Friday, October 17, 2014

Limitless(2011) မြန်မာစာတန်းထိုး

Screen Shots



#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါတော့ မင်းသားချော Bradley Cooper ရဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့ Limitless ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းကတော့ Bradley Cooper က စာရေးဆရာ တစ်ဦးဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ သူရေးရမယ့် စာကိုလည်း ပြီးအောင်မရေးနိုင်သလို၊ ဘ၀မှာလည်း အဆင်မပြေဖြစ်နေပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့ အရင်မိန်းမရဲ့ မောင် (ယောက်ဖ ဟောင်းနဲ့) ပြန်တွေ့ရာက သူ့ယောက်ဖက သူ့ကို ဆေးတစ်မျိုး စမ်းသုံးခိုင်းပါတယ်။ အဲ့ဒီဆေးက လူတွေရဲ့ ဦးနှောက် အလုပ်လုပ် နိုင်စွမ်းကို မြှင့်တင်ပေး နိုင်တဲ့ဆေးဖြစ်ပါတယ်။ သာမန်အားဖြင့် လူတိုင်းက ဦးနောက်ရဲ့ ၁၀ ရာခိုင်နှုန်းသာ အသုံး ချ နိုင်ကြပါတယ်။ ဒီဆေးကြောင့် ဦးနောက်ရဲ့ ကျန်တဲ့ ၉၀% ကိုပါ အသုံး ပြုနိုင်လာပြီး၊ ဦးနောက်က မှတ်ထားသမျှ မှတ်ဥာဏ် အကုန်လုံးကို အသုံးချနိုင်လာပါတယ်။

သူ့ရဲ့သဘောတရားက ဦးနောက်က  လူမှန်းသိတတ်စအရွယ်ထဲက မြင်သမျှ ကြားသမျှ အရာအားလုံးကို မှတ်ထားနိုင်ပေမယ့်၊ မှတ်ထားတဲ့ အစိတ်အပိုင်းကိုတော့ လူတွေက အသုံးမချနိုင်ကြပါဘူး။ ဒီဆေးကြောင့် Bradley Cooper တစ်ယောက် တဖြည်းဖြည်းနဲ့ ထူးချွန်လာသလို၊ အောင်မြင်မှုတွေလည်းရလာပါတယ်။ သူ့ရေးနေတဲ့ စာအုပ်ကိုလည်း အပြီးသတ်နိုင်ခဲ့သလို၊ စာရေးဆရာ အနေနဲ့တင်မဟုတ်ပဲ့၊ Stock Broker တစ်ယောက်အဖြစ်ပါ ၀င် လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့လောဘ ကြီးမှုကြောင့် တစ်ဖြည်းဖြည်း ပိုက်ဆံ ရှာရုံတင်အားမရပဲ၊ Loan Shark တစ်ယောက်ဆီကနေ ငွေချေးပြီး စတော့ရှယ်ရာ လောက ကိုဝင်ခဲ့ရာက စပြီး ဇာတ်လမ်း အပြောင်းအလဲဖြစ်လာပါတယ်။

ဒီကားက ထူးထူးခြားခြားဇာတ်လမ်းဖြစ်ပြီး၊ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ မင်းသား Bradley Cooper ရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းမွန်ပြီး၊ ဇာတ်လမ်း စလယ်ဆုံး၊ ကြည်လို့ကောင်းပါတယ်။ ဇာတ်လမ်းမှာ ဟာကွက် သိပ်မရှိပဲ၊ Action/Sci-fi အဖြစ် ဟာသာလေးပါ အနည်းငယ်နှောထားပါတယ်။

Sex Scene အနည်းငယ်ပါပေမယ့် စက္ကန့်ပိုင်းသာဖြစ်ပြီး၊ Explicit မဖြစ်ပါဘူး။ မိသားစုတူတူ ကြည်ဖို့တော့ သိပ်မသင့်တော်ပေမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ Rating ကတော့ Rated-R ပါ။

#Sololay
(Movie Review ရုပ်ရှင်မိတ်ဆက်မှကူးယူဖော်ပြပါသည်။)

File size...787MB
Quality....DVDrip
Format...mp4
Hour....01:24:37
subtitle....မြန်မာစာတန်းထိုး

Download and Watch(pCloud link)

နမူနာကြည့်ရန်

No comments:

Post a Comment