Tuesday, September 1, 2015

Deja Vu (2006) မြန်မာစာတန်းထိုး



2006 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Deja Vu ဇာတ်ကားကို ဒါရိုက်တာ တိုနီစကော့ကနေရိုက်ကူးခဲ့ပြီး
ပါဝင်သရုပ်ဆောင်ထားတဲ့သူကတော့ Denzel Washington ဖြစ်ပါတယ်..ကျွန်တော်သိပ်ကြိုက်တဲ့
ဇာတ်ကားတစ်ကားဖြစ်တဲ့ John Q ဇာတ်ကားမှာလည်း အဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်
ခဲ့တဲ့သူပါ..အခုတင်ပေးတဲ့ကားကတော့ အက်ရှင် နဲ့ဖိုက်တင်နဲ့ သိပ္ပံဇာတ်လမ်း အမျိုးအစားဖြစ်ပြီး အက်ရှင်ဇာတ်လမ်းကောင်း..သိပ္ပံနဲ့ဆိုင်တဲ့ဇာတ်ကားမျိုးလေးတွေကို
ကြိုက်နှစ်သက်တဲ့သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်..
IMDb Rating ကလည်း 7.0 ရရှိထားတာမို့..ဇာတ်ကားကောင်းတစ်ကားဆိုတာ ငြင်းချက်ထုတ်နေစရာ
မလိုပါဘူး.

အညွှန်းနည်းနည်းပေးရမယ်ဆိုရင်.....

ဇာတ်လမ်းစစချင်းမှာပဲ ရေကြောင်း Ferry တစ်ခုဖြစ်တဲ့ သဘောင်္တစ်ခုမှာ ကျောင်းသားတွေရော.
လူတော်တော်များများပါလိုက်ပါလာပါတယ်..အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတုန်းမှာပဲ သဘောင်္
ပေါ်မှာ တင်ဆောင်လာတဲ့ကားတစ်စီးမှာ ထောင်ထားတဲ့ ဗုံးဟာ ပေါက်ကွဲသွားပါတယ်..သဘောင်္တစ်စီး
လုံးစာကို ပေါက်ကွဲသွားတာဖြစ်ပြီး ကယ်ဆယ်ချိန်လည်းမရသလို..အသေအပျောက်ကလည်းရာချီပါတယ်
ဒီကိစ္စကိုစုံစမ်းဖို့အတွက်ရောက်လာတာကတော့ ATF Agent ဖြစ်တဲ့ ဒေါ့ကာလင်ပါ...အရည်အချင်း
ရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်..သူဟာ နည်းပညာအကူအညီနဲ့ သဘောင်္ဗုံးမပေါက်ခင် လွန်ခဲ့တဲ့
လေးရက်ကို ပြန်လည်သွားရောက်ပြီး ရာဇ၀တ်မှုမဖြစ်ပွားအောင်ကြိုးစားရပါတော့တယ်.
ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှုကြပါ..ဆွဲဆောင်မှုရှိရှိနဲ့ရိုက်ကူး
တင်ဆက်ထားပြီး စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်..

ဒီဇာတ်ကားရဲ့ဘာသာပြန်ကိုတင်ဆက်သူကတော့ ကို Lotus Black ပဲဖြစ်ပါတယ် 

Filesize : 629 MB
Quality : 720p
Format : mp4
Running Time : 126 min
IMDb Rate : 7/10
Translated By Lotus Black



Watch trailer 

No comments:

Post a Comment