Thursday, April 7, 2016

The Intern (2015) မြန်မာစာတန်းထိုး



မင်းသားကြီး Robert De Niro နှင့် မင်းသမီးချော Anne Hathaway တို့ ပါဝင်သရုပ်ဆောင်ထားပြီး

           Director: Nancy Meyers မှ ရိုက်ကူး၍ September 24, 2015 တွင် ရုံတင်ပြသနိုင်ခဲ့ပြီး

ဝင်ငွေ ဒေါ်လာ ၁၉၄ သန်းကျော် ရရှိအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်...

ဒီဇတ်လမ်းကို မကြည့်ခင် ပိုစတာကို ကြည့်ပြီး ကညာပျို နဲ့ သက်ကြားအို အချစ်ဇတ်လမ်းလို့

ရူးရူးမိုက်မိုက် တွေးခဲ့မိသေးတယ် ကျနော့်အကျင့်က ရုပ်ရှင်မကြည့်ခင် Review မဖတ်ပဲ

ပိုစတာကြည့် ခန့်မှန်းတက်တဲ့ အကျင့်လေး ရှိတာပါ...

ဒါပေမယ့် တက်တက်စင်အောင် လွဲခဲ့ပါတယ်...

ဇတ်လမ်းပုံစံကတော့ အသက် ၇၀ ရှိပြီဖြစ်တဲ့ ဘန် တစ်ယောက် ဇနီး ဆုံးပြီးကတည်းက

ဘ၀ ကို တစ်ယောက်ထဲ အချိန်တွေ ဖြုန်းနေရပါတယ် အိမ်တွင် ထိုင်နေရာကို 

အလွန်စိတ်ကုန်နေသူပါ...

တစ်ရက်မှာတော့ အလုပ်ကြေညာ တစ်ခုတွေ့ခဲ့ပြီး သက်ကြီးအလုပ်သင် တစ်ဦးကို

Online Shopping ကုမ္မဏီ တစ်ခုမှ ခေါ်ယူနေတာကို တွေ့ပြီး အလုပ်လျှောက်ခဲ့ပါတယ်

အ၀တ်ထည်ရောင်းတဲ့ Online Shopping ရဲ့ CEO ဟာ ဂျူလီ လို့ခေါ်တဲ့

အင်မတန် ဇီဇာကြောင်ပြီး တစ်နိုင်တစ်ပိုင် လုပ်ငန်းကြီးတစ်ခုဖြစ်အောင် 

ကြိုးစားလာခဲ့တဲ့ အိမ်ထောင်ရှင် ကလေးအမေ တစ်ယောက်ရဲ့ လက်အောင်မှာ

အလုပ်သင် ၀န်ထမ်းအနေနဲ့ ဘန် အလုပ်ဝင်ရမှာပါ...

အသက်ကြီးကြီးလူကြီးတွေကို ကြည့်မရတဲ့ ဂျူလီ နဲ့ စေစ့ပ်သေချာပြီး လူကြီးလူကောင်းပီသတဲ့

သက်ကြီးဝန်ထမ်း ဘန် တို့ ဘယ်လို စခန်းသွားကြမလဲ ဆိုတာ

ဆက်လက် ကြည့်ရှုလိုက်ကြပါ ခင်ဗျာ...

(သစ်ဆန်းခန့်)

Download Link
=============




 IMDb Rate - 7.2/10
 File size - ( 1.5 GB )
Quality - DVD Rip 1080P
Format - MP4
Duration - 2h  2m
Subtitle - Myanmar Subtitle
Encoder - Thit San Khant


No comments:

Post a Comment