Monday, November 30, 2015

Who Am I: No System Is Safe( 2014) မြန်မာစာတန်းထိုး


IMDb 7.3 ရထားတဲ့ ဟက်ကာ ကားတစ်ကားကို တင်ပေးလိုက်ပါတယ်။ ဂျာမန်လူမျိုး ဟက်ကာ တစ်ယောက်ရဲ့ ကျော်ကြားချင်တဲ့ ဟက်ကာအဖွဲ့နဲ့ ပူးပေါင်းပြီး စွန့်စားခန်းတွေ ဖွင့်ကြတဲ့ ဇာတ်လမ်းပါ။ ဂျာမန်ကားတွေဟာ rating များတာရှားသလို ဒီကားလောက် ချီးမွှမ်းခံရတာလည်း ရှားပါတယ်။ ဒီဇာတ်ကားကို ကြည့်ဖူးတဲ့သူတွေက ရာစုနှစ်တွေအတွင်း အကောင်းဆုံး ဂျာမန်ကားတို့ အကောင်းဆုံး ဟက်ကာကားတွေထဲက တစ်ခုလို့လဲ ဝေဖန်ပေးကြပါတယ်။ ကြည့်လိုက်ကြပါဦး

File Size         : 870 MB
Quality           : Blu ray 720P
Running Time : 1hr 42 minute
Format           : Mp4
Genre             : Thriller
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size


(ဒီဇာတ်ကားကိုတော့ Myanmar IT Groupမှ ကိုပဲခူးသားက ဘာသာပြန်ပေးထားတာ ဖြစ်ပါတယ်)

Pee Mak (2013) မြန်မာစာတန်းထိုး

IMDb Rating(7.4/10) ထိရရှိထားပြီး အောင်မြင်မှုတွေစိုက်ထူနိုင်ခဲ့တဲ့ ထိုင်းဇာတ်ကားဖြစ်ပါတယ်။
ယခင်ကတင်ပေးထားတာ သိပ်မကြည်လို့ အခု(အကြည် မြန်မာစာတန်းထိုး)နဲ့ပြန်တင်ပေးလိုက်ပါတယ်။
ရုပ်ရှင်အညွှန်းကိုတော့ R Ker ရေးထားတာသဘောကျလို့ သူ့အမြင်ကို ညွှန်းလိုက်ပါတယ်။

Pee Mak နဲ့ Nak ရဲ့ အချစ်မှာ Pee Mak ရဲ့အချစ်က ပိုပြီး " အခရာ "ကျတယ် ..
" ပိုပြီးအရေးပါအရာရောက်တယ် " လို့ ကျွန်တော်ထင်တယ် ..
ဒါကြောင့်ပဲ ဇာတ်လမ်းနာမည်ကိုက Nak မဟုတ်ပဲ " Pee Mak " ဖြစ်နေတာပေါ့ ..
Pee Mak ကသာ Nak ကို တကယ်မချစ်ရင် သူတို့  နှစ်ယောက်ကို ခွဲနေကြတဲ့ သူငယ်ချင်းလေးယောက်နဲ့ အတူ Pee Mak က ထွက်ပြေးမှာပေါ့ ..
သို့ တည်းမဟုတ် Pee Mak က Nak ကို " သရဲမကြီး !!!!! " လို့ အော်ပြီး Nak နဲ့ ဝေးရာကို ရှောင်ပြေးပုန်းရှောင်ဖို့ ကြိုးစားမှာပေါ့ .. အဲ့လိုသာဆို အဲ့ဇာတ်လမ်းထဲမှာ Pee Mak က Nak ကိုရှောင်ပြေးရင်း Nak တစ်ယောက်က အချစ်ရူးမကြီးဖြစ်ပြီး သူ့ ကို တကယ်မချစ်တဲ့ Pee Mak ကို လိုက်ပြီး သတ်ဖြတ်လုပ်ကြံဖို့ ကြိုးစားရင်းနဲ့  တကယ့်ကြောက်စရာသရဲကား Drama အသည်းနာစရာ အလွမ်းအဆွေးဇာတ်ကားကြီးဖြစ်သွားမှာပေါ့ .. အလိုလိုနေရင်း Nak တစ်ယောက်ကလည်း လူတွေအမြင်မှာ သရဲမကြီး အပြင် လူဆိုးမကြီး ဖြစ်သွားမှာပေါ့ ..
ဒါဆိုရင် အဲ့လိုဇာတ်လမ်းကြီးကိုလူတွေကြိုက်ပါ့မလား ???
ပရိတ်သတ်ကို ဆွဲဆောင်နိုင်တဲ့ပြကွက်တွေ ဖြစ်ပါ့ဦးမလား ???
သေချာကြည့်ရင် ဇာတ်လမ်းထဲမှာက ဇာတ်လမ်းတစ်ဝက်နားလောက်ထိကို
Nak က " Pee Mak သူ့ ကို တကယ်ချစ်ရဲ့လား " ဆိုတဲ့ သင်္ကာမကင်းမျက်လုံးလေးတွေနဲ့ ကြည့်နေခဲ့တာလေ ...
တကယ့်ဇာတ်လမ်းထဲမှာကတော့ Pee Mak ရဲ့ အချစ်ကို ဖော်ကျူးပြီး ..
Pee Mak က ..
" သရဲတော့ကြောက်ပေမယ့် Nak မရှိမှာကို ပိုကြောက်တယ် "..
" Nak သေသွားရင် Pee Mak လည်း မနေနိုင်ဘူး .. သူလည်းလိုက်သေမယ် " ..
" Nak က သရဲမ မှန်းသိပေမယ့်လည်း
အရသာမရှိတဲ့သစ်ရွက်ခြောက်တွေကို ကြိတ်မှိတ်မြိုသိပ်စားသောက်ရင်း Nak အနားမှာ အမြဲရှိနေမယ် "
ဆိုတဲ့ အချစ်စစ်ကိုဖော်ကြူးတဲ့ ပြကွက်တွေကြောင့်သာ ဇာတ်လမ်းကြည့်ရှုသူပရိတ်သတ်အပေါင်းကို ဇာတ်ကားတစ်ကားလုံးရဲ့ ဟိုးအထွဍ်အထိပ်ဆီကို ခေါ်ဆောင်သွားနိုင်တာပါ .. ဇာတ်လမ်းရဲ့ဆိုလိုရင်းက
" အချစ်စစ်သာစစ်မှန်ရင် ဘယ်သူတွေက ဘယ်လိုပဲ ချစ်သူနှစ်ဦးကို ဝေးကွာအောင်ခွဲနေပါစေ .. ကာယကံရှင်နှစ်ဦးလုံးရဲ့ အချစ်ကသာ စစ်မှန်ခဲ့ရင် ပေါင်းစပ်ဆုံဆည်းနိုင်တယ်ဆိုတာပါပဲ " ..
Pee Mak က ချစ်တတ်လွန်းလို့  Nak က မချစ်တတ်ပါဘူး .. မချစ်ဘူးလို့ လည်း မဆိုလိုဘူးနော် .. နောက်ဆုံး Nak ကို သရဲမကြီးမှန်း အားလုံးသိသွားပြီး Pee Mak ကို သူတို့ နဲ့ အတူ ရှောင်ပြေးဖို့ တိုက်တွန်းနေတဲ့ သူငယ်ချင်းလေးယောက်ရဲ့ စကားကိုနားမထောင်ပဲ .. လိုက်မသွားပဲ .. ထွက်မပြေးပဲ ငိုနေတဲ့ Pee Mak ရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို
" Nak " က ဇောက်ထိုးကြီးမှာတောင် သူ့ ရဲ့ လက်အရှည်ကြီးနဲ့  Pee Mak ရဲ့ မျက်ရည်တွေကို သုတ်ပေးခဲ့တယ် မဟုတ်ပါလား ???
ကျွန်တော်ကတော့ ယုံကြည်တယ် .. Pee Mak ကြည့်ပြီး ရယ်တဲ့သူထက် ငိုတဲ့သူက ပိုများမယ်ဆိုတာ ..
တကယ်တော့ Pee Mak ဇာတ်လမ်းက လူတွေခေါင်းစဉ်တပ်သလို
" အဲ့သရဲကား အရမ်းရယ်ရတယ် သွားကြည့်ပါလား ??? "ဆိုပြီး ပြောတာမျိုးဟာ
" အဲ့ဒီအချစ်ကားလေး အရမ်းကောင်းတယ် သွားကြည့်ပါ့လား " လို့ ပြောတာထက်စာရင် ဟာသဆိုတာကို နာမည်ခံသုံးပြီး အချစ်ကားလို့ မပြောချင်တဲ့လူတွေကသာ ဟာသကားလို့ ပြောကြတာထင်တာပဲ .. တကယ်တော့ Pee Mak ကားထဲက ဟာသပြကွက်တွေဆိုတာ ရင်ထဲစွဲကျန်လောက်အောင်ဘာမှမဟုတ်ပါဘူး .. အခုပြန်တွေးကြည့်ရင် ပြန်ပြီးမြင်ယောင်နေမိတာကတော့ ဟာသပြကွက်တွေထက် အချစ်နဲ့ ပတ်သတ်တဲ့ပြကွက်နဲ့ စကားလုံးတွေပိုများမှာပါ ..
ဟာသဆိုတာက ဒီဇာတ်ကားမှာ " နှမ်းဖြူးတယ် " ဆိုရုံလောက်လေးလို့ ပဲ ပြောရမလား ?
ဒီဇာတ်ကားရဲ့ တကယ့်အနှစ်သာရ အချစ်လောက်အရေးမပါတဲ့ပြကွက်တွေလို့ ပဲ ပြောရမလား ? ဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ဖူးသူတိုင်း ဇာတ်လမ်းကို ပြန်မြင်ယောင်တောင့်တကြည့်တာနဲ့ တင်သိနိုင်ပါတယ် ..
ကျွန်တော်ကတော့ ပရိတ်သတ်များကို ညွှန်းချင်တယ်ဗျာ ..
Pee Mak ဇာတ်ကားမကြည့်ဖူးသေးတဲ့သူများ .. အခုထိမကြည့်ရသေးတဲ့သူများရှိခဲ့ရင်
Pee Mak ဆိုတဲ့ ***** အချစ်ဇာတ်ကားလေး ***** ကို ကြည့်ဖြစ်အောင် သွားကြည့်ကြပါလား ???

Pee Mak ရေ !!! Congratulation ပါ ..
မင်းရဲ့ အချစ်တွေအတွက် ဂုဏ်ယူပါတယ် ..
အခုတော့ မင်းဟာ အချစ်နဲ့ အတူ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နေပြီ ..

ဒီနေ့ ခေတ်ကြီးထဲမှာ မြေကွက်တွေထက်တောင် ပိုပြီး ဈေးတက်နေတဲ့  .. ရွှေထက်တောင်ပိုရှားပါးပြီး တန်ဖိုးရှိနေတဲ့ အချစ်စစ် ဆိုတဲ့အရာကို Pee Mak ရဲ့ ရင်ထဲကနေ ကိုယ်နဲ့ ထိုက်တန်စွာ ပေးဆပ်ရင်း ရခဲ့တဲ့ Nak ရဲ့ ဘ၀ကလည်း ပျော်ရွှင်စရာပဲမဟုတ်လား ???
ဒီ Status လေးကို ဖတ်ရှုသူများနဲ့ " like " " comment " &
" share " ပြုလုပ်သူများအားလုံးလည်း Pee Mak နဲ့  Nak ရဲ့ အချစ်စစ်လို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့  ကိုယ်ချစ်၊သူချစ် အပြန်အလှန် သစ္စာ၊မေတ္တာ၊အကြင်နာနွေးထွေးမှုအပြည့်ရှိတဲ့ အချစ်ရေးကံကောင်းတဲ့ချစ်သူစုံတွဲလေးများဖြစ်ကြပြီးတော့
ကိုယ်တကယ်ချစ်တဲ့ ၊ ကိုယ့်ကိုတကယ်ချစ်တဲ့ချစ်သူနဲ့ အတူ အမြဲတမ်း ထာဝစဉ် ၊ ထာဝရ မခွဲမခွာ အေးအတူပူအမျှ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်နိုင်ကြပါစေလို့  ကျွန်တော် Rကာမှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
(ရုပ်ရှင်အညွှန်းကို R Ker's FB Page မှကူးယူဖော်ပြပါသည်။)

File size...(900MB) 
Quality...BR-Rip 720p

Format...mp4
Duration....01:51:52
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung
 
 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(Uploading)


 


နမူနာကြည့်ရန်

Sunday, November 29, 2015

Mission Impossible 2 (2000) မြန်မာစာတန်းထိုး


မင်းသား Tom Cruise ရဲ့ Mission Impossible ဇာတ်ကားတွေထဲကမှ နံပါတ် ၂ ဇာတ်ကားပါ...
ဇာတ်လမ်းအကျဉ်းကတော့....

ဒေါက်တာ ဗလာဒီမာဟိုနိုဗစ်ဟာ အဖျက်စွမ်းအားအင်မတန်ကြီးမားတဲ့ ကိုက်မယ်ရာ လို့ခေါ်တဲ့
ဗိုင်းရပ်စ်တစ်မျိုးကို မှားယွင်းတီထွင်မိပါတယ်..သူ့ကိုယ်သူအမှားလုပ်မိမှန်းသိလို့..ဖြေဆေးကိုပါ
ပြန်ပြီး တီထွင်ပါတယ်..ပြီးတော့ ဒီဗိုင်းရပ်ကို မသမာသူတွေလိုချင်တယ်ဆိုတာကိုသိလို့..
ဖြေဆေးရော ဗိုင်းရပ်စ်ပိုးကိုယူပြီး အဝေးကိုထွက်သွားဖို့ကြိုးစားရမှာ သူ့ရဲ့အယုံကြည်ရဆုံးသူဖြစ်တဲ့
IMF အေးဂျင့် အီသန်ဟန့် ကိုအကူအညီတောင်းပါတယ်..ဖြစ်ချင်တော့ အီသန်ဟန့်ဟာအဲ့အချိန်မှာ
အားလပ်ရက်ယူနေတာဖြစ်ပြီး IMF အဖွဲ့အစည်းက ဘယ်လိုမှရှာမရတာမို့..အီသန်ဟန့်ရဲ့မျက်နှာ
ဖုံးကိုတခြားသူမှာတက်ပြီးလူစားထိုးလွှတ်လိုက်ပါတယ်..အဲ့လူက လောဘတက်ပြီးသစ္စာဖောက်သွားတဲ့
အခါမှာ..အီသန်ဟန့်တစ်ယောက် ပြန်ပြီးဘယ်လိုဗိုင်းရပ်ကိုယူမလဲ..စတဲ့စွန့်စားခန်းတွေနဲ့အတူ
အက်ရှင်ကားအကောင်းစားတွေကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါကြောင်း..

Filesize : 619 MB
Quality : BrRip720p

Format : mp4
Run Time : 2hr 3min

Subtitle : Myanmar Subtitle ( Hardsub )
Encoded By LK


Download And Watch With Pcloud Link

Instructions Not Included(2013) မြန်မာစာတန်းထိုး


ငယ်စဉ်က အဖေဖြစ်သူဆီကနေ အကြောက်တရားမျိုးစုံကို မကြောက်စေဖို့ ထိန်းကျောင်းခံလာရတဲ့ ဗယ်လယ်တိုင်း ဆိုတဲ့သူ တစ်ဦး
ကြီးပြင်းလာတဲ့အခါ မိန်းမတွေနဲ့ ရှုပ်ပွေ ပြီးတော့ အချစ်ဆိုတာ ပေါ့ပျက်ပျက်ထားခဲ့ပြီး လက်ထပ်ဖို့တော့ အရမ်းကြောက်တဲ့ သူဖြစ်ပါတယ်
တနေ့မှာတော့ သူ့အိမ်ရှေ့ကို သူနဲ့ အရင်က တွဲခဲ့တဲ့ မိန်းမတယောက်က ကလေးလေး တယောက်နဲ့ အတူ ရောက်လာပြီး သူ့ကလေးလို့ ပြောပြီး ကလေးကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့တယ်
သူကတော့ ကလေးကို လဲ မလိုချင်တော့ သူ့အမေကို ပြန်ပေးဖို့ မက္ကဆီကိုကနေ ကားတစ်တန် ကုန်းကြောင်းတစ်တန်နဲ့ အမေရိကားကို လာခဲ့ပါတယ် 
လမ်းခရီးမှာ ကလေးနဲ့ သံယောဇဉ်တွယ်လာပြီး နောက်ပိုင်း ကလေးကို ပြုစု စောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်
အမြင့်ကို ကြောက်တတ်တဲ့Valentin ဟာ ကလေး သံယောဇဉ်ကြောင့် စတန့် သမား တစ်ဦး အဖြစ် အသက်မွေးခဲ့ပါတယ်
နောက်ပိုင်းမှာ သူ့ကလေးရဲ့ အမေပြန်ပေါ်လာပြီး ကလေးကို ပြန်ခေါ်ဖို့ ကြိုးစားလာတဲ့ အခါ ..
ဘယ်လို ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ ပရိသတ်ကြီး စိတ်ဝင်တစား ကြည့်ရမလဲဆိုတာ ဆက်ပြီး ကြည့်ကြည့်ပါဦးး. ဒီဇာတ်ကားကြည့်ပြီး ကိုယ့် သမီးအတွက်ဆို ဘာမဆို လုပ်ရဲတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို နားလည်လာနိုင်မှာ သေချာပါတယ်။ သားသမီးနေရာကနေပဲ ကြည့်ကြည့်၊ မိဘနေရာကနေပဲ ကြည့်ကြည့် လက်မလွတ်တန်း ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။
သေချာတာတော့ ဘေးနားမှာ တစ်ရှူးဘူး ဆောင်ထားပါလို့ 
 File Size         : 870 MB
Quality           : Blu ray 720P
Running Time : 2hr 02 minute
Format           : Mp4
Genre             : Comedy, Drama
Encoder         : Joker.phs

Download And watch With Pcloud Link Full HD
(ဇာတ်ကားအညွန်းရေးသူကတော့ Khin Cherry Hninပဲဖြစ်ပါတယ်)


Don't Look Down(2008) မြန်မာစာတန်းထိုး ၁၈++++


ဒီဇာတ်ကားလေးကတော့ နည်းနည်းလေးတော့ ဆန်း တယ် လို့ ဆို ရမှာပါ။ ဆန်းတော့လည်း အညွှန်း ကို ရေးမထိ လောက် အောင် ပါပဲ။ အဖေ နဲ့ သား ရဲ့ သံယောဇဉ်။ အဖေ ဖြစ်သူ အပေါ်သားတစ်ယောက်ရဲ့ ချစ်ခင်မှု။ ရုတ်တရုတ် အဖေ့ကို ဆုံးရှုံး လိုက်ရတဲ့ အခါ ဖြေမဆည်နိုင်ဖြစ်ရတဲ့ ခံစားမှု , စိတ်ခံစားမှု နဲ့ လိင်မှု, လူတစ်ယောက်မှာ လိင်မှုရေးရာ ဟာ ဘယ်လောက် အရေးပါတယ် ဆိုတာ ချပြထားတဲ့ ဇာတ်ကား ကောင်း တစ်ကားပါ။ စိတ်ပညာ အကြောင်းအရာ လိင်မှုရေးရာ အကြောင်းအရာ တွေကိုပါ ခပ်ပါးပါး လေး ပညာပေးထားတဲ့ ဇာတ်ကားလေးပါ။

အသက်အရွယ် ရလာတဲ့ အချိန် ယောက်ျားတစ်ယောက် ရဲ့ စွမ်းဆောင်ရည်တွေ အမြင့်ဆုံး ရောက်နေတဲ့ အချိန်အထိ Eloy ဟာ သူ့အလုပ်တွေနဲ့ သူ ရှုပ်နေခဲ့ပါတယ်။ ပြောရရင် အလုပ်က လွဲ လို့အခြား အရာတွေကို စိတ်မဝင်စားနိုင်ဘူးပေါ့။ ရူပဗေဒ ပညာတွေ လေ့လာ လိုက် မိဘလက်ငုတ်လက်ရင်းလေးတွေ ကူလုပ်ပေးလိုက်နဲ့ပေါ့။ ဒါပေမယ့် သင်္ခါရ လောက ကြီးရဲ့ လောကဓံ အတိုင်း တစ်နေ့မှာ သူ့ ဖခင် ဖြစ်သူ ရုတ်တရက် ဆုံးပါးသွားတာပါ။ဘယ်လိုမှ ဖြေမဆည် နိုင်တဲ့ အပြင် နဂိုထဲက အလုပ်ဒဏ် ပိ နေတဲ့ Eloyတစ်ယောက် ရောဂါ တစ်မျိုး လာပါတယ်။ နေ့ခင်းဘက်တွေ ဆို ကြောင်စီစီ ဖြစ်နေတတ်ပြီး ညဘက်တွေဆို အိပ်လျက်လမ်းထထလျှောက်နေတတ်တာပါ။ သူ့အဖေ သူ့ဆီရောက်ရောက်လာတယ်လို့ အိပ်မက်လိုလိုမြင်မက်ရာက စတာပါပဲ။ ဒီလို လမ်းလျှောက် တတ်တာကလည်း သူ့ဘဝအတွက် အလှည့်အပြောင်း ဖြစ်လာပြီး ယောက်ျားတစ်ယောက် လူသားတစ်ယောက်ရဲ့ သာယာပျော်ရွှင် ဆိုတဲ့အရာ ကို အမှတ်မထင် တွေ့ရှိခဲ့ပါတယ်။ ဒီလို လမ်းလျှောက်လျှောက်မိရင်း Elvira ဆိုတဲ့ကောင်မလေး နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူက အိပ်ပျော်လျက် ဖြစ်နေပေမယ့် ကောင်မလေးကတော့ သနားချစ်နဲ့ ချစ်မိသွားပြီး ဒီ ရောဂါကို ကုစားပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဘယ်လို ကုစား သလဲဆိုတာ ကတော့ ရင်ခုန်စရာ ပါပဲ။

tantric sex ဆိုတာပါ။ ဘာသာတစ်ခုရဲ့ အယူအဆ အရ စိတ်ဝိဉာဉ် နှစ်ခု ကို ပေါင်းစည်းပေးဖို့ လိင်ကိစ္စကို ခပ်ဖြေးဖြေးနဲ့ အကြာကြီး ဆွဲပြီး ခံစားတာပါ။(tantric sex ဟာ အကြမ်းဖျင်းအားဖြင့် လေးနာရီခန့် ကြာသင့် ပါတယ်တဲ့။ ပုံမှန်အားဖြင့် ယောက်ျား အများစု ဟာ ဝုန်းဒိုင်း ပြီးသွားတတ်ပြီး ဒါဟာ ချစ်သူ နှစ်ဦးရဲ့ စိတ်ဝိဉာဏ် ၂ခု ကို မပေါင်းစည်းပေးနိုင်ဘူးလို့ ယူဆ ကြပါတယ်။ စကားချပ်) ဒီလို တဖြည်းဖြည်း နဲ့ Eloyတစ်ယောက် စိတ်အခြေ အနေ ပုံမှန် ပြန်ဖြစ်လာ မလားဆိုတာကတော့..... sleeping-walking နဲ့ tantric sex ဘယ်လို ပတ်သတ်တယ်, လူသားတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်တွေမှာ လိင်မှုကိစ္စက ဘယ်လောက် အရေးပါတယ်, စိတ်ပညာနဲ့ လိင်မှု ပတ်သတ်မှု တွေကို ချပြ ထားပါတယ်။ (သို့ပေမယ့်လည်း ပရိသတ်တွေကို တစ်ခုတော့ မှာထားပါရစေ။ sleep-walking ဖြစ်နေပြီဆို ချစ်သူတစ်ယောက်တော့ ရှာထားပေတော့လို့။ တော်ကြာ ရုပ်ရှင်ထဲက လို သူစိမ်းကောင်မလေးက ကြည်ဖြု ဖို့ ဆိုတာ အင်မတန် ကံကောင်းမှ ဖြစ်မှာမို့ အခန့်မသင့် ရဲ့ ထောင်နန်းစံရမယ့်ကိန်း ကြိုမြင်နေလို့ပါ)

ဇာတ်ကားက မူရင်း ထုတ်တဲ့ဆီကကို Blu Ray မထွက်တာမို့ ထွက်သမျှတွေထဲက အကြည်ဆုံးကို ရွေးတင်ပေးလိုက်ပါတယ်။
 File Size         : 560 MB
Quality           : DVD Rip
Running Time : 1hr ၂5 minute
Format           : Mp4
Genre             :  Drama, Romance
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

(အညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)

Saturday, November 28, 2015

Spartacus TV Series (Season 3)

နိုင် ​ငံခြား စီးရီး ​တွေ ကို ကြိုက်​နှစ်​သက်​ကြတဲ့ မြန်​မာ ပရိတ်​သတ်​​တွေ အ​နေနဲ့ Spartarcus ကို မသိသူ ခပ်​ရှားရှားပါ။ Supernatural စီးရီးက အဓိက ဦး​ဆောင်​​နေတယ်​ လို့ ​ပြောလို့ရ​ပေမယ့်​ Spartarcus ကလည်း ​ခေလှတဲ့ စီးရီး မဟုတ်​ပါဘူး။ iMDb rating 8.6 ရထားတဲ့ series တစ်​ခုရဲ့ အရှိန်​အဝါ ကို အထင်​​သေးလို့ မရပါဘူး။ CM ပရိသတ်​​တွေ ရဲ့series ​တွေ ကို ချစ်​တဲ့ စိတ်​ ကို သိလို့ တင်​ ​ပေးလိုက်​ပါတယ်

 မွေးရပ်​​မြေ နဲ့ ကိုယ်​ ချစ်​တဲ့ သူ​တွေ ကို ​ခွဲခွာလိုက်​ရပြီး ​နောက်​ပိုင်းမှာ ​ရောမ မြို့ရဲ့ ​သွေးစွန်း တဲ့ ​နေရာ ​တွေ ကိုပဲ Spartarcus ဆိုတဲ့ ​ကောင်​​လေး ​ခြေချ ခဲ့ ရပါတယ်​။ ကျွန်​ အဖြစ်​ အတင်း သွတ်​သွင်းခြင်း ခံ ရတဲ့ အပြင်​ ရက်​စက်​ လှ တဲ့ လူလူခြင်း သတ်​ဖြတ်​ တာ ကို အရသာ ခံ ကြည့်​​နေကြတဲ့ လူအုပ်​​တွေ ကြားထဲမှာ သူ သိခဲ့ရတာက စစ်​ဆိုတာ စစ်​​မြေပြင်​မှာ တိုက်​မှ မဟုတ်​ပါဘူး။ အသက်​ရှင်​ ရပ်​တည်​ ဖို့ အတွက်​ ရုန်းကန်​ ရတာ ကလည်း စစ်​ပွဲ ပဲ ဆိုတာ ပါ။ သူ့ ဘဝ ဇာတ်​လမ်းကို လူ​တွေ ကို ပြန်​​ပြောပြရမယ်​ဆိုရင်​ ရက်​စက်​မှု ကြမ်းတမ်းမှု နဲ့ ကာမဂုဏ်​ ​တွေ ပဲ ​ပြောစရာ ရှိမှာပါ။ ခပ်​ကြမ်းကြမ်း တိုက်​ခိုက်​မှု ​တွေ ​ရောမ ​ခေတ်​ ကျွန်​​တွေရဲ့ ဘဝ​တွေ ကို ​တွေ့မြင်​ကြရမှာ ဖြစ်​သလို လိင်​အသား​ပေး ဇာတ်​ဝင်​ခန်း ခပ်​များများနဲ့ ပရိသတ်​ကြီးကို ဆွဲ​ဆောင်​ သွားမှာ ဖြစ်​ပါတယ်

Season 3












Season အစအဆုံး ပြန်ကြည့်ရန် ဒီလင့်ကို နှိပ်ပါ

(ဇာတ်ကားအညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)

American Pie 4 : Band Camp (2005) မြန်မာစာတန်းထိုး

နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(4)ဇာတ်ကားပါ။ American Pie အစကမင်းသားတွေ မပါတော့ဘဲ စတစ်ဖလာက မင်းသားဖြစ်သွားပြီး မူရင်း စတစ်ဖလာရဲ့ ညီအကြောင်းကို ပေါ့ပေါ့ပါးပါးတင်ဆက်ထားပါတယ်။
စတစ်ဖလာ ဆိုတာ မျိုးနဲ့ ရိုးနဲ့ သောင်းကျန်းသူတွေဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။
အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။
American Pie ဇာတ်ကားအကုန်လုံးကို http://www.channelmyanmar.com/search?q=american+pie မှာ Download လုပ်လို့ရပါတယ်။ 


File size...(900MB) 
Quality...Unrated HDTV Rip 720p

Format...mp4
Duration....01:34:10
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung
 
 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)

 




နမူနာကြည့်ရန်

Friday, November 27, 2015

The Best Of Me(2014) မြန်မာစာတန်းထိုး


IMDb 6.6 ရထားတဲ့ အချစ်ကားကောင်းလေးပါ။ ဆယ်ကျော်သက် ဘ၀ မှာ ချစ်ကြိုက်ခဲ့ပြီးနောက်မတူညီတဲ့ အခြေအနေတွေကြောင့် ကွဲကွာခဲ့ပြီးနှစ် ၂၀ အကြာမှာ သူငယ်ချင်းတစ်ယောက် သေဆုံးသွားချိန် သူ့ရဲ့နောက်ဆုံးဆန္ဒအတွက် ပြန်လာကြပြီး ပြန်တွေ့မိကြပါတယ်။ အဲဒီအချိန်မှာ ကောင်မလေးမှာ စိတ်ညစ်စရာ အိမ်ထောင်ရေးတစ်ဖက်နဲ့ဖြစ်နေပြီး နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ချစ်နေကြသေးပေမယ့် ကောင်လေးကိုလည်း သူမကို တွန်းထုတ်ခဲ့တဲ့အတွက် ခွင့်မလွှတ်နိုင်သေးတဲ့အခါ……

File Size         : 930 MB
Quality           : Blu ray 720P
Running Time : 1hr 58 minute
Format           : Mp4
Genre             :  Drama, Romance
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size


(အညွန်းရေးသူကတော့ ကနီယိုပဲ ဖြစ်ပါတယ်)

EuroTrip (2004) မြန်မာစာတန်းထိုး

အမေရိကန် လူငယ်ဟာသဇာတ်ကားပါ။
ထူးခြားတာက ဇာတ်အိမ်ခိုင်ခန့်အောင်တည်ဆောက်ပြီး ဖန်တီးထားပါတယ်။
Comedy ဇာတ်လမ်းကောင်းကောင်းလေးကိုမှ ခံစားချင်သူတွေ လုံးဝ(လုံးဝ) လက်မလွှတ်သင့်ပါဘူး။
IMDb Rating (6.6/10) ထိရရှိထားတာကိုကြည့်ရင် Comedy အမျိုးအစား သီးသန့်ဇာတ်ကားတွေမှာ
Rating မြင့်တဲ့ဇာတ်ကားပါ။ 
သရုပ်ဆောင်တွေပီပြင်ကြလို့ ကိုယ်တိုင်နှစ်နှစ်ခြိုက်ခြိုက် လိုက်ပါစီးမျောရမယ့် ဇာတ်ကားပါ။
(ဘာသာပြန်သူကတော့ "ရမ်းသမ်းဘာသာပြန်သည်..." ဆိုတဲ့ "မိုးစက်" ပါ။ ATM Error ထိုင်းဇာတ်ကားနဲ့ PK ဇာတ်ကားကို ကြည့်ဖူးသူတွေကတော့ သူ့ကို မှတ်မှတ်ရရရှိကြမှာပါ။ ဒီဇာတ်ကားကို သူက Rated Version နဲ့ ဘာသာပြန်ပေးခဲ့ပေမယ့် ကျွန်တော်က စေတနာပိုပြီး 
Unrated Version နဲ့ စာတန်းထိုး ပေါင်းပေးလိုက်လို့ 18+ အခန်းတချို့ ပိုပါလာတဲ့အတွက် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။)

File size...(850MB) 
Quality...Unrated HDTV Rip 720p

Format...mp4
Duration....01:31:47
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung
 
 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)


 



နမူနာကြည့်ရန်