ကဲ ပုံလေးတွေကို မြင်လိုက်တာ နဲ့ ခပ်များများတော့ ပြော ဖို့ လိုဦးမလားဗျ။ လူတစ်ယောက်ကို မင်း ကြောင်နဲ့ကြွက် ကား ကြိုက် လား လို့ မေးကြည့်။ မကြိုက်ဘူး ပြောရင် သေချာတယ် လိမ် တာပဲ။ တခြား ကာတွန်း ကားတွေ နဲ့ မတူ ဘဲ ဘယ်အချိန် ကြည့်ကြည့် ဘာပြီးရင် ဘာဖြစ်မယ် အလွတ် ရနေတာတောင်မှ ထပ်ကာထပ်ကာ ကြည့် မရိုးဘူးဗျ။ လက်ဖက်သုတ်လိုပေါ့။ ခဏခဏစားနေရလည်း မရိုးနိုင်တာမျိုး။ ကြောင်နဲ့ကြွက် ကြည့်ပြီးရင် စိတ်လက် ပေါ့ပါးသွားတတ်တာ ထုံးစံဗျ။ ကာတွန်း ဆွဲ ခဲ့တဲ့ လူတွေ ဂါထာတွေနဲ့ မန်းမှုတ်ပြီး ဆွဲ ထားသလားမှတ်ရတယ်။ ဘယ်တော့မှ မမုန်းဘူးဗျ။ နောက်တစ်ခု ရယ်ရတာက တခြားကားတွေ violence and gore တို့ ၁၃နှစ်အောက် မကြည့်ရတို့ သာ ပြောနေတာ။ ဒီလောက် ဓားနဲ့ခုတ် သေနတ် နဲ့ပစ်နေတဲ့ ကြောင်နဲ့ကြွက်ကို ကျတော့ ကလေးတွေပါ ကြည့်လို့ရတယ်တဲ့ဗျာ။ ကလေးဘဝ ကြမ်းကြမ်းတမ်းတမ်းဂိမ်းတွေ ဆော့ ရင် ရုပ်ရှင်တွေကြည့်ရင် ကြီးလာရင် ကြမ်းတမ်းလာတတ်တယ်တဲ့။ ပညာရှင်တွေက ပြောတယ်။ ကြောင်နဲ့ကြွက် ကို ကျတော့ ဆရာသမားတွေက မျက်လုံးတစ်ဖက် မှိတ်ပြီး မမြင်ချင်ယောင်ဆောင်နေတယ်ဗျ၊။ ဟဲဟဲ စတာပါ ခင်ဗျားတို့ တစ်နေ့တာ စိတ်ရောကိုယ်ပါ ပင်ပန်းလို့ မနက်ဖြန် အတွက် ခွန်အားတွေ လိုနေသလား။ ကြောင်နဲ့ကြွက် ကြည့်လိုက်ဗျ။ စူပါ လီမွန်တီး ထက် လန်းသွားစေရမယ်။ ကလေးကလားနဲ့ကွာ ကြီးကောင် ကြီးမား နဲ့ ကြောင်နဲ့ကြွက် ကြည့်နေရလား လို့ ခင်ဗျားကို လာပြောရင် သေချာတယ် သူတို့မကြည့်ရလို့ မနာလိုနေတာလို့သာ မှတ်လိုက်ကြဗျ။
(အညွန်းရေးသူကတော့ ကောင်းမြတ်သူ ဖြစ်ပါတယ်)
No comments:
Post a Comment