Friday, December 18, 2015

Hawwa Hawwai (2014) မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးကတော့ IMDB -7.5 ရရှိထားပြီး စိတ်ကူးဆန္ဒတွေရဲ့အောင်မြင်ခြင်းကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်း မုဆိုးမ တစ်ယောက်ရဲ့ သားလေး အာဂျွန်ဟာ လက်ဖက်ရည်ဆိုင်လေးရဲ့လုပ်သားလေးပေါ့။ ဒီ ဆိုင်လေးက စကိတ်ကွင်းလေးတစ်ခုမှာ တည်ရှိနေပြီး ညဘက်လိုလို စကိတ်စီး ကျင့်သူများလည်း လာလေ့ရှိတတ်ကြတယ်။

တစ်ညမှာတော့ ဆရာလပ်ကီး ဦးဆောင်တဲ့ စကိတ်သင် ကျောင်းသားလေးတွေကို အာဂျွန် တွေ့ခဲ့ပြီး စကိတ်စီးချင်စိတ်ပြင်းပြလာခဲ့တယ်။ အာဂျွန်ရဲ့ စိတ်ဆန္ဒတွေကို ပံ့ပိုးပေးနေသူတွေက အာဂျွန်ရဲ့သူငယ်ချင်းကောင်း လေးဖော် ။ သူတို့တွေရဲ့ ၀င်ငွေဟာ စကိတ်တစ်ခုအတွက် မလုံလောက်ပေမဲ့ ဖြတ်ထိုးဥာဏ်အသုံးပြုခဲ့ပြီး အာဂျွန်အတွက် စကိတ်ဖိနပ် လက်ဆောင်ပေးခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ ဆရာလပ်ကီးကိုယ်တိုင် သင်ကြားပေးခဲ့ပြီး အာဂျွန်ရဲ့ အိပ်မက်ကို ပုံဖော်ပေးခဲ့ကြသည်။ ထို့ပြင် စကိတ်ပြိုင်ပွဲတွင်ပါ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်ပေးခဲ့သည်။

 အဲဒီနောက်မှာတော့ -----????? ကဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ရင်ခုန်ကြည့်ရှုလိုက်ပါဦး။ အပြောင်းအလဲတစ်ခုကြောင့် ဇာတ်လမ်းရဲ့ပြကွက်တွေကလည်း အထင်းသား ရုပ်လုံးပေါ်လာစေခဲ့ပါတယ်။  ဒီဇာတ်ကားလေးက ရိုးရှင်းလှပေမဲ့ နက်ရှိုင်းတဲ့သံယောဇဉ်တွေနဲ့ မေတ္တာတရားတွေကို ဖော်ကျူးတင်ဆက်ထားပုံက သဘာဝကျလွန်းလှပါတယ်။ထို့အပြင် ဆင်းရဲသားလူနေမှုစနစ်နဲ့ ရောင့်ရဲနိုင်ခဲ့ခြင်းတွေ အောင်မြင်လိုစိတ် အပြည့်အ၀ရှိခြင်းတွေကလည်း ဇာတ်လမ်းရဲ့အနှစ်သာရ ကို ပီပြင်စေခဲ့ပါတယ်။ ဒါကြောင့် CM ပရိသတ်ကြီးလည်း အားပေးကြည့်ရှု ခံစားလိုက်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။

File Size         : 950 MB
Quality           : Blu ray 720P
Running Time : 2 hr

Format           : Mp4
Genre             : Drama, Family , Sport
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

(ဇာတ်ကားအညွန်းရေးသူကတော့ လင်းခယံပဲဖြစ်ပါတယ်)

No comments:

Post a Comment