Thursday, September 3, 2015

Journey 2The Mysterious Island(2012) မြန်မာစာတန်းထိုး



၁၇နှစ်အရွယ် Sean Anderson ဟာ တစ်နေ့မှာတော့ ထူးဆန်းတဲ့ စကားဝှက်တစ်ခုကို ရခဲ့ပါတယ်။ အဲ့စကားဝှက်ကို သူ့ရဲ့ ဒုတိယအဖေ (ပထွေး) ဖြစ်သူ Hankက ဖော်ပေးခဲ့ပါတယ်။ အကြောင်းအရာကတော့ Seanရဲ့ အဘိုးဖြစ်သူ Alexandre Andersonဟာ ပစိဖိတ်သမုဒ္ဒရာ ကျွန်းစုတွေရဲ့ အလယ်မှာ ထူးဆန်းတဲ့ ကျွန်းတစ်ကျွန်းကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်တဲ့။ အဲ့ကျွန်းကို July's Verneအပါအဝင် အခြား စာရေးဆရာနှစ်ယောက် ရဲ့ဝတ္ထုတွေမှာ ပါဝင်လေ့ရှိတဲ့ ကျွန်းပါ။ Seanတစ်ယောက် အဲ့နေရာကို သွားချင်စိတ် အလွန်ပြင်းပြလာတာကြောင့် Hankကလည်း အတူ လိုက်ပါလာရပါတော့တယ်။

သူတို့သွားချင်တဲ့နေရာနဲ့ အနီးဆုံးမှာ ရှိတဲ့ အခြားကျွန်းတစ်ကျွန်းကို အရင်သွားပါတယ်။ရောက်တော့ ဒေသခံ Gabatoရဲ့ ရဟတ်ယာဉ်ကို ငှားပြီး ထူးဆန်းသောကျွန်းဘက် ခြေဆန့်ခဲ့ပါတော့တယ်။ လမ်းပြကတော့ Gabatoရဲ့ သမီး Kailani နဲ့ သူ့အဖော်တစ်စုပါ။ လမ်းမှာ ဟာရီကိန်း မုန်တိုင်းမိပြီး နောက်ထပ် အခြားကျွန်းတစ်ကျွန်းပေါ် ပျက်ကျပါလေရော။ထိုကျွန်းပေါ်မှာ သူတို့တွေ့ရှိလိုက်တာတွေက အလွန်လှပပြီး အန္တရာယ်များလှတဲ့ ပတ်ဝန်းကျင်အနေအထားပါ။တောအုပ်တောတန်းတွေက သာယာသလောက် မနှစ်မြို့ဖွယ် သတ္တဝါဆန်းတွေနဲ့ပြည့်နေပါတယ်။ ရွှေချော်ရည်တွေထွက်နေတဲ့ မီးတောင်တွေကိုလည်း တွေ့ရပါသေးတယ်။ Seanရဲ့ အဘိုး Alexandreနဲ့လည်း ပြန်ဆုံကြပြီးနောက်ပိုင်းမှာ ထိုကျွန်းကြီးဟာ တဖြည်းဖြည်းချင်း နစ်မြုပ်နေတယ် ဆိုတာ သိလာရပါတော့တယ်။သူတို့ ဆက်လက်ရှင်သန်နိုင်ဖို့ တစ်ခုတည်းသော အခွင့်အရေးက ယုံတမ်းစကားတွေထဲက Nautilusကို ရှာတွေ့ဖို့ပါ။အဲဒီကျွန်းကနေ လွတ်မြောက်နိုင်မှာလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ပါ


File Size         : 650 MB
Quality           : Blu ray 720P
Running Time : 1hr 34 minute
Format           : Mp4
Genre             : Action, Adventure, Comedy
Encoder         : Joker.phs

Download And watch With Pcloud Link

(ဇာတ်ကားအညွန်းရေးတဲ့သူကတော့ Kaung Myat Thuပဲ ဖြစ်ပါတယ်။ ဒီကားက အရင်ကလဲ  CMမှာတင်ထားပေးဖူးတဲ့ ဇာတ်ကားပါ။ စာဖိုင်နဲ့ တွဲလျက်မဟုတ်တာမို့ ကြည့်ရအဆင်မပြေတဲ့လူတွေအတွက် ပြန်တင်ပေးတာပါ)

@Joker

No comments:

Post a Comment