Friday, November 28, 2014

The Other Woman(2014) မြန်မာစာတန်းထိုး

Screen Shots




ညှို့အားပြင်း မင်းသမီး ကင်မရွန်းဒီယာ့ဇ် (Cameron Diaz) ၊ နှုတ်ခမ်းဖျားကမှဲ့လေးနဲ့ ချစ်စဖွယ်ဆွဲဆောင်နိုင်သော အလှပိုင်ရှင် Vogue Model ကိတ်အပ်(ပ)တန် (Kate Upton) တို့နဲ့အတူ
17 Again, This is 40 စတဲ့ဇာတ်လမ်းများမှ နံမည်ကြီး မင်းသမီး လက်(ဇ)လီမန်း (Leslie Mann) တို့ပါဝင်သော The Other Woman က PG-13 အဆင့် ဟာသနှောတဲ့ အိမ်ထောင်ရေးပညာပေး
ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
ထက်မြက်ပြီးချောမောလှတဲ့ Carly , ရိုးအတဲ့ဇနီးချော Kate ,
ခပ်ချောချောကောင်မလေး Amber တို့ သုံးယောက်က
လူရှုပ်လူပွေ တစ်ဦးဖြစ်တဲ့ Kate ရဲ့ ခင်ပွန်း Mark နဲ့ တပြိုင်တည်း ပတ်သတ်မိကြပါတယ်။
အိမ်ထောင်ရေးသာမက စီးပွားရေးလောကမှာပါ လိမ်လည်ကောက်ကျစ်တဲ့ Mark ကို ဂလဲ့စားချေဖို့
အဲ့ဒီ အမျိုးသမီး ၃ယောက်ပူးပေါင်းသွားတဲ့အခါ သူတို့ အကွက်ချပြီး ကြိုးစားမှုတွေ အောင်မြင်ပါ့မလား...
မကောင်းတဲ့ဗီဇကြောင့် မိန်းမမရှုပ်ရရင်မနေနိုင်တဲ့ ယောကျာ်းတစ်ယောက် နဲ့ပတ်သတ်ပြီး
ကိုယ်ချင်းစာမှုတွေနဲ့တည်ဆောက်ထားတဲ့ သူတို့ ၃ယောက်ရဲ့ခင်မင်မှုကရော ကြာရှည်တည်မြဲပါ့မလား..
နောက်ဆုံးမှာရော ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့
ကိုယ်တိုင်ပဲ ခံစား ကြည့်ရှုကြပါလို့ တိုက်တွန်းလိုပါတယ်။
အဲ့ဒီ ရုပ်ရှင်မှာ Bonus အနေနဲ့ ရပ်(ပ်) အဆိုတော် Nicki Minaj ရဲ့ သရုပ်ဆောင်မှုများကိုပါ ကြည့်ရမှာပါ။
(ရုပ်ရှင်အညွှန်းကို mmmovieguide မှကူးယူဖော်ပြပါသည်...)
Connection မကောင်းသူများအတွက် Small File Size(276MB)ကိုပါတင်ဆက်ထားပါတယ်။
ဒီဇာတ်ကားကိုတော့ ညီလေး Nyiminn Thant ကတင်ဆက်ထားတာပါ။

File size...895MB
Quality....Blu-ray Rip 480p
Format...mp4
Hour....01:49:07
Subtitle....မြန်မာစာတန်းထိုး(Hardsub)

 
 
Download and Watch(pCloud Link)Small File Size(276MB)


နမူနာကြည့်ရန်

Thursday, November 27, 2014

Need for Speed(2014) မြန်မာစာတန်းထိုး


Screen Shots



Tobey Marshall (Aaron Paul), a mechanic, races muscle cars in an underground circuit. Struggling to keep his business afloat, he reluctantly partners with wealthy but treacherous Dino Brewster (Dominic Cooper). However, Dino frames Tobey for a crime that sends him to prison. Two years later, Tobey is out and bent on revenge; his only chance to take down Dino is to beat him in a high-stakes race. But to get there in time, he must successfully run a gauntlet of cops and bounty hunters.

Action/Crime/Drama အမျိုးအစားဇာတ်ကားဖြစ်ပြီးတော့
ပြိုင်ကားပရိတ်သတ်အတွက်တော့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားတစ်ကားပါ...
IMDb Rating (6.7/10) ရရှိထားပါတယ်...
Connection မကောင်းသူများအတွက် Small File Size (329MB)ကိုပါတင်ဆက်ထားပါတယ်။


File size...1GB
Quality....DVDRip
Format...mp4
Hour....02:10:42
Subtitle....မြန်မာစာတန်းထိုး(Hardsub)

 
 
Download and Watch(pCloud Link)Small File Size(329MB)


နမူနာကြည့်ရန်

Wednesday, November 26, 2014

Tangled (2010) မြန်မာစာတန်းထိုး

 


ဒီဇာတ်ကားကိုလဲ နာမည်ကျော်ကာတွန်းကားတွေ ထုတ်လုပ်တဲ့ Walt Disneyကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဇာက်ကားရဲ့ အစမှာတော့ တိုင်းပြည်တစ်ပြည်ရဲ့ မိဖုရားကြီးက ကလေးမွေးခါနီး အပြင်းအထန် နာမကျန်းဖြစ်တာကြောင့် အသက်ဆက်ရှင်ဖို့အတွက် ရွှေဝါရောင်နတ်ဆေးပန်းကို လိုအပ်ခဲ့ပါတယ်။ အဲဒါကြောင့်ဘုရင်ကြီးက တပ်သားတွေ စေလွတ်ပြီး ရှာခိုင်းရင်း စုန်းမကြီးက သူ့နုပျိုမှူကို ထိန်းသိမ်းဖို့အတွက် တယုတယသိမ်းထားတဲ့ နတ်ပန်းကို ရဲမက်တွေက မတော်တဆတွေ့ပြီး ဘုရှင်ကြီးကို ဆက်သလိုက်ပါတယ်။မိဖုရားကြီးက အဲဒီနတ်ဆေးပန်းကို စားပြီး ကျန်းမာလာတာကြောင့် ကလေးကို အဆင်ပြေပြေမွေးဖွားနိုင်ခဲ့ပါတယ်။ရွှေဝါရောင်နတ်ဆေးပန်းရဲ့ အစွမ်းတွေက မင်းသမီးလေးဆီကို သက်ရောက်ခဲ့ပြီး မွေးကတည်းက မှော်စွမ်းအားရှိတဲ့ ရွှေဝါရောင်ဆံပင်တွေနဲ့အတူ မွေးဖွားလာခဲ့ပါတယ်။ အဲဒီကလေးမွေးပြီးမကြာခင်မှာပဲ စုန်းမကြီးရောက်လာပြီး ကလေးကိုခိုးကာ တောအုပ်ထဲက မျော်စင့်အမြင့်ကြီးပေါ်မှာ ပိတ်လှောင်ထားလိုက်ပါတယ်။ စုန်းမကြီးရဲ့ နုပျိုမှူတွေက မင်းသမီးလေးရစ်ပန်ဇယ်ရဲ့ မှော်စွမ်းအားရှိတဲ့ဆံပင်ပေါ်မှာ မူတည်နေတာကြောင့် မင်းသမီးလေးကို ကြီးပြင်းအောင် ပြုစုစောင့်ရှောက်ခဲ့ပါတယ်။မင်းသမီးလေး ရစ်ပန်ဇယ် ကတော့ ရဲတိုက်မှာ တစ်ယောက်တည်းအထီးကျန်ရင်း စုန်းမကြီးကို အမေအရင်းလို့ထင်ပြီး ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ အပြောင်းအလဲကတော့ နန်းတော်ထဲက သရဖူကို ခိုးရင် ထွက်ပြေးလာတဲ့ သူခိုး ရိုက်ဒါက ရဲတိုက်ထဲကို မတော်တဆရောက်လာတာရင်း မင်းသမီးရစ်ပန်ဇယ်ရဲ့ အကျပ်ကိုင်မှူကြောင့် သူ့ရဲ့တိုင်းပြည်ကနေ မင်းသမီးလေးမွေးနေ့ရောက်တိုင်း ပျော်ဆုံးခြင်းအမှတ်တရ လွင့်တဲ့ မီးပုံပျံပွဲကို သွားကြည့်ဖို့ လက်ခံပါလိုက်ပါတယ်။ စုန်းမကြီးပြန်ရောက်လာလို့ မင်းသမီး ရက်ပန်ဇယ်မရှိတော့မှန်း သိတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ၊ မင်းသမီးလေးကို ပြန်ခေါ်နိုင်ဖို့ ဘယ်လိုနည်းလမ်းတွေသုံးမှာလဲ၊မင်းသမီးလေးရက်ပန်ဇယ်ကရော သူ့ရဲ့ အဖေနှင့်အမေအရင်းကို ဘယ်လိုသိသွားမှာလဲဆိုတာတွေနဲ့ စိတ်ဝင်တစ်စားကြည့်ရှူခံစားရမဲ့ ကာတွန်းကားပါ။ IMDBရဲ့ Movie ratingမှာ 7.9/10 အထိ ရရှိထားတဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်

Download Link>>>> http://adf.ly/ubw5Z

(ဒီပေ့အတွက် ပထမဆုံးအနေနဲ့ တင်ဆက်တာမို့ အမှားပါတယ်များရှိခဲ့ရင် နားလည်ခွင့်လွတ်စေချင်ပါတယ်)

@joker

Frozen (2013) မြန်မာစာတန်းထိုး

 



Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင်

Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ မိဘတွေဟာ Elsa နဲ့ Anna ကို သပ်သပ်ဆီခွဲထားလိုက်ပါတယ်။

ကံကြမ္မာဆိုးတွေဆိုတာ ဒီလိုနဲ့ ရပ်မနေပါဘူး။ သူတို့လေးတွေ အရွယ်မရောက်ခင်မှာပဲ သူတို့ရဲ့ မိဘတွေဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ဆုံးပါးသွားကြပါတယ်။ သူတို့မိဘတွေ ဆုံးပါးသွားပြီးတဲ့နောက် ၃နှစ်အကြာမှာ အရွယ်ရောက်လာပြီ ဖြစ်တဲ့ Elsa ကို Arendelle နိုင်ငံရဲ့ ဘုရင်မအဖြစ် ဘိသက်သွန်းဖို့ စီစဉ်ကြပါတယ်။ အဓိက စီစဉ်သူကတော့ Weselton နယ်စားကြီး ဖြစ်ပြီး Arendelle နိုင်ငံကနေ အကျိုးအမြတ်တွေ မျှော်ကိုးနေတဲ့သူပါ။ နန်းတော်ကြီးကို အများပြည်သူအတွက် ဖွင့်လှစ်ပေးလိုက်တဲ့အချိန်မှာ Anna တစ်ယောက် မြို့တော်ကြီးရဲ့ လမ်းတွေကြားထဲ လျှောက်သွားရင်း တောင်ပိုင်းကျွန်းတွေက မင်းသား Hans နဲ့ တွေ့သွားပါတယ်။ သူတို့နှစ်ဦး အဆင်ပြေပြီး Elsa ရဲ့ နန်းတက် ညစာစားပွဲမှာ Hans က Anna ကို ချစ်ခွင့်ပန်ခဲ့ပါတယ်။ ဒါပေမယ့် Elsa က သူ့ညီမကို Hans နဲ့ သဘောမတူတာကြောင့် ညီအစ်မနှစ်ယောက် ပြဿနာဖြစ်ကြပြီး ဒေါသကြောင့် Elsa ရဲ့ စွမ်းအားတွေ ပေါ်သွားပါတယ်။

သူ့မိဘမှာခဲ့တဲ့ အမှာစကားကို ချိုးဖောက်ပြီး သူ့ရဲစွမ်းအားတွေကို လူကြားထဲမှာ ပြလိုက်မိတဲ့ Elsa ဟာ တုန်လှုပ်သွားပြီး ရှိရှိသမျှ စွမ်းအားတွေ အကုန်ထုတ်လွှတ်လိုက်မိပါတယ်။ သူ့ရဲ့ စွမ်းအားတွေကြောင့် Arendelle ဟာ တစ်နှစ်ပတ်လုံး နှင်းတွေနဲ့ ဖုံးအုပ်နေတဲ့ ထာဝရဆောင်းရာသီကို ကြုံတွေ့ရပါတော့တယ်။ သူကိုယ်တိုင်လည်း မြောက်ဖက်က တောင်တန်းတွေပေါ်ကို ထွက်ပြေးသွားပြီး ရေခန်းနန်းတော်တစ်ခု ဖန်တီးနေထိုင်ပါတယ်။ သူ့ရဲ့ အစေအပါးတွေအဖြစ် နှင်းရုပ်တစ်ရုပ်ကို ဖန်တီးထားလိုက်ပါတယ်။ Anna ကတော့ သူ့အစ်မဖြစ်သူကို ပြန်လည်ခေါ်ယူဖို့ မြောက်ပိုင်းဒေသကို လိုက်လာပါတယ်။ လမ်းမှာ ရေခဲရောင်းတဲ့ Kristoff နဲ့ သူ့ရဲ့ သမင်ကြီး Sven တို့ရဲ့ အကူအညီနဲ့ ၀ံပုလွေအုပ်လက်က လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။ Anna ဟာ Elsa ဖန်တီးထားတဲ့ နှင်းရုပ်ကြီး Olaf နဲ့ တွေ့ပြီး Elsa ရဲ့ နန်းတော်ကို လိုက်သွားပါတယ်။

Annaကရော သူ့အစ်မကို ပြန်ရှာတွေ့နိုင်ပမှာလား၊ သူ့အစ်မကရော တိုင်းပြည်ကို ပြန်လိုက်ပမှာလား၊ Aredelle နိုင်ငံကရော တစ်နှင်းပတ်လုံး နှင်းတွေ လွမ်းမိုးနေတဲ့ ကျိန်စာက လွတ်နိုင်ပါ့မှာလား၊ Annaအတွက် ချစ်သူအစစ်ကရော ဘယ်သူဖြစ်နေမှာလဲဆိုတာတွေကို စိတ်ဝင်စားစွာ ကြည့်ရမဲ့ နာမည်ကျော်ကာတွန်းကားဖြစ်ပါတယ်။ Disney ရဲ့ ထုံးစံအတိုင်း ဇာတ်ပို့ဇာတ်ကောင်တွေ၊ လှလှပပ မြင်ကွင်းတွေနဲ့ ချစ်စရာ ဇာတ်ကောင်တွေကို အားပြုပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ IMDB Rating 8.0 ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 84% ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။

Download Link>>>>>> http://adf.ly/ueQg3

Movie preview အား Movie Guide(https://www.facebook.com/mmmguide) မှကူးယူဖော်ပြသည်

@Joker

Tuesday, November 25, 2014

Rise of the Guardians (2012) မြန်မာစာတန်းထိုး


http://www.webstoodstupid.com/wp-content/uploads/2012/08/rise_of_the_guardians_jack-Frost.jpg


Director: Peter Ramsey ရိုက်ကူးတင်ဆက်ထားပြီး


November 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ လူကြီးရော ကလေးပါ ကြည့်သင့်တဲ့

ယုံကြည်မှု စိတ်ဓါတ်ရေးရာ မြင့်တင်ပေးပြီး စိတ်ဓါတ်ခွန်အား ရရှိစေမယ့် နတ်သမီး ပုံပြင်အခြေခံ

ကာတွန်းဇတ်လမ်းလေး ဖြစ်ပါတယ်....


==================================

ဇတ်လမ်းပုံစံကတော့ ကြင်နာတက်တဲ့ စိတ်ထားရှိတဲ့ ဂျက်ဖရော့ဒ်

ဟာ လူသား ဘ၀ မှာ သူရဲ့ ညီမလေးကို ကယ်ဆယ်ဖို့ သူ့အသက်ကို

စွန့်လွှတ်ခဲ့ပြီး ရေခဲပြင်ထဲမှာ သေဆုံးသွားပါတယ်...

တစ်ရက်သော လပြည့်ညမှာတော့ လနတ်သား ဟာ ဂျက်ဖရော့ဒ် ကို

သေရွာကနေ နှိုးယူပြီး လူသားကလေးတွေ ရဲ့ ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးမယ့်

နှင်းလူသား အဖြစ် ဖန်တီး ပေးလိုက်ပါတယ်....

ဂျက်ဖရော့ဒ် ရဲ့ အတိတ်ဘ၀ မှတ်ဥာဏ်ကို ဖျောက်ထားခဲ့တဲ့အတွက်

၎င်း ကိုယ်တိုင် စိတ်ထားကောင်းမွန်တဲ့ ကောင်လေး တစ်ယောက်ဆိုတာ မသိခဲ့ပါဘူး

ဒါကြောင့် သူ့ကိုသူ နတ်ဆိုး တစ်ယောက်လို့ မှတ်ယူပြီး လေလွင့်နေတုန်း

ဆန်တာကလော့ တို့ အက်စတာဘန်နီ တို့ အပြင် အိပ်မက်ဖန်ဆင်းရှင် သဲလူသား နဲ့

သွားနတ်သမီး တို့ ကို တွေ့ဆုံလိုက်ရပြီး ၄င်းတို့ နဲ့ အတူ ကလေးတွေ ရဲ့ ပျော်ရွှင်မှု ယုံကြည်မှု ကို

လိုက်လံ ဆောင်ရွတ်နေရင်း နဲ့ ကလေးတွေ ကို ညဘက် အိပ်မက်ဆိုးတွေ ပေးမက်နေတဲ့

Dream Worker နတ်ဆိုး ရဲ့ ညစ်ပတ်လှတဲ့ လှည့်ကွက်တွေနဲ့ သူတို့ အဖွဲ့ တွေ့ကြုံလိုက်ရတဲ့အခါ......


=======================================

Download Link
===========
Admin : Thit San Khant 
 
ရုပ်ရှင်အသစ်တင်တိုင်း သိလိုပါက
 
 အောက်ပါ Follow Button အပြာရောင်လေးကို Click ပေးခဲ့ပါ 
 

3 Days to Kill(2014) မြန်မာစာတန်းထိုး

Screen Shots




ဒီရုပ်ရှင်ကားမှာ အဓိက ဇာတ်ကောင်များ အဖြစ် Kevin Costner, Amher Heard နှင့် Hailee Steinfield တို့ ပါဝင် သရုပ်ဆောင် ထားကြပါတယ်။
Kevin Costner က CIA အေးဂျင့်ဟောင်းတစ်ယောက်ဖြစ်ပြီး ရောဂါကြောင့် မကြာခင်သေရတော့မယ်လို့
သိထားတာပါ...ဒါပေမယ့် သေဘေးကလွတ်မြောက်နိုင်မယ့် ဆေးတစ်မျိုးကိုရရှိဖို့အတွက်...
သူအရမ်းချစ်တဲ့ သမီးလေးအတွက် ဘယ်လိုတွေရင်ဆိုင်သွားမယ်ဆိုတာ.....။
IMDb Rating (6.2/10) ရရှိထားတဲ့ Action ဇာတ်ကားပါ။
Connection မကောင်းသူများအတွက် Small File Size(306MB)ကိုပါတင်ဆက်ထားပါတယ်။


File size...998MB
Quality....Blu-ray Rip 480p
Format...mp4
Hour....02:02:18
Subtitle....မြန်မာစာတန်းထိုး(Hardsub)



Download and Watch(pCloud Link)Small File Size(306MB)
နမူနာကြည့်ရန်

Monday, November 24, 2014

Dracula Untold(2014) မြန်မာစာတန်းထိုး

Screen Shots





ဒီဇာတ်လမ်းကတော့ အံ့ဖွယ် ဆန်းကြယ် အက်ရှင် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ၁၉၈၇ ခုနှစ်က ထုတ်လုပ်ထားတဲ့ Dracula ဆိုတဲ့ ၀ထ္ထုကို ပြန်လည် အခြေခံ ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်လမ်းရဲ့ အစမှာတော့ Vlad the Impaler ဆိုတဲ့ လူတစ်ယောက် ဟာ Transylvania တိုင်းပြည်ရဲ့ မင်းသားငယ် ဖြစ်ပါတယ်။ တူရကီ အင်ပါယာ ရဲ့ ကျွန်ဖြစ်ခဲ့ဖူးတဲ့ Vlad ဟာ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ခဲ့ပြီး အရွယ်ရောက်တဲ့အခါမှာ Transylvania တိုင်းပြည်ရဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Vlad နဲ့ သူ့ရဲ့ စစ်သားတွေဟာ တူရကီ စစ်ဦးထုပ်တစ်လုံးကိုတွေ့တဲ့အတွက် ခြေရာခံ ရှာဖွေရာမှ ကျောက်ဂူတစ်ခုထဲ အရောက် မှာ Vampire တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး Vlad ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
နောက်တစ်ရက် မှာ Vlad ဟာ သူ့ရဲ့ ဇနီး ၊ သား တို့ အပါအ၀င် မှုးမတ်တွေနဲ့ Dracula နန်းတော်မှာ Easter ပွဲတော် ကျင်းပနေတုန်း တူရကီ အင်ပါယာက ခေါင်းဆောင်တွေက နန်းတော်ထဲကို ၀င်လာခဲ့ပါတယ်။ Vlad က ငွေတွေ ပေးခဲ့ပေမယ့် တူရကီခေါင်းဆောင်တွေက ယောက်ျားလေး အယောက်၁၀၀၀ ကို တူရကီ စစ်တပ်အတွက် တောင်းဆိုခဲ့ပါတယ်။
အဲဒီနောက်မှာ Vlad ဟာ တိုင်းသူပြည်သားတွေကို ကာကွယ်ဖို့ အတွက် ကျောက်ဂူထဲက Vampire ဆီမှာ အကူအညီတောင်းခဲ့ပါတယ်။ အဲဒီအခါမှာ Vampire က Vlad ကို ၃ ရက်ခန့် Vampire ဖြစ်နေနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ထို ၃ ရက် အတွင်းမှာ လူ သွေးကို မသောက်မှ Vlad ဟာ လူသား ပြန်ဖြစ်နိုင်မှာပါ။ လူသွေးကို သောက်မိရင်တော့ Vampire လုံးဝဖြစ်သွားမှာပါ။ ထိုအခါ မှာ Vlad နဲ့ Vampire ဟာ သဘောတူညီမှုရခဲ့ပြီး Vlad ဟာ ၃ ရက်တာ Vampire ဖြစ်ခဲ့ရာမှ တူရကီ စစ်တပ်ကြီး ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့ပေမယ့် တူရကီ စစ်တပ် က Vlad တို့ တိုင်းသူပြည်သားတွေ ထွက်ပြေးတဲ့နောက်ကို တရစပ် လိုက်လံတိုက်ခိုက်ပုံများကိုGary Shores က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကို ရေးသားထားတာ ကတော့ Matt Sazama နဲ့ Burk Sharpless တို့ပဲဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ဖြစ်တဲ့ Vlad the impaler အဖြစ် Luke Evans က သရုပ်ဆောင်ပေးထားပါတယ်။
(အညွှန်းကို trend.com.mm မှကူးယူဖော်ပြပါသည်..)
Connection မကောင်းသူများအတွက် Small File Size ကိုပါတင်ဆက်ထားပါတယ်။

File size...755MB
Quality....HD Rip 480p
Format...mp4
Hour....01:30:33
Subtitle....မြန်မာစာတန်းထိုး(Hardsub)




Download and Watch(pCloud Link)Small File Size(233MB)
နမူနာကြည့်ရန်

Saturday, November 22, 2014

Left Behind(2014) မြန်မာစာတန်းထိုး

Screen Shots




Movie Info

The most important event in the history of mankind is happening right now. In the blink of an eye, the biblical Rapture strikes the world. Millions of people disappear without a trace. All that remains are their clothes and belongings, and in an instant, terror and chaos spread around the world. The vanishings cause unmanned vehicles to crash and burn. Planes fall from the sky. Emergency forces everywhere are devastated. Gridlock, riots and looting overrun the cities. There is no one to help or provide answers. In a moment, the entire planet is plunged into darkness.
ဒီဇာတ်ကားက New York Times ရဲ့ ရောင်းအားအကောင်းဆုံးဝတ္တု ကိုအခြေခံပြီးရိုက်ကူးထားတာပါ။
ကျွန်တော်တစ်ယောက်တည်းအမြင်အရတော့ ဒီဇာတ်ကားကို မကြိုက်ပါဘူး...
မူရင်းဝတ္တု ရဲ့ဆိုလိုရင်းကို နားမလည်လို့ ဖြစ်နိုင်သလို
ဒါရိုက်တာရိုက်ကူးထားတာ မသေသပ်လို့လဲဖြစ်နိုင်ပါတယ်...။
ဘာပဲဖြစ်ဖြစ် Nicolas Cage ပရိတ်သတ်တွေတောင်းဆိုထားကြလို့တင်ဆက်လိုက်ရပါတယ်...။
IMDb Rating(3.2/10) နဲ့ Rotten Tomatoes (2/100)% ပဲရရှိထားပါသေးတယ်...။
Connection မကောင်းသူများအတွက် Small File Size( 263M )ကိုပါတင်ဆက်ထားပါတယ်..။ 

File size...989MB
Quality....DVD Rip
Format...mp4
Duration....01:45:20
Subtitle....Myanmar Subtitle(Hardsub)
 
 
Download and Watch Small File Size(265MB)


နမူနာကြည့်ရန်
 


Friday, November 21, 2014

Ratatouille (2007) မြန်မာစာတန်းထိုး

Ratatouille (2007)
=============

Animationဇာက်ကားကြိုက်တဲ့လူများအတွက် နာမည်ကျော်

ကာတွန်းကားအများအပြားကို ထုပ်လုပ်တဲ့ Walt Disney က ရိုက်ကူးထားတဲ့

ratatouille ဆိုတဲ့ ကြွက်ကားနဲ့ မိတ်ဆက်ပေးပါရစေ

Remyက အိုင်ဒီယာကောင်းပြီး အနံ့ အရသာခံတဲ့နေရာမှာ

ထူးချွန်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ် သူ့က ချက်ပြုတ်တာကို

အလွန်ဝါသနာပါသလို သူရဲ့ Heroကတော့ စားဖိုမှူး Auguste Gusteaပဲဖြစ်ပြီး

သူ့ရဲ့ ဟင်းချက်နည်းကို တီဗီကနေ အဘွားကြီးတစ်ယောက်ထဲနေတဲ့အိမ်မှာ

အမြဲတမ်း သွား သွားကြည့်ပါတယ် တစ်ရက်မှာတော့ ဟင်းလျာတွေကို

အကဲဖြတ်ရတဲ့ Egoက Auguste Gusteaရဲ့ ဟင်းလျာတွေကို Rating

နည်းနည်းသာပေးတာကြောင့် Auguste Gustea ကိုယ့်ကိုကို

သတ်သေသွားတဲ့ သတင်းကို တွေ့လိုက်ရပြီး ဝမ်နည်းစွာ အော်မိတာကြောင့်

အဘွားကြီးက ကြွက်ရှိကြောင်း သိသွားပြီး သေနတ်နဲ့ လိုက်ပြစ်တာကြောင့်

တစ်ဆွေလုံး တစ်မျိုးလုံးထွက်ပြေးရင်း Remyကတော့ သူ့အမျိုးတွေနဲ့ ကွဲသွားပြီး

စားသောက်ဆိုင်တစ်ခုကို ရောက်သွားရကနေ အစမ်းခန့်ထားတဲ့ စာဖိုမှူး

Linguini နဲ့ဆုံတွေ့ခဲ့ရပါတယ် အဲဒီမှာ ဟင်းချက်ဝါသနာပါတဲ့ Remyက

ဟင်းချက်ညံ့တဲ့ Linguiniကို ချက်ပြုတ်ဖို့ ကူညီပေးခဲ့ပြီး သူ့ကို

ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ ထိန်းချူပ်ပုံက သဘောကျစရာပါ ဇာတ်ကားရဲ့

အလှည်းအပြောင်းအဖြစ် Linguiniက စာဖိုမှူး Auguste Gusteaရဲ့ သားဖြစ်ပြီး

 အဲဒီစားသောက်ဆိုင်ကို ဆက်ခံရမဲ့ပိုင်ရှင်ဖြစ်နေတာကို အဲဒီဆိုင်က

စာဖိုမှူးချူပ်က အကောက်ကြံပုံ၊EGoရဲ့ အစားအသောက် စစ်ဆေးချက်ကို

သူ့ရဲ့သားကရော ကျော်လွားနိုင်ပမှလားဆိုတာတွေက ဇာတ်ကားရဲ့

ကြည့်ချင်စိတ်ကို အမြင့်ဆုံးထိ ဆွဲခေါ်သွားမှာသေချာပါတယ်။animation

ဇာတ်ကားကြိုက်သူတွေအတွက် လက်မလွဲပဲ ကြည့်သင့်တဲ့ဇာတ်ကားပါ။IMDB

movie ratingမှာ 8/10 အထိ ရထားတဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်


===============================================

ဒီ ကာတွန်း ရုပ်ရှင်လေး ရဲ့ Movie Review နဲ့ ကာတွန်းရုပ်ရှင်ကို

ဝါသနာရှင် ညီငယ်လေး Pyay Hein Soe မှ Singapore မှ upload

တင်ပေးတာ ဖြစ်ပြီး ညီငယ်လေး ရဲ့ ပထမဆုံးအကြိမ် Review ကြိုးပမ်းမှု

လေးမှာ အမှားပါလာခဲ့ရင်  ရုပ်ရှင်ချစ်သူအချင်းချင်း နားလည်ခွင့်လွှတ်ပြီး

အားပေးကြပါလို့ မေတ္တာရပ်ခံလျက်... :)


(Admin : Thit San Khant)


Download Link
===========

Tazza:The Hidden Card(2014) မြန်မာစာတန်းထိုး

Screen Shots




Korea အဆိုတော်အဖွဲ့ Big Bang ထဲက T.O.P ပါဝင်ထားတဲ့ 2014 ထွက်ဇာတ်ကားလေးပါ
ဒီကားက 2006 ခုနှစ်ကထွက်ထားတဲ့ Tazza:The High Rollers ရဲ့နောက်ဆက်တွဲဖြစ်ပါတယ်..
ဇာတ်လမ်းကတော့ ကိုရီးယား မြေအောက်လောင်းကစားလောကထဲကို ရောက်သွားတဲ့
ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ..။
(ပြောစရာရှိတာက ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးက 60% လောက်ပဲမှန်ပါတယ်..
ပြင်မယ်ဆိုပြီးစိတ်ကူးပေမယ့် ကိုရီးယားလိုက မတတ်..English စာတန်းထိုးလဲမထွက်သေးတဲ့အတွက်
ဒီအတိုင်းပဲတင်ဆက်လိုက်ရပါတယ်...
ဒါကြောင့် စာတန်းထိုးမပါဘဲကြည့်ချင်သူတွေအတွက် စာတန်းထိုးမပါတဲ့လင့်ကိုပါတင်ပေးလိုက်ပါတယ်)
ဒီဇာတ်ကားကို ညီလေး Nyiminn Thant ကတင်ဆက်လိုက်တာဖြစ်ပါတယ်။


File size...1.2GB
Quality....HD Rip 480p
Format...mp4
Hour....02:26:56
Subtitle....မြန်မာစာတန်းထိုး(Hardsub)


 
စာတန်းထိုးမပါတဲ့ Movie Link ကို ဒီမှာ ဒေါင်းပါ။


 နမူနာကြည့်ရန်

Thursday, November 20, 2014

Indiana Jones:The Last Crusade(1989) မြန်မာစာတန်းထိုး

Screen Shots




ကျွန်တော်တို့ရဲ့ www.facebook.com/myanmarsubtitlemovie  Facebook Page မှာ
Like တစ်သိန်းပြည့်မယ့် အမှတ်တရအနေနဲ့ မင်းသားကြီး Harrison Ford ရဲ့
နာမည်ကျော် Indiana Jones ဇာတ်ကား (၄) ကားလုံးကို မြန်မာစာတန်းထိုး Blu-ray Rip Quality နဲ့
တင်ဆက်ဖို့ကြံစည်ထားတဲ့အတိုင်း အခု တတိယဇာတ်ကားကို ထပ်မံတင်ဆက်လိုက်ပါတယ်....
နောက်ဆုံးဇာတ်ကားကိုလဲ ဆက်လက်တင်ဆက်သွားပါ့မယ်။

ဒီဇာတ်ကားတွေကို မသိတဲ့ လူမရှိသလောက်မို့အညွှန်းကိုထွေထွေထူးထူးမိတ်ဆက်မပေးတော့ပါဘူး...
Action/Adventure ဇာတ်ကားမျိုးပါ...
မင်းသားကြီး Harrison Ford ရဲ့သရုပ်ဆောင်ချက် ကောင်းကောင်းလေးတွေနဲ့
ဟာသဆန်ဆန် ဖျော်ဖြေမှုရသနဲ့ ရင်သပ်ရှုမောဖွယ်ရသကိုပေးစွမ်းထားနိုင်ပါတယ်။
IMDb Rating (8.3/10) နဲ့  Rotten Tomatoes (88/100)%  ရရှိထားပါတယ်။

(Indiana Jones and the Last Crusade ဆိုတဲ့ဒီဇာတ်ကားထဲက
စိတ်ဝင်စားစရာ ပစ္စည်းကတော့ Holy  Grail ပါ။
တော်တော်များများလဲ ကြားဖူးသိဖူးကြမှာပေါ့။ ဒီခွက်ကို ယေရှုနောက်ဆုံးညစာစားပွဲမှာ သုံးခဲ့တယ်လို့ဆိုကြပါတယ်။ နောက်ပိုင်း ကျမ်းစာအလိုအရ ယေရှုရဲ့သွေးကို Josephက ဒီခွက်နဲ့ပဲ ခံယူခဲ့ပါသတဲ့။ ဒါလဲပဲ ဂျေရူစလင် ကျဆုံးချိန်မှာ ပျောက်ဆုံးတဲ့စာရင်းထဲမှာပါပါတယ်။
တချို့မှတ်တမ်းတွေအရ Templar တပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာကို သယ်ဆောင်သွားခဲ့ပြီး လုံခြုံတဲ့ နေရာတခုမှာ ဖွက်ထားခဲ့ကြတယ်လို့ဆိုပါတယ်။ ဘယ်နေရာလဲဆိုတာတော့ ရေရေရာရာမသိနိုင်တော့ပေမယ့် ဂျေရူဆလင်နဲ့ အနောက်ကမ္ဘာ ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာလို့ပဲ ယူဆရပါတယ်။ ဒီခွက်နဲ့ပတ်သတ်ပြီး နောက်ထပ် တော်တော်ခိုင်မာတဲ့ဇာတ်လမ်းတစ်ပုဒ်မှာတော့ Holy Grail ဆိုတာ ခွက်တစ်ခွက်မဟုတ်ပဲ ယေရှုရဲ့ဇနီး Mary Magdaline ကို လျှို့ဝှက်ခေါ်ဆိုတာလို့ ဆိုပါတယ်။ အကျယ်သိချင်ရင်တော့ Da Vinci Code ရုပ်ရှင်ကို ပြန်ကြည့်ကြည့်ကြပါ။
ဒီဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို phothagyan ဘလော့မှကူးယူဖော်ပြပါသည်။)
(မြန်မာစာတန်းထိုးကိုတော့ ကို Thae Htoo Mg မှကူညီဆောင်ရွက်ပေးခဲ့ပါတယ်)



File size...1GB
Quality....Blu-ray Rip 480p
Format...mp4
Duration....02:06:33
Subtitle....Myanmar Subtitle(Hardsub)

 

 နမူနာကြည့်ရန်

Wednesday, November 19, 2014

Let's Be Cops(2014) မြန်မာစာတန်းထိုး

Screen Shots




လော့စ်အန်ဂျလိစ်ရဲအရာရှိ အယောင်ဆောင် သူငယ်ချင်း နှစ်ဦးအကြောင်း ဇာတ်အိမ်ဖွဲ့ထားတဲ့ အမေရိကန်ဟာသဇာတ်လမ်းလေးက စိတ်ကြည်နူးပျော်ရွှင်မှုရသကို ပေးစွမ်းနိုင်မှာပါ။
ဂျက်စတင်နဲ့ ရိုင်ယန်တို့သူငယ်ချင်းနှစ်ဦးဟာ သူတို့ရဲ့ မွေးရပ်မြေကို ပြန်လာရင်း ဘားတစ်ခုမှာရှိနေတုန်း သူတို့နှစ်ဦးရဲ့ ကားကို ရုရှားတွေအဖွဲ့လိုက်ပါတဲ့ ကားက ၀င်တိုက်ခဲ့ပြီး သူဘာ မှ ပြန်မလုပ်နိုင်အောင် ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီနောက် ရိုင်ယန်က ဂျက်စတင်ကို ရဲယူနီဖောင်းနဲ့ ကောလိပ်ပါတီတက်စေခဲ့တာကနေ စပြီး အလွဲလေးတွေဖြစ်လာပါတော့တယ်။ သူတို့နှစ်ဦးက တကယ့်ရဲ အစစ်တွေအတိုင်း ပြုမူပြောဆိုနေထိုင်ပြီး ဒီတစ်ညနဲ့တင်မက ရဲပုံစံလိမ်လည်မှု ဇာတ်လမ်းတွေ စခဲ့ပါတော့တယ်။ ရဲကားအဟောင်းတစ်စီးကိုဝယ်ပြီး ရဲတွေရဲ့ လုပ်ငန်းလုပ်ဆောင်ပုံတွေကို သင်ယူလေ့လာပြီး ဂျက်စတင်နဲ့ ရိုင်ယန်တို့ အလိမ်ဇာတ်လမ်းကိုလျှောက်ရင်း ပြဿနာပေါင်းစုံ ကြုံရပါတော့တယ်။
အဲဒီနောက် သူတို့ကားကို ၀င်တိုက်ခဲ့တဲ့ ရုရှားအဖွဲ့ကို လက်စားချေဖို့ လုပ်ခဲ့ပေမယ့် သူတို့တစ်တွေဟာ လူဆိုးဂိုဏ်းဝင်တွေဖြစ်ပြီး ဂျက်စတင့်ကောင်မလေး အလုပ်လုပ်နေတဲ့ Georgie's ဆိုင်ရဲ့ပိုင်ရှင်ကို ခြိမ်းခြောက်နေတဲ့သူတွေ ဖြစ်ပါတယ်။ ဂျက်စတင်နဲ့ ရိုင်ယန်တို့ဟာ အလိမ်အညာတွေကို ရပ်ပစ်ဖို့လုပ်ခဲ့ပေမယ့် ဂျက်စတင့်ကောင်မလေး ဂျိုစီက သူ့ကို လူတစ်ယောက် နှောင့်ယှက်နေတယ်လို့ အကူအညီ တောင်းတာကြောင့် ရဲအဖြစ်နဲ့စုံစမ်းရင်း ရုရှားလူဆိုးဂိုဏ်းခေါင်းဆောင်ဆိုတာ သိခဲ့ပါတယ်။
လူဆိုးဂိုဏ်းပါ ပါဝင်ပတ် သက်လာတဲ့အခါ ဂျက်စတင်နဲ့ ရိုင် ယန်တို့ ဘယ်လို ရှေ့ဆက်ကြမ လဲ။ အလိမ်ပေါ်သွားခဲ့ရင် အရေး ယူခံရမှာလား။ ဂျက်စတင်နဲ့ သူ့ ကောင်မလေးကရော ဇာတ်ပေါင်း ခွင့်ရမှာလားဆိုတဲ့ဇာတ်သိမ်းပိုင်း လေးကိုတော့ ကိုယ်တိုင်ကြည့်ရှု လိုက်ပါဦးနော်။
အကအခုန်၊ အပျော်အပါး လေးတွေရော၊ အက်ရှင်ရောခံ စားလို့ရမယ့် ဇာတ်ကားလေးမှာ တော့ ဂျိတ်ခ်ဂျွန်ဆင်၊ ဒေမွန်ဝါ ယန်ဂျူနီယာ၊ ရော့ဘ်ရစ်ဂယ်တို့ က သရုပ်ဆောင်ထားပါတယ်။
Let’s be cops ဇာတ်လမ်းက LA မြို့မှာ ဇာတ်အိမ်တည်ထားပြီး အပြင်မှာမရှိတဲ့ ဇာတ်ကောင်များနဲ့သာ ဖွဲ့စည်းထားတဲ့အတွက် လူကြီးရော ကလေးတွေအတွက်ပါ အဆိပ်အတောက်မပါတဲ့  ဟာသဇာတ်ကား တစ်ကားဖြစ်ကြောင်း  ရုပ်ရှင်သတင်းများက ဖော်ပြထားပါတယ်။
ဇာတ်အိမ်ဇာတ်လမ်းကောင်းကောင်းမဟုတ်တဲ့အတွက်အနှစ်သာရအများကြီး မပေးနိုင်သော်လည်း သာမန် မထင်မရှား အရပ်သား၂ယောက်က ရဲအဖြစ်အပျော်တမ်း ဟန်ဆောင်တဲ့အခါ ပြောင်ချော်ချော် အမူအရာ သရုပ်ဆောင်နေရင်းနဲ့ကို တချို့သော ပြည်သူ့ဝန်ထမ်းတွေမှာတောင်မရှိတဲ့ လူတွေကို ကာကွယ်ချင်တဲ့ ကူညီချင်တဲ့ သူတို့ရဲ့ စိတ်ထားကောင်းတွေက ပေါ်လွင်နေပါတယ်။  အဲ့ဒါကြောင့်လည်း ဒီဇာတ်ကားက ကြည့်ရှုသူတွေအတွက် ပေါတောတော ဟာသကားထက်ပိုတဲ့ ရသကိုပေးစွမ်းနိုင်ပါလိမ့်မယ်။
အခုဇာတ်ကားကရုပ်ရှင်အနုပညာဆိုင်ရာကမ္ဘာ့နံပါတ်တစ်အွန်လိုင်းဝဘ်ဆိုဒ်ဖြစ်တဲ့IMDB ရဲ့ဖော်ပြချက်အရ ဒီဇာတ်ကားကိုကြည့်ရှုပြီးသူတစ်သောင်းတစ်ထောင်ကျော်ကအဆင့်(rating)6.8အဖြစ်သတ်မှတ်ထားပါတယ်တဲ့။
သရုပ်ဆောင်များများစားစား မပါပေမယ့် IMDB rating ဘာလို့မြင့်နေတာလဲ ဆိုတာကို ကိုယ်တိုင်ခံစား ဆုံးဖြတ်ကြလိုက်ရအောင်ပါ...။
(mmmovieguide မှယူးယူဖော်ပြပါသည်...)
Connection မကောင်းသူများအတွက် Small File Size( 263M )ကိုပါတင်ဆက်လိုက်ပါတယ်..။

File size...986MB
Quality....DVDRip
Format...mp4
Hour....01:44:28
Subtitle....မြန်မာစာတန်းထိုး(Hardsub)

 
 
Download and Watch(pCloud Link)Small File Size(263MB)


နမူနာကြည့်ရန်


Sunday, November 16, 2014

Breaking the Girls (2013) မြန်မာစာတန်းထိုး





Director: Jamie Babbit ရိုက်ကူးတက်ဆင်ထားပြီး


July 26, 2013 (USA) မှာ ရုံတင်ပြသခဲ့တဲ့ ရှုပ်ထွေးပွေလီလှတဲ့

မိသားစု ဆန်ဆန် လှည့်ကွက်မျိုးစုံပါဝင်တဲ့ အချစ်ဇတ်လမ်းတစ်ပုဒ်လို့လဲပြောလို့ရပါတယ်...


ဇတ်လမ်းပုံစံကတော့...
================================

ဆာရာ ဟာ ဥပဒေ ကျောင်းသူ တစ်ဦးဖြစ်ပြီး ဘီယာဆိုင်တစ်ဆိုင်မှာ ညဆိုင်းအလုပ်လုပ်ရင်း

ကျောင်းတက်နေရသူ တစ်ဦးဖြစ်ပါတယ်...

(Admin မှတ်ချက်အရ ဆာရာ ဟာ အတော်အသက်ကြီးပြီး ရွက်ကြမ်းရေကျို အဆင့်သာရှိပါတယ်)

တစ်ရက် ဆာရာ ကြိုက်နေတဲ့ ကောင်လေး အဲရစ် ရဲ့ ချစ်သူဟာ ဆာရာ ရဲ့ သူဌေးကို

ချောက်တွန်းလို့ ဆာရာ အလုပ်ပြုတ်တဲ့အချိန် ဆိုင်မှာ ဘီယာလာသောက်တဲ့

အမေသေပြီး အမွေရထားတဲ့ ကုတ်ကမြင်း သူဌေးသမီး အဲလစ် နဲ့ စတင်တွေ့ရှိပြီး

အဲလစ် အိမ်ရောက်သွားရာကနေ အဲလစ် ရဲ့ လိင်တူဆက်ဆံဖော်ချစ်သူ အဖြစ် အတူတူ

နေထိုင်လျက်ရှိပါတယ်....

အဲလစ် ဟာ ဆာရာ သူမ အနားကနေ ထွက်ခွာမသွားအောင် အမျိုးမျိုးမက်လုံးတွေ ပေးရင်း

ဆာရာ အား ဒုက္ခပေးနေသူများကိုလဲ သူမ က လိုက်လံရှင်းလင်းပေးတက်ပါတယ်

ဒီလို နဲ့ အတူတူ နေလာရင်း ဆာရာ ရဲ့ ရန်ဘက်တွေ သေဆုံးရာကနေ

ရဲတွေ အမှုလိုက်လံဖော်ထုတ်ရင်း အဲလစ် က ဆာရာအပေါ် အမှုတွေ ပုံချဖို့

ကြိုးစားရင်း အဲလစ်ရဲ့ မိထွေး ကိုလဲ သတ်ဖြတ်ရန် အတူကြိုးပမ်းလျက် ရှိကြသော အခါ....

==============================================================

ဇတ်လမ်း တစ်ခုလုံးမှာ ကိလေသာ ဖုံးလွှမ်းတဲ့ အနမ်းတွေ အထိအတွေ့တွေ

လိင်တူချင်းတက်မက်မှုတွေ နဲ့ ပြည့်နေပေမယ့်လဲ ဇတ်လမ်းသွားတစ်ခုလုံးဟာ

လှည့်ကွက်တွေနဲ့ တန်ဆန်ဆင်သွားတယ်ဆိုတာ ကြည့်ရှုရင်းနဲ့ သိသာလာမှာပါ

Admin ကိုယ်တိုင်ကလဲ ပရိတ်သက်ကို ကြည့်ကောင်းတဲ့ကားလေးတွေသာ

ညွှန်းဆိုသွားမှာဖြစ်ပါတယ် ဒီကားကို 18+ Adult List ထဲ ထည့်ထားတာမို့

အိမ်မှာ မိသားစုနှင့် အတူမကြည့်သင့်သော ဇတ်လမ်းရုပ်ရှင်ဖြစ်ပါတယ်...

ဇတ်လမ်းကြာမြင့်ချိန် ၁ နာရီခွဲခန့် ရှိပြီး ရုပ်ထွက်အကြည် မြန်မာစာတန်းထိုး အမှန်ဖြစ်ပါတယ်...



(ဇတ်ဝင်ခန်းအချို့)







Download Link
==============
File Size - 1GB





Admin : Thit San Khant 

 ရုပ်ရှင်အသစ်တင်တိုင်း သိလိုပါက 

 အောက်ပါ Follow Button အပြာရောင်လေးကို Click ပေးခဲ့ပါ 

Captain Phillips (2013) မြန်မာစာတန်းထိုး

Screen Shots



၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။
အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမြို့ (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ 
ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကြည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ္ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
အကြိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ၀ါရင့်မင်းသားကြီး Tom Hank တို့ကြားက စကားပြောခန်းတွေဖြစ်ပါတယ်။
IMDB Rating (7.9/10 ) နဲ့ Rotten Tomatoes (93/100)% အထိရရှိထားသော
ဇာတ်ကားကောင်းဖြစ်ပြီး Philips အဖြစ် Tom Hanks က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Tom Hanks အပြင် ပင်လယ်ဓားမြတွေအဖြစ်သရုပ်ဆောင်ထားသော ဇတ်ကောင်တွေပါ အလွန် ပီပြင်ကြပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းအဆုံးထိ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ 
ဇာတ်လမ်းအကျဉ်းကတော့..
Richard Phillips တာဝန်ယူ ဦးဆောင်တဲ့ MV Maersk Alabama ဆိုတဲ့ ကုန်တင် သေဘာၤၾကီးဟာ Oman သေဘာၤဆိပ္ကေန Mombasa အသြား Gulf of Aden အျဖတ္မွာ ဆိုမာလီက ပင်လယ်ဓားပြတွေရဲ့ ရန်ကိုရင်ဆိုင်ခဲ့ရပါတယ်… Captain Phillips ဟာ ဓားပြတွေသောင်းကျန်းတဲ့အတွက် သတိပေး အီးမေလ်းကိုရအပြီး အရေးပေါ်အခြေအနေကို လေ့ကျင့်နေတဲ့အချိန်မှာပဲ မင်္သကာစရာ မော်တော်ဘုတ် ၂စီးကို ရေဒါထဲမှာ မြင်ခဲ့ပါတယ်… ဒီလိုနဲ့ လေ့ကျင့်မှုကနေ တကယ့်အခြေအနေကို တဟုန်းထိုး ကူးပြောင်းသွားပါတော့တယ်… Captain Phillips ရဲ့ ဟန်ဆောင်ရေဒီယို စကားပြောကို လေလှိုင်းကြားက ခိုးနားထောင်နေတဲ့ ပင်လယ်ဓားပြတွေကြားပြီး မကြာခင်မှာ စစ်တပ်ရောက်လာတော့မည်အထင်နဲ့ မော်တော်ဘုတ် ၂စီးမှာ ၁စီးက လှည့်ပြေးသွားပါတော့တယ်… ကျန်တစ်စီးက ဆက်လက်လာနေပင်မဲ့ Captain Phillips ရဲ့ ညွှန်ကြားမှုအောက်မှာ လိုအပ်တာတွေကိုလုပ်ဆောင်ခဲ့တဲ့အတွက် ပင်လယ်ဓားပြတွေ သဘောင်္နားကို မကပ်နိုင်ခဲ့ပဲ ပထမအကြိမ်မှာလက်လျော့ခဲ့ပါတယ်… နောက်နေ့မနက်မှာတော့ Muse (Nickname: Skinny) ခေါင်းဆောင်တဲ့ ပင်လယ်ဓားပြ ၄ဦးပါ မော်တော်ဘုတ်က ထပ်မံချဉ်းကပ်လာပြန်ပါတယ်… ဘယ်လိုပဲ ကြိုးစားပြီး လွတ်မြောက်အောင်လုပ်လုပ် အဆုံးမှာတော့ လူဆိုးတွေဟာ သဘောင်္ပေါ်ကိုရောက်လာခဲ့ပါတယ်… 

တခြားသဘောင်္သားများကို အင်ဂျင်ခန်းထဲမှုာ ပုန်းခိုင်းထားပြီး လူဆိုးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့ သူကတော့ Captain Phillips နဲ့ နောက် အရာရှိ ၂ယောက်ပါပဲ… သဘောင်္ကို ပါဝါတွေ အကုန်ပိတ်ချလိုက်ပြီး အရေးပေါ် ပါဝါကိုပါ ပိတ်ချနိုင်ခဲ့တယ်… တစ်ချိန်မှာ လူဆိုးခေါင်းဆောင် Skinny ကို သူ့ သဘောင်္သားတွေ ဖမ်းဆီးနိုင်ခဲ့ပြီး သင်္ဘောပေါ်ကနေ ပိုက်ဆံ ဒေါ်လာ ၃သောင်းကိုယူကာ သဘောင်္ပေါ်က အသက်ကယ်လှေကို ယူပြီး အေးအေးဆေးဆေးဆင်းဖို့ တောင်းဆိုခဲ့တယ်… သို့သော် လူဆိုးတွေဟာ Captain Phillips ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပြီး အာမခံကြေးငွေ ၆ မီလီယံနဲ့ ရွေးယူဖို့ ခြိမ်းခြောက်ပါတော့တယ်…
ဒီအခက်ခဲတွေကြားမှာ Captain Phillips ဘယ်လိုလွတ်မြောက်မလဲ… US Navy ရောက်ရှိလာအပြီးမှာ ဓားစာခံခေါ်ခံထားရတဲ့ Captain Phillips ကို ဘယ်လိုကယ်မလဲ
ဆိုတာ...။
ဒီကားက ဇာတ်လမ်းအကုန်ပြောပြလိုက်လို့တောင်မှ တကယ်ကြည့်တာနဲ့ အရသာတူမှာမဟုတ်ပါဘူး… ဒီပိုစ့်ထဲမှာတော့ မှတ်မှတ်ရရ သတိထားမိတဲ့ အခန်းလေးတွေကိုပဲ တစ်ခုချင်းရေးပါတော့မယ်…

သဘောင်္နားကို ပင်လယ်ဓားပြ မော်တော်ဘုတ်ကပ်လာတော့ မီးသတ်ပိုက်ရေပန်းတွေစဖြန်းတဲ့အချိန်မှာ ကိုယ်ကပါသူ့လိုပဲ (လူဆိုးတွေ သဘောင်္ပေါ်ရောက်လာတယ်ဆိုတာ Trailer မှာကြည့်ပြီးတာတောင်မှ) စိုးရိမ်နေပါပြီ… မီးသတ်ပိုက်တစ်ခုက ကောင်းကောင်းမတတ်ထားတော့ အဲဒိနေရာမှာ ဟာနေတာကို လူဆိုးတွေတွေ့သွားပြီး အဲဒိကနေတက်လာဖို့ကြိုးစားတော့ သဘောင်္သား လက်ထောက်ကို ပြန်တပ်ခိုင်းရင်း ဒီဘက်ကလဲ လူဆိုးတွေကို Captain Phillips က ပါလာတဲ့ အချက်ပြမီးပန်းနဲ့ လှမ်းပစ်တဲ့အချိန်မှာ စိတ်ထဲ US မှာ ဒီလောက် သေနတ်ပေါတာ သဘောင်္ပေါ်မှာ သေနတ်လေးတော့ ဆောင်ထားသင့်တာပေါ့လို့ထင်မိတယ် (ဒါပေမဲ့လဲ တစ်ခါတစ်ရံမှာ သဘောင်္သားချင်းပြန်သတ်တဲ့ ဇာတ်လမ်းတွေ အပြင်မှာကြားဖူးနေတော့လဲ သေနတ်ထားသင့်မထားသင့်က အငြင်းပွားစရာ ကိစ္စတစ်ခုပါပဲ) ခုတော့ သူက မီးရှုးနဲ့ပစ်လိုက် လွဲသွားလိုက် ဟိုဘက် သေနတ်နဲ့ ပြန်ပြစ်လိုက်… ကိုယ်က သာမာန်လူ… ဟိုဘက်က သေနတ်နဲ့ လုပ်စားနေကျ ဓားပြ… ကိုယ်သာ ဓားပြတွေနဲ့တွေ့ရင်ဆိုတဲ့ အတွေးက ၀င်လာတယ်… အဲလိုဝင်လာတာလဲ Tom Hank ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုကြောင့်လို့ ထင်တယ်… တကယ်သရုပ်ဆောင်ကောင်းတဲ့သူက ကြည့်လိုက်ရင် ဘာမှမဟုတ်သလိုလိုသာမာန်လိုလိုနဲ့ ကြည့်နေတဲ့ လူရဲ့ စိတ်ထဲကို ဇာတ်ကောင်နဲ့အတူ မြောပါသွားအောင်လုပ်နိုင်စွမ်းရှိတယ်… သူသရုပ်ဆောင်သွားတဲ့အထဲမှာ သူ့ကို Super hero ကြီးလို့ ထင်ရလောက်တဲ့ Confidence နဲ့ သူရဲကောင်းဆန်ဆန်လုပ်ပြနေတဲ့ မျက်နှာ အမူအရာမျိုးမတွေ့ရဘူး… လက်ရှိရင်ဆိုင်နေရတဲ့ ဒုက္ခကို ခေါင်းဆောင်တစ်ယောက် (သာမာန် တာဝန်ရှိသူတစ်ယောက်) အနေနဲ့ တတ်နိုင်သလောက် လုပ်နေတဲ့ပုံစံမျိုး တစ်ကယ်ပေါ်လွင်တယ်… (ဇွတ်ကြီး သရုပ်ဆောင်ပြနေတယ်လို့ မထင်ရပဲ… ပရိတ်သတ်ကပါ အဲဒိထဲဝင်ခံစားလာအောင် သရုပ်ဆောင်တာကိုပြောချင်တာ)..

 
နောက်တစ်ခန်းက သဘောင်္စက်ပိတ်လိုက်လို့ လူဆိုးတွေက သဘောင်္သားတစ်ယောက်ကို သေနတ်နဲ့ချိန်ထားပြီး ပစ်မယ်လုပ်နေတဲ့အချိန်မှာ “မင်းတို့ပြောတော့ စီးပွားလာရှာတာဆို… မင်းတို့ ပိုက်ဆံလိုချင်ရုံသပ်သပ်ဆို… ဘာလို့ ငါ့လူတွေကို ဒုက္ခပေးရတာလဲ” ဆိုတဲ့ အခန်းမှာ သရုပ်ဆောင်တွေအပြင် ဒါရိုက်တာရဲ့ တင်ပြပုံကိုလဲ ချီးကျုးမိတယ်… ကိုယ်ပါ အသက်အောင့်နေမိတယ်… Captain လဲ ကြောက်နေမှာပဲ သူ့လက်အောက်ငယ်သားသာ ဒီလိုသေသွားရင် သူလဲ စိတ်ထိခိုက်မှာပဲ… ကြောက်ပေမဲ့ ပြောစရာရှိတာတော့ သူပြောတာပဲ… အဲဒိအချိန်မှာ ပြောတဲ့စကားက လူတစ်ယောက်ရဲ့ အသက်သေရေးရှင်ရေးအရေးကြီးနေတယ်… အဲဒိအချိန်မှာ သေနတ်နဲ့အချိန်ခံထားရတဲ့သူကိုပြလိုက်… Tom Hank ကိုပြလိုက်… Muse ကိုပြလိုက်နဲ့ စကားတွေကလဲ အပြိုင်အဆိုင် ရုံးရင်ဆန်ခတ်ပြောနေတာကို ဖြတ်ကနဲ ဖြတ်ကနဲ ပြကွက်တွေနဲ့ ဇာတ်ဝင်ခန်းကို intense ဖြစ်အောင်ရိုက်ထားတယ်…
 
နောက်တစ်ချက်က အသက်ကယ်သဘောင်္ပေါ်မှာ Muse (Skinny) က Captain Phillips နှဖူးကို သေနတ်နဲ့ ချိန်ထားပြီး နောက်မှ သေနတ်ပြောင်းကို ပြန်ချလိုက်တဲ့အချိန်မှာ တန်းသတိထားလိုက်မိတာက Tom Hanks နှဖူးပေါ်က သေနတ်ပြောင်းရာ… အရာလေးထင်ကျန်နေခဲ့တာ… ဒီအခန်းမှာ မင်းသားကြီးမို့ မထိရ၊ မကိုင်ရ၊ မနာရ၊ သရုပ်ဆောင်အသစ်ဖြစ်တဲ့အပြင် လူကြမ်းမို့ မင်းသားကို အဲလိုမလုပ်ရဘူးဆိုတာမရှိဘူး… ဒီဇာတ်ကားကို ပေးချင်တဲ့ ရသမြောက်ဖို့ အားလုံးက သူ့နေရာကသူ ပိုင်နိုင်အောင် မင်းဘယ်သူ ငါဘယ်သူမထားပဲ အလုပ်လုပ်သွားကြတယ်… Youtube မှာ သူတို့ကို အင်တာဗျူးထားတာတွေ့တော့ အဲဒိအခန်းကို အင်တာဗျူးတဲ့သူက မေးတာတွေ့တယ်… Muse(skinny) နေရာမှာ သရုပ်ဆောင်သွားတဲ့ သူ Barkhad Abdi ကို ခုလို မင်းသားကြီးရဲ့ နှဖူးကို သေနတ်ရာထင်အောင် မင်းလုပ်ရဲတယ် ဟုတ်လား? အဲဒါ ဘယ်သူ့ Idea လဲလို့ မေးတော့… Tom Hank ကိုယ်တိုင်က ၀င်ထောက်တယ်… ငါက ဘယ်သူမှ မဟုတ်ဘူး… ဘာလို့ ငါ့လိုလူကိုလို့ သုံးရတာလဲ ဆိုပြီးတော့… ပြီးတော့ အဲဒါ Tom Hank ကိုယ်တိုင်ရဲ့ အိုင်ဒီယာပါပဲ… Tom Hank က လုပ်ခိုင်းရင်တောင်မှ မင်းက လုပ်ရဲတယ်ဟုတ်လား? ဆိုတော့ Abdi က အစကတော့ သူမလုပ်ရဲပါဘူး ဒါပေမဲ့ ရိုက်ရင်းနဲ့ ဇာတ်ကောင်ထဲကို စိတ်သွင်းလိုက်တော့လဲ လုပ်ဖြစ်သွားတာပါပဲ… လို့ ပြန်ဖြေခဲ့ပါတယ်..။
(ဇာတ်လမ်းအကျဉ်းနှင့် ဝေဖန်ရေးကို မဗေဒါရဲ့ ဗေဒါလမ်းဘလော့မှ ကူးယူဖော်ပြပါသည်..) 
File size...1.3GB
Quality....DVDRip
Format...mp4
Hour....02:12:23
Subtitle....မြန်မာစာတန်းထိုး(Hardsub)


 
Download and Watch(pCloud Link)Small File Size(332MB)


နမူနာကြည့်ရန်
 


Friday, November 14, 2014

Besharam (2013) မြန်မာစာတန်းထိုး



Director: Abhinav Kashyap ရိုက်ကူးပြီး


October 2, 2013 (USA) မှာ ရုံတင်ခဲ့တဲ့

အချစ်ဟာသ အက်ရှင်ဇတ်ကား အမျိုးအစား ဖြစ်ပါတယ်...


ဇတ်လမ်းအကျဉ်းကတော့..


ဘတ်ဘလီ ဟာ ကားခိုးမှု မှာ Pro အဆင့်ဖြစ်ပြီး တော်ရုံတန်ရုံ ကားမျိုးတွေ တွေ့ရာမခိုးပဲ

အချီကြီး ရမယ့် ကားမျိုး နှင့် သူ မျက်စိကျတက်သော ကားမျိုးတွေကို

မရရအောင် ခိုးယူတက်သော ကားသူခိုး တစ်ဦးဖြစ်ပါတယ်....

ဒီအချိန်မှာပဲ Co.Ltd ၀န်ထမ်းဖြစ်သူ တာရာ ဟာ သူမ ရဲ့

ရိုးသားလှစွာသော အမေဖြစ်သူ နှင့် အတူနေထိုင်ရင်း

မရှိမဲ့ရှိမဲ့ လစာများဖြင့် စုဆောင်းထားသော ငွေများဖြင့် ကားလှလှလေး တစ်စီးကို

ဝယ်စီးပြီး သိပ်မကြာခင်မှာပဲ 

လူမိုက်ခေါင်းဆောင် သူဌေးကြီး တစ်ဦး ရဲ့ အော်ဒါ အမှာကြောင့်

ကားခိုးဖို့ လိုက်ရှာနေတဲ့ ဘက်ဘလူ ရဲ့ လက်ချက်မိသွားရပါတော့တယ်...

ကပွဲ တစ်ခု မှာ တာရာ ကို မြင်ပြီး အချစ်စိတ်တွေ ၀င်သွားတဲ့ ဘက်ဘလူ မှာလဲ

သူခိုးလာတာ တာရာ ကားမှန်း သိတဲ့ အချိန်တွင်တော့

အရမ်းနောက်ကျသွားပြီ ဖြစ်လို့ သူချစ်တဲ့ တာရာ ရဲ့

အလိုကျ နှစ်ဦးသား ရက်စက်လွန်းတဲ့ လူမိုက်ကြီး ရဲ့

ပိုက်နက်အတွင်းမှ တာရာ ၏ ကားကို ပြန်လည်ရယူကြရပါတော့တယ်....

=======================================================
ဇတ်ဝင်ခန်း အချို့
========================================================




File Size (1.5GB)

Download Link
=================



Admin : Thit San Khant






ရုပ်ရှင်အသစ်တင်တိုင်း သိလိုပါက အောက်ပါ Follow Button အပြာရောင်လေးကို Click ပေးခဲ့ပါ