Friday, October 31, 2014

Brick Mansion(2014) မြန်မာစာတန်းထိုး

Screen Shot



သက္ကရာဇ် ၂၀၁၈ ၊ အမေရိကန်ပြည်ထောင်စုရှိ Detroit မြို့မှာ လူသူစွန့်ခွာသွားခဲ့တဲ့နေရာတစ်ခုရှိပြီး လက်ရှိထိုနေရာကတော့ ရာဇ၀တ်မှုတွေနဲ့ပြည့်နေပြီး မထိန်းသိမ်းနိုင်တဲ့အတွက် ထိုနေရာကို စည်းတားထားပြီး စည်းအပြင်မှာတော့ ရဲတွေက စောင့်ရှောက်နေလျက်ရှိပါတယ်။ Lino ကတော့ ထိုအရပ်ဒေသမှာ နေထိုင်နေတဲ့သူဖြစ်ပြီး သူပေးစရာရှိတဲ့ မူးယစ်ပစ္စည်းတွေကို မပေးတဲ့အတွက် ထိုဒေသရဲ့ မူးယစ်ခေါင်းဆောင်Tremaine က လိုက်လံဖမ်းဆီးနေတဲ့အတွက် ရှောင်ပြေးနေလျက်ရှိပြီး သူ့ရည်းစားဟောင်းကတော့ အဖမ်းခံထားရပါတယ်။
Lino ဟာ သူ့ရည်စားဟောင်းကို ပြန်ကယ်ရင်း Tremaine ကို ဓားစာခံအဖြစ်ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ပေမယ့် ထိုရဲဟာ Tremaine တို့ရဲ့ လူဖြစ်နေတာကြောင့် Tremaine တစ်ယောက်ပြန်လည်လွတ်မြောက်သွားရင်း Lino သာ အဖမ်းခံခဲ့ရကာ သူ့ရည်းစားဟောင်းကတော့ Tremaine ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။
Damien ကတော့ ရဲတစ်ယောက်ဖြစ်ပြီး လူဆိုးတွေကိုဖမ်းဆီးရင်းနဲ့ အချိန်ကုန်နေကာ သူရဲ့ နောက်ထပ်ပစ်မှတ်တစ်ခုကတော့ မူးယစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Temarine ကို ဖမ်းဆီးဖို့ပါ။ တစ်ရက်တော့ မြို့တော်ဝန်က သူ့ကိုခေါ်ပြီး သူတို့ရဲ့ကားတစ်ဆီးပြန်ပေးဆွဲခံရကာ ထိုကားအတွင်းရှိ ဒုံးကျည်ပါ ပါဝင်သွားခဲ့တဲ့အတွက် ဒုံးကျည်ရဲ့ Code ပြန်ဖြေဖို့အတွက် Damien ကို တာဝန်ပေးလိုက်ပါတော့တယ်။ ပြန်ပေးဆွဲသွားသူကတော့ Temarine တို့အဖွဲ့လို့ဆိုပါတယ်။ Temarine တို့အခြေချရာအရပ်ဒေသဟာ သူ မရင်းနှီးတဲ့အတွက် နယ်မြေကျွမ်းတဲ့ Lino ကိုပါ တစ်ခါတည်းထည့်ပေးလိုက်ဖို့ စီစဉ်ထားပါတော့တယ်။
တကယ်တော့ မြို့တော်ဝန်နဲ့အဖွဲ့တွေဟာ ထိုအရပ်ဒေသ ကို စီးပွားရေးနယ်မြေတစ်ခုလုပ်ချင်တဲ့အတွက်ကြောင့် ထိုအရပ်ဒေသရှိလူတွေကို ရှင်းလင်းချင်နေတာပါ။ Damien ရဲ့ဖခင်ဖြစ်သူဟာ Temarine တို့နဲ့ တိုက်ခိုက်ရင်းသေဆုံးသွားတာလို့ Damien သိထားတဲ့အတွက် သူကိုယ်တိုင်လည်း Temarine ကို ရှင်းလင်းချင်နေတာပါ။ 
Damien ကို Lino နဲ့ အတူ ထောက်ထွက်ပြေးတဲ့ပုံစံနဲ့ထည့်ပေးလိုက်ပေမယ့် Lino ဟာ Damien ကို ရဲမှန်း ရိပ်မိတဲ့အတွက် အစပိုင်းအဆင်မပြေခဲ့ပေမယ် သူတို့နှစ်ယောက်ရဲ့ အဓိက ပစ်မှတ်တူနေတဲ့အတွက်ကြောင့် အတူတူပူးပေါင်းဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ပူးပေါင်းပြီး Temarine ကိုတိုက်ခိုက်ကာ ဒုံးကျည်ရဲ့ ကုဒ်ကိုဖြေခါနီးကျမှ အဖြစ်မှန်ကို Damien တစ်ယောက်သိရှိသွားတဲ့အခါမှာတော့ . . . . .
ဒီကားက 2004 ခုနှစ်ထုတ် ပြင်သစ်ရုပ်ရှင်ကား District B13 ကို Remake ပြန်လုပ်ထားတာဖြစ်ပါတယ်။
Paul Walker နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်ကားတစ်ကားလုံးအက်ရှင်ခန်းတွေနဲ့ပြည့်နှက်နေကာ အက်ရှင်ကားကြိုက်သူတွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးတစ်ပါပဲ။ ပြောစရာတစ်ခုကတော့ Damien နဲ့ Lino နှစ်ယောက်ဟာ သတ်ပုတ်ရာမှာ တအားကြီးကျွမ်းကျင်နေတာပဲ။ IMDB Ratings ကတော့  5.7/10 ပဲ ရရှိထားပါသေးတယ်။ Paul Walker, David Belle, RZA တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကာ Paul Walker ပရိတ်သတ်တွေအနေနဲ့ သူရဲ့နောက်ဆုံးရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ကြည့်ရှုရမယ့်ဇာတ်ကားလေးပါပဲ။
(mmmovie guide မှကူးယူဖော်ပြပါသည်...)

File size...922MB
Quality....flash
Format...mp4
hour....01:30:09
subtitle....မြန်မာစာတန်းထိုး(Hardsub)
 

 နမူနာကြည့်ရန်


Wednesday, October 29, 2014

The Host 2013 (မြန်မာစာတန်းထိုး)

 

29 March 2013 မှာ ထွက်ရှိထားတဲ့ သိပ္ပံ ရုပ်ရှင်ကားဖြစ်ပါတယ်...

Adventure | Romance | Sci-Fi ဖြစ်ပြီး စိတ်ဝင်စားဖွယ် ရုပ်ရှင်ကားပါ။

ဇတ်လမ်း ပုံစံကတော့ ဂြိုလ်သားများသည် ကမ္ဘာပေါ်ကိုရောက်ရှိလာပြီး

လူသားများ ရဲ့ ကိုယ်တွင်း သို့ ၀င်ရောက်ကာ နေရာ ယူနေထိုင်လျက်ရှိပြီး

လူသားမှန်သမျှကို လိုက်လံရှာဖွေကာ ၄င်းသို့ ရဲ့ ၀ိဥာဉ်များကိုထုတ်ပြီး

ကိုယ်အတွင်းသို့ ၄င်း ဂြိုလ်သားများ၏ မိသားစုများကို ပြန်လည်အသက်သွင်း

နေထိုင်ကြပါတယ် လူသားများကတော့ တောတောင်များကြား ပုန်းခိုရှောင်ပြေး

အသက်လုနေကြရပါတယ်...

ဇတ်လမ်းအကျဉ်းမှာ...

မြို့ထဲသို့ ဆေးဝါးပစ္စည်းရှာရန် လာသော မယ်လနီ တစ်ယောက်

လူအယောင် ဂြိုလ်သားများ ရဲ့ တိုက်ခံဖမ်းဆီးခံရပြီးနောက် သတိလစ်

မေ့မျှောသွားရာ ဂြိုလ်သားများမှ ၀မ်းဒါး ဆိုသော ဂြိုလ်သား မိန်းမငယ်ကို

မယ်လနီ ရဲ့ ကိုယ်တွင်းသို့ ထည့်သွင်းပေးလိုက်ပါတယ်...

ဒါပေမယ့် မယ်လနီ မှာ လုံးလုံးသေသွားခြင်းမရှိပဲ သူမ ရဲ့ အိမ်တွင်

ကျန်ခဲ့ရှာသော မောင်ငယ်လေးကို စိုးရိမ်ပူပန်မှုဖြင့် ကိုယ်တွင်းဝင်ရောက်နေ

သော ၀မ်းဒါး အား အကူအညီတောင်းကာ ၄င်း နေထိုင်ရာ ပုန်းခိုရာသို့

ပြန်လည် ရောက်ရှိသွားသော အခါ .....

=================================================

ကြာမြင့်ချိန် ၂ နာရီနီးပါးရှိပြီး စိတ်လှုပ်ရှားဖွယ် ဒရာမာ သိပ္ပံဇတ်လမ်းတွဲ

ဖြစ်ပါတယ်...

ကြည့်ရှုလိုပါက အောက်ပါ Link တွင် Download ဆွဲ ကြည့်ရှုနိုင်ပါပြီ။

Download
-----------

(Post ကို Copy ယူသွားလျင် Credit ပေးပါရန်)

Post By : Thit San Khant
 

Tuesday, October 28, 2014

Chinese Zodiac(2012) မြန်မာစာတန်းထိုး

Screen Shot


ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ လူကြီးတွေကော ကလေးတွေပါမကျန် အားလုံး မသိသူမရှိကြိုက်ကြတဲ့ မင်းသားကြီး Jackie Chan ရဲ့ဇာတ်လမ်းလေးပါ။ တရုတ်သမိုင်းမှာ အစဉ်လာကြီးမားခဲ့တဲ့ ရှေးဟောင်း ရာသီခွင်တိရိစ္ဆာန်တွေရဲ့ကြေးသွန်းခေါင်း ရတနာကို ရှာဖွေခြင်းပါပဲ။ ဒီကားမှာ Jackie Chan က Treasure Hunter ပုံစံနဲ့ သရုပ်ဆောင်ထားပြီး ဒီရတနာပစ္စည်းတွေကို တရားသော၊ မတရားသော ကြိုက်တဲ့နည်းလမ်းနဲ့ ရှာဖွေဖို့ ငှားခံရပါတယ်။ ရှာဖွေခိုင်းသူတွေကလည်း ဒီရတနာတွေကို ငွေကြေးနဲ့အခြားနိုင်ငံများကိုလေလံတင်ဖို့ကအဓိက ပါ။ အစောပိုင်းတုန်းမှာ ဒီပစ္စည်းတွေကို ငွေကြေးအတွက်သာအဓိက ထားရှာဖွေခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီပစ္စည်းတွေဟာ သူတို့နိုင်ငံသမိုင်းကြောင်းမှာ ဘယ်လောက်အရေးပါခဲ့လည်းဆိုတာကို သိရပြီးနောက် Jackie Chan ဘာတွေဆက်လုပ်လည်းဆိုတာကို တွေ့မြင်ရမှာပါ။ Jackie Chan အပါဝင် သူတို့ရဲ့ Treasure Hunter Group မှာ Daniel Wu လိုနာမည်ကြီးမင်းသားတွေလည်းပါဝင်တာကိုတွေ့ရမှာပါ။ ဒီကားဟာလည်း action တွေ ၊ အသတ်ပုတ်တွေ၊ အပစ်ခတ်တွေသာမက ဟာသလေးတွေလည်း ပါဝင်နေတာဟာလည်း Jacki Chan ရဲ့ဇာတ်ကားတိုင်းကို နာမည်ကြီးစေခဲ့တာဆိုတာ သိရမှာပါ။ အရမ်းကို ပေါ့ပေါ့ပါးပါးလေးနဲ့ သူငယ်ချင်းတို့လိုချင်တဲ့ ရသပေါင်းစုံကို ရစေမယ့် ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။
အက်ရှင်ကားဖြစ်တဲ့အတွက် တစ်ကားလုံးနည်းပါးပြောပြလဲ အရသာသိပ်ပျက်မယ်မထင်ပါဘူး... ဘာလို့လဲဆိုတော့ အနှစ်သာရက ဇာတ်လမ်းထက် သူတို့ရဲ့ Action နဲ့ ဟာသပေါ်မှာ မူတည်တဲ့အတွက်ပါပဲ... ဇာတ်ကားအဆုံးမှာ ပရိတ်သတ်အတွက် အံ့အားသင့်စေမဲ့ နာမည်ကြီး HK Star တော်တော်များများကို ဧည့်သည် သရုပ်ဆောင်အဖြစ်ထည့်ထားပါတယ်... ဧည့်သည်သရုပ်ဆောင်တွေပေါ်လာရင် ရုံထဲက ပရိတ်သတ်တွေက မထင်မှတ်ထားတော့ ဟာကနဲဖြစ်ဖြစ်သွားပါတယ်... ကိုရီးယား မင်းသား Kwan Sang Woo တရုတ်လိုပြောတာကိုလဲ တွေ့ရမှာပါ... (ဒါတောင် သူစကားပြောနည်းပါတယ်)၊ ဂျက်ကီချန်းကားတွေရဲ့ တခြားသူတွေရဲ့ကားနဲ့ မတူတဲ့ထူးခြားချက်တစ်ခုရှိပါတယ်... အဲဒိထူးခြားချက်ကို ငယ်ငယ်ကတည်းက ခုံခုံမင်မင်ကြည့်ဖြစ်ပါတယ်... ဇာတ်ကားပြီးသွားပင်မဲ့ တစ်ယောက်မှ ရုံထဲကနေထ မထွက်သွားအောင်လုပ်နိုင်ပါတယ်... ဒါဆိုသိပြီဟုတ်?... ပိတ်ကားနောက်ကွယ်က သူစတေးခဲ့တဲ့ သူစွန့်စားခဲ့တဲ့ သွေးချွေးနဲ့ရင်းခဲ့တဲ့ အခန်းတွေကို ပြန်ပြတာပါ... မီးတောင်အခန်းကိုကြည့်တုန်းက ကွန်ပြူတာဂရက်ဖစ်နဲ့ ဖြတ်ညှက်ကပ် လုပ်တယ်ပဲထင်ခဲ့တာ... တကယ့်မီးတောင်မှာသွားရိုက်ထားတာတွေ့တော့ အံ့အားသင့်ခဲ့တယ်... အော် ဂျက်ကီချိန်းဆိုတဲ့သူကတော့ သူ့အလုပ်အပေါ်ထားတဲ့စိတ်က လေးစားလောက်ပါတယ်...
ဒီကားဟာ ဂျက်ကီချန်းကို Guinness World Record မှာ ၂နေရာ ၀င်အောင်လုပ်ပေးလိုက်တဲ့ အမှတ်ရစေမဲ့ကားလဲဖြစ်ပါတယ်... သူဟာ သက်ရှိထင်ရှားရှိနေတဲ့ မင်းသားထဲမှာ စတန့်အများဆုံးလုပ်ခဲ့တဲ့သူတစ်ယောက် Most Stunts Performed by a Living Actor) အနေနဲ့ စာရင်းသွင်းခံရသလို့... ဇာတ်ကားတစ်ကားဖြစ်မြောက်ဖို့ ပါဝင်ဆောင်ရွက်မှု အများဆုံး သူတစ်ယောက် (Most Credits in One Movie) အဖြစ် ကမ္ဘာ့စာရင်းမှာ မှတ်သားခံရပါတယ်...
ဂျက်ကီချိန်းကို ဒီကားပြီးရင်နောက်ဘယ်တော့မှ ရုပ်ရှင်မရိုက်တော့ဘူးဆိုတဲ့ ကောလဟာလထွက်နေပါတယ်... အဲဒါမဟုတ်တဲ့အကြောင်း ဒီဇင်ဘာလက မလေးရှားနိုင်ငံရဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကိုယ်တိုင်ခုလို ပြောခဲ့ပါတယ်...
"ဒါဟာမဟုတ်ပါဘူး... မီဒီယာတွေ အထင်မှားနေတာပါ။ ဒါဟာ ကျွန်တော့ရဲ့ နောက်ဆုံး Action ဇာတ်ကားကြီးတစ်ခုပါ။ ကျွန်တော် Action ကားတွေဆက်ရိုက်နေအုံးမှာပါ ဒါပေမဲ့ Stunts တွေကိုတော့ လျော့ချတော့မယ်... လူစားထိုးတာတို့ Special effects တို့ကိုပဲ သုံးကောင်းသုံးတော့မယ်။ ခုလောက်ကြီးတဲ့ Action ကားကိုရိုက်ပြီးရင်တော့ ကျွန်တော့ ဒိုင်လူကြီးများ (ပရိတ်သတ်များကို ရည်ညွန်းခြင်း) ခပ်သေးသေး Action ကားလောက်ပဲ ကျွန်တော်ရိုက်တော့မယ်ဆို ခွင့်လွှတ်ကြမယ်ထင်ပါတယ်.. လို့ပြောကြားသွားပါတယ်...
(မဗေဒါရဲ့ ဗေဒါလမ်းဘလော့မှကူးယူဖော်ပြပါသည်)

Zip File နဲ့ Google Drive Link မှာတင်ပေးထားတာကတော့ သိမ်းထားချင်သူများအတွက်
Blu-ray Quality နဲ့ မြန်မာစာတန်းထိုးဖိုင်(srt) နဲ့ဖြစ်ပါတယ်။
စာတန်းထိုးပြီးသား Movie ကိုတော့ Flash Quality နဲ့  pCloud Link ကနေတင်ပေးထားပါတယ်။
လိုချင်တာကိုဒေါင်းကြပါကုန်။

Zip File size...899MB (WinRAR ဖြင့်ဖြည်ပါ)
Quality....Blu-ray
Format...mkv
hour....01:57:29
subtitle....မြန်မာစာတန်းထိုး(Softsub)
Download Zip File(Google Drive Link)
 
File size...990MB
Quality....flash
Format...mp4
hour....01:57:29
subtitle....မြန်မာစာတန်းထိုး(Hardsub)
Download and Watch(pCloud Link)
  နမူနာကြည့်ရန်
 

Monday, October 27, 2014

Jack the Giant Slayer (2013) မြန်မာစာတန်းထိုး





Director: Bryan Singer ရိုက်ကူးတင်ဆက်ထားပြီး March 1, 2013 (USA) မှာ ရုံတင်ခဲ့တဲ့
စိတ်ကူးယဉ် ပုံပြင်ဆန်ဆန် 3D ရုပ်ရှင်ကားကောင်းတစ်ခု ဖြစ်ပါတယ်...


(ဇတ်ဝင်ခန်း အချို့)





ဇတ်လမ်းတစ်ခုလုံး ကြာမြင့်ချိန်
114 minutes ဖြစ်ပြီး

Download ဆွဲရန် 471 MB ရှိမှာဖြစ်ပါတယ်...

Download ဆွဲပြီးရင် Follow Button အပြာရောင်လေးနဲ့

Like Button အပြာရောင်လေးကို Click နှိပ်ပေးခဲ့ဖို့ မမေ့နဲ့နော် :)


Download
==========


Post By : Thit San Khant

Sunday, October 26, 2014

Jumanji (1995) မြန်မာစာတန်းထိုး

ကျနော်တို့ ငယ်ငယ် ကအရမ်းကြိုက်ခဲ့တဲ့ အံစာတုံး သရဲကားလို့ အလွယ်ခေါ်ကျနေဇာတ်ကားပါ....

ရုပ်ရှင်ချစ် ပရိတ်သက်ကြီးကို ကတိပေးခဲ့တဲ့ အတိုင်း ၉၉ ခုနှစ်နောက်ပိုင်းကိုပြန်လှန်ရှာဖွေတဲ့ အထဲမှာ 

ဇတ်လမ်းတွဲတွေတင် မကပါဘူး ရုပ်ရှင်ကားကောင်း

တစ်ချို့ကိုပါ ပြန်ရှာတွေ့ခဲ့ပါတယ်

JUMANJI ဆိုတဲ့ ရုပ်ရှင်ကားလေးက လွန်ခဲ့တဲ့ 1995 ခုနှစ်က

အံစာတုံးလိမ့်ပြီး ကစားရတဲ့ မှော်ဝင် ကစားနည်း ရုပ်ရှင်လေးပါ...

ကျနော်တို့ ခေတ်အခါကတော့ ရုပ်ရှင်တစ်ကားလုံးဟာ မျက်လုံးပိတ်ချင်စရာမရှိ

အံ့သြထိတ်လန့်မှုတွေ အပြည့်နဲ့ ဇာတ်ကားလေးပါ..။

ဒါရိုက်ပဲ ကြည့်ကြည့် Download ပဲ ဆွဲဆွဲ အဆင်ပြေပါတယ်

HD Movie တွေ ကြည့်ရင်း Follow Button ကို Click နှိပ်ခဲ့ဖို့ မမေ့ပါနဲ့နော်... :)

Download Link
=============



Post By : Thit San Khant

Friday, October 24, 2014

Jonah Hex(2010) မြန်မာစာတန်းထိုး

Screen Shot



Jonah Hex ဆိုတာကတော့ DC Comics Book ထဲကဇာတ်ကောင်ဖြစ်ပါတယ်...
Action Fantasy ဇာတ်ကားမျိုးဖြစ်ပြီး ကောင်းဘွိုင်ဆန်ဆန်ရိုက်ကူးထားတာပါ....
Megan Fox ရဲ့ညှို့အားပြင်းပြင်း သရုပ်ဆောင်ချက်တွေက ဒီဇာတ်ကားကို
လူကြိုက်များစေခဲ့ပါတယ်.....ဇာတ်လမ်းက သိပ်ထူးထူးခြားခြားမဟုတ်ဘဲ
သာမန် Action မျိုးပဲဖြစ်ပေမယ့် Megan Fox ပရိတ်သတ်အတွက်တော့ ကျေနပ်အားရမိမယ့်
ဇာတ်ကားမျိုးပါ.....။

File size...769MB
Quality....flash
Format...mp4
Duration....01:14:27
Subtitle....Myanmar Subtitle(Hardsub) 

Download and Watch(pCloud link)

နမူနာကြည့်ရန်

Thursday, October 23, 2014

Better Living Through Chemistry (2014) မြန်မာစာတန်းထိုး

 


 March 14, 2014 မှာ ထွက်ရှိခဲ့ပြီး Directors: Geoff Moore, David

Posamentier တို့ နှစ်ဦးက ရိုက်ကူးတင်ဆက်ပေးထားတာပါ

အိမ်ထောင်ရေး နှင့် အချစ် ပညာပေး ဇတ်လမ်းဖြစ်ပြီး

အိမ်ထောင်ရေး ဖောက်ပြန်မှု နှင့် အိမ်ထောင်ရေးမသာယာမှုတွေအတွက်

ကြိုတင်ဆင်ခြင်နိုင်ပြီး နှစ်ဦးနှစ်ဖက် ညှိယူမှသာ အိမ်ထောင်ရေးသာယာ

နိုင်မည်ဖြစ်ကြောင်းကို ဇတ်လမ်းဖွဲ့ ပုံဖော်ပေးထားတာဖြစ်ပါတယ်...

ဇတ်လမ်း အစမှာတော့ ဆေးဝါးပညာရှင် ဒေါက် ဟာ သူ့ရဲ့မိန်းမနှင့်

တစ်အိပ်ရာထဲ အိပ်ရသော်လဲ မိန်းမက သူမ အောင်မြင်ရေးအလုပ်ကိစ္စ

များကိုသာ ဦးစားပေးပြီး အိမ်မှုကိစ္စနှင့် လင်ယောင်္ကျားကို ဂရုမစိုက်တက်

မကြင်နာတက်သော မိန်းမဖြစ်နေသောကြောင့် အိမ်ထောင်ရေးမှာ

စိတ်ညစ်စရာအသွင်ဖြစ်နေပါတယ်...

ဒီကြားထဲ တစ်ဦးထဲသော သားဖြစ်သူကလဲ အဖေစကားကိုနားမထောင်

လုပ်ချင်ရာလုပ်နေပြီး ဆိုဆုံးမသော အခါတွင်လဲ အမေဖြစ်သူက

ဝင်ဝင်တားဆီးလွန်းသဖြင့် စိတ်အလိုမကျဖြစ်နေရပါတယ်...

အလုပ်မှာလဲ ယောက်ခမဖြစ်သူ ရဲ့ စီးပွားရေးကို ၀င်ဦးစီးပေးနေရပြီး

ပိုက်ဆံရှိသော ယောက်ခမ က အနိုင်ကျင့် ခေါင်းပုံဖြတ်သမျှ သည်းခံနေရ

Customer များရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေရ နှင့် ဘ၀ ရဲ့

ပျော်ရွှင်မှု ဆိုတာ ဘာမှန်းမသိကို ဖြစ်လာခဲ့ရပါတော့တယ်....

ဒီလိုနဲ့ ဒေါက် ရဲ့ ဘ၀ ကို အောင်မြင်မှုတွေ နဲ့ ပျော်ရွှင်မှုတွေ

ဆောင်ကျဉ်းပေးမယ့် အမျိုးသမီး တစ်ယောက် ရောက်ရှိလာခဲ့ပါတယ်

ထို အမျိုးသမီးကတော့ အယ်လိဇဘတ် ဖြစ်ပြီး ၀န်ကြီးတစ်ဦးရဲ့

မိန်းမ ဖြစ်ခါ ဆေးဆွဲနေသူ တစ်ဦးလဲ ဖြစ်နေပါတယ်...

အယ်လိဇဘတ် မှာလဲ ယောင်္ကျားဖြစ်သူ ၀န်ကြီး ရဲ့ ပိုက်ဆံသာပေးပြီး

မကြင်နာနိုင်မှုတွေ အတွက် ဆေးဆွဲနေခဲ့ပြီး ဆေးဝါးပညာရှင်

ဒေါက် နဲ့ ရင်းနှီးမှု ယူကာ မူးယစ်ဆေးဝါး များ ဖော်စပ်ကာ

အတူတူသုံးဆွဲရင်း အိမ်ထောင်ရေး ဖောက်ပြားတဲ့ အခြေအနေသို့

ရောက်ရှိလာခဲ့သော အခါတွင်....

================================================

ရုပ်ရှင် အချိန်ကြာမြင့်ချိန် ၁ နာရီခွဲ ခန့် ရှိပြီး အိမ်ထောင်ရေး ဒရမာ ပညာပေး

အချိုးအစား ကျနစွာ ရိုက်ကူးထားသော ရုပ်ရှင်ကားဖြစ်ပါတယ်...

18+ လို့ သက်မှတ်ထားသောကြောင့် ငယ်ရွယ်သူ ကလေးသူငယ်များ

မကြည့်ရှုသင့်ပါ.....

Download Link
==============



Post By : Thit San Khant


Follow Me ---->


Wednesday, October 22, 2014

Beauty and the Beast (2014) မြန်မာစာတန်းထိုး



Director: Christophe Gans ရိုက်ကူးတင်ဆက်ပြီး 




February 12, 2014 မှာ ရုံတင်ခဲ့တဲ့



ပြင်သစ်စကားပြော ရွှေမင်းသမီး နဲ့ ရုပ်ဆိုးကြီး ကာတွန်းဇတ်လမ်းကို

ပြန်အသက်သွင်းထားသော 3D ရုပ်ရှင်ဖြစ်ပါတယ်....

သမီးသုံးယောက် သားသုံးယောက် ရှိတဲ့ သူဌေးကြီးဟာ

ကုန်သွယ်ရင်း စီးပွားပျက်လို့ စိတ်ဓါတ်တွေကျပြီး ခရီးထွက်လို့

ရောက်ရာ ပေါက်ရာ ရောက်ရင်း နန်းတော်ဟောင်းကြီးတစ်ခုထဲကို

ရောက်သွားပါတယ် စားစရာတွေ တွေ့တဲ့အခါ ပိုင်ရှင်မတွေ့လဲ

လူ့ကျင့်ဝတ်နဲ့ အညီ ခွင့်တောင်းပြီး စားသောက်ခဲ့ပါတယ်

ဒါ့အပြင် သူ အိမ်က မထွက်မှီ သမီးအကြီးနှစ်ယောက်က အ၀တ်အစားအသစ်တွေနဲ့

မိတ်ကပ် အလှပြင်ပစ္စည်းများ မှာလိုက်ရာ အကုန်လုံးကို ထိုနန်းတော်ထဲမှာ

တွေ့ရှိခဲပါတယ်...

သူ့အတွက် လိုအပ်တာ အားလုံးရရှိလို့ ကျန်တဲ့ ရတနာ ပစ္စည်းတွေကို

လုံးဝ မတို့မထိ စိတ်မ၀င်စားပဲ ပေးထားတာကိုသာ ယူပြီး ပြန်လာတဲ့အခါ

လမ်းတ၀က်မှာ အလွန်ကြီးမားတဲ့ သစ်ပင်ကြီးဘေးနားမှာ ပွင့်နေတဲ့

နှင်းဆီပန်းများကို မြင်လိုက်ရာ သမီးအငယ်ဆုံး ဘဲလ်လာ မှာလိုက်တဲ့

နှင်းဆီပန်းလေး တစ်ပွင့်သာ ၀ယ်လာခဲ့ပါ အဖေ ဆိုတဲ့ စကားကိုပြန်လည်ကြားယောင်ကာ

နှင်းဆီပန်းကို ခူးမိလိုက်ပါတယ်...

သို့ရာတွင် အမြတ်တနိုးတန်ဖိုးထားတဲ့ နှင်းဆီပန်းလေးကို ခွင့်မတောင်းပဲ ခူးမိတဲ့ အဘိုးအိုကို

ကျိန်စာသင့်မင်းသားလေးက ဒေါသထွက်၍ သတ်ဖြတ်မယ်လုပ်တဲ့အခါ

အဘိုးအိုသည် မကြောက်မရွံ့ပဲ မိမိ ပြန်လည်လာပြီး အသေခံပါမည်ဟု

မင်းသားလေးကို ကတိပေးခဲ့ပါတော့တယ်....

အိမ်ပြန်ရောက်လို့ ဖခင်ဖြစ်သူမှာ မိမိမှာလိုက်တဲ့ နှင်းဆီပန်းကြောင့် သေရတော့မည်ကို

သိလိုက်တဲ့ သမီးငယ်လေး ဘဲလ်လာဟာ ဖခင်ကိုယ်စား အသေခံရန်အတွက်

ကျိန်စာသင့် မင်းသားလေးရဲ့ နန်းတော်ဆီသို့ ရောက်ရှိသွားတဲ့အခါမှာတော့....

===================================================

ကြာမြင့်ချိန် ၂ နာရီခန့် ရှိပြီး အချစ် ဒရမာ မှော်ဝင်ဇတ်လမ်း အမျိုးအစား ဖြစ်ပါတယ်....

Download Link
=============

=========================
Post By :  Thit San Khant
==========================

Tuesday, October 21, 2014

Up (2009) မြန်မာစာတန်းထိုး

Screen Shot





ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲက အခုအချိန်အထိ Valentine's Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊ သူ့ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင် အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။

Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။

ဇာတ်လမ်းလေးကတော့ Carl ဆိုတဲ့ကောင်လေးနဲ့ Ellie ဆိုတဲ့ကောင်မလေးက explorer Charles F. Muntz ဆိုတဲ့ ပုဂ္ဂိုလ်ကို လေးစားအားကျသူတွေဖြစ်ပါတယ်။ ဒါပေမယ့် Charles က Paradise Fall မှာ ရှိတဲ့ ရှားပါးတဲ့ ငှက်ကြီးတစ်ကောင်ကို သူဖမ်းမိဟန်ဆောင်ပြီး အဲ့ဒီငှက်ရဲ့ အရိုးစုကို အတုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် လူတွေက အတုမှန်းသိသွားပြီး အရှက်ရသွားတဲ့ နောက် Paradise Fall ကို ပြန်သွားပြီး အဲ့ဒီငှက်ကို မမိမချင်း ပြန်မလာဘူးဆိုပြီး ထွက်သွားပါတယ်။ Charles အကြောင်းကို ပြပြီးတဲ့နောက်မှာ Carl နဲ့ Ellie တို့ ကလေးဘ၀နဲ့ တွေ့ကြပုံက စပြီး သူတို့ ရဲ့ လူငယ်ဘ၀ ချစ်သူတွေဖြစ်သွားပုံ၊ လူလတ်ပိုင်း လက်ထပ်ကြပုံ၊ အိမ်ထောင်သည်ဘ၀ ချစ်ကြည်နူးကြပုံ၊ ကလေးမရနိုင်တဲ့အကြောင်း ကစလို့ အသက်ကြီးသွားပြီး Ellie တစ်ယောက် လူလောကကို စွန့်ခွာသွားပုံ ကို တင်ဆက်ထားတဲ့ ဇာတ်ဝင်ခန်းလေးက ပညာသားပါပြီး လက်ရှိအချိန်ထိ ရုပ်ရှင်လောကရဲ့ အထင်ရှားဆုံးနဲ့ လူကြိုက်အများ ဆုံး ဇာတ်ဝင်ခန်းလေး ဖြစ်နေပါတယ်။

ဇာတ်လမ်းက အခုမှစတာဖြစ်ပြီး လူငယ်ဘ၀ က Paradise Fall ကို သွားဖို့ ပိုက်ဆံစုခဲ့၊ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့်မရောက်ဖြစ်ခဲ့ပါဘူး။ Ellie မရှိတော့တဲ့အချိန်ကြမှ သူ့မိန်းမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အတွက် သူတို့ရဲ့ အိမ်ကြီးကို မိုးပျံပူပေါင်းတွေ နဲ့ ဆင်ပြီး ဘယ်သူနဲ့မှ မတူနဲ့ ပုံစံနဲ့ ခရီးထွက်ဖြစ်ရာကနေ Adventure စတင်ပါတော့တယ်။ အဘိုးအို Carl နဲ့အတူ လူငယ် Explorer တစ်ယောက်၊ Carl ရဲ့ လူငယ်ဘ၀ က လေးစားအားကျခဲ့တဲ့ Charles F. Muntz နဲ့ သူ့ရဲ့ လူစကားပြော တတ်တဲ့ လည်ပတ်တွေဝတ်ဆင်ထားတဲ့ ခွေးတွေရယ်၊ Giant Bird ရယ်၊ ဆုံတွေ့ကြတဲ့အခါမှာတော့၊ Carl တစ်ယောက် သူထင်ထားသလို ဖြစ်မလာတဲ့ Adventure ကို စိတ်ဝင်စားစရာ တင်ဆက်ထားပါတယ်။

ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ လူ့ဘ၀ ရဲ့ ဖြစ်ပျက်ပြောင်းလည်းမှု မြန်ဆန်ပုံကို သတိတရားရစေပါတယ်။ အနားမှာရှိနေတဲ့ အရာတွေ၊ လူတွေကို တန်ဖိုးထားတတ်လာအောင် ကိုယ့်ကို ချစ်တဲ့သူတွေက ကိုယ့်နားမှာအမြဲရှိနေမှာမဟုတ်ဘူးဆိုတာ သံဝေဃရလာအောင် နှိုးဆော်ထားနိုင်ပါတယ်။ Don't Take People for granted ဆိုတဲ့ စကားအတိုင်း ကိုယ်ချစ်တဲ့လူတွေကို တန်ဖိုးထားပါ။ ဘ၀ကို မနက်ဖြန်ဆိုတာ မရှိတော့ဘူးလို့ သဘောထားပြီး လက်ရှိအချိန်မှာ အရာရာကို တန်ဖိုးထားပြီး နေသင့်ပါတယ်။

ကာတွန်းကားဖြစ်လို့ အထင်မသေးသင့်ပဲ မကြည့်ရသေးရင် ကြည့်သင့်ပါတယ်။ မိသားစုကားကောင်းလေးတစ်ကားပါ။ Pixar ရဲ့ ကာတွန်းကားဖြစ်လို့ ဘယ်လောက်ကောင်းတယ်ဆိုတာ ညွှန်းနေဖို့တောင်မလိုတော့ပါဘူး။ ကြည့်ဖြစ်အောင်ကြည့်ကြပါ။

#Sololay
(ရုပ်ရှင်မိတ်ဆက် Movie Reviews မှကူးယူဖော်ပြပါသည်။)
မြန်မာစာတန်းထိုးကိုတော့ ဂျီကျတဲ့လူရှိလို့   Nyi Thanlwin  မှဘာသာပြန်ရေးသားပေးခဲ့ပါတယ်။

File size...741MB
Quality....Blu-ray Rip 480p
Format...mp4
Duration....01:29:44
Subtitle....Myanmar Subtitle
Encoder...Nyeinsaeya Aung 

Download and Watch(pCloud link)

နမူနာကြည့်ရန်
 

Monday, October 20, 2014

Pingu ကာတွန်းဇတ်လမ်းတွဲ စ/ဆုံး

Pingu
====





ပြီးခဲ့တဲ့ အပတ်က ကျနော်ကတိပေးထားတဲ့အတိုင်း 1999 ခုနှစ်ရှေးဦးပိုင်းမှ


ဇတ်လမ်းတွဲများကို ပြန်လှန်ထုတ်ခဲ့တဲ့အခါ (ကျနော်မှတ်မိသလောက်တော့) 

မြ၀တီ ရုပ်သံတွင် လွန်ခဲ့သော ၁၀ နှစ်ကျော်ဝန်းကျင်ခန့်က သောကြာနေ့

ညနေပိုင်းများတွင် အပိုင်း ၂ ပိုင်းဆီခန့် ပြသခဲ့သော ကာတွန်းဇတ်လမ်းတွဲ

Pingu ကို ပြန်ရှာတွေ့ခဲ့ပါတယ် ကလေးဘ၀ ထဲက ကြိုက်နှစ်သက်သော်လဲ

မီးပျက်လိုက် လာလိုက် ခေတ်ကာလ မို့ အစအဆုံးတောင်မကြည့်လိုက်ရပါဘူး

မြ၀တီကလဲ Season အစအဆုံးကို ပြတက်တဲ့ ထုံးစံမရှိပါဘူး ဒီလိုနဲ့

ရှာတွေ့တဲ့ အခါ 28 May 1986 to 9 April 2000 ပြသခဲ့တဲ့ Season အစအဆုံး

ပြန်ရှာမတွေ့သော်လဲ Season 1 အစအဆုံးကိုတော့ ရှာတွေ့ခဲ့ပါတယ်

အပိုင်းအားလုံးပေါင်း 130 ရှိပါတယ်...

Upload တင်ပြီးတိုင်း အောက်ပါ Link များတွင်

ချိတ်ချိတ်ပေးသွားပါမည် အသစ်တင်ထားမထား အမြဲလိုလို

လာရောက် ကြည့်ရှုနိုင်ပါတယ်....


Download Series
=================


























026 Pingu and Pinga Play Circus

027 Pingu at the Doctors


028 Pingu's Admirer


029 Pingu and the Seagull


030 Pingu's First Kiss


031 Pingu Goes Ice Surfing


032 Pingu's Curling Game


033 Pingu the Icicle Musician


034 Pingu the Chef


035 Pingu's Family Celebrate Christmas


036 Pingu's Outing


037 Pingu and the Camera


038 Pingu's Parents Have No Time


039 Pingu and the Many Packages


040 Pingu the Conjurer's Apprentice


041 Pingu's Birthday


042 Pingu at the Fairground


043 Pingu the Babysitter


044 Pingu Cannot Lose


045 Pingu and the Game of Fish


046 Pingu and the Gift


047 Pingu's Visit to the Hospital


048 Pingu on the School Excursion


049 Pingu at the Nursery


050 Pingu and the Strangers


051 Pingu Helps His Mother


052 Pingu Builds a Snowman


053 Pingu Goes Cross Country Skiing


054 Pingu at the Museum


055 Grandfather Comes to Visit


056 Pingu's Long Journey


057 Pingu Pretends to be Ill


058 Pingu the Painter


059 Pingu's Trick


060 Pingu and the Mother Bird


061 Pingu Quarrels With His Mum


062 Pingu and the Message in a Bottle


063 Pingu Has an Idea


064 Pingu Breaks a Vase


065 Pingu and the Paper Plane


066 Pingu Takes Revenge


067 Pingu Makes a Mistake


068 Pingu and the Toy


069 Pingu the Superhero


070 Pingu and the Fishing Competition


071 Pingu and the Letter


072 Pingu Feels Left Out


073 Pingu Wins First Prize


074 Pingu and the Ghost


075 Pingu and the Postcard


076 Pingu's Discovery


077 Pingu and the Baker


078 Pingu and the Lost Ball


079 Pingu's Disadvantage


080 Pingu Refuses To Help


081 Pingu the Mountaineer


082 Pingu and the Big Fish


083 Pingu Shows What He Can Do


084 Pingu Clears the Snow


085 Pingu Has a Day Off


086 Pingu the Archer


087 Pingu Gets a Warning


088 Pingu and the Magnet


089 Pingu Gets Help


090 Pingu in Paradise


091 Pingu's Dangerous Joke


092 Pingu the Pilot


093 Pingu Teases Pinga


094 Pingu's Wish


095 Pingu is Curious


096 Pingu Gets Organized


097 Pingu Builds a Tower


098 Pingu the King


099 Pingu the Baker


100 Pingu and the Doll


101 Pingu Helps Grandfather


102 Pingu Has a Bad Day


103 Pingu Loses the Bet


104 Pingu and His Cup


105 Pingi's Valentine Card


106 Pinga Sleepwalks


107 Pingu's Bouncy Fun


108 Pinga's Lost Rabbit


109 Pingu's Windy Day


110 Pingu Wants to Fly


111 Pingu Digs a Hole


112 Pingu Finishes the Job


113 Pingu the Snowboarder


114 Pingu's Moon Adventure


115 Pingu and Pinga Go Camping


116 Pinga Has Hiccups


117 Like Father Like Pingu


118 Pingu's Ice Sculpture


119 Pinga's Balloon


120 Pingu and the Band


121 Pingu and the Knitting Machine


122 Pingu's Bedtime Shadows


123 Pingu Plays Tag


124 Pingu's Stick Up


125 Pingu and the Doorbell


126 Pingu's Balancing Act


127 Pingu Gets Lost


128 Pingu's Pancakes


129 Stinky Pingu


130 Pingu and the Snowball

















Admin Thit San Khant
===============




Turbo 2013 (မြန်မာစာတန်းထိုး)


Turbo
=====




17 July 2013 က ထွက်ရှိထားတဲ့ Animation Cartoon ရုပ်ရှင်ဖြစ်ပါတယ်...

Animation | Adventure | Comedy | Family | Sport အမျိုးအစား

ကာတွန်းရုပ်ရှင်ဖြစ်ပြီး မဖြစ်မနေကြည့်ရှုသင့်တဲ့ အတွေးအခေါ်တစ်ခုခု

ရရှိစေမယ့် ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်...

ဇတ်လမ်း အစ မှာတော့ အိမ်တစ်ခု ရဲ့ ဥယဉ်အတွင်းမှာ မှီတင်းနေထိုင်ကြသော

ဥယဉ်ခရုများအနက် တာဘို နှင့် ၄င်း၏ အကိုဖြစ်သူ ချက် တို့လဲ ပါဝင်ပါတယ်

ဥယဉ်ခရုတို့ သဘာဝ မနက်ထ အလုပ်လုပ် အစာစား တစ်နေကုန် ခရုသံသယာ

ဘ၀ လည်နေသောလဲ တာဘို တွင်မှု ရည်မှန်းချက်ကြီးကြီးမားမားရှိနေပါတယ်

၎င်းနေထိုင်ရာ ခြံအတွင်း မှ ပိုင်ရှင်ဖြစ်သူ၏ တီဗီတွင်လာသော နိုင်ငံတကာ

ကားပြိုင်ပွဲများကို ကြည့်ပြီး ၄င်းကို၎င်း ပြိုင်ကားအမှတ်ဖြင့် ကြိုးစားနေသူ

ဖြစ်ပါတယ်...

ထိုကဲ့သို့ ပြိုင်ကား စိတ်ဓါတ် စွဲဝင်နေသူ တာဘို ကို အကိုဖြစ်သူ ချက် က

ဆုံးမသော်လဲ နားမ၀င်ပါ တစ်ရက်တွင် ဥယဉ်ခြံအတွင်း ခရမ်းချဉ်ဦးတစ်လုံး

ကို မိမိ ကိုကိုယ် အမြန်နှုန်းအမှတ်ဖြင့် ပြေးယူသော တာဘို မှာ မြတ်ရိတ်စက်

ဖြင့် ရိတ်ခံရ၍ သေမည့် ဘေးမှ အကိုဖြစ်သူ ချက် အမြန်ကယ်တင်လိုက်ရပြီး

တာဘို ကိုယ်တိုင် မိမိ နှေးကွေးလှသော ဘ၀ ကို စိတ်ဓါတ်ကျကာ ဥယဉ်နှင့်

ဝေးရာသို့ ထွက်ခွာလာရာ တော်တော် ဝေးဝေး ရောက်ပြီး မတော်တဆ

ပြိုင်ကား များ ပြိုင်နေသော လမ်းကြားသို့ ရောက်ရှိကြာ ပြိုင်ကား တစ်စီး၏

စက်အတွင်းသို့ ပြုတ်ကျသွားခဲ့ရာ ပြိုင်ကားမောင်းသူ မှာ နိုက်ထရိုဂျင်ဓါတ်ငွေ့

အဖွင့် တာဘို ၏ သွေးဆဲလ်များအတွင်းသို့ ၀င်ရောက်ပြီး နှေးကွေးသောဆဲလ်

များအဆား မြန်ဆန်သွတ်လက်သော ဆဲလ်များ အစားထိုးသွားလေသော အခါ

တာဘို မှာ ယခင် နှေးကွေးသော ခရုဘ၀ မှ မြန်ဆန်လွန်းလှသော ခရုဘ၀သို့

Hero ပမာ ပြောင်းလဲခဲ့ပြီးနောက် နာမည်ကျော် ကားပြိုင်ပွဲတစ်ခုတွင် ၄င်း

လေးစားအားကျရသော လူသားယဉ်မောင်း တစ်ဦးဖြင့် ယှဉ်ပြိုင်ရမည့်အချိန်တွင်

၎င်း ၏ အစွမ်းများ ပျောက်ကွယ်သွားမည်ကို မသိခဲ့သောအခါတွင်....

(ဇတ်ဝင်ခန်း အချို့)









====================================================


အထက်ပါ Tarbo Animation Cartoon ရုပ်ရှင်ကား သည် 

အချိန်အားဖြင့် ၁ နာရီခွဲခန့် ကြာမြင့်ပြီး မြန်မာစာတမ်းထိုးဖြစ်ပါသည်။

မိမိကိုယ်ကိုယ် ကြိုးစားမှုစိတ်ဓါတ် များကို ဖြစ်ပေါ်စေသော

ဇတ်ကားကောင်း တစ်ခုဖြစ်ပါတယ်...

ထို ကာတွန်းရုပ်ရှင်ကို ကြည့်ရှုလိုပါက အောက်ပါ Link တွင်

Download ဆွဲကြည့်ရှုနိုင်ပါပြီ။


Download Size - 1.1GB
=========


Admin : Thit San Khant

Sunday, October 19, 2014

Girl$ (2010) မြန်မာစာတန်းထိုး

Screen Shot



Profile

  • Movie: Girl$
  • Chinese: 囡囡 (Nam nam)
  • Director: Kenneth Bi
  • Producer: Kin Hung Ng
  • Cinematographer:
  • World Premiere: April 5, 2010 (Hong Kong International Film Festival)
  • Release Date: September 2, 2010
  • Runtime: 105 min.
  • Language: Cantonese
  • Country: Hong Kong

Plot

"Girl$" follows four girls who turn to prostitution through the internet for various reasons. Icy, the leader of the group, sells herself to support her deadbeat boyfriend, Gucci sells herself for an expensive handbag, Ronnie is a rich girl who sells herself out of boredom, and Lin sells herself in hope to find true love.

File size...742MB
Quality....flash
Format...mp4
Duration....01:28:29
Subtitle....Myanmar Subtitle(Hardsub)
Encoder...Nyeinsaeya Aung 

Download and Watch(pCloud link)

နမူနာကြည့်ရန်

Saturday, October 18, 2014

Silent Witness (2013) မြန်မာစာတန်းထိုး

Silent Witness (မြန်မာစာတမ်းထိုး)


Photo: Silent Witness (မြန်မာစာတမ်းထိုး) =========================  Director: Fei Xing ရိုက်ကူးထားပြီး September 13, 2013 မှာ ရုံတင်ပြသ  ခဲ့တဲ့ ဥပဒေ ရေးရာ နှင့် မိသားစုချစ်ခြင်းမေတ္တာဖွဲ့ ရုပ်ရှင်ဖြစ်ပါတယ်....  ဇတ်လမ်း အစ ကတော့ နာမည်ကျော် သူဌေးကြီး လင်ထိုက် ရဲ့  တစ်ဦးထဲသော သမီးချောလေး လင်မုန်မုန် က သူမ ဖခင် ရဲ့  ချစ်သူ ဖြစ်သော အဆိုတော် ရင်တန်း ကို သတ်ဖြတ်မှုဖြင့် တရားဆွဲဆို  ခံထားရတာ ဖြစ်ပါတယ်...  ထိုအမှုကို လိုက်နေတာကတော့ စုံထောက်ရဲအရာရှိ တုံးထောင် ဖြစ်ပြီး  အမှုမှန်မှာ ရင်တန်း ကို သူဌေး လင်ထိုက် က သတ်ဖြတ်ပြီး သမီးဖြစ်သူ  လင်မုန်မုန် သတ်သလို ပုံစံဖြင့် အလွတ်ရုန်းထွက်ခဲ့သည်ဟု သံသယ ရှိသဖြင့်  ရေဆုံးရေဖျား လိုက်ပြီး အမှုမှန်ပေါ်ပေါက်ရန် ဖော်ထုတ်နေသူဖြစ်ပါတယ်...  တရားခံ ဘက်မှ ရှေ့နေ ကတော့ အမှုမှန်သမျှ မနိုင်တာမရှိ နာမည်ကြီးလွန်းတဲ့  လင်ထိုက် ရဲ့ မိသားစု ရှေ့နေလဲ ဖြစ်သူ ကျုံးလိ ဖြစ်ပါတယ်  သူမ အမှု နိုင်ဖို့ဆိုရင် ဘယ်စားကွက် မဆို ထိုးကျွေးတက်သူ တစ်ဦးဖြစ်ပြီး  တရားမျှတမှုထက် အမှုနိုင်ဖို့သာ ဦးစားပေးတက်သူပါ....  ပထမ အကြိမ် ရုံးချိန်းမှာတင် ကျုံးလိ က မျက်မြင်သက်သေ ဖြစ်သူ  ရန်တန်း ရဲ့ ဒရိုင်ဘာကို မေးမြန်းပြီး လင်ထိုက် နဲ့ လင်မုန်ုမုန် သတ်ဖြတ်တာ  မဟုတ်ပဲ ရန်တန်း ရဲ့ ဒရိုင်ဘာ ဖြစ်သူက သတ်ဖြစ်တာ ဖြစ်ကြောင်း  ထွက်ဆိုခဲ့တဲ့ အခါ အမှု တစ်ခုလုံး ရဲ့ အမှန်တရား   ပျောက်ပျက်သွားပါတော့တယ်....  အမှု ပြီးခါနီး လက်မတင်လေးမှာပင် စုံထောက် တုံးထောင် ထံသို့  အမှန်တရား မြတ်နိုးသူ ဆိုပြီး လျို့ဝှတ်နာမည်ဖြင့် ဗီဒီယိုသက်သေဖိုင်  တစ်ခု ပေးပို့လာရာ အံ့အောဖွယ် ဖြစ်ရပ်တစ်ခုမှာ လင်မုန်မုန် က  ရင်တန်း ကို သက်တာ မဟုတ်ပဲ သူဌေးဖြစ်သူ လင်ထိုက်က ပွေရှုပ်သော  ရင်တန်း ကို ကားဖြင့် မသေမခြင်း တိုက်သက်ခဲ့တာ ဖြစ်ကြောင်း  သိရှိလိုက်ရတဲ့ အခါမှာ....  -------------------------------------------------------------------------------  ကြာမြင့်ချိန် ၂ နာရီ နီးပါးခန့် ရှိပြီး မိသားစု ချစ်ခြင်း မေတ္တာ နှင့် ဥပဒေ ရဲ့  လွန်ဆွဲပွဲ တစ်ခုကို သရုပ်ဖော်ထားတဲ့ မကြည့်မဖြစ် ကြည့်သင့်တဲ့  ရုပ်ရှင်ကားကောင်း တစ်ခု ဖြစ်ပါတယ်....  Download ------------  http://www.thitsankhant.com/search/label/Movie

Director: Fei Xing ရိုက်ကူးထားပြီး September 13, 2013 မှာ ရုံတင်ပြသ

ခဲ့တဲ့ ဥပဒေ ရေးရာ နှင့် မိသားစုချစ်ခြင်းမေတ္တာဖွဲ့ ရုပ်ရှင်ဖြစ်ပါတယ်....



ဇတ်လမ်း အစ ကတော့ နာမည်ကျော် သူဌေးကြီး လင်ထိုက် ရဲ့

တစ်ဦးထဲသော သမီးချောလေး လင်မုန်မုန် က သူမ ဖခင် ရဲ့

ချစ်သူ ဖြစ်သော အဆိုတော် ရင်တန်း ကို သတ်ဖြတ်မှုဖြင့် တရားဆွဲဆို

ခံထားရတာ ဖြစ်ပါတယ်...


ထိုအမှုကို လိုက်နေတာကတော့ စုံထောက်ရဲအရာရှိ တုံးထောင် ဖြစ်ပြီး

အမှုမှန်မှာ ရင်တန်း ကို သူဌေး လင်ထိုက် က သတ်ဖြတ်ပြီး သမီးဖြစ်သူ

လင်မုန်မုန် သတ်သလို ပုံစံဖြင့် အလွတ်ရုန်းထွက်ခဲ့သည်ဟု သံသယ ရှိသဖြင့်

ရေဆုံးရေဖျား လိုက်ပြီး အမှုမှန်ပေါ်ပေါက်ရန် ဖော်ထုတ်နေသူဖြစ်ပါတယ်...


တရားခံ ဘက်မှ ရှေ့နေ ကတော့ အမှုမှန်သမျှ မနိုင်တာမရှိ နာမည်ကြီးလွန်းတဲ့

လင်ထိုက် ရဲ့ မိသားစု ရှေ့နေလဲ ဖြစ်သူ ကျုံးလိ ဖြစ်ပါတယ်

သူမ အမှု နိုင်ဖို့ဆိုရင် ဘယ်စားကွက် မဆို ထိုးကျွေးတက်သူ တစ်ဦးဖြစ်ပြီး

တရားမျှတမှုထက် အမှုနိုင်ဖို့သာ ဦးစားပေးတက်သူပါ....


ပထမ အကြိမ် ရုံးချိန်းမှာတင် ကျုံးလိ က မျက်မြင်သက်သေ ဖြစ်သူ

ရန်တန်း ရဲ့ ဒရိုင်ဘာကို မေးမြန်းပြီး လင်ထိုက် နဲ့ လင်မုန်ုမုန် သတ်ဖြတ်တာ

မဟုတ်ပဲ ရန်တန်း ရဲ့ ဒရိုင်ဘာ ဖြစ်သူက သတ်ဖြစ်တာ ဖြစ်ကြောင်း

ထွက်ဆိုခဲ့တဲ့ အခါ အမှု တစ်ခုလုံး ရဲ့ အမှန်တရား

 ပျောက်ပျက်သွားပါတော့တယ်....


အမှု ပြီးခါနီး လက်မတင်လေးမှာပင် စုံထောက် တုံးထောင် ထံသို့

အမှန်တရား မြတ်နိုးသူ ဆိုပြီး လျို့ဝှတ်နာမည်ဖြင့် ဗီဒီယိုသက်သေဖိုင်

တစ်ခု ပေးပို့လာရာ အံ့အောဖွယ် ဖြစ်ရပ်တစ်ခုမှာ လင်မုန်မုန် က

ရင်တန်း ကို သက်တာ မဟုတ်ပဲ သူဌေးဖြစ်သူ လင်ထိုက်က ပွေရှုပ်သော

ရင်တန်း ကို ကားဖြင့် မသေမခြင်း တိုက်သက်ခဲ့တာ ဖြစ်ကြောင်း

သိရှိလိုက်ရတဲ့ အခါမှာ....

-------------------------------------------------------------------------------

ကြာမြင့်ချိန် ၂ နာရီ နီးပါးခန့် ရှိပြီး မိသားစု ချစ်ခြင်း မေတ္တာ နှင့် ဥပဒေ ရဲ့

လွန်ဆွဲပွဲ တစ်ခုကို သရုပ်ဖော်ထားတဲ့ မကြည့်မဖြစ် ကြည့်သင့်တဲ့

ရုပ်ရှင်ကားကောင်း တစ်ခု ဖြစ်ပါတယ်....


Download
------------
 Thank For Download!


Admin Thit San Khant