Sunday, April 27, 2014
Flying Swords of Dragon Gate (2011) မြန်မာစာတန်းထိုး
Jet Li ပါဝင်တဲ့ သိုင်းဇာတ်ကားပါ...
ကင်မရာအယူအဆတွေ...Visual Effect တွေက ဒီဇာတ်ကားကိုလူကြိုက်များစေခဲ့ပါတယ်...
ဇာတ်လမ်းကလဲ လှည့်ကွက်လေးတွေပါနေသလို တရုတ်သိုင်းဇာတ်ကားထဲမှာတော့
လက်မလွတ်တမ်းကြည့်သင့်တဲ့ ဆွဲဆောင်မှုရှိတဲ့ဇာတ်ကားတစ်ကားပါ...
Zip File size...773MB
Quality....အကြည်
Format...mkv
hour....01:58:11
subtitle....မြန်မာစာတန်းထိုး
Download Zip File
နမူနာကြည့်ရန်
Saturday, April 26, 2014
Men in Black 3 (2012) မြန်မာစာတန်းထိုး
ဒီတစ်ခါတော့ Will Smith ရဲ့ အကောင်းဆုံးတွေထဲက ဇာတ်ကားတစ်ကားဖြစ်တဲ့
Men In Black 3 (2012) လေးပါ .....
သူရဲ့ Partner ဖြစ်သူ K ကို ကယ်တင်ဖို့ အတိတ်ကို ပြန်သွားပြီး ကြိုးစားရင်း သူရဲ့ အဖေ အသက်ကို အစားပေးလိုက်ရတဲ့ Sci-Fi Movie (Alien) Movie လေးပါ.....
အရင်ထွက် Men In Black 1 နဲ့ 2 ထက် များစွာ ကောင်းတာကို တွေ့ရပါတယ်........
Zip File size...774MB
Quality....အကြည်
Format...mkv
hour....01:38:28
subtitle....မြန်မာစာတန်းထိုး
Download Zip File
Men in Black 1(1997) ကို ဒီလင့်မှာ သွားကြည့်ပါ...
Men in Black 2(2002) ကို ဒီလင့်မှာ သွားကြည့်ပါ...
နမူနာကြည့်ရန်
Thursday, April 24, 2014
407 Dark Flight (2012) မြန်မာစာတန်းထိုး
Horror ကြည့်ချင်တဲ့ ပရိသတ်အတွက် ထိုင်းသရဲဇာတ်ကားပါ..
ဇာတ်ကားက Horror သီးသန့်ပဲဖြစ်တဲ့အတွက် Movie Quality ကို
သင့်တင့်ရုံနဲ့ File Size သေးသေးပဲတင်ပေးလိုက်ပါတယ်...
Movie Review ကိုတော့ ကို Lynn Ta Zaung ရေးထားတာသဘောကျလို့
သူ့ဘလော့ကနေ ကူးယူဖော်ပြလိုက်ပါတယ်..ဖတ်ပြီးမှကြည့်ကြပေါ့ဗျာ..
xxxxx xxxxx xxxxxx xxxxx xxxxxx xxxxxxx xxxxxxx xxxxxxx xxxxxxx xxxxxxx xxxxxx xxxxxxx
ကျနော်နှင့် ဒတ် ဖ လိုက်
မိဆု ရေ.. ပြောရအုံးမယ်..
ငါတစ်နေ့ က ရုံးပိတ်ရက်လောက်ကပေါ့ ။ မြေနီကုန်းက တော်ဝင်စင်တာ ၂ မှာ ပြနေတဲ့ သရီးဒီ သရဲကားတစ်ကားအကြောင်းကို နင့်ကိုပြောပြချင်တယ်။
ငါလည်း ရုပ်ရှင်တို့  ဘာတို့ ဆိုတာ သိပ်ဝါသနာပါတာမဟုတ်ဘူးရယ် ။ တစ်နေ့ အစ်မ ယုလေးက သူရုပ်ရှင်ပြမယ်ဆိုတဲ့ အကြွေးလေးတင်ထားတော့ ငါတို့ လူစုံတုန်း သွားကြည့်ကြတာပေါ့လေ ။ ငါ့ကို ပိုက်ပိုက်တွေ သိပ်ပေါနေတယ်လို့ တော့မထင်နဲ့ ပေါ့ ။ အဲ့ နေ့ က နေကြာစေ့နဲ့ ရေသန့် ဘူးလောက်ပဲ ၀ယ်နိုင်တာပါ..။ဟီးဟီး..။
စုစုပေါင်း ခြောက်ယောက်လောက် ရှိတယ် ။ ဟုတ်ပြီ...။ ရုပ်ရှင်ရုံရောက်ကြပြီ.။ ဇာတ်လမ်းက ဒီကနေ စမှာ။
သရီးဒီကားဆိုတော့ ငါကြားဖူးတာ ပိတ်ကားမှာ ပြနေတဲ့ ဟာတွေက ကိုယ် အရှေ့ ကြွတက်လာတယ်တဲ့။ အဲ့ လို ကြွတက်လာဖို့  ဇာတ်ကားကို ကြည့်ဖို့ ရုံထဲမ၀င်ခင် မျက်မှန်တက်ရသေးတယ်ဟ ။ သရီးဒီကြည့်မျက်မှန်ပေါ့လေ။ အမယ်..ငါတို့ ရုံထဲဝင်တော့ လူတိုင်းက မျက်မှန်ကြီးတွေတပ်လို့ ခပ်တည်တည်ကြီး တွေ ။ ရုံကလည်း မှောင်နေတော့ ကုတ်ချောင်းချောင်းနဲ့  ကိုယ့်နေရာကို ပြပေးတဲ့  လူနောက်ပဲလိုက်ရတယ်။
မိဆုရေ ဇာတ်လမ်းက အဲ့ မှာ စတာပဲ.. ဇာတ်ကားက ထိုင်းသရဲကားလေ ။ ကြောက်စရာကြီးလို့ ပြောတယ်။ အသေကြမ်းတာတဲ့..။ ငါလည်းမကြည့်ခင်က ကြားထားတဲ့  သတင်းတွေပါ ။ ဒီတော့ ရင်တွေတောင် ခုန်လို့ ပေါ့ ။ ရုံထဲက အသံ စစ်စတန်ကလည်း ကောင်းလိုက်တာဟာ .. ဘေးကနေ တကယ်ဖြစ်နေသလို အသံတွေ ညံလို့ ပေါ့။ အဲ့ မှာ ဇာတ်ကားနာမည်က 407 Dark Flight တဲ့ ..ပိုစတာကြီးတော့ ဂူဂဲလ် က ရှာပြီး နင် သိအောင် တင်ပေးလိုက်တယ်။
ကဲ ..ဇာတ်လမ်းကို ပြန်ပြောမယ်။ အဲ့ မှာ ဇာတ်ကားက လေယာဉ်ပျံသရဲကားပေါ့လေ..။ ထိုင်းကားဆိုပေမဲ့  အင်္ဂလိပ်စာတန်းထိုးတော့ တော်သေးတာပေါ့ ။ ငါကလည်း အင်္ဂလိပ် မတက်တခေါက်ဆိုတော့.. ဟိုစပ်စပ် ဒီစပ်စပ် နားလည်သလိုတော့ရှိသား..ဟီးဟီး။ ဇာတ်လမ်းအစမှာ .. လူတွေ ခဏခဏသေဖူးတဲ့ လေယာဉ်တစ်စီးပေါ့ ..အဲဒီလေယာဉ်ကို ပြန်ရွိုင်းပြီး နောက်တစ်ခါ ပြန်ပြေးဆွဲရကနေစတာ.. ပြေးဆွဲတယ်ဆိုတာ လေယာဉ်မောင်းတာကိုပြောတာပါ ။
ဇာတ်လမ်းမှာ  လေယာဉ်မယ် သုံးယောက်၊ ခပ်ခြောက်ခြောက် လေယာဉ်မောင်တစ်ယောက် ရယ်က လေယာဉ်က ၀န်ထမ်းတွေပေါ့ ။ပြီးတော့ လေယာဉ်မောင်း နှစ်ယောက် နဲ့  ..။ ခရီးသွားတွေကကောင်မလေးနဲ့ သူ့ မိဘ တစ်ဖွဲ့ ၊ဟောင်ကောင်မလို့ ပြောတဲ့  ထိုင်းမ ၊ ဆံပင်ကျစ်နဲ့  ထိုင်းကောင် ၊ ဘုန်းကြီးတစ်ပါး ၊ အဘွားအိုတစ်ယောက် ၊ ဖော်ရိန်နာ စုံတွဲ နှစ်ယောက် နဲ့ တခြားလေယာဉ်ပါခရီင်္းသည်တွေပေါ့ ။
ပထမလာလာချင်း သရဲကာ ဖော်ရိမ်နာ စုံတွဲက အမျိုးသားကို ၀င်ပူးသွားတယ်..။ လည်ပင်းကို တစ်ပတ်လောက် လှည့်ပြလိုက်တယ်လေ။ လန့် စရာကြီးပေါ့ ။ သရဲ က လေယာဉ်တစ်ခုလုံး ပါလာတာဆိုတော့ လူတိုင်းလိုလိုကို ၀င်ပူးနေတယ် ။ ဟောင်ကောင်မလေးကိုလည်း ၀င်ပူးတယ်။
လေယာဉ်က သရဲတွေ ထိန်းထားတော့ အမြင့်ကို ပျံတာ..အောက်စီဂျင်ပြတ်ပြီး လူတွေက သေခါနီးဖြစ်ကြတယ်။ အဲ့ မှာ တစ်ယောက်ပြီး တစ်ယောက် သေကုန်တာပဲ ။ အဲ့ ဒီမှာ ဇာတ်လမ်းက စတာပဲ..။
မိဆိုရေ .. သရဲက လူတကာကို ၀င်ပူးနေတော့ ငါတို့ က တထိပ်ထိပ်နဲ့ ကြည့်နေရတာပေါ့ ။ အဲ့ ဒီမှာ ငါတို့ အနောက်တန်းက ကြည့်နေတဲ့  ကောင်မလေးတွေက ထအော်တယ်..
..၀င်သွားပြီ ..၀င်သွားပြီ.. အီး လုပ်ကြပါအုံး... ။ ဆိုပြီ...လေ
အသံကုန်အော်တော့..ငါတို့ က ရယ်ချင်တာတယ်..ဟုတ်တယ်လေ...သရဲကားပဲကြည့်ရမလား.. သူတို့ အော်တာပဲ ထိုင်နားထောင်နေရမလားလို့ ပေါ့လေ။ ထားပါတော့ ..နည်းနည်းတော့ စိတ်ကအောင့်ကသိဖြစ်သွားတယ် ။
သရဲဆိုတော့ ပြောရအုံးမယ်..လေယာဉ်တစ်ခုလုံးက သရဲတွေ ထသောင်းကျန်းတာလေ..ပက်ပက်စက်စက်ပဲ..။ကျောချမ်းစရာကြီး..တစ်ချို့  တစ်ချို့ သော သရဲရုပ်တွေက ကြောက်ရပေမဲ့ တစ်ချို့ အရုပ်တွေက..ဟို ဂိမ်းထဲက သရဲရုပ်တွေလိုပဲ ကြည့်ရတာ။
ထင်ရတယ်..သရဲတွေဆိုတာ.လေယာဉ်လေးက သေးသေးလေးနဲ့  ခြောက်နေတဲ့ သရဲဆိုတာ နေရာတကာပဲ။
နောက်ဆုံး လေယာဉ်တစ်ခုလုံးတောင် သရဲတွေ တွယ်စီးနေတာမောင်ရေ ။ပြန်စဉ်းစားမိရင် ကျက်သီးတော့ထတယ်။ဒါပေမဲ့  ဟို အနောက်က အော်နေကြတဲ့ ..၀င်သွားပြီ..၀င်သွားပြီ ဆိုတာကို ပြန်စဉ်းစားမိတိုင်း ရယ်နေရတယ်။ ဇာတ်ကားတစ်ကားလုံးကလည်း ကြောက်နေရတာမဟုတ်ဘဲ ရယ်ရတာတော့ပါသေးတယ် ။
မိဆုရေ... ဇာတ်ကားလေးကတော့ သူ့ ဇာတ်လမ်း အကြောင်းပြောချင်တာထက်...ငါတို့ ကြည့်ခဲ့ တဲ့ အကြောင်းလေးကိုပြောချင်တာဆိုရင် ပိုမှန်မှာပေါ့..။နောက် ဇာတ်ကားဆုံးတော့ မီးလင်းတယ်လေ။ အနောက်က အော်နေတဲ့ အုပ်စုကို ကြည့်လိုက်တော့.. မယုပြန်ပြောတာ နားထောင်မိသေးတယ် ။ ဘာတဲ့  ..ဆင်ကိုးစီးစားမကုန်တဲ့ ပုံနဲ့ အသေအော်နေတာတဲ့ ..။အော်မှာပေါ့..။ဟိုက ဘဲတွေပါလာတာကိုး..ဟီး။
ဒါပါပဲလေ... အပျင်းပြေ သရီးဒီကားလေးကြည့်ဖူုးတဲ့အကြောင်း ကို ဖောက်သည်ချတာပါ ။ နင်လည်း ရန်ကုန်ရောက်ရင် သရီးဒီကားတစ်ကားတော့ကြည့် ကြည့်ပေါ့။ သရဲကားတော့မကြည့်နဲ့ နော်.။တော်ကြာ ငါတို့ လို ၀င်သွားပြီ နဲ့ တိုးနေမှ..ဟားဟား။]
xxxxx xxxxx xxxxxx xxxxx xxxxxx xxxxxxx xxxxxxx xxxxxxx xxxxxxx xxxxxxx xxxxxx xxxxxxx
Zip File size...360MB (WinRAR ဖြင့်ဖြည်ပါ)
Quality....flash
Format...mkv
hour....01:42:01
subtitle....မြန်မာစာတန်းထိုး
Download Zip File
နမူနာကြည့်ရန်
The Monkey King (2014) မြန်မာစာတန်းထိုး
Visual Effect တွေကိုတစ်ဝကြီးကြည့်ခွင့်ရမယ့်ဇာတ်ကားပါ...
ဝူခုံးကိုမွေးဖွားလာပုံကနေ ဇာတ်လမ်းဆင်ထားပြီး
နာမည်ကြီး မင်းသားတွေနဲ့ရိုက်ကူးထားတာပါ...
(ဒီဇာတ်ကားကို ကျွန်တော်ကိုယ်တိုင်ဘာသာပြန်ထားခြင်းဖြစ်ရာ
အမှားအယွင်းနှင့် လိုအပ်ချက်များရှိပါက...
ကျွန်တော့်မှာသာတာဝန်ရှိကြောင်းကြိုတင်အသိပေးပါရစေခင်ဗျာ...
ဒီဇာတ်လမ်းကိုကြည့်ပြီးရင်...
http://myanmarsubtitlemovie.blogspot.com/2014/02/journey-to-west-conquering-demons2013.html
ဒီလင့်ကဇာတ်ကားကိုလဲကြည့်သင့်ကြောင်းပါ...
အထူးသတိပေးချင်တာကတော့ ဒီဇာတ်ကားကို Subtitle Font မှာ
Zawgyi One Font ဖြင့်ကြည့်မှ မြန်မာစာတန်းထိုးမြင်ရပါမည်.....)
ဖုန်းများမှတိုက်ရိုက်ကြည့်ရှုနိုင်ရန် Firedrive Link တွင်တင်ပေးထားပါသည်..
Zip File size...825MB
Quality....အကြည်
Format...mkv
hour....01:47:12
subtitle....မြန်မာစာတန်းထိုး(Zawgyi one font)
Download Zip File(Link 1)
ဖုန်းများမှ Firedrive Link တွင်တိုက်ရိုက်ကြည့်ရန်(မြန်မာစာတန်းထိုး)
 နမူနာကြည့်ရန်
Tuesday, April 22, 2014
The Twilight Saga: Breaking Dawn - Part 2 (2012) မြန်မာစာတန်းထိုး
1 ရဲ့အဆက်ပါ...
Zip File size...752MB
Quality....အကြည်
Format...mkv
hour....01:42:49
subtitle....မြန်မာစာတန်းထိုး
Download Zip File
နမူနာကြည့်ရန်
The Twilight Saga: Breaking Dawn - Part 1 (2011) မြန်မာစာတန်းထိုး
The Twilight Saga ဆိုတဲ့ စိတ်ကူးယဉ် စွန့်စားခန်း ဇာတ်လမ်းအပိုင်းတစ်ဟာ ၂၀၁၁ခုနှစ်မှာ ပရိသတ်တွေ ကြားထဲမှာ တော်တော် ရေပန်းစားခဲ့ပါတယ်။ နိုင်ငံတကာမှာ ဒီရုပ်ရှင်ကားက အသားတင်အမြတ် အမေရိကန်ဒေါ်လာ သန်း ၆၀၀ကျော် ရခဲ့တဲ့ ၀င်ငွေကောင်း ရုပ်ရှင်ကားကြီးလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ကားကောင်းဆို စာရေးဆရာ စတက်ဖနီမေယာ တော်တာကြောင့်လည်း ပါပါတယ်။
မူရင်းဝတ္ထု Breaking Dawn ဆိုရင်လည်း စာဖတ်ပရိသတ်တွေရော၊ ဝေဖန်ရေးဆရာတွေပါ အကြိုက် တွေ့ခဲ့ကြလို့ နိုင်ငံ ၅၀ ကျော်မှာ ဘာသာစကား ၃၈ မျိုးနဲ့ ဘာသာပြန်ခဲ့ ကြပါသေးတယ်။ ဘယ်လောက်ထိအောင် အဲဒီစာအုပ် ရောင်းရသလဲဆိုရင် စာအုပ် ထုတ်ဝေလိုက်တဲ့ ပထမဆုံးနေ့မှာတင် စာအုပ်ပေါင်း ၃၇ သိန်းထိ ရောင်းလိုက်ရလို့ စာအုပ်သမိုင်းမှာ စံချိန်ချိုးသွားပါတယ်။ စာအုပ်ထုတ်လို့ လပိုင်းလေးပဲ ကြာသေးတယ်။ စာအုပ်ရောင်းအားက အုပ်ရေ ခြောက်သန်း ကျော်သွားပါတယ်။ ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ ကလေးတွေဖတ်ဖို့ အကောင်းဆုံးစာအုပ်ဆု (Children’s Book of the Year) အပြင် တခြားဆုတွေလည်း တစ်သီတစ်တန်းကြီး ရသွားတာပါ။
ရုပ်ရှင်အဖြစ် ရိုက်ကူးလိုက်တော့ အောင်မြင်သွားတာကလည်း မဆန်း ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီရုပ်ရှင်မှာ ပါဝင်တဲ့သူတွေကလည်း ကမ္ဘာကျော် စူပါစတားတွေဖြစ်တဲ့ တေလာလော့တ်နာ (Taylor Lautner)၊ ရောဘတ်ပတ်တင်ဆန် (Robert Pattinson)နဲ့ ခရစ္စတင်စတူးဝပ် (Kristen Stewart)တို့ ဖြစ်နေလို့ပါပဲ။ နာမည်ကြီး သရုပ်ဆောင်တွေကြောင့် အောင်မြင်တယ် ဆိုတာထက် ဇာတ်ဆောင်တွေက ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်သွားတာရယ်၊ ဇာတ်လမ်းဇာတ်အိမ်အား ကောင်းတာရယ်ကြောင့်လို့ ပြောရပါမယ်။
(The Chic Magazine မှကူးယူဖော်ပြသည်...)
Zip File size...712MB  
Quality....အကြည်
Format...mkv
hour....01:48:45
subtitle....မြန်မာစာတန်းထိုး
Download Zip File
နမူနာကြည့်ရန်
Monday, April 21, 2014
Lone Survivor (2013) မြန်မာစာတန်းထိုး
#ရုပ်ရှင်မိတ်ဆက်
ဒီတစ်ခါတော့ စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် စစ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်....
ကြိုတင်ခန့်မှန်းခဲ့သလိုပဲ ၂၀၁၄ အစရဲ့ အက်ရှင်ကားကောင်း တစ်ကားဖြစ်ခဲ့ပါတယ်....
ဒီကားက တကယ့် ဖြစ်ရပ်မှန် Red Wings Operation ကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး၊ ကျဆုံးသွားတဲ့ စစ်သားတွေကို အမှတ်တရ ဂုဏ်ပြုထားတာဖြစ်ပါတယ်.....
ဇာတ်လမ်းကတော့ Trailer မှာပါတဲ့အတိုင်း Navy SEAL လေးယောက်က တာလီဘန် ခေါင်းဆောင် တစ်ယောက်ကို အပြတ်ရှင်းဖို့ သွားတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ရှိနေတဲ့နေရာကို ဆိတ်ကျောင်းသား သားအဖကရောက်လာ ပြီးတွေ့သွားတဲ့အခါမှာတော့ Rules of Engagement (စစ်ပွဲတစ်ပွဲရဲ့စည်းကမ်းတွေလို့ ယေဘူယျ ဘာသာပြန်လို့ရပါတယ်) အရ ကလေးတွေ၊ လက်နက်ကိုင် မဟုတ်တဲ့ အရပ်သားတွေကို မသတ်ပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲ့လိုပြန်လွှတ်ပေးလိုက်ရင် သူတို့ နောက်မှာ တာလီဘန် တွေလိုက်လာမှာကို သိရဲ့နဲ့ လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ အထူးလေ့ကျင့်ပေးထားတဲ့ Navy SEAL လေးယောက်နဲ့ တာလီဘန် အယောက် ၂၀၀ကျော်ရဲ့ အပြန်အလှန် တိုက်ပွဲကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်အရလည်း ပရိတ်သတ်ကြီး ခန့်မှန်းမိနေမှာဖြစ်သလို၊ ဒီကားရဲ့ဖြစ်ရပ်မှန်ကို ရှာကြည့်ထားတဲ့ သူတွေလည်း သိနေမှာပါ။ အဲ့ဒါကတော့ ၄ယောက်မှာ ၁ယောက်ပဲ အသက်ရှင် ပြန်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက Navy SEAL တွေ ရဲရဲရင့်ရင့် တိုက်ခိုက်ပုံ၊ စွန့်လွှတ်အနစ်အနာခံပုံတွေကို ပရိတ်သတ် ရင်ထဲရောက်အောင် ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ စိတ်ဓါတ်နဲ့ ရဲရင့်မှု၊ စစ်သား ကောင်းတွေရဲ့ စိတ်ဓါတ် ရေးရာ ရဲရင့်မှုတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။
ဇာတ်လမ်းမှာ သူတို့လွှတ်ပေးလိုက်တဲ့ ထဲက အာဖဂန် ကောင်လေးတစ်ယောက်ရဲ့ မျက်နှာမှာ ရက်စက် ကြမ်းကြုတ်မှု၊ မုန်းတီးမှုတွေ၊ ပြည့်နေပေမယ့်၊ နောက်ဆုံးမှာ မင်းသားကို ကယ်ခဲ့တဲ့ အာဖဂန် တွေကတော့ လူစိတ်ရှိတဲ့ လူသားတွေဖြစ်တယ်ဆိုတာ ပြသခဲ့ပါတယ်။ (အာဖဂန်တွေက သူတို့ ရန်သူနဲ့ တိုက်ခိုက်နေတဲ့သူကို ကာကွယ်ပေးရမယ်ဆိုတဲ့ အယူအဆကြောင့် ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။ တာလီဘန်တွေက အာဖဂန် တွေကိုလည်း သတ်ဖြတ်ပါတယ်။ အခုထိလည်း အာဖဂန် တွေနဲ့ အစွန်းရောက်တာလီဘန်တွေ စစ်ဖြစ်နေတုန်းပါပဲ)
ဇာတ်လမ်းကောင်းတစ်ကားပါ။
Saving Private Ryan ပြီးနောက် အကောင်းဆုံး စစ်ကားတစ်ကား လည်းဖြစ်ပါတယ်...
စစ်ကားကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့ လက်မလွှတ်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်....
#Sololay
(ရုပ်ရှင်မိတ်ဆက် (Movie Reviews) မှကူးယူဖော်ပြသည်...)
Zip File size...646MB 
Quality....အကြည်
Format...mkv
hour....02:00:47
subtitle....မြန်မာစာတန်းထိုး
Download Zip File
နမူနာကြည့်ရန်
Sunday, April 20, 2014
Speed (1994) မြန်မာစာတန်းထိုး
ကြာတော့ကြာခဲ့ပါပြီ...
Matrix မင်သားကြီး Keanu Reeves နဲ့ မင်းသမီးကြီး Sandra Bullock တို့ နုစဉ်က
အစွမ်းပြထားပြီး IMDb Rating 7.2 ရရှိထားတဲ့ 
တစ်ခေတ်တစ်ခါက နာမည်ကြီးဇာတ်ကားပါ....
ဒီဖက်ခေတ် ဇာတ်ကားတွေမှာ သိပ်မတွေ့ရတော့တဲ့ ယုတ္တိရှိရှိဇာတ်လမ်းဇာတ်ကွက်နဲ့
စွန်းစားခန်းတွေကို ပြန်လည်ခံစားရမယ့်ဇာတ်ကားပါ....
(ကျွန်တော်ကိုယ်တိုင် ကြိုက်လွန်းလို့ ကိုယ်တိုင်ဘာသာပြန်ထားတဲ့ ဇာတ်ကားပါ...
Zawgyi One Font နဲ့ရိုက်ထားတာဖြစ်တဲ့အတွက်ကြည့်ရှုသူအပေါင်း အာရုံမနောက်စေရန်
စာတန်းထိုးကို တစ်ခါတည်းပေါင်းပေးထားပြီး File size ကိုသေးစေချင်လို့ Movie ကို
360p Quality နဲ့ပဲတင်ပေးလိုက်ပါတယ်...ဇာတ်အိမ်ခိုင်ခန့်ပြီး virtual effect တွေသိပ်မပါတဲ့အတွက်
Quality ကိုအဓိက ထားပြီးမတင်ပေးတော့ပါဘူး...
ပထမဆုံး ဘာသာပြန်အတွေ့အကြုံ ဖြစ်သောကြောင့်
အမှားအယွင်း နှင့် လိုအပ်ချက်များရှိခဲ့ပါက ကျွန်တော့်၏အားနည်းချက်သာဖြစ်ကြာင်း
ကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျာ....)
Zip File size...496MB 
Quality....အကြည်
Format...mkv
hour....01:48:18
subtitle....မြန်မာစာတန်းထိုး
Download Zip File
နမူနာကြည့်ရန်
Wednesday, April 16, 2014
My Girlfriend Is an Agent (2009) မြန်မာစာတန်းထိုး
IMDb Rating (6.5) ရရှိထားတဲ့ Korea ဟာသ၊အက်ရှင်၊ဒရမ်မာ ဇာတ်ကားပါ...
Korea ကားတွေရဲ့ ထုံးစံအတိုင်း ဒရမ်မာ ကွက်လေးတွေကိုဆွဲဆောင်မှုရှိရှိနဲ့
တင်ပြထားသလို..ဟာသကွက်လေးတွေကိုလည်း ထိထိမိမိ ပုံဖော်ထားနိုင်ပါတယ်...
ဘဝအမောတွေဖြေဖျောက်ပေးမယ့် ပေါ့ပေါ့ပါးပါးဇာတ်ကားလေးပါ...
Zip File size...824MB 
Quality....အကြည်
Format...mkv
hour....01:51:52
subtitle....မြန်မာစာတန်းထိုး
Download Zip File
နမူနာကြည့်ရန်
Tuesday, April 15, 2014
Parker (2013) မြန်မာစာတန်းထိုး
Parker ဟာ အမေရိကန်စုံထောက်ဝတ္ထုရေးဆရာကြီး Richard Stark ခေါ် Donald E. Westlakeရဲ့ဇာတ်ကောင်ကို မှီငြမ်းအသက်သွင်းပြီး Alexander McLanughlin က ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Taylor Hackford ရိုက်ကူးတဲ့ စုံထောက်ဇာတ်ကြမ်းကားဖြစ်ပါတယ်......
အဓိကသရုပ်ဆောင်ထားသူတွေက အက်ရှင်မင်းသား Jason Statham, Jennifer Lopez, Micheal Chiklis နဲ့ Nick Nolte တို့ဖြစ်ကြပါတယ်....
ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားStathamဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်....
လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်.....
ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို့ ရင်ခုန်ကြောင်းဖွင့်ပြောပါတယ်။ (film-noirဆိုတာက ၁၉၆၀ပြည့်နှစ်တွေက ခေတ်စားတဲ့ ပြင်သစ်အဖြူ-အမည်းစုံထောက်ဇာတ်ကားတွေဖြစ်ပါတယ်။)
Parker ဟာ ထူးဆန်းတဲ့ဇာတ်ကောင်ဖြစ်ပြီး လူ့ခွစာဆန်သူဖြစ်လို့ ၄င်းကို မိမိစိတ်ဝင်စားတာပါလို့ Hackford က ပြောပါတယ်။ Parkerကို ဝေဖန်ရေးဆရာ တချို့က ချီးမွမ်းပြီး တချို့က ရှုတ်ချခဲ့ပါတယ်... Stathamဟာ Parker ဇာတ်ရုပ်နဲ့ အံကိုက်ဖြစ်ကြောင်း၊ J.Loရဲ့ဇာတ်ကောင် Leslie က တော့ ပရိသတ်ကို ရယ်မောစေကြောင်း တချို့က ပြောပါတယ်...
Donald Westlake ရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ စာရေးသူအနေနဲ့တော့ Statham ရဲ့ပရိသတ်တွေ ကျေနပ်မှုရစေမယ့် ဖြေဖျော်ရေးအသားပေး လျှို့ဝှက်သည်းဖိုအက်ရှင်ဇာတ်ကားတစ်ကားလို့ပဲ မှတ်ချက်ချချင်ပါတယ်....
(DVD Guide မှကူးယူဖော်ပြသည်...)
Zip File size...824MB 
Quality....အကြည်
Format...mkv
hour....01:53:06
subtitle....မြန်မာစာတန်းထိုး
Download Zip File
နမူနာကြည့်ရန်
Sunday, April 13, 2014
Love Skill (2013) မြန်မာစာတန်းထိုး
Action ဇာတ်ကားတွေများနေလို့ ပေါ့ပေါ့ပါးပါး Korea Romance ဇာတ်ကားလေးတင်ပေးလိုက်ပါတယ်.....
ဇာတ်ကားက ပေါ့ပါးလွန်ပြီး Rated M18 အဆင့်ရောက်သွားလို့
မိသားစုနဲ့တော့မကြည့်သင့်ပါဘူး...
အပျင်းပြေကြည့်ရန်သာ ရည်ညွှန်းလိုက်ပါတယ်ခင်ဗျာ....
Zip File size...524MB 
Quality....အကြည်
Format...mkv
hour....01:29:55
subtitle....မြန်မာစာတန်းထိုး
Download Zip File
နမူနာကြည့်ရန်
Saturday, April 12, 2014
The Hobbit: The Desolation of Smaug (2013) မြန်မာစာတန်းထိုး
#ရုပ်ရှင်မိတ်ဆက်
ဒီတစ်ခါတော့ အများမျှော်လင့်နေကြတဲ့ The Hobbit ဒုတိယမြောက်ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားက Lord of the Rings Trilogy ရဲ့ Prequel ဖြစ်ပြီး The Hobbit Trilogy ရဲ့ ဒုတိယမြောက်ကားလည်းဖြစ်ပါတယ်။
ဒီကားမှာ Lord of the Rings ထဲက မင်းသားချော Orlando Bloom က Legolas အဖြစ်ပြန်လည်ပါဝင်လာပြီး၊ အခြား ဇာတ်ကောင်အသစ်တွေလည်း အများအပြားပါဝင်လာပါတယ်။ ပထမဇာတ်ကား အစပိုင်းမှာ Dwarf တွေရဲ့ ရတနာတွေ ကြောင့် နဂါးကြီးတစ်ကောင်က Dwarf တွေ မြို့ကို ကျူးကျော်ဝင်ရောက် ခဲ့သလို Dwarf တွေလည်း သူတို့ရဲ့ မြို့ကိုစွန့်ခွာခဲ့ရပါတယ်။
ဒီကားမှာ Dwarf တွေက Gandalf နဲ့ Bilbo (Frodo ရဲ့ ဦးလေးဖြစ်သူ) ရဲ့အကူအညီနဲ့ သူတို့ မြို့ထဲကို ခိုးဝင်ပြီး နဂါးကြီးစောင့်ကြပ်နေတဲ့ ရတနာတွေထဲက Dwarf ဘုရင် ရဲ့ ရတနာ ဖြစ်တဲ့ Arkenstone ကို ၀င်ခိုးရမှာဖြစ်ပြီး၊ ဒီရတနာရှိမှသာ တခြား Dwarf တွေကို ဆင့်ခေါ်နိုင်မှာဖြစ်ပါတယ်။
ဇာတ်ကားက ထုံးစံအတိုင်း Action/Adventure ပုံစံရိုက်ကူးထားတာဖြစ်ပြီး လိုရာခရီးကို
သွားရင်းနဲ့ အန္တာရာယ်ကြုံတွေ့တာတွေ၊ စွန့်စားခန်းတွေ၊ ကို အဓိကတင်ဆက်ထားပါတယ်။
The Lord of the Rings ကားတွေ ရော Hobbit ပထမကားကို ရိုက်တဲ့ ဒါရိုက်တာပဲဖြစ်တာကြောင့်အထူးပြောစရာမလိုပါဘူး။ ဒီ LOTR နဲ့ Hobbit ဇာတ်ကားတွေက ၀တ္ထုကို ရုပ်ရှင် ပြန်ရိုက်တဲ့ ဇာတ်လမ်းတွေမှာ ပရိတ်သတ်အားပေးမှုအများဆုံးရတဲ့ကားတွေဖြစ်ပြီး၊ မူရင်း ဇာတ်လမ်းရဲ့ ရသကို မပျက်အောင် ထိန်းထားနိုင်လောက်အောင်ကောင်းပါတယ်။
ဇာတ်ကားကောင်းတစ်ကားဖြစ်ပေမယ့် LOTR နဲ့မရင်းနှီးတဲ့သူတွေအတွက် ကတော့ အနည်းငယ် ပျင်းစရာကောင်းပါတယ်။ ဒီကားက ပထမကားနဲ့ ယှဉ်ရင် အနည်းငယ်နှေးမှာဖြစ်ပြီး၊ သူက တတိယကားကို အစပျိုးပေးထားတဲ့ပုံစံဖြစ်တာကြောင့် တတိယကားက အကောင်းဆုံး ကားတစ်ကားဖြစ်လာနိုင်ပါတယ်။ ဒီကားမှာဖြစ်ပျက်သမျှအားလုံးက တတိယကားမှာ မှ သွားအဆုံးသတ်မှာဖြစ်တာကြောင့် ပရိတ်သတ်တွေ မတင်မကျဖြစ်အောင်လုပ်ထားခဲ့တယ်လို့လည်း ပြောချင်ပါတယ်။ အထူးသဖြင့် LOTR ရဲ့ အဓိက Villain ကြီး ဖြစ်တဲ့ Sauron ( The Dark Lord) က Bilbo ကြောင့် ပြန်လည် နိုးထလာပြီဖြစ်ပြီး၊ ဒီကားရဲ့ အကောင်းဆုံး ဇာတ်ဝင်ခန်းအနေနဲ့ Sauron နဲ့ Gandalf တို့ရဲ့ အားပြိုင်မှုကိုလည်းတွေ့ရမှာပါ။
အကောင်းဆုံးဇာတ်ကားတစ်ကားပါ။ Prisoners လိုစိတ်လှုပ်ရှားမှုမျိုး၊ The Dark Knight Rises လို ခံစားချက်မျိုး မရနိုင်ပေမယ့်၊ Adventure ကားတွေထဲမှာတော့ ဒီနှစ်အတွက် အကောင်းဆုံးကားပါလို့ပြောချင်ပါတယ်။
#Sololay
(အညွှန်းကို ရုပ်ရှင်မိတ်ဆက်(Movie Review) မှကူးယူဖော်ပြပါသည်...)
Zip File size...958MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mp4
hour....02:31:05
subtitle....မြန်မာစာတန်းထိုး
Download Zip File
တိုက်ရိုက်ကြည့်ရှုရန်(မြန်မာစာတန်းထိုး)
နမူနာကြည့်ရန်
Final Destination 5 (2011) မြန်မာစာတန်းထိုး
သေမင်းလက်ကနေ ဆဌမ အာရုံကြောင့်လွတ်လာပေမယ့် ...
ဘယ်လိုတွေပြန်ကြုံတွေ့ရမယ်ဆိုတာ စိတ်ဝင်စားစရာကြည့်ရမယ့် ဇာတ်ကားပါ..
ထိတ်လန့်စရာတွေကို သေသေချာချာရိုက်ပြထားတာကြောင့် ကြည့်နေရင်းနဲ့
လန့်အော်ရမယ့်ဇာတ်ကားပါ...Final Destination ဇာတ်ကားတွေကို ပုံစံတူတူနီးပါး
ရိုက်ကူးတင်ဆက်ခဲ့ပေမယ့် ဘယ်အချိန်ကြည့်ကြည့် မရိုးသလိုခံစားရတဲ့ဇာတ်ကားပါ...
Zip File size...600MB 
Quality....အကြည်
Format...mp4
hour....01:31:50
subtitle....မြန်မာစာတန်းထိုး
Download Zip File
နမူနာကြည့်ရန်
Friday, April 11, 2014
47 Ronin (2013) မြန်မာစာတန်းထိုး
#ရုပ်ရှင်မိတ်ဆက်
ဒီကားကတော့ တစ်ချိန်က နာမည်ကြီးမင်းသား Keanu Reeves ပါဝင်သရုပ်ဆောင်ထားပြီး ဂျပန် ရဲ့ သမိုင်းဝင် သူရဲကောင်း ၄၇ ယောက်ရဲ့ တကယ့်အဖြစ်အပျက်တွေက နေ အိုင်ဒီယာယူပြီး Sci-Fi, Fantasy ဇာတ်ကားအနေနဲ့ တင်ဆက်ထားပါတယ်။
ဇာတ်လမ်းကိုမပြောခင်မှာ တစ်ခုကြိုပြောချင်တာက ဒီကားကို ကြည့်တဲ့အခါ ဒီကားက လက်ရှိကျွန်တော် တို့ ကမ္ဘာထဲမှာဖြစ်နေတာမဟုတ်ပဲ တစ်ခြား Parallel ကမ္ဘာတစ်ခုမှာ ဖြစ်နေတာလို့ သဘောထားပြီး ကြည့်ရင်ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ ဟယ်ရီပေါ်တာတို့၊ Batman: The Dark Knight Return (Animation) တို့ လိုမျိုးပါ။ ဟယ်ရီပေါ်တာလို တကယ်မရှိတာကို စိတ်ကူးယဉ် ဆန်ဆန် လက်ရှိကမ္ဘာနဲ့ တွဲရိုက်ထားပြီး၊ Batman ကာတွန်းလို့ လက်ရှိ Batman Main stream ကာတွန်းမှာ မဟုတ်တဲ့ ဇာတ်လမ်းကို တစ်ခြားစင်္ကြာဝဠာတစ်ခု (Parallel Universe) အနေနဲ့ ရိုက်ကူးထားပါတယ်။
တစ်ချို့က ဒီကားကိုကြည့်ပြီး မကောင်းဘူး၊ ဂျပန် ၇ိုးရာကို စော်ကားတယ် လို့ ပြောနေတာဟာ အထက်က ကျွန်တော် ပြောသလို သဘောမထားလို့ပါ။ ဒီကားက သမိုင်း ကြောင်းပြန်ပြောပြတဲ့၊ History, Biography မဟုတ်ပါဘူး။ Fantasy ကားပါ။
ဇာတ်လမ်းကတော့ ရှေးဟောင်း ဂျပန် နိုင်ငံမှာ စုန်းမတွေ၊ ၀ိဇ္ဇာတွေ၊ Giant တွေ ရှိတဲ့ ပုံစံမျိုးနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ မင်းသား Keanu Reeves (Kai) က Demon ရဲ့လက်မှာ ကြီးပြင်းလာပြီး၊ Demon တွေက သူ့ကို ပညာစုံ သင်ပေးထားပါတယ်။  ဒါပေမယ့် Kai က သူတို့လက်က ထွက်ပြေးလာခဲ့ပြီး နောက် Samurai တွေရဲ့ ဆရာ Lord Asano က သူ့ကို ကယ်တင်ထားပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ Lord Asano ရဲ့ သမီးနဲ့ Kai တို့ကြားမှာ သံယောစဉ်ဖြစ်လာကြပေမယ့် ကျန်တဲ့သူတွေက အင်္ဂလိပ်လူမျိုးအဖေ နဲ့ ဂျပန်မိခင်တို့က မွေးဖွားတဲ့သူ (Half-breed) မို့လို့ သူ့ကို ၀ိုင်းနှိမ်ကြပါတယ်။
တစ်ရက်မှာ ဂျပန် ဘုရင် က သူတို့ရဲ့ နယ်ကို ကြွချီလာပြီး သူတို့နဲ့ ရန်ဖက်နယ်က Lord Kia လည်း ရှေးအစဉ်အလာအတိုင်း သူတို့နယ်ကို ရောက်လာပါတယ်။ Lord Kia ရဲ့အပါးမှာ စုန်းမတစ်ယောက် ရှိပြီး (Rinko Kikuchi, Pacific Rim) သူ့ရဲ့မှော်အစွမ်းနဲ့ Lord Asano ကို အကြိမ်ကြိမ် လုပ်ကြံဖို့ကြိုးစားနေသူဖြစ်ပါတယ်။ သူ့ကို Kai တစ်ယောက်ပဲ ခွဲခြားမြင်နိုင်ပြီး (ဒီလိုမြင်နိုင်တာက လည်း Demon တွေက သင်ထားပေးလို့ဖြစ်တယ်လို့ ယူဆရပါတယ်။) ဒါပေမယ့် Samurai တွေကို သတိပေးတဲ့အခါမှာတော့ ဘယ်သူမှ သူ့စကားကို အေ၇းမလုပ်ကြပါဘူး။
ဒီတစ်ခါမှာတော့ စုန်းမက Lord Asano က Lord Kia ကို ရန်မူတဲ့ပုံစံမျိုး ဖြစ်အောင် ဆေးခပ် လုပ်ကြံပြီး Lord Asano ကို (ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းဖြင့်)ဘုရင်က သေဒဏ်ပေးအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒီနေရာမှာ Ronin ရဲ့ အဓိပ္ပာယ်ကို ဇာတ်ကားက Ronin ဆိုတာ Master-less Samurai ဖြစ်ပြီး၊ သူတို့ရဲ့ဆရာသေ သွားတဲ့နောက်မှာ သူ့နောက်လိုက်တွေ အကုန်လုံး Ronin ဖြစ်သွားပြီး သူတို့ရဲ့ နယ်က နေမောင်းထုတ်ခံ လိုက်ရပါတယ်။ Kai ကိုလည်း Dutch တွေဆီကို ကျွန်အဖြစ်ရောင်းခံ လိုက်ပါတယ်။ Lord Asano ရဲ့သမီးကိုလည်း Lord Kia ရဲ့ လက်ထပ်ဖို့ ဘုရင်က မှာကြားခဲ့ပြီး၊ အဖေသေဆုံးထားတာကြောင့် ၁ နှစ်အချိန်ပေးပြီး တစ်နှစ်ကြာမှ လက်ထပ်မှာဖြစ်ပါတယ်။
Samurai တွေရဲ့ ခေါင်းဆောင် Oishi ကိုလည်း အကျဉ်းချထားပြီး မင်္ဂလာဆောင်ခါနီးမှ ပြန်လွှတ်ပေးပါတယ်။
ဒါကြောင့် Oishi အနေနဲ့ သူ့လူတွေကို ပြန်လိုက်စုပြီး Lord Kia ကို လက်တုန့်ပြန်ဖို့ စီစဉ်ပုံ၊ အရင်က သူ့ရဲ့ မာနတွေကိုချပြီး Kai ကို ပြန်လိုက်ရှာကာ အကူအညီတောင်းရပုံကို ဇာတ်လမ်းစဉ်ရိုက်ကူးထားပါတယ်။
ကျွန်တော်အထက်မှာပြောခဲ့သလို Fantasy ကားအနေနဲ့ ပဲသဘောထားကြည်ရင် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီကားထဲမှာ Keanu Reeves ကို မွေးစားခဲ့တဲ့ Demon ဆိုတာ ဂျပန် ဘုန်းကြီး တွေဖြစ်ပြီး၊ ဘုန်းကြီးတွေကို ဆာမူရိုင်းတွေက Demon အဖြစ်သတ်မှတ်ထားပါတယ်။ (ဗုဒ္ဓဘာသာ မထွန်းကားသေးတဲ့အချိန်လို့ယူဆလို့ရသလို၊ တစ်ခြားကမ္ဘာမှာဖြစ်လို့ ဗုဒ္ဓဘာသာလို့ တောင် ယူဆလို့မရပါဘူး)။ ဒါပေမယ့် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေနဲ့ ဘုရားဆင်းတုတော် တွေပါနေတာတော့ တစ်မျိုးပါ။ Keanu Reeves ကို ပညာသင်ပေးခဲ့သလို ဘုန်းကြီးတွေကပဲ စုန်းမတွေကို နိုင်တယ်ဆိုတဲ့ သဘောမျိုး တွေ ပါပါတယ်။ ဒါပေမယ့် တစ်ခန်းမှာ မင်းသားက သူ့ကို သင်ပေးတဲ့ Demon တွေက လူသတ်ဖို့သင်ပေးလို့ ထွက်ပြေးလာတယ်လို့လည်း ဆိုပြန်ပါတယ်။ ဘုန်းကြီးတွေက လူသတ်တာမျိုး၊ မကောင်းမှုလုပ်တာမျိုးတွေ မဟုတ်ပါဘူး။ Samurai တွေက အထင်လွဲနေတဲ့ အနေနဲ့လည်း ပြထားတာဖြစ်ပါတယ်။ တကယ့် ဂျပန်မှာလည်း အဲ့ဒီအချိန်မှာ ဗုဒ္ဓဘာသာ မထွန်းကားသေးပါဘူး။ ၁၃ရာစုနောက်ပိုင်းမှ ထွန်းကားတယ်လို့ သိရပါတယ်။
ရုပ်ရှင်ကားကောင်းတစ်ကားပါ။ Graphic Effect တွေကောင်းမွန်သလို၊ Keanu Reeves ရဲ့ တစ်ချို့ Fight Scene တွေက Computer Graphic ဖြစ်ပြီး များသောအားဖြင့်ကတော့၊ သဘာဝသိုင်းကွက်တွေ ဖြစ်ပါတယ်။ Matrix ဇာတ်ကားထဲက Neo vs Agent Smith ဇာတ်ဝင်ခန်းလောက် မကောင်းပေမယ့် အဲ့ဒီကားကိုပြန် အမှတ်ရစေပါတယ်။ ဇာတ်ရှိန် ကတော့ အတက် အကျ သိပ်မမှန်သလို၊ ဇာတ်လမ်း သရုပ်ဖော်ပုံလည်း အနည်းငယ် ညံ့ပါတယ်။ ဥပမာ Samurai ခေါင်းဆောင် အဓိက ရန်သူကို မသတ်ပဲ ကျွင်းထဲ ၁နှစ်ပစ်ချထားပြီးမှ ပြန်လွှတ်ပေးတာမျိုး၊ (သူ့ပါသူထွက်ပြေးတယ်ဆိုရင်တောင် ကြည့်ကောင်းဦးမှာပါ) တွေက ဇာတ်လမ်းရဲ့အားနည်းချက်တွေပါ။
Keanu Reeves ကို ဒီကားနဲ့ နာမည်ပြန်တက်လာဖို့ မျှော်လင့်ထားပေမယ့် ထင်သလောက်မဖြစ်လာပါဘူး။ အထူးသဖြင့် အချစ်ခန်းတွေ၊ ၀မ်းနည်းတဲ့အခန်းတွေမှာ သူ့ရဲ့ မျက်နှာသေကြီးနဲ့ သရုပ်ဆောင်တာတွေ၊ ဒိုင်ယာလော့အချို့ သိပ်မပီပြင်တာတွေကြောင့် သိပ်တော့ အားမရသေးပါဘူး။ အက်ရှင် အခန်းတွေ မှာတော့ သရုပ်ဆောင်ပီပြင်ပါတယ်။ ဇာတ်လမ်းကိုသူနဲ့ Oishi က ဆွဲခေါ်သွားတာဖြစ်ပြီး Oscar Nominated မင်းသမီး Rinko Kikuchi ကလည်း ဗီလိန်နေရာက ပီပီပြင်ပြင် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ တစ်ခုပဲပြောချင်တာက Rinko Kikuchi က အဓိက ဗီလိန်ဆိုပေမယ့် ဇာတ်ကားအစပိုင်းမှာ Lord Kia ရဲ့ သူရဲကောင်းအဖြစ် Samurai ၀တ်စုံဝတ် အရပ်ခုနစ်ပေနီးပါးရှိတဲ့ Samurai တစ်ယောက်ကို Keanu Reeves နဲ့ ချခိုင်းပြီး အနိုင်အရှုံးမကွဲ ပြားပါဘူး။ တကယ်ဆို ဇာတ်သိမ်းပိုင်းမှာ သူနဲ့ေ၇ာ Witch နဲ့ပါ ချခိုင်းရင် ပိုကောင်းမှာဖြစ်ပေမယ့် အဲ့ဒီလူဆိုးကို သတ်လိုက်တဲ့ပုံစံကို သိပ်သဘောမကျပါဘူး။ ဒါဒီနှစ်ထဲမှာ Out of the Furnace ပြီးရင် ဗီလိန်ကို မင်းသားနဲ့ သေချာမတွေ့ပေးတဲ့ ဒုတိယမြောက် ကားဖြစ်ပါတယ်။
မိသားစုတူတူကြည့်နိုင်ပါတယ်။ Rated PG-13 ပါ။ (No Sex, No Nudity) မိသားစု အပန်းပြေကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ Keanu Reeves ရဲ့ ပရိတ်သတ်တွေအတွက်ကတော့ ၅ နှစ်အတွင်းမှာ ပထမဆုံး ရုပ်ရှင်ကောင်းတစ်ခုမှာ ပြန်ကြည့်ရမှာဖြစ်လို့ လက်မလွှတ်သင့်ပါဘူး။ ဒီကားကနေစလို့ နောက်ပိုင်း ကားတွေ ပိုကောင်းသွားပါစေလို့ပဲ မျှော်လင့်ရပါတယ်။
#Sololay
(အညွှန်းကို ရုပ်ရှင်မိတ်ဆက်(Movie Reviews) မှ ကူးယူဖော်ပြပါသည်...)
Zip File size...838MB 
Quality....အကြည်
Format...mkv
hour....01:48:58
subtitle....မြန်မာစာတန်းထိုး
Download Zip File
နမူနာကြည့်ရန်
Wednesday, April 9, 2014
The Man with The Iron Fists (2012) မြန်မာစာတန်းထိုး
လူစွမ်းကောင်းတွေနဲ့ ရိုက်ကူးထားတဲ့ တရုတ်/ဗြိတိသျှ သိုင်းဇာတ်ကားပါ...
ဒီဇာတ်ကားမှာ Russell Crowe ကလွဲလို့ မင်းသား၊မင်းသမီးတော်တော်များများက 
ကျန်တဲ့ဇာတ်ကားတွေမှာ second line-up အဖြစ်အသုံးတော်ခံခဲ့ကြသူတွေပါ...
သိုင်းဝတ္ထု ဖတ်နေသလို ခံစားရမယ့်ဇာတ်ကားပါ...မိသားစုနဲ့တော့မကြည့်သင့်ပါဘူး...
Zip File size...800MB
Quality....အကြည်
Format...mkv
hour....01:47:26
subtitle....မြန်မာစာတန်းထိုး
Download Zip File
နမူနာကြည့်ရန်
မင်းသမီး Lucy Liu ပါဝင်သော တရုတ်ဗြိတိသျှ သိုင်းဇတ်ကား..
စစ်သည်တွေ လူသတ်သမားတွေ သိုင်းသမားတွေနဲ့ ကိုယ့်မြို့ကိုယ့်ရွာကို ကာကွယ်မည့် သူရဲကောင်း
ဘယ်လိုတွေ တိုက်ခိုက်ကြ စွမ်းအားတွေ ပြိုင်ကြမလဲဆိုတာ တရုတ်သိုင်းကားလို ဇတ်ကားတွေကို နှစ်သက်သူများအတွက် အဆင်ပြေစေမှာပါ။
တစ်ကိုယ်လုံး သံချပ်ကာတွေဖုံးပီး ဘာလက်နက်မှမတိုးတဲ့သူကို ဘယ်လို တိုက်ခိုက်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင် - See more at: http://moviecollecter.blogspot.com/2013/02/the-man-with-iron-fists.html#sthash.JzirhK3X.dpuf
မင်းသမီး Lucy Liu ပါဝင်သော တရုတ်ဗြိတိသျှ သိုင်းဇတ်ကား..
စစ်သည်တွေ လူသတ်သမားတွေ သိုင်းသမားတွေနဲ့ ကိုယ့်မြို့ကိုယ့်ရွာကို ကာကွယ်မည့် သူရဲကောင်း
ဘယ်လိုတွေ တိုက်ခိုက်ကြ စွမ်းအားတွေ ပြိုင်ကြမလဲဆိုတာ တရုတ်သိုင်းကားလို ဇတ်ကားတွေကို နှစ်သက်သူများအတွက် အဆင်ပြေစေမှာပါ။
တစ်ကိုယ်လုံး သံချပ်ကာတွေဖုံးပီး ဘာလက်နက်မှမတိုးတဲ့သူကို ဘယ်လို တိုက်ခိုက်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင် - See more at: http://moviecollecter.blogspot.com/2013/02/the-man-with-iron-fists.html#sthash.dEu12lDf.dpuf
Tuesday, April 8, 2014
Gangster Squad (2013) မြန်မာစာတန်းထိုး
၁၉၄၀ နဲ့ ၁၉၅၀ ပြည့်နှစ်များမှာ   Los Angeles မြို့ကို မာဖီးယားတွေနဲ့ တိုက်ခိုက်ရင်း ကာကွယ်ကြတဲ့ (L.A.P.D) တပ်ဖွဲ့ဝင်တွေရဲ့ ဖြစ်စဉ်တွေအကြောင်း အဓိကထားရိုက်ကူးထားတဲ့ 
Crime/Drama အမျိုးအစားဇာတ်ကားလေးပါ...
Josh Brolin, Ryan Gosling, Sean Penn, Emma Stone, Anthony Mackie, Giovanni Ribisi, 
Robert Patrick နဲ့ Michael Peña စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေနဲ့ အင်အားများများ သုံးပြီးရိုက်ကူးထားတဲ့ဇာတ်ကားပါ...
Zip File size...755MB
Quality....အကြည်
Format...mkv
hour....01:44:51
subtitle....မြန်မာစာတန်းထိုး
Download Zip File
နမူနာကြည့်ရန်