတစ်ယောက်နဲ့ ဂျပန်စစ်ဖက်အရာရှိ တစ်ယောက်တို့ရဲ့ ယှဉ်ပြိုင်မှုတွေကို အဓိကထားပြီးရိုက်ပြထားတာပါ။

တကယ့်အဖြစ်အပျက်ဖြစ်ပြီးတော့ မင်းသား Jack O'Connell က အိုလံပစ် အပြေးချန်ပီယံဟောင်း လူးဝစ်ဇမ်ပီရီနီအဖြစ် အဓိကသရုပ်ဆောင်နေရာကနေ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။
ဒါ့အပြင် ဂျပန်စစ်ဗိုလ် Watanabe အဖြစ်သရုပ်ဆောင်တဲ့ Miyavi ကလည်း အဆိုတော်ဆိုပေမယ့် သူ့ character ကို အကောင်းဆုံးသရုပ်ဆောင်ပြသွားပါတယ်။
IMDb Rating(7.2/10) ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

စစ်ပြီးနောက် ဆက်ဖြစ်တဲ့အကြောင်းအရာတွေကိုတော့ slideshow နဲ့ဆက်ပြပါတယ်။ Louie က အိမ်ထောင်ကျပြီး သားသမီး နှစ်ယောက်ရပါတယ်။ Phil လည်း အသက်ရှင်လွတ်မြောက်ခဲ့ပြီး သူ့ချစ်သူနဲ့လက်ထပ်ပါတယ်။ Mutsuhiro “Bird” Watanabe က ထိပ်တန်းဂျပန်စစ်ရာဇဝတ်ကောင် ၄၀ စာရင်းမှာပါပေမယ့် ထွက်ပြေးပုန်းရှောင်နေခဲ့လို့ ဥပေဒေရှေ့မှာ တရားမျှတမှုနဲ့ ရင်မဆိုင်ခဲ့ရပါဘူး။ Louie ဟာ သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ပေးခဲ့ပြီး အများစုနဲ့တွေ့ဆုံခဲ့ပါတယ်။ Watanabe ကတော့ Louie ကို အတွေ့မခံခဲ့ပါဘူး။ ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ဂျပန်နိုင်ငံ နာဂါနို မှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ မီးရှုးတိုင်ကို သယ်ဆောင်ပေးခဲ့ပါတယ်။ သူ့ပြေးခဲ့တဲ့နေရာက အရင်က သူနေခဲ့ရတဲ့ စစ်သုံ့ပန်းစခန်းတွေထဲက တစ်ခုရဲ့ အနီးမှာရှိပါတယ်။ အပိတ် title မှာတော့ Louis Zamperini ဟာ အသက် ၉၇ နှစ် ဇူလိုင်လ ၂ ရက် ၂၀၁၄ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်ဆိုတာကို ပြသသွားပါတယ်။


ဒီဇာတ်ကားကိုကြည့်ပြီးတဲ့အခါမှာတော့ ဘယ်သူမှချိုးဖျက်လို့မရတဲ့ ခိုင်မာတဲ့ယုံကြည်ချက်တွေအကြောင်းကို အတွေးနယ်ချဲ့နေမိပါတော့တယ်။
(ရုပ်ရှင်အညွှန်းကို Motaku Film Review မှထုတ်နှုတ်တင်ပြထားပါသည်။)



File size...1.2GB   
Quality...Blu-ray Rip 720p
Format...mp4
Duration....02:17:21
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch 720p HD

Download and Watch 360p Small File Size(500MB)



 



နမူနာကြည့်ရန်



Friday, May 22, 2015

The Conjuring (မြန်မာစာတန်းထိုး)



သရဲကားကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်အတွက် ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ပရိသတ်တော်တော်များများ စိတ်ဝင်စားတဲ့ The Conjuring နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့ အိမ်မှာ ထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါ။

ပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာ Carolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ) ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြားစရာတွေ ဆက်တိုက်လို ကြုံတွေရတာတွေကို ကူညီပေးရင်း ဘ၀တစ်ပါးသို့ မကူးပြောင်းဘဲ အိမ်မှာ ကျန်ရစ်နေတဲ့ ၀ိဥာဏ် ဥစ္စာစောင့်နတ်ဆိုးက မိသားစုဝင်အားလုံးကို ဘယ်လို အနှောင့်အယှက်ပေးတယ်၊ ထိတ်လန့်မှုတွေပေးတယ်၊ နောက်ဆုံး အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။

ဇာတ်လမ်းအစမှာထဲက အရုပ်တရုပ်ကထူးဆန်းစွာ သွားလာပြုမူနေတာကို ရှုစားရမှာပါ။ ဒီအရုပ်က အပြင်မှာ တကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။ သရဲကားတွေရဲ့ ထုံးစံအတိုင်း တခါးက သူ့အလိုလို ၀ုန်းခနဲ ပိတ်သွားတာ၊ သူ့အလိုလို တအိအိ ပွင့်သွားတာမျိုး၊ အိပ်နေရင်း တယောက်ယောက်က ခြေထောက်ကို ရုတ်တရက် စောင့်ဆွဲသလိုမျိုး ပြကွက်တွေကို တွေ့ရမှာပါ။ ဒီကားရဲ့ အဓိက ထူးခြားချက်ကတော့ လက်ခုပ်တီးတာပါပဲ။ ကြည့်ရှုသူ ပရိသတ်တော်တော်များများ မျက်စိထဲမှာ စွဲကျန်အောင် လက်ခုပ်သံရဲ့ ခြောက်ခြားစရာကောင်းပုံကို ရိုက်ပြနိုင်တာက ဒီကား ဒါရိုက်တာ တော်တယ်လို့ ပြောလို့ရပါတယ်။

Rated R ဆိုပေမဲ့ ဒီဇာတ်ကားမှာ သမီးရည်းစားခန်း အဖော်အချွတ်ခန်း တစ်ခန်းမှ မပါပါဘူး။ သာမန်ရိုးရှင်းတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ။ စုန်းမပူးတဲ့အခန်းတွေ၊ သွေးထွက်သံရဲရဲဇာတ်ကွက်တွေကဇာတ်သိမ်းပိုင်းနားမှာ အတော်လေးပါတာမို့ အသက် (၁၈)နှစ်အောက်မကြည့်သင့်တဲ့ စာရင်းထဲ ၀င်သွားတာပါ။ မိသားစုတူတူကြည့်ဖို့ အဆင်ပြေပါတယ်။

ဇာတ်စ၊လယ်၊ဆုံး ဆွဲဆောင်မှုရှိပါတယ်။ အဆုံးပိုင်းကို သိပ်သဘောမတွေ့ပေမဲ့ ရိုက်ချက်တွေက အတော်ကောင်းတာမို့ လူကြိုက်များတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ရုံမှာကြည့်ရမယ့်ကားဆိုပေမယ့် ထွက်ထားတာတော်တော်ကြာပြီဆိုတော့ အခွေထွက်ရင်ကြည့်သင့်ပါတယ်။
သရဲကား ပရိတ်သတ်တွေလက်မလွှတ်သင့်တဲ့ကားတစ်ကားပါ။


Download And watch With Pcloud Link Full HD

(ရုပ်ရှင်အညွန်းကို Movies For Myanamrမှ ကူးယူဖော်ပြသည်)

@joker

Thursday, May 21, 2015

World Trade Center (2006) မြန်မာစာတန်းထိုး


ဒါကတော့ World Trade Center လေယာဉ်နဲ့ဝင်အတိုက်ခံရတုန်းက Video ပါ
တကယ့်အစစ်ပါ..live News ပြသတုန်းကဖြစ်ပါတယ်...




World Trade Center လို့ဆိုလိုက်တာနဲ့ ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးအဆောက်အအုံဖြစ်တဲ့
အမွှာညီနောင် တာဝါ2ခုကို အားလုံးသိကြမယ်လို့ထင်ပါတယ်..2001 ခုနှစ်မှာ စက်တင်ဘာလ 11ရက်
နေ့မှာ အမေရိကန် ပြည်ထောင်စု New York City မှာရှိတဲ့ World Trade Center အမွှာညီနောင်ကုန်
သွယ်ရေးအဆောက်အအုံကို အိုစမာဘင်လာဒင်ရဲ့ အကြမ်းဖက် သမားများအဖွဲ့က ပြန်ပေးဆွဲယူ
လာခဲ့သော လေယာဉ်2 စင်းနဲ့နဲ့အသေခံဝင်တိုက်ခဲ့ပါတယ်..

ပြန်ပေးဆွဲခဲ့တဲ့လေယာဉ်တွေကတော့American Airlines Flight 11 နဲ့ United Airlines Flight 175 ပဲဖြစ်ပါတယ်..လေယာဉ်နဲ့ဝင်တိုက်ခံရပြီးနှစ်နာရီအတွင်းမှာ
ပဲ တာဝါ၂ခုလုံး ပြိုလဲပျက်စီးခဲ့ပါတယ်.အသက်ကယ်ဆယ်ဖို့ရောက်လာတဲ့မီးသတ်သမားတွေ
ကယ်ဆယ်ရေးတပ်ဖွဲ့တွေလည်းအတွင်းမှာပိတ်မိခဲ့ပြီးတော့ တော်တော်များများ သေကြေခဲ့ရပါတယ်
ဒီတိုက်ခိုက်မှုနဲ့ ဒီတာဝါ ပြိုကျပျက်ဆီးမှုကို ဖြစ်ရပ်မှန်ပေါ်မှာ သရုပ်ဖေါ်ထားတဲ့ World Trade
Center ရုပ်ရှင်ကိုတော့ 2006 ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ ဒါရိုက်တာ Oliver Stone ရိုက်ကူးထားပါတယ်
အားလုံးနဲ့အကျွမ်းဝင်ပြီးသားဖြစ်တဲ့ မင်းသားကြီး Nicolas Cage ကတော့ အဓိကသရုပ်ဆောင်
အနေနဲ့ပါဝင်ရိုက်ကူးထားပါတယ်..ဇာတ်လမ်းအကျဉ်းကိုပြောပြစရာမလိုတော့ဘူးထင်ပါတယ်

File size...937MB
Quality...Blu-ray Rip 720p
Format...mp4
Duration....02:09:08
Subtitle....Myanmar Subtitle (Hardsub)

Encoder....LK


Download And Watch With Pcloud 

Wednesday, May 20, 2015

Kingsman: The Secret Service (2014) မြန်မာစာတန်းထိုး


2014 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Kingsman : The Secret Service ကို ဒါရိုက်တာ Matthew Vaughn
ကရိုက်ကူးတင်ဆက်ထားပြီးတော့ မင်းသား Colin Firth က သရုပ်ဆောင်ထားပါတယ်..
2014လို့သာအမည်တပ်ထားပေမယ့် blueray HD ထွက်တာတောင်မကြာသေးပါဘူး..

ဇာတ်လမ်းအကျဉ်းကိုတော့ထွေထွေထူးထူးပြောပြမနေတော့ပါဘူး IMDB မှာ 8 ရရှိထားတဲ့
ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Rotten Tomatoes မှာလည်း Tomatometer 74% ထိ
ရရှိထားပါတယ်..ဇာတ်လမ်းအမျိုးအစားကတော့ Action ,Adventure ,Comedy အမျိုးအစား
ဖြစ်ပါတယ်..ကြည့်သင့်တဲ့ဇာတ်ကားမျိုးပါ

File size...839MB
Quality...Blu-ray Rip 720p
Format...mp4
Duration....02:08:15
Subtitle....Myanmar Subtitle (Hardsub)

Encoder....LK