Tuesday, April 22, 2014

The Twilight Saga: Breaking Dawn - Part 1 (2011) မြန်မာစာတန်းထိုး




The Twilight Saga ဆိုတဲ့ စိတ်ကူးယဉ် စွန့်စားခန်း ဇာတ်လမ်းအပိုင်းတစ်ဟာ ၂၀၁၁ခုနှစ်မှာ ပရိသတ်တွေ ကြားထဲမှာ တော်တော် ရေပန်းစားခဲ့ပါတယ်။ နိုင်ငံတကာမှာ ဒီရုပ်ရှင်ကားက အသားတင်အမြတ် အမေရိကန်ဒေါ်လာ သန်း ၆၀၀ကျော် ရခဲ့တဲ့ ၀င်ငွေကောင်း ရုပ်ရှင်ကားကြီးလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ကားကောင်းဆို စာရေးဆရာ စတက်ဖနီမေယာ တော်တာကြောင့်လည်း ပါပါတယ်။
မူရင်းဝတ္ထု Breaking Dawn ဆိုရင်လည်း စာဖတ်ပရိသတ်တွေရော၊ ဝေဖန်ရေးဆရာတွေပါ အကြိုက် တွေ့ခဲ့ကြလို့ နိုင်ငံ ၅၀ ကျော်မှာ ဘာသာစကား ၃၈ မျိုးနဲ့ ဘာသာပြန်ခဲ့ ကြပါသေးတယ်။ ဘယ်လောက်ထိအောင် အဲဒီစာအုပ် ရောင်းရသလဲဆိုရင် စာအုပ် ထုတ်ဝေလိုက်တဲ့ ပထမဆုံးနေ့မှာတင် စာအုပ်ပေါင်း ၃၇ သိန်းထိ ရောင်းလိုက်ရလို့ စာအုပ်သမိုင်းမှာ စံချိန်ချိုးသွားပါတယ်။ စာအုပ်ထုတ်လို့ လပိုင်းလေးပဲ ကြာသေးတယ်။ စာအုပ်ရောင်းအားက အုပ်ရေ ခြောက်သန်း ကျော်သွားပါတယ်။ ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ ကလေးတွေဖတ်ဖို့ အကောင်းဆုံးစာအုပ်ဆု (Children’s Book of the Year) အပြင် တခြားဆုတွေလည်း တစ်သီတစ်တန်းကြီး ရသွားတာပါ။
ရုပ်ရှင်အဖြစ် ရိုက်ကူးလိုက်တော့ အောင်မြင်သွားတာကလည်း မဆန်း ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီရုပ်ရှင်မှာ ပါဝင်တဲ့သူတွေကလည်း ကမ္ဘာကျော် စူပါစတားတွေဖြစ်တဲ့ တေလာလော့တ်နာ (Taylor Lautner)၊ ရောဘတ်ပတ်တင်ဆန် (Robert Pattinson)နဲ့ ခရစ္စတင်စတူးဝပ် (Kristen Stewart)တို့ ဖြစ်နေလို့ပါပဲ။ နာမည်ကြီး သရုပ်ဆောင်တွေကြောင့် အောင်မြင်တယ် ဆိုတာထက် ဇာတ်ဆောင်တွေက ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်သွားတာရယ်၊ ဇာတ်လမ်းဇာတ်အိမ်အား ကောင်းတာရယ်ကြောင့်လို့ ပြောရပါမယ်။
(The Chic Magazine မှကူးယူဖော်ပြသည်...)

Zip File size...712MB  
Quality....အကြည်
Format...mkv
hour....01:48:45
subtitle....မြန်မာစာတန်းထိုး

Download Zip File


နမူနာကြည့်ရန်


No comments:

Post a Comment