Thursday, December 31, 2015

The Martian(2015) - မြန်မာစာတန်းထိုး

Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာ IMDb rating 8.2/10 ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အဂါင်္ဂြိုလ်ပေါ်ကို လေ့လာမှုပြုလုပ်နေတုန်း ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။ မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား၃ ယောက်တို့ MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေ ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။


မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ . သတိရရချင်းပဲ အဂါင်္ဂြိုလ်(Mars)ပေါ်မှာ တစ်ယောက်ထဲ ကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။ အဲ့အတွက် သူ့အသက်မသေခင်ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါ လုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့ အဂါင်္ဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။ စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာ nasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲ အပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီး သူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။



World မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့ အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့် ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာ တကယ့်ကိုအံ့မခန်းပါပဲ။ ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်း ဝပ်နေးကို အဂါင်္ဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့ အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။


ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်က အဂါင်္ဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာ ရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲ အစာပြတ်သေသွားနိုင်တာကြောင့် ပညာရှင်တွေအကြပ်ရိုက်နေတုန်း လူငယ်လေးတစ်ယောက်ရဲ့ အတွေးခေါ်တစ်ခုကနေ အကောင်းဆုံးနဲ့စွန့်စားမှုတွေအပါအဝင် မာခ်ဝပ်နေးကို အမြန်ဆုံးကယ်တင်နိုင်မယ့် နည်းလမ်းကိုရခဲ့ပါတယ်။ အဲ့တော့ ဘယ်လိုမျိုးများ စွန့်စားကြမလဲဆိုတာကို ဇာတ်လမ်းထဲမှာသာခံစားကြည့်ရှုကြပါ။
ဒီကားရဲ့ IMDb rating 8.2 ဆိုတာကိုလည်း မမေ့ကြနဲ့ဦးနော်။


(ဒီဇာတ်လမ်းကို CM Team မှ ညီလေး Wai Yan M မှ ဘာသာပြန်ပေးထားပါတယ်။ )
2016 အတွက် ပထမဦးဆုံး တင်မယ့် ပွဲဦးထွက်ကားလေးပါ။ ဒီနေ့မှာပဲ နောက်ထပ် 2016အတွက် အရမ်းကိုကောင်းမွန်တဲ့ ပရိတ်သက်ကြီးလည်းမျှော်လင့်နေတဲ့ ဒုတိယပွဲဦးထွက် ကားလေးတစ်ကားလာပါဦးမယ်။ Ko HaDes လက်စွမ်းပြထားတဲ့ကားလေးပါ။

အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ရှေ့ခရီးဆက်လှမ်းနိုင်ကြပါစေ။
@ San Win Maung

1080P HD Quality                  : 1.3 Gb
720P HD Quality                    : 999 Mb
360P Small HD Quality           : 499 Mb
Running Time                       : 2h 21m
IMDb rating                          : 8.2/10
Translated                            : Wai Yan M
Encoded                              : San Win Maung 

Download and Direct Watch HD 1080P

Download and Direct Watch HD 720P 

Download and Direct Watch small file HD 360P

 

The Sorcerer's Apprentice (2010) မြန်မာစာတန်းထိုး

မင်းသားကြီး နီကိုလပ်ကေ့ နဲ့ Jay Baruchel တို့ပါဝင်ထားတဲ့ မှော်ဇာတ်ကားပါ။
နိုးထလာတော့မယ့် မကောင်းဆိုးဝါးကို နှိမ်နင်းဖို့ ကြိုးစားနေတဲ့ မှော်ဆရာ...
မှော်လက်စွပ်ကို မထင်မှတ်ပဲ ဝတ်လိုက်မိတဲ့ ကျောင်းသားလေး....
သူတို့တွေဘယ်လိုတွေ့ဆုံပြီး  ကမ္ဘာကြီးရဲ့ ရန်သူကို ဘယ်လိုနှိမ်နင်းမလဲဆိုတာ........။
Action, Adventure, Fantasy အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (6.1/10) ရရှိထားပါတယ်။
(မြန်မာစာတန်းထိုးကိုတော့ Ynwa August မှတင်ဆက်လိုက်တာပါ။)

File size...(850MB) 
Quality...BR-Rip 720p

Format...mp4
Duration....01:49:03
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung
 
 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)


  


 နမူနာကြည့်ရန်

American Pie 5 : The Naked Mile (2006) မြန်မာစာတန်းထိုး

နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(5)ဇာတ်ကားပါ။
ဒီဇာတ်ကားမှာလဲ သူ့ထက်ငါ လူစွမ်းကောင်းဆိုတဲ့ စတစ်ဖလာမျိုးရိုးတွေအကြောင်းကို တွေ့မြင်ရမှာပါ။  
စတစ်ဖလာ မျိုးရိုးထဲမှာ အူကြောင်ကြောင်ကောင်တွေပါနေတာကို ဟာသရသမြှောက်အောင် ပုံဖော်ထားပါတယ်။  
အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။
American Pie ဇာတ်ကားအကုန်လုံးကို http://www.channelmyanmar.com/search?q=american+pie မှာ Download လုပ်လို့ရပါတယ်။ 


File size...(900MB) 
Quality...HDTV-Rip 720p

Format...mp4
Duration....01:41:47
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung
 
 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)


 




နမူနာကြည့်ရန်

Wednesday, December 30, 2015

Steve Jobs: The Man In Machine (2015) မြန်မာစာတန်းထိုး


ဒီဇာတ်ကားက Steve Jobs အကြောင်းကို ရိုက်ထားတဲ့ကားအဖြစ် ဒုတိယမြောက် ထွက်လာတဲ့ ဇာတ်ကားပါ။

Iphone, Ipad, Macတို့ကို စတင် တီထွင်ခဲ့တဲ့ Apple Companyရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ CEO Steve Jobsအကြောင်းကို ရိုက်ထားတာပါ။စတီဂျော့က ဘယ်လိုလူစားမျိုးလဲ၊သူဘာတွေ တီထွင်ခဲ့တာလဲ သူ့ဘ၀အကြောင်းကရော ဘယ်လိုလဲဆိုတာကို စုံစုံလင်လင်ပြသနိုင်တဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားမှာ သူရဲ့ ဘ၀ကို ဘယ်လို အခြေအနေကနေ စတင်ခဲ့တယ်၊ သူအောင်မြင်အောင် ဘယ်လိုကြိုးစားခဲ့တယ်၊ အခက်အခဲတွေကနေ ဘယ်လို ပြန်ရုံးထနိုင်ခဲ့တယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရမှာ။

ဒါပေမဲ့ ဒီဇာတ်ကားက Steve Jobsရဲ့ ပုံရိပ်တွေနဲ့ အတူ တစ်ခြားသူတွေက သူရဲ့ အကြောင်းကို ပြန်ပြောပြတဲ့ မှတ်တမ်းရှပ်ရှင် ပုံစံမျိုးရိုက်ထားတဲ့ Documentary အမျိုးအစားဆိုတာကို သတိပြုစေချင်ပါတယ်။

File Size         : 920 MB
Quality           : Blu ray 720P
Running Time : 2hr 8 minute
Format           : Mp4
Genre             : Documentary
Encoder         : Joker.phs


Download And watch With Pcloud Link Full HD
 

Download And watch Pcloud Link Small File Size

Happy Ghost - I (1984) မြန်မာစာတန်းထိုး


Happy Ghost ဇာတ်ကားတွေရဲ့ ပထမဆုံးသောဇာတ်ကားပါ..အရင်တုန်းက Channel Myanmar မှာ
ကျွန်တော် Happy Ghost 3 နဲ့ 4 ကိုတင်ပေးပြီးပါပြီ...နံပါတ် ၁ နဲ့ နံပါတ် ၂ သာအနည်းငယ်ဆက်စပ်မှုရှိပြီး 3 နဲ့ 4 ကသိပ်ပြီးဆက်စပ်မှုမရှိပါဘူး..ဒါကြောင့်မို့လည်း ကြားထဲကဖောက်ပြီးတင်ပေးခဲ့တာပါ...
အခုလည်း နံပါတ် ၁ ကို ထပ်မံတင်ပေးလိုက်ပါပြီ...
ငယ်ငယ်တုန်းက သဘောကျနှစ်သက်စွာ ကြည့်ခဲ့ဖူးတဲ့ရုပ်ရှင်
အဖြစ် အခုအချိန်မှာ ပြန်ကြည့်တော့လည်း မရိုးသေးပါ..ကျွန်တော်အရမ်းကြိုက်တဲ့ဇာတ်ကားတွေပါ
ဇာတ်လမ်းအညွှန်းကိုတော့သေချာမပေးတော့ပါဘူး..ကြည့်ကြည့်ပါ.ဟာသကားလေးပဲဖြစ်ပါတယ်

Filesize : 793 MB
Quality : DvdRip

Format : mp4
Run Time : 1h 32min

Subtitle : Myanmar Subtitle (Hardsub)
Encoded By LK


Download And Watch With Pcloud Link 

Tuesday, December 29, 2015

English Vinglish (2012) မြန်မာစာတန်းထိုး


ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Gauri Shinde က ရိုက်ကူးထားပြီး ၊ သာမန်အိမ်ရှင်မတစ်ဦး (Sridevi) ဟာ စားသောက်ဆိုင်တစ်ခုမှာ ရိုးရှင်းတဲ့ အစားအသောက်လေး မှာတာတောင်မှ အဆင်မပြေဖြစ်ပြီး အင်္ဂလိပ်စာသင်မှ ဖြစ်မယ်ဆိုပြီး သင်ယူတဲ့အကြောင်း ရိုက်ကူးထားတာပါ ။ ဒီဇာတ်ကားဟာ မင်းသမီးကြီး Sridevi ရုပ်ရှင်လောကနဲ့ ၁၅ နှစ်လောက် အဆက်ပြတ်နေပြီးမှ ပြန်ရိုက်တဲ့ဇာတ်ကားလို. ဆိုနိုင်ပါတယ်။ ဒီဇာတ်ကားထွက်ရှိပြီးနောက်မှာ Sridevi ကို ဂျပန်မှာ female Rajinikanth အိန္ဒိယမှာ Meryl Streep လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ဒီဇာတ်ကားကနေ ဘယ်အရွယ်ပဲ ရောက်နေ ရောက်နေ ပညာတစ်ခုသင်ကြားဖို့အတွက် အသက်အရွယ်က အရေးမကြီးဘူးဆိုတာကို အကောင်းဆုံးဖော်ပြသွားနိုင်ခဲ့ပါတယ်။IMDB Ratingကလဲ ၇.၉ တောင်ဆိုတော့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားထဲမှာ ပါ ပါတယ်။

ဒီဇာတ်ကားတင်ဖြစ်တာဖို့ စာတန်းထိုး အကူအညီပေးတဲ့ လင်းခယံကိုရော၊ FB ပေါ်မှာ ကြည့်ကို ကြည့်သင့်တဲ့ Bollywood ၁၀ ကားဆိုပြီး ညွန်းပေးတဲ့ Myanmar Portalဆိုက်ကိုရော အထူးပင်ကျေးဇူးတင်ရှိပါတယ်

File Size         : 960 MB
Quality           : Blu ray 720P
Running Time : 2hr 14 minute
Format           : Mp4
Genre             : Comedy, Drama, Family
Encoder         : Joker.phs

Download And watch With Pcloud Link Full HD
 

Download And watch Pcloud Link Small File Size

Tom & Jerry Special Collection Part II

ပထမဦးဆုံးအကြိမ် Tom & Jerry Collection ကို ကြည့်ပြီး တောင်းတဲ့သူတွေများလာလို့ ထပ်ပြီးတော့
Special Collection ထပ်လုပ်ပေးလိုက်ပါတယ်..ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ ဒီကာတွန်းကားလေးတွေကို
အခုအချိန်အထိနှစ်ခြိုက်စွာ အားပေးနေတဲ့ ပရိတ်သတ်တွေရှိနေသေးတယ်ဆိုတာလည်းကျွန်တော်တို့မြင်
ခဲ့ရပါပြီ..အရင်တုန်းကပြောခဲ့သလိုပဲ ကြီးကောင်ကြီးမား နဲ့ကြောင်နဲ့ကြွက် ကြည့်နေရလားဆိုရင်..အဲ့ဒါ
သေချာတယ်.သူတို့မကြည်ရလို့မနာလိုလို့လာပြောတယ်မှတ်လိုက်ပါ :D

ဒီတစ်ခေါက် Collection ကိုတော့ သေချာစွာစီစဉ်ထားပြီး အကောင်းစား အခန်းရပ်လေးတွေကိုစုစည်း
ပေးထားပါတယ်..ရယ်မောခြင်းဖြင့်ဘ၀အမောပြေနိုင်ကြပါစေ







Purpose Of Reunion(2015) မြန်မာစာတန်းထိုး ၁၈++++


Dongchul ဟာ ဘားအ​သေး​စားတစ်​ခုကို စီမံခန့်​ခွဲ​နေသူတစ်​​ယောက်​။ သူဟာ အမြဲတမ်း ​ကျောင်းသား​ဟောင်း​တွေ့ဆုံပွဲ ကို စီစဉ်​ချင်​​နေသူပါ။ တစ်​​နေ့ကျ​တော့ သူ့ဘားကို ​သူငယ်​ချင်းမတစ်​​ယောက်​ ​ယောက်​လာပါတယ်​။ Yujinဆိုတဲ့ အဲ့သူငယ်​ချင်းမ​လေးဟာ ​ကျောင်းသား​ဟောင်း ​တွေ့ဆုံပွဲတို့ဘာတို့ လည်း သွား​လေ့သွားထ ရှိတဲ့လူမဟုတ်​ပါဘူး။ ဒီလိုဘားမှာ အမှတ်​မထင်​ ​တွေ့လိုက်​တဲ့အခါမှာ သံ​ယောဇဉ်​ လက်​ကျန်​​လေးနဲ့ ချစ်​ခြင်းတရား​တွေ ဖြစ်​​ပေါ်လာပြီး နယ်​​တွေကျွံကုန်​ကြပါ​တော့တယ်​။ တစ်​​ယောက်​နဲ့တစ်​​ယောက်​ လျှို့ဝှက်​ချက်​​တွေ မရှိ​တော့ဘဲ သံ​ယောဇဉ်​​တွေ တွယ်​သထက်​တွယ်​လာချိန်​မှာမှ Dongchulရဲ့ ဇနီးဟာ Dounchulဆီ​ရောက်​လာချိန်​မှာ​တော့ …. ဘယ်တွေ ဆက်ဖြစ်မှာလဲဆိုတာ  CM ပရိသတ်ကြီး ကိုယ်တိုင်ပဲ ဆက်လက်ခံစားကြည့်ရှူလိုက်ကြပါဦး။ လိင်အသားပေး ဇာတ်ဝင်ခန်း ခပ်ကြမ်းကြမ်းတွေနဲ့ ဆွဲဆောင်ထားတာမို့ ၁၈ နှစ် မပြည့်သေးသူများ မကြည့်သင့်သလို၊ မိသားစုနဲ့အတူလဲ မကြည့်သင့်တဲ့ ဇာတ်ကားပါ။

File Size         : 780 MB
Quality           : Blu ray 720P
Running Time : 1hr 40 minute
Format           : Mp4
Genre             : Romantic
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

(ဘာသာပြန်သူကတော့ Ap Newschoolဖြစ်ပြီး ဇာတ်ကားအညွန်းရေးသူကတော့ ကောင်းမြတ်သူပဲဖြစ်ပါတယ်)

Monday, December 28, 2015

Rush Hour (1998) မြန်မာစာတန်းထိုး

Channel Myanmar ရဲ့ 800 မြောက် ဇာတ်ကားပါ...အမှတ်တရအနေနဲ့တင်ပေးလိုက်ပါတယ်..
ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား :D 1998 စတင်ထွက်ရှိခဲ့တဲ့
Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်..ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့
ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်..နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ
အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ..မေ့နေမှာဆိုးလို့ ဇာတ်လမ်းအကျဉ်း
လေးနည်းနည်းပြန်ပြောလိုက်ပါမယ်....

အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ..သူဟာ တရုတ်
ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်..တစ်နေ့မှာ လီ ဦးဆောင်တဲ့
စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ
တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်..ခေါင်းဆောင်တော့မပါဘူးပေါ့....အဲ့အမှုပြီးတဲ့နောက်မှာတော့
ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်..တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ
ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့...တရုတ်
ကောင်စစ်ဝန်ဟာ အမေရိက ကိုရောက်နေတာပါ..ပြန်ပေးဆွဲတာလည်းအမေရိကမှာပဲဖြစ်ပါတယ်
FBI က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပေမယ့် ကောင်စစ်ဝန်က " လီ " ကို ပါဝင်စေချင်လို့
တရုတ်ကနေလှမ်းခေါ်လိုက်ပါတယ်..ဒါကို FBI က သဘောမကျပဲ တွဲဖက်တစ်ဦးတွဲပေးလိုက်ပါတယ်..
အဲ့တွဲဖက်ရဲ့တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေပဲ ပထုတ်ထားဖို့ပဲဖြစ်ပါတယ်..တွဲဖက်ကတော့
LA ရဲ ဘက်ငှာန က ဂျိမ်းကာတာပဲဖြစ်ပါတယ်...ပေါက်ကရတွေလျှောက်ပြောပြီး အူကြောင်ကြောင်
နိုင်လှ တဲ့ ဒီရဲ အရာရှိနဲ့ တရုတ်စုံထောက် လီ တို့ပေါင်းမိပြီးဘာတွေဖြစ်ကြမလဲ..ဘယ်လိုတွေ
စုံစမ်းမလဲ..ဘယ်လိုတွေအလွဲတွေ..ဟာသတွေဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ပါ

Rush Hour 2 နဲ့ 3 ကိုလည်း အမြန်ဆုံးတင်သွားပါမယ်..

Filesize : 603 MB
Quality : BrRip720p

Format : mp4
Run Time : 1h 38 min
Subtitle : Myanmar Subtitle (Hardsub)
Encoded By LK


Download And Watch With Pcloud Link

GooseBumps (2015) မြန်မာစာတန်းထိုး

အောက်တိုဘာ 16 ရက်နေ့ 2015 မှာ ထွက်ရှိထားတဲ့ GooseBumps ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေး
ချင်ပါတယ်..ဒီဇာတ်ကားကို ဒါရိုက်တာ Rob Letterman က ရိုက်ကူးတင်ဆက်ထားပြီးတော့ IMDb Rate
က 6.6 ပဲဖြစ်ပါတယ်..ဟာသနဲ့ မကောင်းဆိုးဝါး စတဲ့ဇာတ်အိမ်ကို တွဲဖက်ရိုက်ကူးထားပြီး ကြည့်ရှုသူတွေ
အနေနဲ့ သဘောကျမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းပြောရမယ်ဆိုရင်

နယူးယောက်မြို့ ကနေပြောင်းလာတဲ့ Zach တို့သားအမိဟာ ထူးဆန်းတဲ့ R. L. Stine တို့သားအဖနဲ့ အိမ်နီးချင်းများ ဖြစ်လာကြပြီး Zach က Stine ရဲ့သမီးအချော အမောဖြစ်တဲ့ Hannah ကိုစိတ်ဝင်စားလျက် ရှိပါတယ်။ Stine က သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို ရေးသားတဲ့ စာရေးဆရာ တစ်ယောက် ဖြစ်ပြီး သူ၏သမီးနှင့် Zach ခင်မင်တာကို မနှစ်သက်ဘဲ Zach ကိုသူ့သမီးနှင့် ဝေးဝေးမှာနေဖို့ ပြောကြားထားပါတယ်။ တစ်နေ့မှာတော့ Zach နှင့် သူ့သူငယ်ချင်းတို့ဟာ Stine ရဲ့အိမ်ကို ခိုးဝင်ပြီး Hannah နှင့်တွေ့ဖို့ကြိုးစားရာက Zach သူငယ်ချင်းက Stine ၏ သော့ခတ်ထားတဲ့ စာအုပ်တစ်အုပ်ကို အမှတ်မထင်ဖွင့်ကြည့်လိုက်မိပါတယ်။ အဲဒီအချိန်မှာပဲ Stine ဖန်တီးထားတဲ့ စာအုပ်ထဲက မကောင်းဆိုးဝါးတွေဟာ အသက်ဝင်ပြီး အပြင်ကိုထွက်လာပါတယ်။ စာအုပ်ထဲက ထွက်လာတဲ့ မကောင်းဆိုးဝါးတွေကြောင့် သူတို့တွေ ဒုက္ခရောက်ရပုံကို သည်းထိတ်ရင်ဖိုနဲ့ ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ သရီးဒီဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။..ဆက်လက်ခံစားကြည့်ပါ

ရုပ်ရှင်အညွှန်းကို Myanmar All Youths မှ ပြန်လည်တင်ပြပါတယ်

Filesize : 665 MB
Quality : HDRip720p

Format : mp4
Run Time : 1h 43min
Subtitle : Myanmar Subtitle (Hardsub)
Encoded By LK


Download And Watch With Pcloud Link

Sunday, December 27, 2015

Hero ( 2002 ) မြန်မာစာတန်းထိုး




အကြိုက်ဆုံးဂျက်လီဇာတ်ကားတွေထဲမှာ ဒီတစ်ကားလည်းအပါအ၀င်ပဲဖြစ်ပါတယ်..ဒါကြောင့်မို့
CM ပရိတ်သတ်တွေကြည့်လို့ရနိုင်အောင် ကိုယ်တိုင်ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်....
ဒီဇာတ်လမ်းရဲ့ရည်ရွယ်ချက်..ကျောရိုး..ဇာတ်လမ်းဖန်တီးမှုလေးတွေကိုသဘောကျမိပါတယ်....
ဘာကြောင့်လဲဆိုရင်တော့ ကြည့်ဖူးတဲ့သူတွေသိမှာပါ..မကြည့်ရသေးတဲ့သူတွေလည်းအခုကြည့်ကြည့်ပါ
နားလည်သွားပါလိမ့်မယ်..2002 ခုနှစ်မှာထွက်ရှိခဲ့ပြီးတော့ IMDb Rating ကလည်း 7.9 အထိကိုရရှိထား
တာကိုတွေ့ရပါတယ်...ဇာတ်လမ်းအကျဉ်းလေးပြောပြပါမယ်

ချင်ဘုရင်ကြီးကို အရမ်းလုပ်ကြံချင်တဲ့ လူသတ်သမားသုံးဦးရှိပါတယ်..ကောင်းကင်ဓါး , နှင်းဓါး နဲ့ ဓါးကျိုး
တို့ပဲဖြစ်ပါတယ်..နိုင်ငံရဲ့အန္တရာယ်အကြီးဆုံးလူသတ်သမားတွေဖြစ်ပါတယ်..ဒါကြောင့်ချင်ဘုရင်က
အမိန့်ပြန်တမ်းတခုထုတ်ပြန်လိုက်တာက ကောင်းကင်ဓါးကို သတ်နိုင်တဲ့သူကို သူနဲ့ခြေလှမ်း ၂၀ မှာနေ
ခွင့်ရပြီး အရက်အတူတူသောက်သုံးနိုင်တယ်..နှင်းဓါးဖြစ်ဖြစ် ဓါးကျိုး ဖြစ်ဖြစ် တစ်ဦးဦးကိုသတ်နိုင်တဲ့
သူက သူရဲ့ ခြေဆယ်လှမ်းအတွင်းမှာ နေပြီး အရက်သောက်သုံးနိုင်တယ်ဆိုပြီးပဲဖြစ်ပါတယ်.......
တစ်နေ့မှာတော့ အမည်မဲ့ ဆိုတဲ့သူရဲကောင်းတစ်ဦးဟာ ဒီ ရာဇ၀တ်သားသုံးဦးစလုံးကိုသတ်ပြီး
ဘုရင့်ရှေ့တော်မှောက်ကိုရောက်လာပါတယ်..ဘုရင်ရဲ့ချီးမြှောက်မှုကိုခံယူပြီး ဒီလူဆိုးသုံးဦးကိုဘယ်လို
သုတ်သင်ခဲ့လည်းဆိုတာကို အသေးစိတ်ပြောပါတယ်..သူပြောတဲ့ဇာတ်လမ်းအဆုံးမှာတော့ ...
ဘုရင်ကမယုံပါဘူး..ဘာကြောင့်မယုံတာလဲ..ဒီဇာတ်လမ်းရဲ့မြုပ်ကွက်ကဘာလဲ..ဘယ်လိုတွေဆက်
ဖြစ်မလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ကြပါ..ထိုင်ရာကနေ မထပဲ ကြည့်သွားချင်မယ့်ဇာတ်ကား
မျိုးဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်

Filesize : 603 MB
Quality : bluray-720p

Format : mp4
Run Time : 1h 39min
IMDb Rate : 7.9
Subtitle : Myanmar Subtitle ( Hardsub )
Translated By LK
Encoded By LK


Download And Watch With Pcloud Link

The 33 (2015) မြန်မာစာတန်းထိုး

2015 မှာ ထွက်ရှိထားပြီး ဒါရိုက်တာ Patricia Riggen ရိုက်ကူးတင်ဆက်ထားတဲ့ The 33
ဇာတ်ကားဟာချီလီမှာ တကယ့်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တခုကိုအခြေခံပြီးရိုက်ကူးထားတဲ့
Base On Real Event Movie ဖြစ်ပါတယ်..

ဒီဇာတ်လမ်းလေးကတော့ ဖြစ်ရပ်မှန် အဖြစ်အပျက်လေးတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ လွန်ခဲ့သော ငါးနှစ်ခန့်က ချီလီနိုင်ငံရှိ ရွှေနှင့်ကြေးတွေ ထုတ်ယူတဲ့ မိုင်းတွင်းတစ်ခုတွင် မိုင်းတွင်းပြိုကျပြီး မိုင်းလုပ်သား ၃၃ ယောက်တို့ဟာ ပေ နှစ်ထောင်ခန့် အနက်ရှိတဲ့ မိုင်းတွင်းထဲမှာ ပိတ်မိနေခဲ့ကြပါတယ်။ ဒါဟာ ကျောက်တုံးမဟုတ်ပါဘူး။ တောင်တစ်ခုရဲ့ အသည်းနှလုံးပါပဲ။ တာဝန်ရှိအဖွဲ့အစည်းများမှ မိုင်းလုပ်သားများအား ကယ်တင်ရန်ကြိုးစားခဲ့ကြပြီး မိုင်းလုပ်သားမိသားစုဝင်များမှာလည်း မိုင်းလုပ်သားများ အသက်ရှင်လျက်ရှိသေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကို လက်မလွှတ်ခဲ့ပါဘူး။ မလျှော့သော ဇွဲ၊ လုံ့လတွေနဲ့ ကြိုးစားခဲ့ကြပြီး မိုင်းလုပ်သားများ ဘယ်လိုလွတ်မြောက်လာမလဲ ဆိုတာကိုတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားပေးပါဦး။

အညွှန်းကိုတော့ Myanmar All Youth မှ ပြန်လည်တင်ပြပါသည်

Filesize : 729 MB
Quality : WEB-DL720p

Format : mp4
Run Time : 2h 7min
Subtitle : Myanmar Subtitle ( Hardsub )
Encoded By LK


Download And Watch With Pcloud Link 

Ra One (2011) မြန်မာစာတန်းထိုး


ဒီဇာတ်ကားလေးကတော့
စိတ်ကူးယဉ်ကောင်းမွန်လှတဲ့ဇာတ်ကားလေးဖြစ်ပြီး
အားလပ်ရက်မှာ အချိန်ကုန်လွန်ကောင်းတဲ့
ဇာတ်ကားကောင်းတစ်ခုပေါ့။

ဒီဇာတ်ကားလေးမှာတော့ ဂိမ်း ပရိုဂရမ်ရေးဆွဲသူ
ရှီကာဟာ သားကိုချစ်တတ်လွန်းတဲ့ အဖေတစ်ယောက်ပေါ့။ သူ့သားလေးနာမည်က
ပါတိ။ ပါတိ ဟာ ဂိမ်းချစ်တတ်သူတစ်ဦးဖြစ်ပြီး
ရိုးအီလှသော ဇာတ်အိမ်မှခွဲထွက်လိုသူဖြစ်သည်။
သူရဲ့စိတ်မှာတော့ မသေဆုံးနိုင်သည့် လူဆိုးဇာတ်ကောင်ပေါ်ထွန်းစေချင်ပြီး သူ့အဖေ
ရှီကာကတော့ သူရဲကောင်းကိုသာ အလေးထားလေသည်။

ဒီလိုနဲ့ ရှီကာဟာ
နောက်တစ်ခါ တီထွင်သည့် ဂိမ်းတွင် ရာဝမ်း ဟူသော ဇာတ်ကောင်ကို ပုံဖော်ပေးခဲ့သည်။

ရာဝမ်းဟာ စွမ်းအားမြင့် လူဆိုးဖြစ်ပြီး သူနဲ့
ယှဉ်ပြိုင်ရမည့် သူရဲကောင်းကား ဂျီဝမ်း။
ထိုသို့နှင့် ဂိမ်း အား ပွဲဦးမိတ်ဆက်ပွဲနေ့မှာတော့
ပါတိ ဟာ လူစီဖာ နာမည်ဖြင့် ဂျီဝမ်းဇာတ်ကောင်နေရာမှဝင်ကစားပြီး
ရာဝမ်းနှင့် တိုက်ခိုက်ပွဲ ဆင်နွှဲခဲ့သည်။ ဂိမ်းပွဲကား
ခက်ခဲလှသော်လည်း လူစီဖာ ပင် အနိုင်ရခဲ့သည်။

ထိုအချိန်အခါသည် အိန္ဒိယပြည်၏ သိပ္ပံနည်းပညာလောကသည် ထွန်းကားနေပြီဖြစ်သည်။ ရောင်ခြည်စွမ်းအားတို့
အသုံးပြု၍ သက်မဲ့ကိုပင် ရုပ်လုံးဖော်နိုင်ခဲ့သည်။

တစ်ဖက်တွင်လည်း ရှီကာတို့ဂိမ်းဌာနတွင်လည်း
ရောင်ခြည်တန်းများဖြင့် ဂိမ်းကို ထိန်းချုပ်ထားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ
ရောင်ခြည်တန်းတို့၏ စွမ်းအားဖြင့် ရာဝမ်း
ဇာတ်ကောင်အရုပ်သည်လည်း အသက်ဝင်လာသည်။

ထို့နောက် ရာဝမ်းသည် လူစီဖာ Player အား ပြန်လည်ရှာဖွေပြီး အဆုံးသတ်မယ့်
ကြိုးစားချိန်တွေမှာတော့ ?????

ဘာတွေဆက်ဖြစ်မလဲ။ ရာဝမ်း အသက်ဝင်ပြီးနောက် ရှီကာတို့မိသားစု
ဘယ်လို အဖြစ်မျိုး ကြုံတွေ့ရမလဲ။
ရာဝမ်းကရော လူစီဖာ ကို တွေ့အောင်
ဘယ်လိုများ ကြိုးစားမလဲ။ ရာဝမ်းကိုရော
ဘယ်သူက တားဆီးမလဲ စတာတွေကိုတော့
ပရိသတ်ကြီး ရင်ခုန်ကြည့်လိုက်ပါဦး။

ဒီဇာတ်ကားမှာတော့ စိတ်ကူးယဉ်ဆန်ပေမယ့်
လူသားတွေရဲ့ သဘာဝကိုတော့ မသွေဖယ်စေပါဘူး။ နိဂုံးလေးမှာတော့
သက်ရှိ နဲ့ သက်မဲ့ ကြား မေတ္တာတရားကို
ဖော်ကျူးထားပုံက ကျွန်တော်တို့စိတ်ကို
ခေတ္တမျှ ငေးငိုင်စေတတ်သည် အထိ ကောင်းလှပါတယ်။ ကျွန်တော်တစ်ဦးတည်း
အမြင်ဖြစ်ပေမဲ့ ပရိသတ်လည်း ထပ်တူကျမလား
ဆိုတာတော့ ဒီကားလေးကြည့်ပြီးနောက် အဆုံးအဖြတ်ပေးကြစို့လားခင်ဗျာ။


File Size         : 1 GB
Quality           : Blu ray 720P
Running Time : 2hr 36 minute
Format           : Mp4
Genre             : Action, Adventure, Sci-fi
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

(ဇာတ်ကားအညွန်းရေးပေးသူကတော့ လင်းခယံပဲဖြစ်ပါတယ်)

Saturday, December 26, 2015

The Gods Must Be Crazy II (1990) မြန်မာစာတန်းထိုး

http://www.gstatic.com/tv/thumb/dvdboxart/11786/p11786_d_v7_aa.jpg
ဒီကားလေးကိုတော့ အထူးအညွှန်းရေးမနေတော့ပါဘူး
သူ့ကို မြင်တာနဲ့ အူတက်အောင် ရယ်ရမယ်ဆိုတာ သိနှင့်နေပြီးဖြစ်မှာပါ...
 အခု အပိုင်း ၂ ကို တင်ပေးလိုက်တာ ဖြစ်ပြီး အပိုင်း ၁ ကို တော့
 မှာ ဒေါင်းလုပ်ဆွဲနိုင်ပါတယ်...
 File Size         : 698 MB
Quality           : 720P
Running Time : 1hr 37 minute
Format           : Mp4
Genre             :  Comedy
Encoder         :  Thit San Khant


Download Link

===============



Camp X Ray(2014) မြန်မာစာတန်းထိုး


စစ်တပ်ထဲက ပထမတန်းစစ်တပ်အရာရှိ အေမီ ကိုးလ် ဟာ Camp Delta လို့ခေါ်တဲ့ နေရာမှာ အစောင့်အနေနဲ့ တာဝန်ပေးခြင်းခံရပါတယ် အစောင့်သစ်တစ်ယောက်ဖြစ်တဲ့ သူမဟာ အကျဉ်းသားတွေကို ကိုင်တွယ်တဲ့နေရာမှာလဲ အေးတိအေးစက်ဖြစ်နေပါတယ် သူမ camp မှာ ရှိနေစဉ်မှာ သူမကို စိတ်ဝင်စားနေတဲ့ ဂျာမန်အကျဉ်းသား Ali နဲ့ တွေ့ဆုံခဲ့ပါတယ် Amy ကတော့ Ali ရဲ့ ကြိုးစားမှုတွေ မေးခွန်းတွေကို လျစ်လျူရှု ထားရင်းတခါတလေ စိတ်ပျက်နေတတ်ပါတယ်

၈ လ လောက်ကြာပြီးနောက်မှာ Amy ဟာ Ali ရဲ့ ရေချိုးချိန်တွေကို ကြီးကြပ်ရတဲ့သူအနေနဲ့ အတင်းအကျပ် တာဝန်ချခံရပါတယ် Ali အတွက်လဲ အဆင်မပြေတဲ့အတွက် Amy က သူမရဲ့ အထက်အရာရှိဆီကို report ရေးတင်ခဲ့ပါတယ် တစ်ညမှာတော့ Ali နဲ့ Amy ဟာ နောက်ကြောင်းတွေ ပြန်ပြောကြရင်း Ali ဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ ကြိုးစားခဲ့ပေမဲ့ Amy ရဲ့ တားဆီးမှုကြောင့် အသက်ရှင်ခဲ့ပါတယ် ဒီအခြေအနေကြောင့် Amy ဟာလဲ အကျဉ်းသားတွေအပေါ်မှာ ရှိနေတဲ့ ထင်မြင်စိတ်တွေ အတွေးတွေ ပြောင်းလဲသွားခဲ့ပါတယ်

Amy ဟာ နောက်ဆုံး စခန်းကနေပြောင်းရမဲ့ အချိန်ရောက်လာတဲ့အခါ သူဟာ ဒီလူတွေနဲ့ စတွေ့ချိန်နဲ့ ခွဲခွာရမဲ့ချိန် ဘယ်လိုတွေ ကွဲပြားသွားမလဲဆိုတာ ကြားထဲက ဇာတ်လမ်းအချိတ်အဆက်လေးတွေကို ဆက်ကြည့်ကြပါလို့ ပြောချင်ပါတယ် IMDB Rating 7 အထိရရှိထားပြီး Kristine Stewart (Twilight မင်းသမီး) ရဲ့ သရုပ်ဆောင်ချက် ကောင်းကောင်းလေးတွေအပြင် ဘဝသရုပ်ဖော် အသားပေး ဇာတ်လမ်းဖြစ်တာကြောင့် ကြည့်ဖို့တန်တဲ့ ဇာတ်ကားတစ်ကားလို့ ဆိုရမှာပါပဲ

File Size         : 930 MB
Quality           : Blu ray 720P
Running Time : 1hr 57 minute
Format           : Mp4
Genre             : Drama,War
Encoder         : Joker.phs


Download And watch With Pcloud Link Full HD
 

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းရေးသူကတော့ ခင်ချယ်ရီနှင်းပဲ ဖြစ်ပါတယ်)

Friday, December 25, 2015

Zindagi Na Milegi Dobara (2011) မြန်မာစာတန်းထိုး

ဇာတ်လမ်းအကြောင်းကိုမပြောခင် ရရှိထားတဲ့ Rating  တွေအကြောင်းကို အရင်ပြောချင်ပါတယ်။
ထူးခြားတဲ့ ဇာတ်လမ်းတွေကိုမှ Rating မြင့်မြင့်ပေးတတ်တဲ့ Rotten Tomatoes မှာ ဒီဇာတ်ကားကို
Rating (100%) အပြည့်ပေးထားပါတယ်။ IMDb မှာတော့ (8.1/10) ထိရရှိထားပါတယ်။
Rating တွေကိုကြည့်ယုံနဲ့ ကောင်းမွန်လှတဲ့ဇာတ်ကားဆိုတာ ခန့်မှန်းလို့ရပါတယ်။
ဆုတွေအနေနဲ့လဲ ဆုပေါင်း (၆၆)ခုထိဇကာတင်ပါခဲ့ပြီး (၃၃) ဆုရရှိထားတာတွေ့ရပါတယ်။

ဇာတ်ကားနာမည်ရဲ့ အဓိပ္ပါယ်ကတော့ ‘You won’t get another life’ ဖြစ်ပါတယ်။
သူငယ်ချင်းသုံးယောက် လူပျိုဘဝနောက်ဆုံးခရီးထွက်ရင်းနဲ့ ဘဝမှာ အရေးကြီးတဲ့ အရာတချို့ကို သတိပြုမိသွားပုံကို အချိတ်အဆက်မိမိရိုက်ကူးပြသထားပါတယ်။
ဒီဇာတ်ကားက ကြည့်နေကြဇာတ်ကားတချို့လို တအံ့တသြ ရင်လှိုက်သည်းဖို ခံစားရမယ့်ဇာတ်ကားမဟုတ်ပါ။
ဘဝနဲ့ပတ်သတ်နဲ့ အမြင်တချို့ကိုသာ ပြောင်းလဲသွားနိုင်တဲ့ ဇာတ်ကားပါ။
အေးအေးဆေးဆေးခံစားကြည့်ရှုသင့်တဲ့ Bollywood ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ ကျွန်တော် သတိပြုမိတဲ့ အရာတစ်ခုရှိပါတယ်။အဲဒါကတော့.......
"ယောင်္ကျားလေးတွေမှာ ဘုရားပေးထားတဲ့ဆုအနေနဲ့ သူငယ်ချင်းတွေက သူငယ်ချင်းပီသကြတာပါပဲ။"


File size...(1.2GB) 
Quality...BR-Rip 720p

Format...mp4
Duration....02:34:23
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch 720p HD (pCloud Link)

Download and Watch 360p Small File Size(500MB)

  


နမူနာကြည့်ရန်

A Christmas Horror Story (2015) မြန်မာစာတန်းထိုး

https://horrorpediadotcom.files.wordpress.com/2015/04/christmas-horror-story-entertainment-one-dvd.jpg


ခရစ်စမတ်အချိန်ဟာ လူတွေအားလုံး သိထားတဲ့အတိုင်း တကယ့်ကို ငြိမ်းချမ်းပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးပါ ဒါပေမဲ့ လူတွေသတိမထားမိတာ တစ်ခုရှိပါသေးတယ် ဒါကတော့ ဆန်တာ ကလော့စ် နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ခရမ်ပတ်စ် ရဲ့ အကြောင်းပါပဲ ခရမ်ပတ်စ် ဆိုတာ က ခရစ်စမတ်အချိန်မှာ ပျော်ရွှင်ခြင်းတွေ ခွင့်လွှတ်ခြင်းတွေမရှိပဲ မိမိရဲ့ ဒေါသစိတ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့ အခါမှာ အဲ့ဒီ ခရမ်ပတ်စ် အသွင်ပြောင်းသွားပြီး စိတ် ဓာတ်ဆိုးညစ်သူတွေကို ခရစ်စမတ် မတိုင်မီအချိန် ၂၅ ရက်နေ့ရဲ့ အာရုံမတက်ခင်အချိန်လေးမှာ လိုက်လံဖမ်းဆီး သုတ်သင်ပါတော့တယ် ဒီဇာတ်ကားလေးက christmas မှာ လူသားတွေ စိတ်နှလုံး သန့်သန့်နဲ့ ပျော်ရွှင်နိုင်ဖို့ ခွင့်လွှတ်တတ်ဖို့အတွက် သင်ခန်းစာပေးရိုက်ကူးထားတဲ့ ကားလေးပဲဖြစ်ပါတယ်

ဒီရုပ်ရှင်ကားကို Carey Nyein မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုယ်လဲ သူကိုယ်တိုင်ရေးပေးထားပါတယ်

Marry Christmas ပါ CM ပရိတ်သက်ကြီးရေ.... 

Download Now....
====================




IMDb - 5.6/10
 
File size  - (569 MB)  

Quality -    720p
 
Format - MP4

Duration  01:39:27

Subtitle - Myanmar
 
Encoder - Thit San Khant



(Thit San Khant)

Switch (2013) မြန်မာစာတန်းထိုး

Action, Crime, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသား Andy Lau က
အေးဂျင့်ဖိုက်တာတစ်ယောက်အဖြစ် အဓိကပါဝင်ထားပါတယ်။
ဒီဇာတ်ကားမှာ အထူးခံစားမိတာက ရိုက်ချက်တွေလှပကောင်းမွန်တာကိုပါ။
ဇာတ်လမ်းသဘောကို မေးခွန်းထုတ်ချင်စရာရှိပေမယ့်
ရိုက်ချက်တွေ.... ဖန်တီးထားတဲ့ Scene တွေကတော့ အဆင့်မြင့်လှပပါတယ်။
ဒါကြောင့်လဲ တချို့က မကြိုက်ဘူးဆိုနေပေမယ့် တချို့ကတော့ အကြိုက်တွေ့လှပါတယ်လို့ ပြောနေကြတဲ့ ဇာတ်ကားပါ။ သူငယ်ချင်းတို့လဲ ကိုယ်တိုင်သာကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါ။

File size...(900MB) 
Quality...BR-Rip 720p

Format...mp4
Duration....02:02:00
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch 720p HD (pCloud Link)

Download and Watch 360p Small File Size(400MB)

 




နမူနာကြည့်ရန်

Thursday, December 24, 2015

Dil Dhadakne Do (2015) မြန်မာစာတန်းထိုး

ဒီဇာတ်ကားမှာ နာမည်ကြီး Bollywood မင်းသမီး(၂) ယောက်ဖြစ်တဲ့ Priyanka Chopra နဲ့ PK ဇာတ်ကားထဲက မင်းသမီး Anushka Sharma တို့အပြင် သရုပ်ဆောင်တော်တော်များများတို့ ပါဝင်ထားပါတယ်။
အချစ် ၊ အမုန်း ၊ စီးပွားရေး ၊ လူမှုရေး ၊ မိသားစုမေတ္တာ နဲ့ လူ့သဘော သဘာဝတို့ကို ပေါင်းစပ်ဖန်တီးထားပါတယ်။
ဒီဇာတ်ကားထဲက ဒိုင်ယာလော့ခ်တချို့နဲ့ပဲညွှန်းပေးလိုက်ပါတယ်။
"ခင်ဗျား တစ်ယောက်ယောက်ကိုချစ်နေရင် သူ့ကို လွတ်လပ်အောင်နေပေးလိုက်ပါ.....
လွတ်လပ်မှုဆိုတာ ခက်ခဲတယ်...အမြဲတမ်းလဲ အကောင်းဆုံးပဲ...နှလုံးသားတိုင်းကို ခုန်ခိုင်းပါ....
နေရာလေးသေးနေပေမယ့် ချစ်ခြင်းက ပြည့်စုံနေရင် ဘာတွေလိုအပ်နေဦးမှာလဲ"
လူသားတွေအတွက် အလိုအပ်ဆုံးက ချစ်ခြင်းမေတ္တာဆိုတာ မြင်ရမှာဖြစ်ပါတယ်။
IMDB Rating (6.8/10) ရရှိထားတဲ့ Drama, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။

File size...(995MB) 
Quality...HDRip 720p

Format...mp4
Duration....02:53:51
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch 720p HD (pCloud Link)

Download and Watch 360p Small File Size(500MB)
 



နမူနာကြည့်ရန်

Love & Mercy (2014) မြန်မာစာတန်းထိုး








IMDb . ရထားတဲ့ ဖြစ်ရပ်မှန်အထုပ္ပတ္တိ ရုပ်ရှင်ကောင်းတစ်ခုကို တင်ပေးလိုက်ပါတယ်။ ဇာတ်ကောင်ကတော့ 1960 ၀န်းကျင်မှာ Beach Boys အဖွဲ့ခေါင်းဆောင်တစ်ယောက်နေနဲ့ကျော်ကြားခဲ့တဲ့ ဘရိုင်ယန်ဝယ်ဆန်ဆိုတဲ့ သီချင်းရေးဆရာ အဆိုတော်ကြီးအကြောင်းပါ။ သူ့ဘ၀ရဲ့ အောင်မြင်မှုတွေကနေ စွန့်ခွာ၇တော့မယ့် အကြောင်းပေါ်လာခဲ့ပြီးနောက်မှာ အကောင်းဆုံး မာစတာပိစ် တစ်ခုဖန်တီးဖို့ကြိုးစားနေတုန်းမှာပဲ 1980 ၀န်းကျင်မှာ သူ့ရဲ့ ဆရာဝန် လင်ဒီ ရဲ့ မကောင်းကြံမှုတွေနဲ့ ပျက်စီးနေရတဲ့ အချိန်ပိုင်းတွေကနေ အရောင်းစာရေးမလေးက ကယ်တင်ဖို့ ကြိုးစားတဲ့ အကြောင်းကို တင်ဆက်ထားတာပါ။

 File Size         : 960 MB
Quality           : Blu ray 720P
Running Time : 2hr 1 minute
Format           : Mp4
Genre             : Biography,Drama, Music
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size


(အညွန်းရေးသူကတော့ Little Neo ပဲ ဖြစ်ပါတယ်)