Saturday, April 30, 2016

Love The Coppers (2015) မြန်မာစာတန်းထိုး



IMDb rating 5.7/10(Voting-7886) ရရှိထားတဲ့ အိမ်ထောင်ရေးဇာတ်ကားလေးဟာ
ဇာတ်ကားရဲ့ ဇာတ်ကြောင်းကို တယောက်ယောက်ကပြန်ပြောပြနေတဲ့ပုံစံမျိုးလေးရိုက်ကူး
ထားပြီး ပထမဦးစွာ ဘဲ ဇာတ်ကားဟာ အိမ်ထောင်ရေးအသားပေးဇာတ်ကားမျိုးဖြစ်လို့
လိင်အသားပေးအခန်းတွေ ပါရှိနေကြောင်းကိုကြိုတင်ပြောပြထားပါရစေ။
မိဘတွေအနေနဲ့လည်း ဒီ Love The Cooper ဇာတ်လမ်းလေးကိုသိထားသင့်တယ်
လို့ ပြောပြပါရစေ။ဒီဇာတ်ကားထဲမှာတော့ အရွယ်ရောက်ပြီးသူတယောက်ရဲ့
အထီးကျန်ခြင်း၊အလုပ်အကိုင်အဆင်မပြေခြင်း၊အိမ်ထောင်ရေးပြသနာများ
စိတ်ပျက်အားငယ်ခြင်းများကိုပေါ်လွင်အောင်ရိုက်ပြထားပြီး အိမ်ထောင်တခုတည်ထောင်ဖို့
နားလည်မှု လိုအပ်ပုံတွေကိုပါ ထောက်ပြထားတာကိုတွေ့ရပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ Copper မျိုးဆက်ရဲ့ ၃ဆက်မြောက် Copper ရဲ့
ခရစ္စမတ်ပွဲလေးမှာ မထင်မှတ်ထားတဲ့ ဧည့်သည်တွေရောက်ရှိလာတဲ့ အခါမှာတော့
ဘာတွေဆက်ဖြစ်ပျက်မလဲ ဘယ်လို ဟာသတွေကို ကြည့်ရှူခံစားရမလဲဆိုတာကိုတော့
ဆက်လက်ဒေါင်းယူကြည့်ရှူကြပါဗျာ။
(ဇာတ်ကားထဲမှာအသုံးပြုထားတဲ့ Dialogue တွေက အောက်လုံးတွေပါတာရယ် အနမ်းခန်းတွေက ကြမ်းလွန်းတာကြောင့် အနောက်နိုင်ငံတွေမှာတော့ ဒီဇာတ်ကားကို 16+ တွေသာကြည့်ရှူဖို့ခွင့်ပြုပေးထားပါတယ်)

File size...(800MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Encoder....Aung Pyay 


အစမ်းကြည့်ရှူရန်

Prince's Prince (Korea Mini TV Series) မြန်မာစာတန်းထိုး


အစ် ကိုကြီးတစ် ယောက် အ နေနဲ့ သူ့ညီမ လေးကို ကယ် တင် နိုင် မလား? Park Shi Hyun(Jonghun) ရဲ့ ညီမဖြစ် တဲ့ Yoo Na(Yuna) ဟာ ဗီဒီယို ဂိမ်း တွေကို အရမ်းစွဲလမ်းလွန်းတဲ့ otaku တစ် ယောက် ဖြစ် ပြီး သူတို့ တွေ ဖန် တီးထားတဲ့ စိတ် ကူးယဉ် ကမ္ဘာကြီးထဲမှာပဲ ပျော် နေတတ် သူဖြစ် ပါတယ် ။ Shi Hyun အ နေနဲ့ သူ့ညီမ ကို လက် တွေ့ဘဝဆီ ပြန် ရောက် လာ အောင် ခေါ်နိုင် မလား ဒါမှမဟုတ် ကာလဝိပတ် တက် ပြီး Lee Mong Hwan (Lim Yun Ho) ကို မလွန် ဆန် နိုင် ပဲ နေမလား? ကိုရီးယား pop-rock အဖွဲ့ FT Island က အဖွဲ့ဝင် Jonghun ရဲ့ ပထမဆုံး ပွဲဦးထွက် စီးရီး လေးပါ


















 (အညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)

Friday, April 29, 2016

The Monkey King Special Package - မြန်မာစာတန်းထိုး

Journey to The West(2013) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးက ဝူခုံးဇာတ်လမ်းကျောရိုးအတိုင်းရိုက်ကူးထားတဲ့ အနောက်ဘက်ကိုကျမ်းစာသွားပင်တဲ့ ဇာတ်ကားလေးပါ။ လူတော်တော်များများလည်းသိပြီးသားပါ။
(ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့  Zerocool   ဖြစ်ပါတယ်။)


File Size                          : 1.07 Gb
Quality                            : HD 720P
File Size 2                       : 400 Mb
Quality                            : 360P
Running Time                  : 1h 50m
Translator                       : Zerocool
Encoder                         : San Win Maung 

Download and Direct Watch HD720P

Download and Direct Watch small file 360P


The Monkey King 1(2014) - မြန်မာစာတန်းထိုး

2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး အထူးသဖြင့် မြန်မာပရိတ်သက်အများအပြားအထူးကြိုက်နှစ်သက်အားပေးခဲ့ကြတဲ့ စွန်းဝူခုန်းဇာတ်ကားလေးပါ။ Visual Effect အလန်းစားတွေနဲ့စွန်းဝူခုံး မွေးဖွားလာပုံကနေစပြီး
နဂါးပြည်သို့သွားရောက်မွှေနှောက်ပြီး သူ့ရဲ့လက်စွဲတော်ရွှေတုတ်တံရှာပုံတော်ဖွင့်ပုံ . နတ်ပြည်သို့သွားရောက်ပြီး မွှေနှောက်ခဲ့ပုံများကို အလန်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ကြည့်ရမယ့်ကားလေးပါ။
နောက်ဆုံးမှာ မိစ္ဆာတွေနှိမ်နှင်းပြီးတဲ့နောက်မှာတော့ နတ်ပြည်ကိုဖျက်ဆီးခဲ့မှုတွေကြောင့် ဘုရားရဲ့အပြစ်ပေးခြင်းကို ခံခဲ့ရပြီး လက်ငါးချောင်းတောင်အောက်မှာ အနှစ် ၅၀၀ တိတိ ချုပ်နှောင်ခံခဲ့ရပါတယ်။ အနောက်ဘက်ကိုသွားပြီး ကျမ်းစာတွေကိုသွားရောက်ပင့်ဆောင်မယ့် ဘုန်းကြီးနဲ့တွေ့မှသာ လက်ငါးချောင်းတောင်အောက်ကလွတ်ပြီး အနောက်ဘက်ကကျမ်းစာတွေပင့်ဆောင်ပြီးမှသာ အပြီးလွတ်ကျွတ်ဖို့ သတ်မှတ်ခံခဲ့ရပါတယ်။ ( Part 2 မှာ ကျမ်းစာပင့်ဆောင်ဖို့ စတင်မှာပါ။ )
(ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Ko Nyein Saeyar Aung ပဲဖြစ်ပါတယ်။)


File Size                          : 900 Mb
Quality                            : HD 720P
File Size 2                       : 400 Mb
Quality                            : 360P
Running Time                  : 1h 30m
Translator                       : Nyein Saeyar Aung
Encoder                         : San Win Maung 

Download and Direct Watch HD720P

Download and Direct Watch small file 360P


The Monkey King 2(2016) - မြန်မာစာတန်းထိုး

IMDb rating 5.9/10 ရရှိထားပြီး Rotten tomatoes မှာ ၁၀၀% ရရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး
ဝူချန့် ရဲ့ ၁၆ရာစုခေတ်ကထွက်ရှိခဲ့တဲ့ Journey To The West ၀တ္ထုကိုဘဲ ပြန်လည်ဆန်းသစ်တင်ဆက်ထားတာဘဲဖြစ်ပါတယ်။
အများကမျှော်လင့်စောင့်စားနေတဲ့ ဇာတ်ကားတကားလဲဖြစ်သလို ရုံတင်ချိန်မှာတော့ Deadpool နဲ့ အပြိုင် ရုံတင်ပြသခဲ့သည့်အတွက် ဇာတ်ကားမှာ ထင်သလောက်အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အရင် ထွက်ရှိပြီးသား ဇာတ်ကားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ Visual Affect တွေ Animation တွေဟာ တော်တော်ကြီး ကြည့်ကောင်းလာတာကိုတွေ့ရပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ မျောက်မင်း ၀ူခုန်းကားတွေရဲ့ ထုံးစံအတိုင်းဘဲ ကျမ်းစာသွားသယ်တဲ့နေရာကနေစတင်ထားပြီး ထုံးစံအတိုင်းဘဲ ၀ူခုန်းကို ဆရာတော်က ကယ်တင်ပေးတဲ့အခန်းကနေဘဲစတင်ထားပါတယ်။ အရိုးဖြူမိစ္ဆာ တို့အဖွဲ့ ရဲ့ တိုက်ခိုက်မှုတွေ အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး အနောက်ဖက်က မိုးကြိုးကျောင်းဆောင်မှာ ကျမ်းစာတွေကို
သယ်ယူနိုင်မနိုင်ကိုတော့ ဆက်လက် ဒေါင်းယူကြည့်ရှူကြပါဗျာ။ထိုသို့​အလွန်​​ကောင်း​သောဇာတ်​ကားကို Channel Myanmar ပရိတ်​သတ်​ကြီးအတွက်​ Channel Myanmar မှ ကြိုးစားတင်​ဆက်​​ပေးလိုက်​ပါသည်​။ ဇာတ်​လမ်းတစ်​ခုလုံးကို အညွှန်းတွင်​ထည့်​မ​ရေး​ပေးလိုက်တော့ပါဘူး။ အ​နောက်​ဘက်​သို့ခရီးသွားခြင်း ၊ Monkey King 1 တို့ရဲ့ ဇာတ်​လမ်းသ​ဘောသဘာဝ အ​ကြောင်းအရာများက ပရိတ်​သတ်​ကြီးနှင့်​ အကျွမ်းတဝင်​ အရင်းနှီးဆုံးဖြစ်​​နေ​ပြီးသားဖြစ်လို့ပါ။ဇာတ်​လမ်း​ကို ကိုယ်​တိုင်​ကိုယ်​ကျခံစားကြည့်​ရှူ့ပြီး ပရိတ်​သတ်​များကိုယ်​တိုင်​ ညွှန်း​ပေးကြပါလို့ပဲ ​တောင်းဆိုပါရ​စေ။
ကျွန်​​တော်​တို့ကြိုးစားသမျှအသိအမှတ်​ပြုရင်​ လက်​မ​လေး​တွေ​ထောင်​​ပေးခဲ့ကြပါခင်​ဗျာ။
ဇာတ်ကားရဲ့ နောက်ဆုံး ဇာတ်ဝင်သီချင်းကိုတော့ ဘားရှင်းပြောင်းပြီး ရေးသားပေးထားတဲ့အကြောင်းကိုပါ တပါတည်း အသိပေးရင် အပြီးဆုံးသည်အထိ ကြည့်ရှူပေးဖို့ကိုပါတိုက်တွန်းလိုက်ပါရစေဗျာ။
(ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Nyi Thanlwin ပဲဖြစ်ပါတယ်။)


File Size                          : 1 Gb
Quality                            : Blueray Rip 720P
File Size 2                       : 450 Mb
Quality                            : 360P
Running Time                  : 1h 59m
Translator                       : Nyi ThanLwin
Encoder                         : Nyeinsaeyar Aung

Download and Direct Watch Blu-Rip 720P

Download and Direct Watch small file 360P

War of the Arrows (2011) မြန်မာစာတန်းထိုး

Imdb 7.2 အထိရရှိထား သော ဇာတ် ကားဖြစ် ပါသည် ။ မောင် နှမနှစ် ဦးရဲ့ မေတ္တာ ရှေး ခေတ် ကိုရီးယားမင်းဆက် ၏ လေးအတတ် မျှားအတတ် ကိုကို ပုံ ဖော် ရိုက် ကူးထား သောဇာတ် ကားဖြစ် ပါသည် ။ မင်းသားတို့ မိသားစုကို မင်းသား အဖေက သစ္စာဖောက်ဆိုပြီး နန်းတွင်းရဲတပ်ဖွဲ့က ညတွင်းချင်း ဝင်စီးပြီး လာသတ်တာ မင်းသားနဲ့ သူညီမ က လွတ်သွားတယ် သူအဖေရဲ့ သူငယ်ချင်းဆီမှာ သွားခိုလှူံကြတယ်
တနေ့ မင်းသား ညီမ လက်ထက်မဲ့ နေ့မှာ မန်ချူးတရုတ်တွေက သူတို့ ရွာ ဝင်စီးပြီး တရွာလုံးက လူတွေကို သတ်ပြီး မိန်းကလေးတွေကို အကုန် ဖမ်းခေါ်သွားကြတယ် အဲဒီမှာ သူညီမလေး ပါတယ် သူညီမလေး ကို တရုတ်မန်ချူးတွေ လက်ကနေ အသက်စွန့်ပြီး ပြန်ကယ်ပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်



File Size         : 950 MB
Quality           : Blu ray 720P
Running Time : 2hr 2 minute
Format           : Mp4
Genre             : Action, History
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

(ဇာတ်ကားဘာသာပြန်သူကတော့ Phyo Thu Hein ဖြစ်ပြီး အညွန်းရေးသူကတော့ May Myat Noeပဲ ဖြစ်ပါတယ်)

Home Alone (1+2+3) Special Package

 Home Alone 1(1990)

ဒီကား လေးကို တော့မသိသူခပ် ရှားရှားပါ...ကားအ ဟောင်း လေးပါပဲ..ဒါ ပေ မဲ့..ပြန် ကြည့် တိုင်းမှာ..ဇတ် ကားထဲကတစ် ချို့ သောရသ လေး တွေ..က လေးတစ် ယောက် မိဘနဲ့ ဝေးလို့ရလာတဲ့..ခံစားချက် လေး တွေကို...ဇတ် ကောင် နဲ့အတူ ကျွန် တော် ကခံစား နေရတုန်းပါပဲ...ခများတို့လည်းကျွန် တော့် လိုပဲထင် ပါတယ် .. တော် တော် များများ..သိရှိပြီးသားဇတ် ကား လေးဖြစ် နေလို့အများကြီးညွန်းမနေ တော့ပါဘူး ကိုယ်တိုင်သာပြန် လည် ကြည့် ရှု့ခံစားကြည့် ကြပါဦး....အခုနောက်ပိုင်းမှာ တစ်ကယ်ကို အခေါက်ခေါက် အခါခါပြန်ကြည့်ရင်တောင် ဘယ်တော့မှ မရိုးသွားတဲ့ Family ကားမျိုးတွေ ရှားလာတာက စိတ်မကောင်းစရာပါပဲ။

File Size         : 810 MB
Quality           : Blu ray 720P
Running Time : 1hr 35 minute
Format           : Mp4
Genre             : Comedy, Family
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

Home Alone 2 (1992)
ခရစမတ် အချိန် ရောက် တိုင်းအခြားမြို့များသို့အလည် အပတ် သွားတတ် တဲ့.."ကီဗင် "တို့မိသားစုဟာ..ဒီတစ် ခါမှာလည်းအလွှဲအ ချော် တွေဖြစ် ပြီး..."ကီဗင်"နဲ့လူချင်းကွဲသွားကြပါတယ် .."ကီဗင် "ရဲ့မိသားစုကအခြားမြို့တစ် မြို့ကို ရောက် ရှိသွားပြီး.."ကီဗင် "က တော့..တစ်ခြားမြို့ကို ရောက် ရှိသွားခဲ့ပါတယ် ....ဒီမှာတစ် ခု ပြောချင် တာက..Home alone1မှာတုန်းက.."ကီဗင် " ကြောင့်  ထောင် ကျခဲ့တဲ့ "မာ့"နဲဟယ် ရီ"ဟာ ထောင် မှလွတ် လာပြီး..အ မေရိကန် ကို ရောက် ရှိ နေပါတယ် ...သူတို့ရဲ့စရိုက် တွေတိုင်းခိုးကြဝှက် ကြရင်း.."ကီဗင် "နဲ့ဆုံမိတဲ့အခါမှာ တော့.....ဗီလိန် နှစ် ယောက် နဲ့"ကီဗင် "ဘယ် လိုရင် ဆိုင် ရမှာလဲ...."ကီဗင် "ဆိုတဲ့က လေးက ရော..ဥာဏ် သုံးပြီးသူတို့ကိုဘယ် လိုနှိပ် ကွက် မလဲဆိုတာ..ရင် ခုန် စရာစွာကြည့် ရှု့ရမှာအမှန် ပါပဲ....

1မှာ ရော2"မာ့ ပြော နေကြစကားတစ် ခွန်းရှိတယ်

"သူက...က လေးပဲ..က လေး တွေကအမြဲတုံးတတ် ကြတယ် တဲ့.."အဲ့စကား လေးကိုအကြိုက် ဆုံးပဲ


File Size         : 860 MB
Quality           : Blu ray 720P
Running Time : 2hr 

Format           : Mp4
Genre             : Comedy, Adventure,Family

Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

 Home Alone 3(1997)

ကဲ..Home Alone 3က တော့လာပါပြီးဗျာ..Home Alone ဇတ် ကား တွေရဲ့ ကျောရိုးကိုအားလုံးသိထားကြပြီးဖြစ် လို့အများကြီး တော့မညွန်းဘူး နော် …..ကြက်တုတ်ကွေး ရောဂါကြောင့် အိမ် မှာ..တစ် ယောက် တည်းကျန် ခဲ့တဲ့..အဲလက်စ် နဲ့. အမေရိကန် လုံခြုံရေးအတွက် အရေးပါတဲ့ ကွန်ပျူတာ ချပ်စ်ပြားကို ခိုးယူလာတဲ့ ဗီလိန် လူဆိုးကြီး တွေနဲ့..ရင် ဆိုင် တွေ့ကြပုံကို ရိုက်ကူးထားတာပါ။ ကလေးအတွေးနဲ့ ဘယ်လောက်တောင် လူဆိုးတွေကို ဒုက္ခပေးလိုက်လဲ ဆိုတာ ကြည့်ရမှာပါ..ဘယ် နှစ် ခါကြည့် ကြည့် ရိုးသွားခြင်းမရှိတဲ့ မိသားစုအတူ ကြည့်လို့ ရတဲ့ ဇာတ်ကားမို့ .ခုလည်း ..ပြန် လည်းခံစားနိုင် အောင် မြန် မာစာတန်းထိုး လေးနဲ့ပြန်ပြီးတင် ဆက် လိုက် ပါတယ်။ စကားမစပ် ဒီကားမှာ အဲလက်စ် အစ်မအဖြစ် သရုပ်ဆောင်သွားတာက Lucyဇာတ်ကားမှာ ခပ်ဟော့ဟော့ သရုပ်ဆောင်မှူတွေနဲ့အတူ နာမည်ကျော် မင်းသမီး စကားလတ်စ် ဂျွန်ဆင်ဆိုတာ သတိထားမိတဲ့လူတွေ ရှိကြလားဗျို့

File Size         : 800 MB
Quality           : Blu ray 720P
Running Time : 1hr 42 minute
Format           : Mp4
Genre             : Comedy, Crime, Family
Encoder         : Joker.phs


Download And watch With Pcloud Link Full HD


(အညွန်းနဲ့ ဘာသာပြန်သူကတော့ John La Yaung ပဲ ဖြစ်ပါတယ်)

Thursday, April 28, 2016

လူစီဖာ Season 1(မြန်မာစာတန်းထိုး)



DC comic ကို အခြေခံထားပြီး လက်ရှိမှာတော့ Imdb 8.7 နဲ့ ရပ်တည်နေပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဖန်ဆင်းရှင် God ရဲ့ ကောင်းကင်တမာန် စေတန် သို့မဟုတ် The Devil သို့မဟုတ် လူစီဖာ လို့ သိကြတဲ့ ငရဲမင်းကြီးဟာ ငရဲပြည်ကို ပျင်းရိလာပြီး လော့စ်အိန်ဂျလိ ကို ခရီးထွက်လာခဲ့ပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ မိတ်ဆွေဟောင်း မိန်းကလေးအသတ်ခံရပြီး လူသတ်တရားခံကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ဒီအမှုကို သူကူညီပေးမိတဲ့ စုံထောက်မလေးဟာ ထူးဆန်းစွာပဲ သူ့ရဲ့အစွမ်းတွေကို ခံနိုင်ရည်ရှိနေတဲ့အတွက် စိတ်ဝင်စားမိပြီး............. ဒီဇာတ်လမ်းတွဲကို ကြိုက်ရတဲ့အကြောင်းတွေက အတော်များပါတယ်။ ပထမဆုံးအနေနဲ့တော့ အမြဲတမ်း ကြောက်စရာဇာတ်ကောင်ဖြစ်နေခဲ့တဲ့ လူစီဖာ ကို ဇာတ်လိုက်အနေနဲ့ တွေ့ရမှာကိုက စိတ်လှုပ်ရှားစရာပါ။ ဒုတိယကတော့ ဒီဇာတ်လမ်းတွဲ အပိုင်း ၁ မှာ ဘာမှ ထူးခြားတဲ့စွမ်းအင် ကြီးမားတဲ့ရန်သူကို မတွေ့ရပါဘူး။ ကျတော့် အကြိုက်ဆုံး စူပါနေထရယ်စီးရီးလိုပဲ တဖြည်းဖြည်း ဆွဲခေါ်လာလိမ့်မယ်ထင်ပါတယ်။ နောက်တစ်ခုကတော့ သူ့ရဲ့ထင်ရှားတဲ့ အစွမ်းဆိုတာ လူတွေကို မကောင်းမှုတွေ တပ်မက်မှုတွေကို ၀န်ခံချင်လာစေတာပဲဖြစ်ပြီး စိတ်ကို မဖတ်နိုင် မထိန်းချုပ်နိုင်တာက စိတ်ဝင်စားစရာကောင်းနေစေပါတယ်။ နောက်အစွမ်းတစ်ခုကတော့ အမျိုးသမီးအားလုံးရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်မှုပါပဲ( အဲ့အစွမ်းအကြိုက်ဆုံး ငိငိ)။ ဒါ့အပြင် သူ့ရဲ့ထီမထင်တဲ့ စိတ်ဓာတ်နဲ့ စရိုက်က ဇာတ်ကားရဲ့ ၃ ပုံ ၂ ပုံလောက်ကို ရယ်နေရအောင် ပြသနိုင်တာပါပဲ။


If I Stay (2014) မြန်မာစာတန်းထိုး

အသက် ၁၉ နှစ်ပဲရှိသေးတဲ့ မင်းသမီးချောလေး Chloë Grace Moretz အဓိကပါဝင်သရုပ်ဆောင်ထားပြီး
IMDb Rating (6.8/10) ရရှိထားတဲ့ Drama, Fantasy, Music အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
ရုံတင်တုန်းက ဝင်ငွေကောင်းခဲ့တဲ့ ဇာတ်ကားမို့လို့ Drama ကြိုက်သူတွေလက်မလွတ်သင့်ပါဘူး။
မင်းသမီး Chloë Grace Moretz ပရိတ်သတ်တွေအတွက်ကတော့ ပြောစရာမရှိတော့ပြီ။
(တစ်ခုပဲပြောစရာရှိတာက ....
မင်းသမီး Chloë Grace Moretz နဲ့ ဒေးဗစ်ဘက်ခမ်းရဲ့သား Brooklyn Beckham တို့
ရွှေလက်တွဲနေပြီလို့ တလောကပဲ သတင်းဓါတ်ပုံတွေ ထွက်လာတဲ့အကြောင်းပါ...ဤကား စကားချပ်။)

File size...(900MB) 
Quality...BR-Rip 720p

Format...mp4
Duration....01:46:40
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)

  





နမူနာကြည့်ရန်

Wednesday, April 27, 2016

Back To The Future (1989) မြန်မာစာတန်းထိုး

ဒီကားလေးကတော့ Channel Myanmar မှာ တစ်ခါ တင်ပေးဖူးတဲ့ Back To The Future ရဲ့ အဆက်လေးပါ အဆက်ဆိုတဲ့ အတိုင်း ပထမပိုင်းကို ကြည့်ဖူးမှပဲ ဒီအပိုင်းကို ကြည့်ရတာ အရသာ ပိုရှိမှာပါ။ ပထမပိုင်းကို ကြည့်ဖူးတဲ့သူတွေဆိုရင်လဲ ဒီအပိုင်းကို မကြည့်ပဲကို နေနိုင်ကြမှာ မဟုတ်ပါဘူး။ reviewတစ်ခုမှာ ရေးထား သလို ပါပဲ...Back To The Future ကို ရုပ်ရှင် အဖြစ် အသက်မသွင်းခင်က ဖန်တီးသူတွေ ဖြစ်ကြတဲ့ Robert Zemeckis နဲ့ Bob Gale တို့ကိုယ်တိုင်တောင် ဒီလောက် အောင်မြင်မှုနဲ့ ဝင်ငွေတွေ ရလိမ့်မယ်လို့ ထင်မိကြမှာ မဟုတ်ဘူးတဲ့ ၁၉၈၉ မှာ ထွက်ရှိခဲ့တဲ့ ဒီအချိန်ခရီးသွား ဇာတ်ကားမှာ Marty Mcfly တစ်ယောက် အတိတ်ကနေ ပြန်ရောက်ရောက်ချင်းပဲ Dr.Emmett နဲ့အတူ အနာဂတ်ကို ဆက်သွားရဖို့ အကြောင်းဖန်လာပါတယ်။ Marty လုပ်ရမယ့် အလုပ်က သူ့ကိုယ်တိုင်ရဲ့ သားအဖြစ်နဲ့ သူ့ကို ထောင်ကျမယ့် အရေးက ကာကွယ်ပေးရမှာပါ။ ဒါပေမယ့် အနာဂတ်အဖြစ်အပျက်တွေက ပစ္စုပ္ပန် ကို ပြောင်းပစ်လိုက်တဲ့ အခါမှာတော့ အခြေအနေတွေက ပိုဆိုးရွား သွားပါတော့တယ်။ ၁၉၈၉ က သိပ္ပံဇာတ်ကား က IMDb 7.8 ရရှိထားတာကလဲ အထင်ကြီးစရာပါ။

File Size         :  850 MB
Quality           : Blu ray 720P
Running Time : 1hr 48 minute
Format           : Mp4
Genre             :Adventure,comdey,Scifi
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

 Back To The Future Part 1 ကြည့်ရန် ဒီလင့်ကို နှိပ်ပါ

(ဇာတ်ကားဘာသာပြန်သူကတော့ Myat Shaw ဖြစ်ပြီး အညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)

Tuesday, April 26, 2016

Air Lift (2016) မြန်မာစာတန်းထိုး




၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်မှာထွက်ရှိခဲ့တဲ့ ဒီကားဟာ ထူးထူးခြားခြားဘဲ IMdb rating မှာ 9.1/10 ရှိထားတာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ မှာ အီရတ်တွေ ကူဝိတ်ကို ကျူးကျော်ဝင်ရောက်ချိန်မှာ
အိန္ဒိယနိုင်ငံသားတွေကို ကူဝိတ်မှာ ရှင်းလင်းသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာဆိုရင်ဖြင့် သာမန်တွေ့မြင်နေကြ ဘောလိဝုဒ်ကားတွေနဲ့ မတူတာတခုကတော့ ရုပ်ရှင်ဒါရိုက်တာ ၂ယောက်က ရိုက်ကူးထားခြင်းဖြစ်ပြီး ပုံမှန်ကြည့်နေကြ ဘောလိဝုဒ် ဇာတ်ကားတွေနဲ့
မတူဘဲ တမူထူးခြားကွဲထွက်နေတာကိုတွေ့ရမှာပါ။
၂၀၁၄ ခုနှစ် က စာရင်းကောက်ယူချက်များအရဆို အိန္ဒိယ အစိုးရဟာ ဆန္ဒဟူဆိန်ရဲ့ တပ်များကျူးကျော်မှုကြောင့် ကူဝိတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသားများကို Air India လေကြောင်းလိုင်းဖြင့် ၅၉ရက်အတွင်း ပျံသန်းမှုပေါင်း၄၈၈ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း တသိန်းတသောင်းတထောင်ခုနှစ်ရာခုနှစ်ဆယ့်နှ်စ့်ယောက် ကိုရွေ့ပြောင်းပေးခဲ့ရပါတယ်။
ဒီဇာတ်ကားက သမိုင်းကြောင်းတခုတည်းကိုသာမကဘဲ စစ်အတွင်း ငွေကြေးအာဏာတွေရဲ့ အရေးပါပုံ
လူ့စရိုက် သဘောသဘာဝတွေကိုပါ မီးမောင်းထိုးရိုက်ကူးပြသပေးထားလို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ဘောလိဝုတ်ပရိတ်သက်တွေကတော့ အကြိုက်တွေ့မယ်ဇာတ်ကားကောင်းတကာားပါ။

File size...(900MB)
Quality...BR-Rip 720p
Format...mp4
Duration....02:11:24
Subtitle....Myanmar Subtitle (Hardsub)
Encoder....Aung Pyay
Translator.....Tariq L Walker

Download & Watch 720p(1GB)

Download & Watch 360p(500MB)


အစမ်းကြည့်ရန်


Mr. & Mrs. Smith (2005) မြန်မာစာတန်းထိုး

အင်ဂျလီနာဂျိုလီနဲ့ ဘရတ်ပစ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးဇာတ်ကားပါ။
အပစ်အခတ်အကြမ်းပတမ်းတွေနဲ့ ဝါရင့်သရုပ်ဆောင်နှစ်ယောက်
အပြိုင်အဆိုင် သရုပ်ဆောင်ထားကြတာ အသက်ဝင်လွန်းပါတယ်။
(အသက်ဝင်လွန်းလို့ ဒီဇာတ်ကားရိုက်ကူးပြီးသွားချိန်မှာ
သူတို့နှစ်ယောက် ပေါင်းသင်းနေထိုင်ကြတဲ့အထိဖြစ်သွားပါတယ်....ဤကား စကားချပ်။)
ဇာတ်လမ်းလေးကလဲ မြင်နေကြ ဇာတ်လမ်းတွေလိုမဟုတ်လို့ ကြည့်လို့အဆင်ပြေသလို
သူတို့နှစ်ယောက်ရဲ့ အကြည့်... အပြုံး ..စကားပြောဟန်တွေ ...သရုပ်ဆောင်မှုတွေကလဲ အတော်လေးဆွဲဆောင်နိုင်ပါတယ်။
ဒီဇာတ်ကားကို Unrated Edition Version နဲ့တင်ပေးထားလို့ ရုံတင်တုန်းက မပါခဲ့တဲ့ Scene တချို့ကို
တွေ့မြင်ရမှာပါ။

File size...(1GB) 
Quality...BR-Rip 720p

Format...mp4
Duration....02:05:33
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(450MB)

  




နမူနာကြည့်ရန်

6 Persons In Room(Korea Mini Series) မြန်မာစာတန်းထိုး


မန် နေဂျာ ယွန် ဆိုးတစ် ယောက် လုပ် ငန်းခွင် စစ် ဆေးရင်းပြုတ် ကျကာ ဆေးရုံ ပေါ်သို ရောက် ခဲ့ရသည် ။အခန်းအမှတ် ၃၁၃တွင် မ မျှော် လင့် ဘဲအခြားအမျိုးသမီးလူနာ၅ဦးနှင့်  သိကျွမ်းကာ တဖြည်းဖြည်း ခင် မင် လာသည် ။ သူတို့ ၅ယောက်လုံးက တစ်မျိုးစီ ဆိုက်ကိုရောဂါရနေတယ်လို့ ယွန်းဆိုးက သတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့ တစ်ဖြည်းဖြည်း သိကျွမ်းလာတဲ့အချိန်မှာတော့ အကုန်လုံး ခင်ဖို့ ကောင်းမှန်းသိလာပြီး အရူးမလေးလို့ နာမည်ပြောင်ခေါ်ကြတဲ့ ဂျီဝမ်းကို စပြီး စိတ်ဝင်စားလာပါတော့တယ်။ သူတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းကရော ဘယ်လို ရှေ့ဆက်မှာလဲ၊ ဂျီဝမ်းရဲ့ နာမည်ပြောင်ကရော ဘယ်လို ရလာတာလဲ၊ သူတို့ ၅ယောက်ရဲ့ လျို့ဝှက်ချက်ကရော ဘာတွေများဖြစ်မှာလဲဆိုတာ ပရိသတ်ကြီး ကိုယ်တိုင် ဇာတ်လမ်းရဲ့ မြုပ်ကွက်တွေကို အဖြေရှာလိုက်ပါ။ကိုရီးယား နိုင် ငံရဲ့ထိပ် တန်းမင်းသားဖြစ် တဲ့ Sung Hoonရဲ့ပီပြင် တဲ့သရုပ် ဆောင် မှု တွေနဲ့ မင်းသမီးချော ဂျောင်မီ ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ My Drama Listဆိုက်က ကြည့်ရှူသူတွေပေးကြတဲ့ Rating 7.8 အထိတောင် ရထားပါတယ်။







(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ နှင်းလဲ့လဲ့ဖြူ ဖြစ်ပါတယ်)

Monday, April 25, 2016

Heroine Disqualified(2015) - မြန်မာစာတန်းထိုး

ဒီကားလေးကတော့ကျွန်တော်(စိုးထွေး)ရဲ့၁၇ကား မြောက်ဘာသာပြန်ကားလေးပါ။
ဒီဇာတ်ကားဟာ IMDb rating 6.8/10 ထိရရှိထားတဲ့ဇာတ်ကားလေးပါ။




ဇာတ်လမ်းအစမှာအမေဖြစ်သူ ကပြစ်သွားပြီးအထီးကျန်နေတဲ့ကောင်လေးတစ်ယောက်နဲ့အစပြုထားပါတယ်။ ငယ်ငယ်လေးကတည်းက အဲဒီကောင်လေးအပေါ်အသနားပိုပြီး သံယောဇဉ်ဖြစ်နေမိတဲ့ကောင်မလေး . . . တစ်ယောက်အသက် အရွယ်လေးတွေရလာတဲ့အခါ ထိုကောင်လေးက စော်ကြည်ဘဲSKBဖြစ်နေတဲ့အခါ ထိုကောင်မလေး ဘာတွေလုပ်မလဲ၊ ထိုကောင်လေးနဲ့ကောင်မလေး ကြားဝင်လာတဲ့ခပ်ချောချောကောင်လေးတစ်ယောက်နဲ့ ရိုးသားအေးဆေးတဲ့ကောင်မလေးတစ်ယောက်၊ ကောင်လေးနဲ့ထိုရိုးရိုးသားသားပုံတုံးမလေး ကြိုက်သွားတဲ့အခါကျန်နေခဲ့တဲ့ကောင်မလေးဘာလုပ်မလဲ၊ ဘာဆက်ဖြစ်မလဲ၊ ဇတ်ကားတစ်ကားလုံး မချင့်မရဲမှုတွေ၊ အသနားပိုမှုတွေ၊ သံယောဇဉ်တွေ ချစ်ခြင်းမေတ္တာတွေ အပြည့်အဝဖော်ဆောင်ထားတဲ့ ဇတ်ကားကောင်းလေးတစ်ကားပါပဲ။ Attack on Titans ဂျပန်ကားလေးကိုဝင်ငွေစံချိန်ချိုးထားနိုင်ခဲ့တဲ့ ဒီဇာတ်ကားလေးကို အခု CM ပရိတ်သတ်တွေဆီပို့ပေးလိုက်ပါပြီ။ စိတ်ကျေနပ်မှုရပြီးအချိန်ပေးကြည့်ရကျိုးနပ်မယ့် ဇာတ်ကားကောင်းလေးတစ်ကားလို့ညွန်းချင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Ko Soe Htwe ဖြစ်ပါတယ်။)
@San Win Maung

File Size                          : 900 Mb
Quality                            : HD 720P
File Size 2                       : 400 Mb
Quality                            : 360P
Running Time                  : 1h 52m
Translator                       : Soe Htwe
Encoder                         : San Win Maung 


Download and Direct Watch HD720P

Download and Direct Watch small file 360P


Clash of the Titans & Wrath of the Titans (မြန်မာစာတန်းထိုး) Special Package

Clash of the Titans(2010) မြန်မာစာတန်းထိုး

IMDb (5.8/10) Rotten Tomotoes (28%)
 
File size...(900MB)  
Quality....BR-Rip 720p
Format...mp4
Duration....01:46:07
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung


  
Wrath of the Titans (2012) မြန်မာစာတန်းထိုး


IMDb (5.8/10) Rotten Tomotoes (25%)

File size...(900MB)  
Quality....BR-Rip 720p
Format...mp4
Duration....01:39:12
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung



Admin Team: Channel Myanmar

A Good Day To Have An Affair(2007) မြန်မာစာတန်းထိုး ၁၈++++

ဒီကား လေးက ကို တော့..ညွန်းပြရမယ် ဆို..အိမ် ထောင် ရေးဇတ် လမ်းကိုရိုက် ကူးထားတဲ့ပုံစံ လေးပါ...သို့ ပေမဲ့ ...အိမ် ထောင် ရေးမှာ ဖောက် ပြန် တဲ့မိန်းမနှစ် ယောက် အ ကြောင်းကိုအသား ပေးရိုက် ကူးထားတာလို့ ပြောရင် ပိုမှန် ပါလိမ့် မယ် ..အဲဒီလို ဖောက် ပြန် လို့လဲ.. နောက် ဆုံးမှာသင် ခန်းစာအကြီးကြီးရသွားပုံကိုမြင် တွေ့ကြရဦးမှာဖြစ် ပါတယ် ဇတ် ကားက ၁၈+++ဆန် ပြီး သုံးထားတဲ့စကားလုံးအသုံးအနှုန်း တွေနဲ့ အိမ် ကမိသားစုနဲ့အတူကြည့် ဖို့မသင့်  တဲ့အခန်း တွေပါဝင် တာမို့ ကိုယ့် ဟာကိုယ် ဆင် ပြေကြည့် ကြပါ အများကြီးညွန်း နေရင် ဇတ် ကား ပေါ်အရသာ ပေါ့သွားမှာစိုးတဲ့အတွက် အညွန်းကိုဒီ လောက် နဲ့ပဲနိဂုန်းချုပ် ပါရ စေ

File Size         : 740 MB
Quality           : Dvd Rip
Running Time : 1hr 43 minute
Format           : Mp4
Genre             : Comedy, Romance
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ John La Yaungပဲ ဖြစ်ပါတယ်)

Sunday, April 24, 2016

Enemy At The Gate (2001) မြန်မာစာတန်းထိုး



IMDb rateing 7.4 ရှိတဲ့
Enemy at the Gates မှာ
D-Day မတိုင်ခင် ဂျာမန်တို့လက်သံပြောင်ခဲ့တာကိုကြည့်ချင်တဲ့ သူတချို့အတွက်တော့
အထိုက်အလျောက် ကျေနပ်မှာပါ ဆိုဗီယက်တို့ရဲ့စတာလင်ဂရက်မြို့(ယခု စိန့်ပီတာစဘတ်မြို့)
ကို ဂျာမနီဝင်တိုက်သောအခါဝယ်.....

မျှော်လင့်ချက်ကုန်ဆုံးနေတဲ့  ဆိုဗီယက်တို့အတွက် သူရဲကောင်းတယောက်
ပေါ်လာခဲ့တဲ့ သူက ဗာစီလီဇိုင်းဆက်ဗ်လို့ခေါ်တဲ့ရူရယ်တောင်တန်းဘက်က
လာတဲ့လက်ဖြောင့်တပ်သားတယောက် ...
စိန့်ပီတာစဘတ်မြို့ကျသွားရင် ဆိုဗီယက် တနိုင်ငံလုံး ပြိုကွဲမယ့်အခြေအနေမှာ
သူက ဆိုဗီယက်တွေတိုက်ချင်ခိုက်ချင်စိတ်ပေါ်လာအောင်နှိုးဆွခဲ့တဲ့သူရဲကောင်းတယောက်ဖြစ်သလို
ဂျာမန်တွေအတွက်တော့အိပ်မက်ဆိုးဖြစ်ခဲ့တယ်

ဂျာမန်ဘက်ကလဲ သူ့ကို နှိမ်နင်းဖို့အတွက် ဗိုလ်မှူးကိုနင် ဆိုတဲ့
ဝါရင့်လက်ဖြောင့်သမားတယောက်စေလွှတ်လိုက်တဲ့အခါမှာ
ပညာ သမ္ဘာအတွေ့အကြုံ သာလှတဲ့ ဗိုလ်မှူးကိုနင်ရဲ့အောက်မှာ
ရုရှားကောင်လေးဘယ်လောက်တောင် စိတ်ဒုက္ခရောက်မလဲ
သူ့မိတ်ဆွေတွေရောဘယ်လောက်တောင်ဆုံးရှုံးရမယ်လဲ ဆိုတာ......
ကိုတော့ ဆက်လက်အားပေးခံစားကြပါအုံး။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ကို မြန်မာကြီး ခေါ် ကို အောင်အောင်ဦးပါ)


File size...(900MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Encoder....Aung Aung Oo
Translator ...... Aung Aung Oo 



အစမ်းကြည့်ရန်

The Walk (2015) မြန်မာစာတန်းထိုး




Imdb (7.4) အထိရရှိခဲ့သည်​။
The Walk ဇာတ်​ကားသည်​ ကြိုးတန်းလမ်း​လျှောက်​​သော သူတစ်​ဦး၏ ဘဝ ၊ အိပ်​မက်​ ၊ အခက်​အခဲများ ၊ မိတ်​​ဆွေ​ကောင်းတို့၏ ​မေတ္တာ ကိုထင်​ဟပ်​ပြသထား​သော ရုပ်​ရှင်​ကား​ကောင်းတစ်​ကားဖြစ်​သည်​။
Eiffel Tower ထက်ပိုမြင့်​​သော Twin Towers ပေါ်တွင်​ ကြိုးတန်းလမ်းလျောက်ပြသွားတဲ့ Philippe ဆိုတဲ့ လူတစ်ယောက်အကြောင်းပါ ။

၁၉၇၄ ခုနှစ်ကနေ ဒီနေ့ ဒီအချိန်ထိ သူ့ရဲ့
ကြိုးတန်းလမ်းလျောက်ပြတဲ့စံချိန်ကို ဘယ်သူမှမချိုးနိုင်သေးပါဘူး ။
ကမ္ဘာ့ပထမဆုံးနဲ့နောက်ဆုံး အမြင့်ဆုံးနေရာမှာကြိုးတန်းလမ်းလျှောက်ပြတဲ့လူတစ်ယောက်ဖြစ်​ပါတယ်​။
လမ်း​ဘေးမှ ကြိုးတန်းလမ်း​လျှောက်​သူဘဝမှ​နေပြီး အမှတ်​မထင်​ မဂ္ဂဇင်းစာမျက်​နှာမှ ​တွေ့ရှိရ​သော ကမ္ဘာ့အမြင့်​ဆုံး Twin Towers ​ပေါ် တွင်​ ကြိုးတန်း​ပေါ်လမ်း​လျှောက်​ပြချင်​​သော Philippe တစ်​​ယောက်​ အိပ်​မက်​​တွေ စတင်​ဖြစ်​​ပေါ်လာပုံ ။ မိတ်​​ဆွေသူငယ်​ချင်း​ကောင်းများစွာနှင့်​ ​တွေ့ဆုံပုံ ၊ အခက်​အခဲများကြုံ​တွေ့ပါ​စေ ​နောက်​မဆုတ်​တမ်းဖြတ်​​ကျော်​မှူ့များ ကို ကြည့်​ရှူ့ရပါမည်​။

Twin Towers ​ပေါ်တွင်​ လမ်း​လျှောက်​ရန်အတွက်​ ဘယ်​လိုအခက်​အခဲများကို ရင်​ဆိုင်​​ဖြေရှင်းရမလဲ ၊ သူငယ်​ချင်းမိတ်​​ဆွေများ၏ အ​ရေးပါပုံ ၊ လက်​​တွေ့​လျှောက်​​သောအခါ ကြိုတင်​ကြံစည်​ထားသည်​နှင့်​မတူပဲ အခက်​အခဲများကို ဖြတ်​​ကျော်​ရပုံများကို The Walk ရုပ်​ရှင်​တွင်​ ဆက်​လက်​ကြည့်​ရှူ့ ပါ။
(ဇာတ်လမ်း အညွှန်းနဲ့ ဘာသာပြန်ကတော့ မေမြတ်နိုး ပါ )


File Size :800MB
Quality :720BlueRay
Format :MP4
Duration :01:40:43
Substitle :Myanmar Substitle(hardsub)
Translator :May Myat Noe
Encoder :Aung Pyay




အစမ်းကြည့်ရန်



Kung Fu Dunk (2009) မြန်မာစာတန်းထိုး



ဒီဇာတ်ကားလေးဟာ Imdb Rating 4.8 သာရရှိခဲ့ပေမဲ့ ကွန်ဖူးသိုင်းကွက်နဲ့ ဘတ်စကတ်ဘောအားကစားကိုပေါင်းစပ်ထားပြီးကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားပါ ။   ။
ဇာတ်ကားအညွှန်းဟာဆိုရင်ဖြင့်  ဖန်းရှီကျယ် ဆိုတဲ့ ကလေးတစ်ယောက်ကို ဘတ်စကတ်ဘောကွင်းဘေးနားကအမှိုက်ပုံမှာသိုင်းကျမ်းတစ်အုပ်နဲ့အတူ သိုင်းသမားကြီးတစ်ယောက်ကကောက်ရခဲ့တာနဲ့အစပြုထားပါတယ် အဲ့ဒီသိုင်းကျမ်းစာအုပ်ဟာ ဒီဇာတ်ကားရဲ့အသက်လည်းဖြစ်ပါတယ် တစ်နေ့ဖန်းရှီကျယ်အရွယ်ရောက်လာတဲ့အခါမှာတော့  သူ့ဘဝရဲ့အချိုးကွေ့တစ်ခုကိုဖြစ်ပေါ်စေမဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပြီး အဲ့ဒီလူကြောင့်ပဲ ကလပ်တစ်ခုမှာပြသနာတက်ရကာသိုင်းကျောင်းကနေထုတ်ပယ်ခံလိုက်ရပါတယ်  အဲ့ဒီနောက် ထိုလူရဲ့  အကြံပြုချက်ကြောင့်ဖန်းရှီကျယ်တစ်ယောက် ဘတ်စကတ်ဘောကစားရင်းမိဘရင်းတွေကိုရှာဖွေမယ်ဆိုတဲ့ဆောင်ပုဒ်နဲ့အတူ ဘတ်စကတ်ဘောလောကကိုခြေစုံပစ်ဝင်လာခဲ့ပြီး ပြိုင်ဘက်တွေကိုအနိုင်ကစားရင်း နဲ့ မိဘရင်းတွေကိုရှာတွေ့မလား အသင်းနဲ့ဝေးကွာနေတာကြာပြီဖြစ်တဲ့ ဆုဖလားကိုရောပြန်ယူပေးနိုင်မလား သူတိတ်တခိုးချစ်ခဲ့ရတဲ့ကောင်မလေးရဲ့  အချစ်ကိုရောပြန်လည်ရနိုင်ပါ့မလားဆိုတာသိချင်ရင် Kung Fu Dunk ဆိုတဲ့ဒီဇာတ်ကားလေးကိုသာဒေါင်းကြည့်ကြပါလို့ပြောချင်ပါတယ်။
ဘာသာပြန် နဲ့ အညွှန်းကိုတော့ မိုးဦးမာန် ကရေးသားပေးခဲ့တာပါ။

File size...(900MB)
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Encoder....Aung Pyay
Translator ...... Moe Oo Mann

Download & Watch 720p (800MB)


အစမ်းကြည့်ရန်





Saturday, April 23, 2016

The Finest Hour (2016) မြန်မာစာတန်းထိုး




အသက်အန္တရာယ်ကြားကနေ ရုန်းကန်လွတ်မြောက်ဖို့ကြိုးစား
ရတဲ့အခက်ခဲဆုံး အချိန်တွေဟာ ကြုံတွေ့နေရတုန်းကတော့
သေမလောက်ထိတ်လန့်စရာကောင်းပေမယ့်
ကျော်ဖြတ်လွန်မြောက်ပြီးတဲ့အခါ မှာပြန်ပြောပြစရာဇာတ်လမ်းလေး
တစ်ခုအဖြစ် ဘာနဲ့မှမလဲနိုင်တဲ့
ဘဝရဲ့အကောင်းဆုံးအချိန်တွေဖြစ်နေတက်ပါတယ်

ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးရဲ့ဇာတ်အိမ်ကို
မုန်တိုင်းထန်တဲ့နေ့တစ်နေ့ရဲ့ ညတစ်ညမှာ
ဆီတင်သဘောင်္တွဲကြီး နှစ်စင်းဟာ
ပင်လယ်ထဲမှာထက်ပိုင်းကျိုးထွက်သွားတာနဲ့
ဇာတ်အိမ်တည်ထားပါတယ်
ဒီသတင်းကိုကြားလိုက်ရတဲ့ မြို့လူထုရော
ကမ်းခြေစောင့်ကယ်ဆယ်ရေးတပ်ဖွဲ့တွေရောဗျာများကုန်ကြပြီး
ကယ်ဆယ်ရေးတပ်ဖွဲ့တွေကိုလွှတ်ကြရပါတော့တယ်
ဒီမှာပဲ မင်းသား ဘာနီဝက်ပါဆိုတဲ့ လူငယ်လေးခေါင်းဆောင်တဲ့ လူလေးယောက်အဖွဲ့ဟာ
မုန်တိုင်းထန်နေတဲ့ပင်လယ်ပြင်မှာကယ်ဆယ်ရေးခရီးစဉ်ကို
ထွက်လာရပါတော့တယ်
တစ်ဖက်မှာလဲ ထက်ပိုင်းကျိုးနေတဲ့သဘောင်္ပေါ်က
သဘောင်္သားတွေရဲ့ အသက်
ရှင်သန်ဖို့ကြိုးစားအားထုတ်ကြရပုံ
တွေကိုတင်ဆက်ထားပြန် ပါတယ်
ဆဲလ်ဘက်လို့ခေါ်တဲ့သဘောင်္သားရဲ့ခေါင်းဆောင်
ှုမှုအောက်မှာသဘောင်္သားတွေ ရှင်သန်ဖို့ဘယ်လိုကြိုးစားကြ
ရမလဲ ကယ်ဆယ်ရေးအဖွဲ့က ဘာနီဝက်ပါရဲ့အားထုတ်ကြိုးပမ်းမှုကရော
သဘောင်္သားတွေကို ကယ်ထုတ်လာနိုင်ပါ့မလား
ကိုယ်တိုင်လဲ ချစ်သူ မီရီယန် ဆိုတဲ့မိန်းမပျိုလေးနဲ့
လက်ထပ်တော့မယ့် ဘာနီဟာ မိမိချစ်သူဆီကိုပြန်နိုင်ပါ့မလား
လူများစွာရဲ့မိသားစုတွေကိုရောပြန်လည်ပေါင်းစည်းပေးနိုင်ပါ့
မလားဆိုတာကိုတော့……………………

ဇာတ်ကားအစအဆုံး ရင်တမမကြည့်ရမယ့်
ဒီဇာတ်ကားလေးဟာ IMDb rating 6.9/10ရရှိထားပြီး
Action,Drama,History အမျိုးအစားဖြစ်ပါတယ်
Actionကားကြိုက်နှစ်သက်သူတွေ
အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားလဲဖြစ်ပါတယ်။
ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Translator Han Htoo Zaw ကရေးသားပေးခဲ့တာပါ။

File Size :800MB
Quality :720BlueRay
Format :MP4
Duration :01:40:43
Substitle :Myanmar Substitle(hardsub)
Encoder            :Aung Pyay
Translator         :Han Htoo Zaw

Download & Watch 720p (700MB)

Download & Watch 360p (400MB)

အစမ်းကြည့်ရန်


Power Rangers Dino Charge-TV Series - မြန်မာစာတန်းထိုး


( April Fool လုပ်မိလို့ အလျော်ပြန်ပေးတဲ့အနေနဲ့တင်ပါသည် . . . ငိငိ )
2015 မှာ Season 1 , episode 34 ပိုင်းထိ ထွက်ရှိထားတဲ့ ပါဝါရိန်းဂျားကားသစ်လေးကို cm ပရိတ်သက်ကြီးအတွက်တင်ပေးချင်ပါတယ်။ ကလေးတွေအတွက်တော့အကြိုက်ဆုံးဖြစ်သလို တစ်ချို့လူငယ် လူကြီးတွေတောင် အခုထိကြိုက်တုန်းပဲဆိုတာ ငြင်းမရပါဘူး။ ဒီနှစ် 2016 ထဲမှာတော့ Season 2 ကိုဆက်လက်ထွက်ရှိမှာပါ။ ဒီဇာတ်ကားလေးမှာ IMDb rating အနေနဲ့ 7.1/10 ထိတောင်ရရှိထားပါတယ်။ အခုတော့ ပထမဆုံးအပိုင်းကိုတင်ပေးမှာ တင်ပြီးတာနဲ့ ဘာသာပြန်သူတွေအမြန်ဆုံးပြန်ပေးသလောက်ကို အမြန်ဆုံး တင်ပေးဖို့အတွက် ကျွန်တော်တို့ ကြိုးစားပေးပါ့မယ်။ ဒီပိုစ့်မှာ ကျန်တဲ့အပိုင်းများဆက်လက်တင်ပေးသွားပါမယ်။
(ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ CM Team မှ Moe Myint Lwin ပဲဖြစ်ပါတယ်။)
@San Win Maung


File Size                          : 400 Mb
Quality                            : HD 720P
Running Time                  : 23m
Translator                       : Moe Myint Lwin
Encoder                         : San Win Maung 


Season 1 E01 >>>   Download and Direct Watch HD720P

Season 1 E02 >>> Download and Direct Watch HD 720P

Resident Evil (1 to 5) မြန်မာစာတန်းထိုး Special Package

Resident Evil 1 (2002)



Imdb 6.7 ရရှိခဲ့သည်​။ Driector Paul W.S Andrewson ၏ ​အောင်​မြင်​ခဲ့​သောဇာတ်​လမ်းများထဲမှ တစ်​ကားအပါအဝင်​ဖြစ်​သည်​။ Alice အဖြစ်​သရုပ်​​ဆောင်​သူ Milla Jovovich ၏ မှတ်​တိုင်​ဇာတ်​ကားတစ်​ကားလည်းဖြစ်​ခဲ့သည်​။

2002 ခုနှစ်​တွင်​ Resident Evil ကိုစတင်​မိတ်​ဆက်​ခဲ့ပြီး Resident Evil သည်​ 2002 မှစပြီး ​အောင်​မြင်​သော​ကြောင့်​ Game Video ပါထွက်​ခဲ့​သော ဇာတ်​ကားဖြစ်​ပါသည်​။

Umbrella ဆို​သော ဓာတ်​ခွဲခန်းတွင်​ DNA ​ပေါင်းများစွာကို ​ပေါင်းစပ်​ပြီး လျှို့ဝှက်​စမ်းသပ်​ခဲ့ကြသည်​။ ထိုစမ်းသပ်​ခန်းထဲတွင်​မှ ​ပေါက်​ကွဲမှူ ​ပြီး အမျိုးအမည်​မသိ​သော ​သတ္တဝါဆန်းကြီးဖြစ်​​ပေါ်လာ​လေသည်​။ ထိုဓာတ်​ခွဲခန်းထဲတွင်​ရှိ​သော သက်​ရှိအရာများသည်​ အမျိုးအမည်​မသိ​သော သတ္တဝါဆန်းများဖြစ်​လာ​ခဲ့ပါသည်​။ ထိုအချိန်​တွင်​ စမ်းသပ်​ခန်းတွင်​ရှိ​နေ​သော Alice (Milla Jovovich) သည်​ ထိုသတ္တဝါများကို မည်​ကဲ့သို့ရင်​ဆိုင်​မည်​နည်း ၊ ​သတ္တဝါဆန်းများကို နှိမ်​နှင်းနိုင်​ပါ့မလားဆိုတာ ပိတ်​ကားတွင်​ဆက်​လက်​ကြည့်​ရှူ့ ပါရန်​။ ထိုသတ္တဝါဆန်းကြီးများလက်​မှ လွတ်​​မြောက်​ပါမလား အသက်​ဆက်​ရှင်​နိုင်​ပါမည်​လားဆိုတာကို သည်းထိတ်​ရင်​ဖို ခံစားကြည့်​ရှူ့ကြပါရန်​။
(ဇာတ်ကားအညွန်းကိုတော့ Moe Nay ကရေးသားပေးထားတာပါ။)

File Size       : 1GB /400Mb

Duration       : 1 hr 51 min

Encoder        : KaYwa

Quality          : 1080p/360p

Translator      : Tariq L Walker


Download & Watch 1080p (1GB)

Download & Watch Small 360p (400MB)


=================================================

Resident Evil 2 : Apolocalypase (2004)


Imdb 6.2 ထိရရှိခဲ့​သောဇာတ်​ကား​ကောင်းဖြစ်​သည်​။
Resident Evil (2002) ​အောင်​မြင်​ပြီး​နောက်​ 2004 ခုနှစ်​တွင်​ Resident Evil (2004) ကိုဆက်​လက်​ရိုက်​ကူးခဲ့သည်​။ ပထမဇာတ်​ကားမှ အဖြစ်​အပျက်​များဖြစ်​ပွားပြီး​နောက်​ Alice သည်​ ​ တစ်​စုံတစ်​​ယောက်​မှ မရှိ​သော ဆေးရုံမှ နိုးလာ​သောသည်​။ ထို့​နောက်​ တစ်​မြို့လုံးကို လှည့်​လည်​ကြည့်​ရှူ့​လေသည်​ ။ သို့​သော်​ လူတစ်​ဦး၏ အရိပ်​အ​ခြေကိုမမြင်​ရ​ပါ။
T-Virus ဟု​ခေါ်​သော ​ရောဂါပိုးတစ်​မျိုးက ထို့မြို့တွင်​ ကူးဆက်​လျက်​ရှိသည်​။ ထိုမြို့မှ မြို့ခံများအားလုံး zombie အဖြစ်​​ပြောင်းလဲကုန်​ကြ​လေသည်​။ သို့​သော်​ ၎င်းမြို့တွင်​ ထွက်​​ပေါက်​ဟူ၍ တစ်​​ပေါက်​တည်းသာရှိ​ပါသည်​။

Umbrella Coporation မှ Hacker သည်​ မြို့၏ CCTV System ကို Hack လိုက်​ပြီး Alice အသက်​ရှင်​​နေ​ကြောင်း နှင့်​Umbrella Coporation မှ တာဝန်​ရှိသူများအသက်​ရှင်​​နေ​ကြောင်းသိရ​လေသည်​။ Nuclear ​​ဖောက်​ခွဲမည်​ကိုသိရ​သော Alice ၊ ထို Nuclear ကို တားနိုင်​မည်​လား ၊ Alìce နှင့်​ Umbrella မှ တာဝန်​ရှိသူများ မည်​ကဲ့သို့ ထိပ်​တိုက်​ရင်​ဆိုင်​ကြမည်​လည်း ၊  Alice လွတ်​​မြောက်​နိုင့မည်​လား ၊ မည်​ကဲ့သို့ Zombie များကို ရင်​ဆိုင်​မည်​နည်းဆိုတာကို​တော့ ပိတ်​ကား​ပေါ်တွင်​ဆက်​လက်​ကြည့်​ရှူ့ပါ။


Quality....1080p Brip 
Format...mp4
Duration : 1:59:12
Subtitle....Myanmar Subtitle (Hardsub)
Translated By ..... Tariq L Walker
Encoder.... KaYwa

Download & Watch 1080p HD(900MB)

Download & Watch 360p (400MB)


==============================================


Resident Evil 3 : Extinction (2007)



Raccoon City ဟာ ဖုတ်ကောင်တွေရဲ့လက်ချက်ကြောင့်ပျက်စီးသွားခဲ့တဲ့နောက်ပိုင်းဖြစ်ရပ်များအနေနဲ့ ဇာတ်လမ်းကိုဦးတည်ထားပါတယ် အဲလစ်တစ်ယောက်ဟာ  ဒီဖြစ်ရပ်တွေအပြီးမှာ Umberlla Corp ရဲ့လုပ်ရပ်တွေကိုရှင်းရှင်းလင်းလင်းသိသွားပြီးနောက် တစ်ကိုယ်တော်ခရီးထွက်လာခဲ့ရာမှ Nevada သဲကန္တာရတွင်းရှိ Kmart တစ်ခုမှ လမ်းညွှန်မြေပုံတစ်ခုကိုတွေ့ရှိခဲ့ပြီးခရီးဆက်ခဲ့ရာမှ လမ်းခုလတ်တွင် ဇွန်ဘီကျီးကန်းများတိုက်ခိုက်မှုကြောင့်  ဒုက္ခတွေ့နေတဲ့ ကလာရာရက်ဖီးလ် ဦးဆောင်တဲ့ ရှင်ကျန်သူတစ်စုနဲ့ပူးပေါင်းမိပြီး Las Vegas ကိုခရီးထွက်ခဲ့ရာ သူတို့ရဲ့သွားလိုတဲ့ပန်းတိုင်ကို ချောချောမွေ့မွေ့ရောက်နိုင်ပါ့မလား ဘာတွေဆက်ဖြစ်ကြမလဲ အဲလစ်ရဲ့စိတ်စွမ်းအင်ဟာလည်း ဒီဇာတ်ကားမှာတော့ပိုအားကောင်းလာတာကိုတွေ့ရမှာပါ။
(ဇာတ်ကားအညွှန်းကိုတော့ မိုးဦးမာန်က ရေးသားပေးခဲ့တာပါ။)

Quality....1080p Brip 
Format...mp4
Duration : 1:30:12
Subtitle....Myanmar Subtitle (Hardsub)
Translated By ..... Tariq L Walker
Encoder.... Aung Pyay

Download & Watch 1080p (1GB)

Download & Watch 360p (400MB) 

===========================================

Resident Evil 4 : Afterlife (2010)



ကမ္ဘာကြီးတစ်ခုလုံးဖုတ်ကောင်တွေရဲ့  တိုက်ခိုက်မှုခံခဲ့ရပြီးချိန်မှာတော့  အဲလစ် တစ်ယောက်ဟာ umbrella corp ကို ထိပ်တိုက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါပြီ  ကလယ်ရာရက်ဖီးလ်  ဦးဆောင်တဲ့ ရှင်ကျန်သူအုပ်စုနဲ့လမ်းခွဲထွက်လာပြီးတဲ့နောက် လမ်းခရီးမှာတိုက်ခိုက်မှုမျိုးစုံနဲ့ကြုံရပါတော့တယ် တစ်နေ့မှာ ရေဒီယိုလိုင်းတစ်ခုပေါ်မှ အရေးကြီး ထုတ်လွှင့်ချက်တစ်ခုရပြီးတဲ့နောက်မှာတော့  Arcadia ဆိုတဲ့နေရာလေးကိုထွက်ခဲ့ရာမှ တစ်ချိန်ကသိကျွမ်းခဲ့ဖူးတဲ့ ကလယ်ရာရက်ဖီးလ်  ကို အတိတ်မေ့သူတစ်ဦးအနေနဲ့လည်းပြန်တွေ့ခဲ့ရပြီး နှစ်ယောက်အတူဆက်လက်ခရီးနှင်ခဲ့ရာမှ Los Angeles မြို့ရှိအဆောက်ဦးတစ်ခုပေါ်လေယာဉ်ဆင်းသက်ခဲ့ရာမှာ လူသာဝက်စ်  ဦးဆောင်တဲ့ ရှင်ကျန်သူအုပ်စုတစ်စုနဲ့တွေ့ဆုံခဲ့ပြီးနောက် Arcadia ဆိုတာဘာလဲဆိုတာသိခဲ့ရတဲ့အပြင် ထူးဆန်းစွာနဲ့ ကလယ်ရာရက်ဖီးလ်  ရဲ့အစ်ကိုဖြစ်သူ ခရစ်ရက်ဖီးလ်  ကို လူသာဝက်စ်တို့ရဲ့အကျဉ်းသားတစ်ဦးအဖြစ်တွေ့ခဲ့ပါတယ်
အဲ့ဒီနောက်ပိုင်း အဲလစ်တို့လူစု Arcadia ကို ဘယ်လိုသွားကြမလဲ သူတို့လွတ်မြောက်နိုင်ပါ့မလား ဒီဇာတ်ကားမှာတော့  အဲလစ်နဲ့ Umbrella Corp တို့ရဲ့  တွေ့ဆုံမှုကအမြင့်ဆုံးအနေထားကိုရောက်လာပါပြီ

Quality....1080p Brip 
Format...mp4
Duration : 1:59:12
Subtitle....Myanmar Subtitle (Hardsub)
Translated By ..... Tariq L Walker
Encoder.... KaYwa

Download & Watch 1080p (969MB)

Download & Watch 360p


==================================================

Resident Evil 5 : Retribution (2012)



အဖွင့်မှာတော့  After life ကဖြစ်ပျက်ခဲ့တဲ့ Arcadia မှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေနဲ့စတင်ထားပြီး အမည်မသိတပ်သားတွေရောက်လာပြီးတဲ့နောက်မှာ Arcadia အမည်တွင်တဲ့ သင်္ဘောကြီးဟာပေါက်ကွဲပျက်ဆီးသွားခဲ့ပြီး အဲလစ် ဟာလည်း ပင်လယ်ထဲမျောပါသွားပါတယ်
Raccoon City မှာရှိတဲ့ အဲလစ်ဟာတော့သူ့ခင်ပွန်း တော့ဒ်  သူမသမီးငယ် ဘက်ကီ တို့နဲ့အတူငြိမ်းချမ်းစွာနေထိုင်လျက်ရှိပြီး တစ်ရက်မှာ ဘယ်ကရောက်လာမှန်းမသိတဲ့ဖုတ်ကောင်တွေရဲ့တိုက်ခိုက်မှုကို ခံရပြီး မြို့ပါပျက်စီးသွားပါတော့တယ် အဲလစ်ကရောလွတ်မြောက်နိုင်ပါ့မလား ဒီဇာတ်ကားမှာတော့ အရင် ဇာတ်လမ်းတွေမှာရင်းနှီးခဲ့တဲ့ ဇာတ်ကောင်တွေကိုပြန်တွေ့ရမှာဖြစ်ပြီး အနည်းငယ်နားမလည်နိုင်စရာကောင်းပြီးရှုပ်ထွေးနေပါလိမ့်မယ် ဇာတ်ကောင်အသစ်တွေအနေနဲ့ကတော့  Gamer တွေရင်းနှီးခဲ့တဲ့ Resident Evil 4 မှ လီယွန်အက်ဖ်ကနေဒီနဲ့  အာဒါဝေါင်  တို့ပါဝင်လာမှာပါ ဂျေးဗယ်လင်တိုင်း ကိုလည်း သတိရကြဦးမှာပါသူတို့တွေပူးပေါင်းပြီး Umbrella Corp ကိုဖျက်ဆီးဖြိုခွဲနိုင်မှာလား ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာ ကိုရင်တထိတ်ထိတ်နဲ့မထတမ်း ကြည့်ရှုရမှပါ။
( အညွန်းကိုတော့ Moe Oo Mann ကရေးသားပေးခဲ့တာပါ)

Quality....1080p Brip 
Format...mp4
Duration : 1:30:12
Subtitle....Myanmar Subtitle (Hardsub)
Translated By ..... Tariq L Walker
Encoder.... Aung Pyay




Admin Team : Channel Myanmar