Thursday, May 22, 2014

Tarzan(2014) မြန်မာစာတန်းထိုး


Tarzan ဆိုတာကအထူးတလည်မိတ်ဆက်ပေးရမယ့်ဇာတ်ကောင်တော့မဟုတ်ပါ...
ဒီဇာတ်ကားကို Animation နဲ့ရိုက်ထားပြီး....ရုပ်ထွက်ကိုတော့ BluRay Quality တင်ပေးထားတာပါ...
စာတန်းထိုးဖိုင်ကတော့ ကျွန်တော် Credits ပေးထားတဲ့ myanmarsubtitles.blogspot  ကနေယူပြီး
တင်ပေးထားတာပါ...
ဖုန်းသမားများကတော့ Firedrive Link ကနေကြည့်ကြပါခင်ဗျာ...

Zip File size...643MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....01:28:15
subtitle....မြန်မာစာတန်းထိုး

Download part 1

Download part 2

Download part 3
 
Mobile phone များမှ Firedrive တွင်တိုက်ရိုက်ကြည့်ရှုရန်(မြန်မာစာတန်းထိုး)


နမူနာကြည့်ရန်


Wednesday, May 21, 2014

Wanderlust(2012) မြန်မာစာတန်းထိုး



ကျွန်တော့်ဘလော့မှာ Action တွေ Sci-Fi တွေများနေလို့ Romance ကားလေးတင်ပေးလိုက်ပါတယ်..
Paul Rudd ရယ်..Jennifer Aniston နဲ့ သူ့ချစ်သူ Justin Theroux တို့ပါဝင်သရုပ်ဆောင်ထားပါတယ်...
တင်နက်ဆီ ပြည်နယ်က ဟစ်ပီရွာလေးမှာ သွားနေထိုင်တဲ့ နယူးယောက်မြို့က စုံတွဲတစ်တွဲအဖြစ် သရုပ်ဆောင်ထားပါတယ်...
ပေါ့ပေါ့ပါးပါးဇာတ်ကားလေးပါ...
ဖုန်းဖြင့် ကြည့်ရှုနိုင်ရန် Firedrive Link တွင်မြန်မာစာတန်းထိုးဖြင့်တင်ပေးထားပါသည်...

Zip File size...886MB
Quality....အကြည်
Format...mkv
hour....01:33:27
subtitle....မြန်မာစာတန်းထိုး

Download part 1

Download part 2

Download part 3
 
Mobile phone များမှ Firedrive တွင်တိုက်ရိုက်ကြည့်ရှုရန်(မြန်မာစာတန်းထိုး)


နမူနာကြည့်ရန်

Monday, May 19, 2014

Hansel and Gretel:Witch Hunters(2013) မြန်မာစာတန်းထိုး



ဂရင်းမ်ညီနောင်ရဲ. မူရင်းပုံပြင်က တောနက်ထဲမှာ ပျောက်ဆုံးသွားတဲ့ ဟန်ဆယ် နဲ. ဂရက်တယ် ဆိုတဲ့ လူမမည်အရွယ် မောင်နှမ နှစ်ယောက်ကို လူသားစား စုန်းမကြီး နဲ. ရင်ဆိုင်ရပုံဇာတ်လမ်းဖြစ်ပါတယ်။
ယခုဇာတ်လမ်းကတော့ သူတို.မောင်နှမ အဲ့သည် စုန်းမကြီးလက်ကထွက်ပြေးလွတ်မြောက်ပြီး နောင်နှစ်ပေါင်းများစွာကြာတဲ့အခါမှာ စုန်းကဝေတွေကို မြေလှန်ရှာပြီး သုတ်သင်ခြေမှုန်းတဲ့ စုန်းမုဆိုးမောင်နှမဖြစ်နေပုံ ဇာတ်လမ်းဖွဲ.ထားပါတယ်။
ဟန်ဆယ်နဲ.ဂရက်တယ်မောင်နှမအဖြစ် အနက်ရောင်သားရေ၀တ်စုံတွေဝတ် ၊ အားပြင်းတဲ့လက်နက်ဆန်းမျိုးစုံကိုင်ပြီး သရုပ်ဆောင်ထားတဲ့ ဂျရမီရန်နာနဲ. ဂျင်မာအာသာဟန်တို.ဟာ မဂ္ဂဇင်းမျက်နှာဖုံးမော်လ်ဒယ်စုံတွဲနဲ. တူနေပါတယ်။ မြို.ငယ်လေးတစ်မြို.က ကလေးငယ်တွေကို စုန်းမတွေက ပြန်ပေးဆွဲသွားတဲ့ အခါ မြို.တော်ဝန်က ဟန်ဆယ်နဲ. ဂရက်တယ်တို.ကို ဌားရမ်းပြီးကလေးတွေကို ရှာဖွေကယ်တင်ခိုင်းပါတယ်။ သူတို. မောင်နှမဟာ ကလေးတွေကို ကယ်တင်ပြီးတော့ စုန်းမတွေကို နှိမ်နင်းကား စုန်းမအားလုံးရဲ. ခေါင်းဆောင် စုန်းမကြီးမြူ ရီယယ်နဲ. ရင်ဆိုင်တိုက်ခိုက်ကြပုံတွေ ဆက်လက်ရှု.စားကြရမှာဖြစ်ပါတယ်ခင်ဗျာ....
ဒါရိုက်တာ Tommy Wirkola ရဲ့ 88 မိနစ်ရှည်တဲ့ Action, Horror ဇာတ်ကား အမျိုးအစား ဖြစ်ပါတယ်။ Jeremy Renner, Gemma Arterton နဲ့ Famke Janssen တို့ပါဝင် သရုပ်ဆောင် ထားတဲ့ ကားကောင်း တစ်ကား ဖြစ်ပါတယ်။
(Movie review မှကူးယူဖော်ပြသည်...)
ဖုန်းဖြင့်တိုက်ရိုက်ကြည့်ရှု နိုင်ရန် Firedrive Link တွင်မြန်မာစာတန်းထိုးဖြင့်တင်ပေးထားပါသည်...

Zip File size...711MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....01:34:00
subtitle....မြန်မာစာတန်းထိုး

Download And watch With Pcloud Link Full HD


နမူနာကြည့်ရန်







Saturday, May 17, 2014

The Brass Teapot(2012) မြန်မာစာတန်းထိုး




John နဲ့ Alice တို့ လင်မယားဟာ အရမ်းချစ် ကြပြီး လက်ထဲမှာ ငွေပျက်လက်မှု နဲ့ကြုံနေကြ ရပါတယ်။ နှစ်ယောက်လုံး စိတ်ထဲမှာ ကြီးပွားလိုတဲ့ စိတ်ရှိကြပြီး Alice ရဲ့ သူငယ်ချင်းတွေ ငွေရွှင် ပျော်ရွှင် နေကြတဲ့ ဘဝကို တွေ့တိုင်း Alice က သူမရဲ့ ယောင်္ကျား John ကို အမြဲ ပြဿ     နာရှာတတ်ပါတယ်။ တစ်နေ့မှာတော့ မမျှော်လင့်ပဲ လမ်းဘေးမှာ ရှေးဟောင်း ပစ္စည်းတွေ ရောင်းနေတဲ့ ဆိုင်ကနေ ကြေးဝါအိုး တစ်ခု ရရှိ ခဲ့ကြပါတယ်။
သူတို့ ရရှိခဲ့တဲ့ ကြေးဝါအိုးဟာ Aladdin ရဲ့ မီးခွက် လိုပဲ အစွမ်းထက် ခဲ့ပါတယ်။ သူတို့ ၂ ယောက်ထဲက တစ်ယောက် အသားနာတိုင်း ကြေးဝါအိုး ထဲကနေ ပိုက်ဆံတွေ ထွက်လာပါတယ်။
အရမ်းကြီးပွား လိုနေတဲ့ လင်မယား ၂ ယောက် အတွက် မဟာ အခွင့်အရေးကြီး ရရှိခဲ့ခြင်းလဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နည်းမျိုးစုံ အသား နာအောင် လုပ်ကြပြီး ငွေတွေကို ရေလိုသုံး နေပါတော့တယ်။
ကြေးဝါအိုး ထဲကနေ ငွေတွေ များများ ထွက်ဖို့ ၂ ယောက်လုံး ဘာမှ သိပ်မစဉ်းစား တော့ပဲ တစ်ယောက်နဲ့ တစ်ယောက် အသားနာအောင် လုပ်တာထက် ပိုစိုးတဲ့ ဘယ်အရာတွေကို လုပ်ကြပြီး ကြေးဝါအိုး သတင်းကို ကြားပြီး လာယူကြတဲ့ လူဆိုးတွေနဲ့ ဘယ်လို ရင်ဆိုင် ကြမလဲဆိုတာ…

(Movie Review မှကူးယူဖော်ပြသည်...)
ဖုန်းများမှတိုက်ရိုက်ကြည့်ရှုနိုင်ရန် Firedrive မှာလည်းတင်ပေးထားပါတယ်ခင်ဗျာ...

Zip File size...736MB
Quality....အကြည်
Format...mkv
hour....01:37:04
subtitle....မြန်မာစာတန်းထိုး


Download And Watch With Pcloud Link



နမူနာကြည့်ရန်


Thursday, May 15, 2014

Transformers(3):Dark of The Moon(2011)မြန်မာစာတန်းထိုး



Transformers ဇာတ်ကားတွေကို စက်ရုပ်ကားတွေထဲမှာတော့ကျွန်တော်အကြိုက်ဆုံးပါပဲ...
ပြောင်မြောက်အောင်ရိုက်ထားနိုင်သလို..ဇာတ်လမ်းဆင်တာတွေလဲကောင်းပါတယ်...
ကလေးကလားစက်ရုပ်ကားလို့မထင်ရအောင် ဆွဲဆောင်နိုင်ပါတယ်...

ဇာတ်လမ်းအကျဉ်းကတော့........
စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။ ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။ အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။ အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်........


File size...1.2GB
Quality....flash
Format...mp4
hour....02:27:07
subtitle....မြန်မာစာတန်းထိုး

Download and Watch(pCloud link)


                                                           နမူနာကြည့်ရန်



Tuesday, May 13, 2014

Dhoom-3 (2013) မြန်မာစာတန်းထိုး



3 Idiots,Every Child is Special စတဲ့ဇာတ်ကားတွေနဲ့ ကျွန်တော်ကြိုက်ခဲ့ရတဲ့မင်းသား Aamir Khan
ပါဝင်ထားတဲ့ဇာတ်ကားပါ...ကျွန်တော်ကိုယ်တိုင်ပဲ ဘာသာပြန်ထားခြင်းဖြစ်ရာ အမှားအယွင်းနှင့် လိုအပ်ချက်များရှိပါက ကျွန်တော့်ရဲ့ အားနည်းချက်သာဖြစ်ကြောင်းကြိုတင်အသိပေးထားချင်ပါတယ်...
ဇာတ်လမ်းအကျဉ်းကတော့...
၁၉၉၀ ပြည့်နှစ်ကာလမှာ အိန္ဒိယလူမျိုး မျက်လှည့်ဆရာ Iqbal Haroon Khan ဟာ သူ့ရဲ့ ဆပ်ကပ်အဖွဲ့ မပြိုကွဲရေးအတွက် ရုန်းကန်နေရပါတယ်။ ဒီဆပ်ကပ် ဆက်လက်ရပ်တည်ဖို့အတွက် အနောက်ချီကာဂိုဘဏ်ကို မှီခိုနေရပါတယ်။ ဒါပေမယ့် ဘဏ်ပိုင်ရှင် Anderson ကတော့ ဒီဆပ်ကပ်ကို ပိတ်ပစ်ဖို့ပဲ ဖိအားပေးနေပါတယ်။ အထူးဖျော်ဖြေပွဲအဖြစ် Khan ဟာ Anderson ကို သူ့ရဲ့ အကောင်းဆုံး ပြကွက်တစ်ခုကို ပြသပြီး ဆပ်ကပ်အဖွဲ့ မဖျက်သိမ်းရဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဒီဆပ်ကပ်အဖွဲ့ကို ပိတ်ပစ်ဖို့ပဲ တမင်လုပ်နေတဲ့ Anderson ဟာ ဘာကိုမှ အရေးမလုပ်တာမို့ Khan ဟာ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို ဖခင်နဲ့အတူ ဆပ်ကပ်ပြပြီး Anderson ဆီက အကူအညီ မျှော်လင့်နေရှာတဲ့ Sahir Khan ဟာ အစအဆုံး မြင်တွေ့လိုက်ရပါတယ်။
Sahir Khan ဟာ လက်ရှိအချိန်မှာတော့ Great Indian Circus ကို ပြန်လည်ထူထောင် လည်ပတ်နေပါတယ်။ ဒီတစ်ခါ ကပြမယ့် ဆပ်ကပ်ပြပွဲအတွက် နတ်သမီးတစ်ပါးလို ကပြဖျော်ဖြေနိုင်မယ့် အကမယ်တစ်ဦး လိုအပ်နေပါတယ်။ အဲဒီအကမယ်အဖြစ် အရမ်းသွက်လက်တဲ့ မိန်းကလေးတစ်ယာက်ကို သူရှာဖွေတွေ့ရှိသွားပါတယ်။ တစ်ဖက်ကလည်း အနောက်ချီကာဂိုဘဏ်ကို ဖြိုခွဲနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် သူကြိုးစားနေတာ ဥပဒေဘောင်ထဲကတော့ မဟုတ်ပါဘူး။ ဘဏ်ခွဲတွေကို ဖောက်ထွင်းပြီး မျက်လှည့်ဆန်ဆန် ပြကွက်တွေနဲ့ လွတ်အောင် ထွက်ပြေးရင်း လိုက်တမ်းပြေးတမ်း ကစားနေတာပါ။ သူ့ဖောက်ထွင်းပြီးတိုင်း သူတို့မိသားစုရဲ့ လက်ကိုင်ဆောင်ပုဒ်ကို ဟင်ဒီဘာသာနဲ့ ရေးထားခဲ့ပါတယ်။ ဒါကြောင့် ချီကာဂို ရဲတပ်ဖွဲ့ဟာ အိန္ဒိယနိုင်ငံက နာမည်ကျော် ရဲမှူး Jai Dixit နဲ့ သူ့ပါတနာ Ali ကို အကူအညီ တောင်းပါတယ်။ Jai Dixit ဟာ ချီကာဂို ရဲတပ်ဖွဲ့က ရဲမှူး Victoria နဲ့ သိကျွမ်းသူဖြစ်တာကြောင့် စုံစမ်းစစ်ဆေးရေးကို အခက်အခဲမရှိ ဆောင်ရွက်နိုင်ပေမယ့် တရားခံကတော့ စုံးစုံးမြုပ်နေပါတယ်။
ဒါကြောင့် Jai ဟာ တရားခံရဲ့ စိတ်ကို ဆွတဲ့အနေနဲ့ ရုပ်မြင်သံကြားကနေ တရားခံကို နှိမ့်ချဝေဖန်လိုက်ပါတယ်။ မခံချင်ဖြစ်သွားတဲ့ Sahir ဟာ Jai မျက်စိရှေ့တင်ပဲ နောက်ထပ် ဘဏ်ခွဲတစ်ခုကို ထပ်မံ ဖောက်ထွင်းပြလိုက်ပါတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ Jai က Sahir ရဲ့ လက်ပြင်ကို သေနတ်နဲ့ ပစ်နိုင်ခဲ့ပါတယ်။ ဒီဒဏ်ရာနဲ့ Sahir ကို Jai က သူ့ရဲ့ မျက်လှည့်ပွဲမှာ ၀င်ဖမ်းတဲ့အခါ Sahir မှာ သေနတ်ဒဏ်ရာ လုံးဝမရှိတာကို တွေ့ရပါတယ်။ Sahir ရဲ့ အဆိုအရ သူ့အဖေ Khan ဟာ အကောင်းဆုံး လျှို့ဝှက်ချက်တစ်ခုနဲ့ ကမ္ဘာကြီးကို အံ့ဖွယ်ပြကွက် ပြသနိုင်ဖို့ ရည်ရွယ်ထားခဲ့တာပါ။ သူ့အဖေဆီက သူဆက်ခံခဲ့တဲ့ လျှို့ဝှက်ချက်ဆိုတာ ဘာဖြစ်မလဲ ….
Aamir Khan က မျက်လှည့်ဆရာ Sahir အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အကမယ် Aaliya အဖြစ် Katrina Kaif က ပါဝင်သရုပ်ဆောင်ထားတယ့် Dhoom 3 ဟာ အရင် Dhoom ဇာတ်ကားတွေထက် ရိုက်ချက်တွေ ပိုမိုအသားပေး ရိုက်ကူးထားပြီး အလှအပနဲ့ အကခန်းတွေ၊ အတိုက်အခိုက်ခန်းတွေမှာ အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ Katrina Kaif ရဲ့ လှပတဲ့ ကကွက်တွေကို အတော်လေး အသေးစိတ် ရိုက်ကူးထားသလို ဆိုင်ကယ်စတန့်ပြကွက် မြောက်များစွာကို သေသေချာချာ ရိုက်ကူးတင်ဆက်ထားတာ တွေ့ရပါတယ်။ မထင်မှတ်တဲ့ ဇာတ်အိမ်၊ အကောင်းဆုံးရိုက်ချက်၊ အလှပဆုံးပြကွက်တွေနဲ့ ဖန်တီးထားပေမယ့် အိန္ဒိယသားတွေကို အသားပေးပြီး ချီကာဂိုရဲတွေရဲ့ ကဏ္ဍကို လျှော့ချလိုက်တဲ့အခါမှာ အလွန်အကျွံ ဖြစ်သွားတာလေး နည်းနည်းတော့ ရှိပါတယ်။ အရင်ဇာတ်ကားတွေထက် ဇာတ်လမ်းပိုင်း အားနည်းပြီး Sahir ရဲ့ ဇာတ်အိမ်က ပိုများနေတာကြောင့် Jai ရဲ့ စုံစမ်းထောက်လှမ်းမှုကို ချုံ့လိုက်ရသလိုဖြစ်ပြီး ဇာတ်အိမ်က လေးသွားပါတယ်။
Jai Dixit အဖြစ် Abhishek Bachchan နဲ့ Ali အဖြစ် Uday Chopra တို့ ဆက်လက်ပါဝင်သရုပ်ဆောင်ထားပြီး IMDB မှာ Rating 6.4 ရရှိထားပါတယ်။ Rotten Tomatoes မှာလည်း Tomatometer 86% ရရှိထားပြီး Dhoom ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အလှအပနဲ့ အကြမ်းပတမ်းကို အကောင်းမွန်ဆုံး ပေါင်းစပ်ထားတာကို တွေ့ရမှာပါ။ ဇာတ်လမ်းအဆုံးမှာ ပုံမှန်ပါလေ့ရှိတဲ့ Dhoom သီချင်းကို Katrina Kaif ရဲ့ အကအလှနဲ့ တွဲဖက်ပြီး ခံစားကြည့်ရှုကြပါဦး။ Hollinaz
(mmmovieguide.com မှကူးယူဖော်ပြသည်)
Dhoom (2004)...Dhoom 2 (2006) တိုက်ရိုက်ကြည့် Link များကိုလဲတင်ပေးလိုက်ပါတယ်...
pCloud လင့်ကတော့တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

Zip File size...1.2GB (WinRAR ဖြင့်ဖြည်ပါ)
Quality....Blu-ray
Format...mkv
hour....02:51:01
subtitle....မြန်မာစာတန်းထိုး

Download Zip File(Mediafire Link)
 
Watch and Download File(pCloud Link)


Dhoom-1 (2004) ကို ဒီမှာ ကြည့်ပါ...

Dhoom-2 (2006) ကို ဒီမှာ ကြည့်ပါ...


နမူနာကြည့်ရန်

    

Thursday, May 8, 2014

R.I.P.D Rest in Peace Department(2013) မြန်မာစာတန်းထိုး



 
ကောမစ် စာအုပ် “Rest In Peace Department” ကို အခြေခံပြီး ဒါရိုက်တာ ရောဘတ်ရှဝန့် က ရိုက်ကူး ထားတာ ဖြစ်ပါတယ်.
ဘော်စတန် ရဲအရာရှိ နစ်ဝေါ်ကာ နဲ့ သူ့ပါတနာ ဘော်ဘီဟေး တို့ဟာ မူးယစ် ဆေးဝါး အမှုတစ်ခု မှာ ရွှေပြား တွေကို ဖမ်းဆီး ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ နှစ်ယောက် ဟာ အဲဒီ ရွှေပြား တွေကို အထက်ကို မအပ်ဘဲ ယူထား လိုက်ကြ ပါတယ်။ နစ်ကတော့ သူ့ဇနီးနဲ့ သူ့အတွက် ပို ကောင်းမွန်တဲ့ ဘ၀တစ်ခု ဖန်တီး ချင်လို့ဖြစ် ပါတယ်။ ဘော်ဘီဟေး ကတော့ ဘယ်လို ရည်ရွယ်ချက် ရှိတယ် ဆိုတာကို မသိရ ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ နစ်ဟာ စိတ်ပြောင်းပြီး ရွှေပြားတွေကို အထက် ကိုအပ်ဖို့ ဆုံးဖြတ် လိုက်ပါ တယ်။ ဒါကို ဘော်ဘီဟေး က သဘော မတူတဲ့ အတွက် နစ်ကို မူးယစ်ဆေးဝါး စစ်ဆင်ရေး တစ်ခုမှာ အပျောက် ရှင်းလိုက် ပါတယ်။
နစ်ဟာ သေဆုံး သွားခဲ့ပါ တယ်။ သေဆုံးပြီး နောက်မှာ နစ်ကို ဘော်စတန် “Rest In Peace Department” က စုဆောင်း ခေါ်ယူ လိုက်ပါတယ်။ “Rest In Peace Department” ဟာ သေဆုံးပြီး ဖြစ်တဲ့ ရဲအရာရှိ တွေကို စုဆောင်းပြီး (သေလွန်ပြီး နောက်မှာ ရဲတွေ ရှိသလို လူဆိုးတွေ လည်းရှိပါ တယ်။ အဲဒီ လူဆိုးတွေ သာမန် လူတွေကို မနှောင့်ယှက် ရအောင် ကာကွယ်ဖို့ အတွက် “Rest In Peace Department” ဆိုတာ ရှိနေတာ ဖြစ်ပါတယ်။)
မကောင်းဆိုးဝါး လူဆိုးတွေ ကို ဖမ်းဆီး နှိမ်နှင်းနေ တဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။ အဲဒီမှာ လည်း နစ်ဟာ ပါတနာ တစ်ယောက်ရ ပါတယ်။ နစ်ရဲ့ပါတနာ ကတော့ ရွိုင်းဖြစ် ပြီး ရွိုင်းဟာ ၁၈၈၀ ပြည့်နှစ် တွေက အမေရိကန် ဗိုလ်ချုပ် တစ်ယောက် ဖြစ်ခဲ့သူပါ။
အဲဒီ နောက်မှာ မကောင် ဆိုးဝါး လူဆိုးဖြစ် ဖွယ်ရှိသူ တစ်ဦး ကို သွား စစ်ဆေး ရင်းနဲ့ နစ်နဲ့ ရွိုင်တို့ ဟာနစ် ရထားခဲ့ တဲ့ရွှေတွေ နဲ့ အလား တူတဲ့ ရွှေပြား တွေကို ဖမ်းဆီး ရရှိခဲ့ပါတယ်။ အဲဒီ နောက်မှာ နစ်တို့ သိလိုက် ရတာ ကတော့ မကောင်း ဆိုးဝါး လူဆိုး တွေဟာ ရွှေပြား တွေကို စုဆောင်း နေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ လူဆိုးတွေ ဘာကြောင့် ရွှေပြားတွေ ကို စုဆောင်း နေတယ် ဆိုတာ ကို နစ်နဲ့ရွိုင် ဖော်ထုတ် ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် မို့ နစ်တို့ဟာ ဘော်ဘီဟေး ကို နောက် ယောင်ခံ လိုက်ကြ ပါတယ်။ ဘော်ဘီဟေး ဟာ ရွှေပြား တွေကို စုဆောင်း နေပြီး နစ်ဆီက ရွှေပြား တွေကို လည်း နစ်မိန်းမ ဆီက ယူပြီး ဖြစ် ပါတယ်။ နစ်တို့ဟာ ဘော်ဘီဟေး ကို နောက်ယောက် ခံလိုက်ရင်း မကောင်း ဆိုးဝါး လူဆိုးတွေကို ခြေရာခံမိပါတယ်။ ဘော်ဘီဟေး ဟာလည်း မကောင်း ဆိုးဝါး လူဆိုး ၁ယောက် ဖြစ်တယ် ဆိုတာ ကိုလည်း သိလိုက် ရပါတယ်။ ဘော်ဘီဟေး ဟာ ရွှေပြားတွေ ကို စုဆောင်းပြီး လူသား တစ်ယောက် ရဲ့သွေးနဲ့ တမလွန် က လူဆိုတွေ ကို ကမ္ဘာဆီ ပြန်ခေါ်ဖို့ ကြိုးစားနေ တာဖြစ်ပါ တယ်။
နစ်နဲ့ရွိုင် ဟာ ဘော်ဘီဟေးကို “Rest In Peace Department” ဆီကို ဖမ်းခေါ်လာခဲ့ပါ တယ်။ ဘော်ဘီဟေးကလည်း အသာတကြည် လိုက်လာ ခဲ့ပါတယ်။ အမှန်တော့ ဘော်ဘီဟေး က နစ်တို့ကို ထောင်ချောက် ဆင်ခဲ့တာဖြစ်ပြီး “Rest In Peace Department” အထဲက သက်သေ အဖြစ် သိမ်းဆည်း ထားတဲ့ ရွှေပြား တွေကို သူ့နောက် လိုက်တွေနဲ့ ခိုးယူ ထွက်ပြေး လွတ်မြောက် သွားကြပါတယ်။ တမလွန်က လူဆိုးတွေ ကိုပြန်ခေါ် ဖို့ အတွက် ရွှေပြားတွေ အလုံ အလောက် ရသွားခဲ့တဲ့ ဘော်ဘီဟေး တို့ဟာ လူသား တစ်ယောက်ရဲ့သွေးနဲ့ တမလွန် က လူဆိုးတွေ ကို ပြန်ခေါ်ဖို့ ကြိုးစားကြ ပါတယ်။ အဲဒီလူသား ကတော့ နစ်ရဲ့ဇနီး ဂျူလီယာ ပဲ ဖြစ်ပါတယ်။
 (www.messengernewsjournal.com မှကူးယူဖော်ပြပါသည်.......)

Zip File size...651MB
Quality....အကြည်
Format...mkv
hour....01:28:03
subtitle....မြန်မာစာတန်းထိုး


 နမူနာကြည့်ရန်
 




 

Wednesday, May 7, 2014

The Lone Ranger (2013) မြန်မာစာတန်းထိုး



Pirates of the Caribbean ဇာတ်ကား ဖန်တီးရှင် ထုတ်လုပ်သူ Jerry Bruckheimer နဲ့ ဒါရိုက်တာ Gore Verbinski တို့ရဲ့ လက်ရာ ဖြစ်ပြီး Tonto အဖြစ် မင်းသား Johnny Depp ၊ Lone Ranger ခေါ် John Reid အဖြစ် Armie Hammer ၊ Latham Cole အဖြစ် Tom Wilkinson ၊ Butch Cavendish အဖြစ် William Fichtner ၊ Red Harrington အဖြစ် Helena Bonham Carter ၊ Dan Reid အဖြစ် James Badge Dale နဲ့ Rebecca အဖြစ် Ruth Wilson တို့ ပါဝင်ထားတဲ့ ဇာတ်ကားပါ.........ဇာတ်လမ်းကတော့.....

၁၉၃၃ ခုနှစ် ကာနေဗယ်တော် ကျင်းပနေသည့် ရက်တွင် ဖြစ်သည်။ ဆန်ဖရန်စစ္စကိုတွင် Golden Gate တံတားကြီး စတင်ဆောက်လုပ်နေဆဲ ကာလဖြစ်သဖြင့် ထိုနေရာတွင် လူစည်ကားနေသည်။ Will ဟု အမည်ရသော ချာတိတ်တစ်ယောက်က က ရာဇဝင်ထဲက လူစွမ်းကောင်း Lone Ranger (တစ်ကိုယ်တော် လူစွမ်းကောင်း) ပုံစံ ကောင်းဘွိုင်ဝတ်စုံ ဝတ်ဆင်ပြီး ကာနေဗယ်ပွဲတော်ကျင်းပရာ နေရာကို လှည့်လည် ကြည့်ရှုနေသည်။ ထိုနေရာတွင် Tonto ဟု အမည်ရသော ကိုမန်ချီ အင်ဒီယန်းလူမျိုး တစ်ဦးနှင့် တွေ့ဆုံမိသည်။ Will သတိရလိုက်သည်က Lone Ranger ရဲ့ မိတ်ဆွေ Tonto ကလည်း ကိုမန်ချီ အင်ဒီယန်းဖြစ်သည် ဆိုတာကိုပင်။
Tonto က သူနဲ့ Lone Ranger တို့ အနောက်ခြမ်းက ကန္တာရမှာ စွန့်စားခဲ့ကြောင်း၊ မျက်နှာဖုံးစွပ် Lone Range နဲ့ သူနဲ့ နှစ်ယောက်အတူ ဘဏ်ကို ဓားပြတိုက်ခဲ့ကြောင်း ပြောပြသည်။ သို့သော် Will လက်မခံနိုင်။ သူသိထားသည့် Lone Ranger က တရားဥပဒေ စိုးမိုးရေး စွမ်းဆောင်ခဲ့သည့် သူရဲကောင်း၊ ဘဏ် ဓားပြမဟုတ်...........

အဲဒီတော့မှ Tonto က ၁၈၆၉ ခုနှစ်မှာ သူနဲ့ အတူတူ တက္ကဆပ်ပြည်နယ် ကော်ဘီမှာ သောင်းကျန်းခဲ့ဖူးသည့် လူတစ်ယောက်အကြောင်း ပြန်ပြောပြသည်။ ၁၈၇၉ တွင် အမေရိကန်နိုင်ငံရဲ့ အရှေ့ဖက်နဲ့ အနောက်ဖက်ကို ဆက်သွယ်ဖို့ ပြည်နယ်အများအပြားကို ဖြတ်ပြီး ရထားလမ်းဖောက်လုပ်နေသည်။ ရထားလမ်းကို Latham Cole ဆိုသည့် သူဌေးတစ်ဦးက ထိန်းချုပ်ထားသည်။ John Reid ဆိုသည့် လူငယ်လေးက ဒီရထားကို စီးပြီး ဇာတိသို့ ပြန်လာသည်။ John Reid စီးတဲ့ ရထားပေါ်မှာ Texas Ranger တစ်ဦးဖြစ်တဲ့ သူ့အစ်ကို Dan Reid ဖမ်းလာသည့် လူဆိုးကြီး Butch Cavendish လည်း ပါလာသည်။ Tonto ကလည်း အဲဒီရထားကိုပဲ စီးလာသည်ပေါ့...........
သို့ပေမယ့် အခြေအနေက အစိုးမရသည်မို့ Butch လွတ်သွားပြီး သူ့ကို ဖမ်းလာသည့် Texas Ranger တွေ အသတ်ခံရသည်။ Tonto က ဒီလူသတ်မှုမှာ ကြားက ဓားစာခံဖြစ်ပြီး ရထားကို အပိုင်စီးခံရသည်။ ဒါပေမယ့် John နဲ့ Dan တို့က ပြန်လည်တိုက်ခိုက်ပြီး Tonto ကို Butch ရဲ့ အဖွဲ့ကလို့ ထင်သွားကြသည်။ အကျိုးဆက်အနေနဲ့ Tonto ကို Dan က ဖမ်းဆီးထားလိုက်ပြီး Butch ကတော့ လွတ်မြောက်သွားသည်။
Dan က John ကို Texas Ranger တွေနဲ့အတူ Butch ကို လိုက်လံဖမ်းဆီးဖို့ အကူအညီတောင်းသည်။ တောင်ကြားတစ်ခုတွင် Dan ၊ John နဲ့ Ranger တွေ ပိတ်မိနေစဉ် Ranger တွေ အကုန်အသတ်ခံရပြီး Butch က John ရဲ့ ရှေ့မှာတင် Dan ရဲ့ နှလုံးကို ထုတ်ပြီး စားပြသည်။ John လည်း ဒဏ်ရာကြောင့် မျောသွားပြီး ကိုမန်ချီအင်ဒီယန်းတွေ ယုံကြည်ကြတဲ့ Silver အမည်ရှိ ဝိဉာဏ်မြင်းတစ်ကောင်က သူ့ကို ပြန်အသက်သွင်းပေးလိုက်သည်။ ထောင်က ထွက်ပြေးလာတဲ့ Tonto က ဒီအကြောင်းကို ပြောပြပြီး John တစ်ယောက် တိုက်ပွဲမှာ သူများသတ်လို့ မသေနိုင်တော့ဟု ရှင်းပြသည်။
ဒါ့အပြင် တိုက်ပွဲမဖြစ်ခင် ပျောက်ဆုံးသွားသည့် Collins အမည်ရှိ Ranger က သစ္စာဖောက်လို့ Dan သေဆုံးရတာ ဖြစ်ကြောင်း Tonto က သတင်းပေးသည်။ Collins မကြာခင်ကမှ ရောက်ခဲ့သည့် ပြည့်တန်ဆာအိမ်သို့ သွားရှာကြရင်း Red Harrington နဲ့ တွေ့ဆုံမိပြီး Dan နဲ့ Collins တို့ ရန်ဖြစ်သည့်အကြောင်းကို သိရသည်။ အဲဒီအချိန်မှာ ကိုမန်ချီ အင်ဒီယန်းယောင်ဆောင်ထားသည့် Butch ရဲ့ အဖွဲ့ဝင်တွေက ကိုမန်ချီနဲ့ အမေရိကန်တွေရဲ့ နယ်စပ်ကို ဝင်ရောက်တိုက်ခိုက်ကြသည်။
ဒီလို ဝင်ရောက်တိုက်ခိုက်တာကြောင့် Dan ရဲ့ မိန်းမ Rebecca နဲ့ သား Danny တို့ ပိတ်မိသွားကြသည်။ သို့သော် မီးရထားလမ်းပိုင်ရှင် Latham Cole က ဝင်ရောက်ကယ်ဆယ်ပြီး Collins ကို ပစ်သတ်လိုက်သည်။ ဒါ့အပြင် ရထားလမ်း ဆက်လက်ဖောက်လုပ်ဖို့နဲ့ ကိုမန်ချီအင်ဒီယန်းတွေကို တိုက်ခိုက်ဖို့ အမေရိကန် မြင်းတပ်ဗိုလ်ကြီး Jay Fullerကို အကူအညီတောင်းသည်။
တကယ်တော့ Cole ရော Butch ကပါ ကိုမန်ချီတွေ ပိုင်ဆိုင်တဲ့ ငွေသတ္ထုတွင်းကို လိုချင်လို့ ဒီဒေသကို ထိုးဖောက်ဝင်ရောက်လာခြင်း ဖြစ်သည်။ ဒီအကြောင်းကို သိသွားရတဲ့ တရားခံဟာ အင်ဒီယန်းကြီး Tonto ဖြစ်သည့် အကြောင်း John သိသွားသည့်အခါ …...
Hollinaz
(www.delodelo.com မှကူးယူဖော်ပြသည်........) 

Zip File size...566MB
Quality....အကြည်
Format...mkv
hour....02:21:58
subtitle....မြန်မာစာတန်းထိုး



 နမူနာကြည့်ရန်







300: Rise of an Empire (2014) မြန်မာစာတန်းထိုး



#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ 2006 ခုနှစ် တုန်းက ထွက်ခဲ့တဲ့ 300 ဇာတ်ကားရဲ့အဆက် အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားက 300 လောက်သိပ်မကောင်းပါဘူး။ အထူးသဖြင့် ဒီကားမှာ စစ် ပွဲကောင်းကောင်းတွေ တွေ့ရမယ်လို့ မျှော်လင့်ထားတဲ့ ကျွန်တော်အတွက်တော့ စိတ်ပျက်စရာဖြစ် ခဲ့ပါတယ်။

ဇာတ်လမ်းကတော့ Themistokles ဆိုတဲ့ အေသင် မြို့က စစ်သူကြီး က ပထမဆုံးအကြိမ် Persian တွေ စစ်ချီလာကတည်းက ရင်ဆိုင်တွေ့ခဲ့ဖူးသလို၊ Xerxes ရဲ့ အဖေဖြစ်တဲ့ (အဲ့ဒီအချိန်တုန်းက စစ်ချီလာတဲ့ Persian ဘုရင်) Darius ကို ပါ မြှားနဲ့ပစ်ခွင်းပြီး သတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ဘုရင့်သားတော် Xerxes ကိုတော့ မသတ်ပဲ လွှတ်ပေးမိရာကနေ Xerxes က နောက်တစ်ကြိမ် ပြန်ပြီး စစ်ချီလာတာဖြစ်ပါတယ်။

၃၀၀ မှာတုန်းက Sparta ကို Messenger လွှတ်ပြီး အညံ့ခံဖို့ပြောသလိုပဲ Athens မြို့ကိုလည်း အညံ့ခံဖို့ ပြောပါတယ်။ အဲ့ဒါကြောင့် Themistokles က Sparta ကို သွားပြီး King Leonidas ကို သူနဲ့ ပူပေါင်း ဖို့ပြောသလို၊ ဂရိအနေနဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် စုပေါင်းပြီး တိုက်ခိုက်ဖို့ပြောပါတယ်။ ဒါပေမယ့် သူသွားတဲ့အချိန်မှာ Leonidas က Oracle (ရှေးခေတ်က ပုဏ္ဏားကဲ့သို့ ရှေ့ဖြစ်ကို ကြိုပြောနိုင်တဲ့ သူတွေဖြစ်ပါတယ်။ တစ်ခုခုလုပ်မယ် ဆိုရင် သူတို့ကိုသွားပြီး တိုင်ပင်ဆွေးနွေးရပါတယ်။) တွေနဲ့ သွားတွေ့နေတဲ့ အချိန်ဖြစ်လို့ Themistokles နဲ့မတွေ့လိုက်ရပါဘူး။ ဒါကြောင့် သူက Athens က ရှိတဲ့ ရေတပ်အင်အားနဲ့ ရန်သူကိုခုခံရပါတယ်။

တစ်ဖက်က ချီတက်လာတဲ့ ရေတပ် Commander က ဂရိလူမျိုး အမျိုးသမီး Artemisia (Eva Green) ဖြစ်ပြီး သူမကလည်း ဂရိတွေကုန် စိတ်နာနေတဲ့သူဖြစ်ပါတယ်။ အကြောင်းကတော့ သူငယ်စဉ်က ဂရိတစ်မြို့နဲ့တစ်မြို့ စစ်ဖြစ်ရာမှာ အောင်ပွဲခံစစ်သားတွေက သူ့ မိသားစုကို မုဒိန်းကျင့် သတ်ဖြတ်ရုံသာမက သူမကို ကျွန်အဖြစ်ရောင်းစားခံရသလို၊ ကျွန်ဘ၀မှာလည်း အနှိပ်စက်ခံ၊ မတရားပြုကျင့်ခံရပြီး၊ မသေရုံတမယ် ဖြစ်နေတော့မှ စွန့်ပစ်ခံခဲ့ရပါတယ်။ ဒါကို ပါရှန်လူမျိုး General တစ်ဦးက ကယ်တင်ပေးပြီး ပညာစုံသင်ပေးသလို၊ သူ့ရဲ့ ပင်ကိုယ်ဗီဇကြောင့် လည်း တိုက်ခိုက်ရေးထူးချွန်ပြီး Persian ဘုရင်ရဲ့ ယုံကြည်မှုကိုရခဲ့ပါတယ်။

ဒါကြောင့် ဒီစစ်ပွဲမှာ Greek တွေကိုမုန်းနေတဲ့ Artemisia ရယ်၊ Greek တွေကို တိုက်ခိုက်ဖို့လာတဲ့ Xerxes ရယ် ကို Greek တွေဘယ်လို တွန်းလှန်မလည်း၊ Greek ဆိုပြီး တစ်နိုင်ငံတည်းပေါင်းစည်း ပြီး တိုက်ခိုက် လာအောင် စည်းရုံးနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။

Visual Effect, Slow Motion, 3-D Effect ကောင်းကောင်းနဲ့ ရိုက်ကူးထားသလို၊ Fight Scene တွေကလည်း အထူးကောင်းမွန်ပါတယ်။ ဒါတွေကောင်းမွန်ရုံနဲ့တော့ ဇာတ်ကားကောင်း တစ်ကား အရမ်းကောင်းပါတယ်လို့ ပြောလို့မရပါဘူး။ ဇာတ်ကားမှာ ပရိတ်သတ်စိတ်ဝင်စားအောင် ဆွဲဆောင် ထားနိုင်တာက Fight Scene တွေနဲ့ Visual Effect ကောင်းကောင်းတွေပဲ ရှိပါတယ်။ အထူးသဖြင့် ၃၀၀ တုန်းက နောက် ထပ် Battle ကို ဘယ်လို ရင်ဆိုင်မလည်း၊ ဘယ်လို နိုင်အောင် တိုက်မလည်း၊ စသဖြင့် တစ်ကားလုံး စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားနိုင်ပေမယ့်၊ ဒီကားကတော့ ဇာတ်လမ်း အဆုံး ပိုင်းနဲ့ ဇာတ်ကားကို စထားသလို၊ Scene တစ်ခုနဲ့တစ်ခုကြားမှာလည်း အချိတ် အဆက်မဲ့နေပါတယ်။

မင်းသားဖြစ်သူ Sullivan Stapleton ကလည်း ဒီကားတစ်ကားလုံး ခံစားချက်မဲ့နေသလိုပါပဲ။ စကားတွေတော့ ပြောနေပေမယ့် Emotion မပါသလို ဖြစ်နေပြီး၊ စစ်မတိုင်ခင် Motivational Speech (စိတ်ဓါတ်လှုံ့ဆော်ရေးစကား)ပြောတာတောင်မှပဲ စိတ်ဓါတ်တက်ကြွဖို့မကောင်းဖြစ်နေပါတယ်။ အထူးသဖြင့် 300 ထဲက King Leonidas အဖြစ်သရုပ်ဆောင်တဲ့ Gerard Butler လို မျိုး အင်တိုက်အားတိုက် မရှိပါဘူး။

Battle Scene တွေကလည်း Slow Motion တွေ အရမ်းများပြီး သွေးထွက်သံယို အခန်းတွေကို လိုတာ ထက်ပိုပြီး Effect သုံးထားလို့ ကြောက်ဖို့ကောင်းရမယ့်အစား၊ ကွန်ပျူ တာလုပ်ကွက်မှန်းသိသာနေပါတယ်။ ဇာတ်ကားကောင်းတစ်ကားဖြစ်ပေမယ့်၊ လက်မလွတ်ခံသင့်တဲ့ကားတော့ မဟုတ်ပါဘူး။ စစ်ကားကောင်း ကြည့်ချင်သူတွေအတွက်ကတော့ Brad Pitt ရဲ့ Troy ပြန်ကြည့်တာက မှပိုကောင်းပါဦးမယ်။ Action ကားကောင်းကို 3D နဲ့ကြည့်ချင်ရင်တော့ ဒီကားကို ကြည့်သင့်ပါတယ်။

ဒီကားက အသက် ၁၈နှစ်အောက် လူငယ်တွေ၊ မိဘမပါပဲ လုံးဝမကြည့်သင့်ပါဘူး။ သွေးထွက်သံယို များသလို၊ Nudity တွေလည်းပါပါတယ်။ Sex Scene တစ်ခန်းပါပြီး၊ Female Nudity လည်းပါပါတယ်။ Eva Green ပါပြီဆိုမှတော့ ဒီလိုပါတော့မယ်ဆိုတာ သူ့ကိုကြည့်ဖူးတဲ့သူတွေ သိကြမှာပါ.......

#Sololay
(ရုပ်ရှင်မိတ်ဆက် မှကူးယူဖော်ပြပါသည်....)

Zip File size...676MB (WinRAR ဖြင့်ဖြည်ပါ)
Quality....web အကြည်
Format...mkv
hour....01:34:24
subtitle....မြန်မာစာတန်းထိုး



 နမူနာကြည့်ရန်

Tuesday, May 6, 2014

Dredd (2012) မြန်မာစာတန်းထိုး



US အနာဂတ် က Cursed Earth အဖြစ်နဲ့  ရပ်တည်လျက်ရှိပါတယ်............
လူပေါင်း သန်း ၈၀၀ နေထိုင်ပြီး နေ့ စဉ် မှု့ ခင်းပေါင်း ၁၇၀၀၀ လောက် ဖြစ်ပွားလျက်ရှိပါတယ်.......
Slo-Mo လို့  ခေါ်တဲ့ မူးယစ်ဆေး က လက်ရှိ လူတွေရဲ့  အသိအာရုံကို သာမန်ထက် ၁% ပဲ သိစေတဲ့ ဆေး ထွက်ရှိနေပါတယ်။ မှုခင်းတွေကို နှိမ်နင်းဖို့ အတွက် Judges ဆိုတဲ့ အဖွဲ့ ပဲ ရှိပါတယ်။ သူတို့ က တရားသူကြီး၊ ဂျူရီ နဲ့ တရားခံတွေကို ကွပ်မျက်သူ အနေနဲ့  တာဝန်ယူရပါတယ်။ Judge Dredd က Chief Judge ရဲ့  အမိန့် အရ အသစ်ခေါ်ထားတဲ့ Cassandra Anderson ကို Judge အနေနဲ့  စာမေးပွဲ အောင်မအောင် ဆုံးဖြတ်ဖို့  သူ့ ကို တာဝန်ပေးလိုက်ပါတယ်။

အထပ် ၂၀၀ မြင့်တဲ့ Peach Trees တာဝါ မှာ မူးယစ်မှောင်ခိုဂိုဏ်းချုပ် Ma-Ma က သူတို့ ရဲ့  မူးယစ်မောင်ခိုသမား ၃ ယောက်ကို တာဝါပေါ်ကနေ ပစ်ချပြီး သတ်လိုက်ပါတယ်။ Dredd နဲ့  Anderson ဟာ အဲ ဒီမှုခင်းကို တာဝန်ယူဖို့  စုံစမ်း စစ်ဆေးဖို့  ရောက်ရှိလာပါတယ်။ သူတို့ က လူရမ်းကား Kay ကို ဖမ်းဆီးမိပါတယ်။ လူတစ်ယောက်ရဲ့  စိတ်ကို ထိုးထွင်း သိမြင်နိုင်တဲ့ အန်ဒါဆင် ကတော့ Kay ဟာ အဆိုပါ လူ ၃ ယောက်ကို သတ်တဲ့ တရားခံ ထဲက တစ်ယောက်ဆိုတာ ပြောပါတယ်။ သူတို့ ဟာ Kay ကို စုံစမ်းမေးမြန်းဖို့  ဖမ်းဆီး ပြီး ခေါ်ဆောင်သွားပါတယ်။

Ma-Ma က သူ့ ရဲ့ လုပ်ငန်း အကြောင်း Judges တွေကို Kay က ပြောပြလိုက်မှာ ကြောက်လို့  Security အခန်းကို သူ့ လူလွှတ်ပြီး Building တစ်ခုလုံး အမှောင်ချလိုက်ပါတယ်။ ပြီးတော့ အထပ် ၂၀၀ ထဲက လူတွေကို အဆိုပါ Judges ၂ ယောက်ကို အသေ လိုချင်တယ်ဆိုပြီး အင်တာကွန် ကနေ တစ်ဆင့် ပြောလိုက်ပါတယ်။ Dredd နဲ့  အန်ဒါဆင်တို့ က သူတို့  ပင်မဌာန နဲ့ အဆက်အသွယ် လုပ်ဖို့  ကြိုးစား ပေမယ့်လည်း မရနိုင်တော့ပါဘူး။ အထပ် ၂၀၀ တောင်ရှိတဲ့ မူးယစ်မှောင်ခို ဂိုဏ်းက Dredd နဲ့  အန်ဒါဆင် တို့  ၂ ယောက် ထွက်ပြေးလွှတ်မြောက်နိုင်ပါ့မလား... ဆိုတာ....

ပြသချိန် ၉၅ မိနစ်ရှိပြီး အက်ရှင်ကား ကြိုက်သူများ လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါ။ ကျွန်တော်ကတော့ ထိုင်ရာကနေ မထပဲ ပြီးအောင် ကြည့်မိလိုက်တယ်။ IMDB မှာတော့ ၇.၄ ရပြီး ကျွန်တော်က ၈ လောက်ပေးပါတယ်။

အောက်မှာတိုက်ရိုတ်ကြည့်နိုင်ပါတယ်ခင်ဗျာ။
မူရင်စာသား ။ ရုပ်ရှင် အညွန်းများ

Zip File size...671MB
Quality....အကြည်
Format...mkv
hour....01:30:00
subtitle....မြန်မာစာတန်းထိုး

Download Zip File


 နမူနာကြည့်ရန်

Friday, May 2, 2014

Decoding Annie Parker (2014) English စာတန်းထိုး


Info: http://www.imdb.com/title/tt1464191/
Release Date: 4 April 2013 (USA)
Genre: Drama
Stars: Aaron Paul, Maggie Grace, Alice Eve
Quality: 720p WEB-DL
Encoder: SHQ@Ganool
Source: 720p WEB DL H264 PHD
Size: 700MB
Subtitle: English
Synopsis:
Love, science, sex, infidelity, disease and comedy, the wild, mostly true story of the irrepressible Annie Parker and the almost discovery of a cure for cancer.

Download part 1

Download part 2

Download part 3
 
Download part 4 

English Subtitle Download 


 Watch Trailer

Thursday, May 1, 2014

The Monuments Men (2014) English စာတန်းထိုး


Info: http://www.imdb.com/title/tt2177771/
Release Date: 7 February 2014 (USA)
Genre: Biography | Drama | War
Stars: George Clooney, Matt Damon, Bill Murray
Quality: BluRay 720p
Encoder: SHQ@Ganool
Source: 720p BluRay x264-BLOW
Size: 900MB
Subtitle: English
Synopsis:
An unlikely World War II platoon is tasked to rescue art masterpieces from Nazi thieves and return them to their owners.

Download part 1

Download part 2

Download part 3
 
Download part 4 

Download part 5 

English Subtitle Download 

                                                      Watch Trailer


Pompeii (2014) English စာတန်းထိုး


Info: http://www.imdb.com/title/tt1921064/
Release Date: 21 February 2014 (USA)
Genre: Action | Adventure | Drama
Stars: Kit Harington, Emily Browning, Kiefer Sutherland
Quality: BluRay 720p
Encoder: SHQ@Ganool
Source: 720p BluRay x264-BLOW
Size: 800MB
Subtitle: English
Synopsis:
A slave-turned-gladiator finds himself in a race against time to save his true love, who has been betrothed to a corrupt Roman Senator. As Mount Vesuvius erupts, he must fight to save his beloved as Pompeii crumbles around him.

 
Download part 1

Download part 2

Download part 3
 
Download part 4 

Download part 5 

English Subtitle Download 





 

Vampire Academy (2014) English စာတန်းထိုး

Info: http://www.imdb.com/title/tt1686821/
Release Date: 7 February 2014 (USA)
Genre: Action | Comedy | Fantasy
Stars: Zoey Deutch, Lucy Fry, Danila Kozlovsky
Quality: BluRay 720p
Size: 700MB
Subtitle: English
Synopsis:
Rose Hathaway is a Dhampir, half human/vampire, guardians of the Moroi, peaceful, mortal vampires living discretely within our world. Her legacy is to protect the Moroi from bloodthirsty, immortal Vampires, the Strigoi. This is her story.

 
Download part 1

Download part 2

Download part 3
 
Download part 4 

English Subtitle Download 

 Watch Trailer
 
 

Tokarev (2014) English စာတန်းထိုး



Info: http://www.imdb.com/title/tt2401807/
Release Date: 2014 (USA)
Genre: Action | Crime | Thriller
Stars: Nicolas Cage, Rachel Nichols, Peter Stormare
Quality: BluRay 720p
Size: 650MB
Subtitle: English

Synopsis:
When the Russian mob kidnaps the daughter of a reformed criminal, he rounds up his old crew and seeks his own brand of justice.

 
Download part 1

Download part 2

Download part 3
 
Download part 4 

English Subtitle Download 

 Watch Trailer




The Road Home (1999) မြန်မာစာတန်းထိုး



Zhang ziyi ( ကျန်းကျီယီ) ဟာ တရုတ်ပြည်ထွက် ထိရှကွဲကြေတော့မလား ထင်ရတဲ့ ကြွေရုပ်ကလေးလို ချစ်စရာကောင်းသူလို့ အပြင်ပန်းက ထင်ရတဲ့အတွက် စိတ်ဓာတ်ပြင်းထန်သူ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ရှိသူဆိုတာ ကျနော်တို့ မေ့နေမိကြတာများပါတယ်။ အသက်ဆယ့်ကိုးနှစ်မှာတင် ပထမဆုံး ခေါင်းဆောင်အဖြစ်ပါဝင်ရတဲ့ The Road Home နဲ့ အောင်မြင်သွားတဲ့အခါ စိုင်ကော်လို့ချုံပေါ်ရောက်သွားတာပါလို့ အထင်တွေကို သူ့ အရည်အချင်းနဲ့ ဇွဲနပဲနဲ့ ချေဖျက်ပြခဲ့တယ်။ ဒါရိုက်တာ Zhang Yimou ကိုယ်တိုင်ကတောင် တရုတ်ပြည်က သရုပ်ဆောင်တွေမှာ အက်ရှင်ကော အက်တင်ကော နှစ်ခုလုံးပိုင်နိုင်တဲ့ သရုပ်ဆောင်ဆိုတာ အလွန်ရှားပါတယ်လို့ အသိအမှတ်ပြုခဲ့တာပါ။

Ziyi မှာ ငယ်ငယ်နဲ့ နိုင်ငံတကာထိ အောင်မြင်ခဲ့တဲ့အတွက် တရုတ်ပြည်တွင်းမှာ တချို့သရုပ်ဆောင်တွေ နှစ်နဲ့ ချီတောင် ကြိုးစားရတာကို သူက ခဏလေးနဲ့ဆိုပြီး အမြင်မကြည်ပဲ တိုက်ခိုက်ခံရ တရုတ်ပြည်က မီဒီယာတွေ အပြောအဆို တော်တော်ခံရတဲ့အပြင် ဟောင်ကောင်ဘက်ကြတော့လည်း သူ့ လို တောသူက ဘာဖြစ်လို့ ဒီလောက်အောင်မြင်ရလဲလို့ မနာလိုတာ ခံရသေးတာပါ။

Memoirs of a Geisha , Crouching Tiger Hidden Dragon , Hero စတဲ့ ရုပ်ရှင်သမိုင်းမှာ ကျန်ရစ်ခဲ့မယ့် ဇာတ်ကားကောင်းတွေရှိနေခဲ့လည်း
The Road Home က ကွမ်းတောင်ကိုင် ရွာသူလေးရဲ့ ချစ်စရာ မျက်နှာလေးကို စိတ်ထဲမှာ စွဲထင်မှုအရှိဆုံးအဖြစ် သတ်မှတ်ရမယ်ထင်ပါရဲ့။

ဒီရုပ်ရှင်ကားရဲ့ ထူးခြားချက်တစ်ခုကတော့ လက်ရှိအခြေအနေကို အဖြူအမဲနဲ့ မသဲမကွဲ မှတ်တမ်းဆန်ဆန်ရိုက်ထားပြီး နောက်ကြောင်းပြန်ကာမှ ကာလာရောင်စုံနဲ့ လင်းလက်စေတာ ဖြစ်ပါတယ်။
ရွာသူလေးရဲ့ ဘဝထဲ ကျောင်းဆရာလေး ပထမဆုံးစဝင်လာခဲ့တဲ့အချိန်ကို ရိုက်ပြတဲ့အခါ ကျောင်းဆရာလေးနဲ့ အကြည့်ချင်းဆုံလို့ အပျော်တွေနဲ့ ခုံပေါက်ပြေးလွှားနေတဲ့ အခန်းက ဆယ်ကျော်သက်တွေရဲ့ အပျော်ကို သတိရမိစေပါတယ်။ ဒီရုပ်ရှင် အစဦးပိုင်းမှာ အဖေကျောင်းဆရာဆုံးပါးသွားလို့ မြို့ မှာ အလုပ်လုပ်နေတဲ့ သားဖြစ်သူက ရွာကို ပြန်လာပြီး အမေမုဆိုးမ ဖြစ်စေချင်တဲ့အတိုင်း အလောင်းကို မြို့ ကနေ ရွာထိ လူနဲ့ပဲ ထမ်းသယ်မယ်ဆိုတဲ့ ကိစ္စကြောင့် အရမ်းအေးတဲ့ရာသီဥတု လူငယ်အင်အားရွာမှာ ရှားပါးမှုကြောင့် အကျပ်ရိုက်ပြီး မိခင်ဖခင် အချစ်ဇာတ်လမ်းကို ပြန်သတိရမိတာက အစပြုပါတယ်။

ဒီတော့ ရွာသူလေးနဲ့ ကျောင်းဆရာလေး ဆုံဆည်းရမယ်ဆိုတာ သေချာသိပြီးသား ဖြစ်ပြီး ဘာမှ ရင်ထိတ်စရာ အလှည့်အပြောင်း မရှိတော့ပါ။ သို့ပေလည်း အဲဒီအချက်ကပဲ ဇာတ်လမ်းအစအဆုံး ရိုးစင်းခမ်းနားတဲ့ အချစ် ၊ လူတစ်ယောက်နဲ့ တစ်ယောက် သေတစ်ပန်သက်တစ်ဆုံး တွယ်တာရင်းနှီးဖို့အစပြုတဲ့ ဖြစ်စဉ်ကို ကြည်နူးစွာ ကြည့်မိစေပါတယ်။ ကျနော်တို့ ခေတ်မှာ အဲဒီလို အချစ်မျိုး မရှိတော့ဘူးဆိုတဲ့ အကြောင်းကရော ဆွေးမြေ့စေဖို့ရှိပါရဲ့။

မြင်မြင်ချင်းအချစ်ကနေ ကျောင်းဆရာလေးအတွက်ပဲ မိန်းကလေးရဲ့ဘဝက ရှင်သန်နိုင်တော့တာပါ။ ဆရာလေးရဲ့ စာသင်တဲ့ အသံက နားထောင်ကောင်းလို့ဆိုပြီး တစ်သက်လုံး စာသင်ဖို့ စိတ်မဝင်စားတဲ့ မိန်းကလေးက နှစ်လေးဆယ်တိုင်တိုင် စာသင်နေသံကို မပျက်မကွက်နားထောင်ခဲ့တာတဲ့။ ဒီရုပ်ရှင်မှာ ကျောင်းဆရာလေးနဲ့ နီးစပ်ဖို့ မိန်းကလေး ဘက်က ဘယ်လို အားထုတ်ခဲ့လည်းဆိုတာ ကြည့်နေရင်းနဲ့ ပြုံးနေမိစေပါတယ်။ လူတစ်ယောက်ကို အဲဒီလောက် ချစ်နိုင်ဖို့ ကိုယ်ရော စိတ်ရော ရင်းနှီးပေးဖို့ အခုများတော့ မလွယ်ကြတော့တာလည်း အသိ။

Ziyi လေး မျက်နှာက သန့်စင်ချောမွေ့ နေသလောက် ကျောင်းဆရာလေးက အပြိုင် မချောမောဘူးဆိုပေမယ့် Ziyi ရဲ့ အချစ်ကနေ တဆင့် ကျနော်တို့ ကြည့်မိကြရာ ကျောင်းဆရာလေးကလည်း တစတစ ပိုမို ခန့်ညားလာခဲ့တာလား သတိထားမိပါရဲ့။ Ziyi ရဲ့ မျက်နှာကို ကင်မရာအနီးကပ် ရိုက်ချက်တွေ များပြားပြီး အသေးစိတ် အမူအရာ ပြောင်းလဲပုံကအစ တစိမ့်စိမ့် အရသာခံဖို့ ထိုက်တန်တာပါ....
နိုင်ငံတကာထိ အောင်မြင်တဲ့ ဒါရိုက်တာ Zhang Yimou က Ziyi လေးကို ဇာတ်ရုပ်နဲ့ အလိုက်ဖက်ဆုံးလို့ ရွေးချယ်ခဲ့တာ ဆိုလည်း ကံကောင်းခြင်း သက်သက်မဟုတ်ပါဘူး။ သူကိုယ်တိုင်ကကို အဲဒီဇာတ်ရုပ်အတိုင်းပဲလေလို့ ပြောလည်း မကြိုးစားပဲ ရခဲ့တာ မဟုတ်ခဲ့ပါ။ မျက်နှာသစ်ကလေးကို ဒါရိုက်တာကြီးက ကောက်ကာငင်ကာ ရွေးခဲ့တာ မဟုတ်ခဲ့ပဲ Ziyi နဲ့အတူ တခြား ရွေးချယ်ထားတဲ့ သရုပ်ဆောင်တွေကို ဇာတ်ကားရိုက်မယ့် ရွာကို တစ်လလောက်ပို့ထားကာ ရွာသားတွေနဲ့အတူ လိုက်လျောညီထွေ ဖြစ်မဖြစ် ရွာ့ ထုံးစံအတိုင်း ရေခပ် ဟင်းချက် လုပ်နိုင်မလုပ်နိုင် စံကာတင်ရွေးကြသေးတာ။ အစမ်းသရုပ်ဆောင်ပြရတာလည်း ခဏခဏ....
နောက်ဆုံး တကယ်သရုပ်ဆောင်ရပါပြီဆိုတော့လည်း ဖိအား တအားများခဲ့တာဖြစ်ပြီး စကားပြော သိပ်မပါတဲ့ ဇာတ်ညွှန်းကို ထပ်ခါထပ်ခါလေ့လာလွန်းနေလို့ ဒါရိုက်တာက ဇာတ်ညွှန်းစာအုပ် ပြန်သိမ်းထားပြီး လွတ်လွတ်လပ်လပ်နေခိုင်းရတဲ့အထိ။
ဖြူ စင်ရိုးသားတဲ့ အလှတရားဟာ Ziyi မှာ ရှိပြီးသား ဇာတ်ညွှန်းကြောင့် ပြောင်းလဲသွားမှာကို မလိုလားတဲ့အထိ။ အပြင်က Ziyi နဲ့ ရွာသူလေးဟာ တစ်ထပ်တည်း ကျနေတယ်ဆိုလည်း စကားပြောမပါပဲ အမူအရာနဲ့ပဲ အဓိက သရုပ်ဆောင်ရတဲ့အခန်းတွေဟာ တကယ်ခက်ခဲတာပါ။ ပြေးလွှားရတဲ့အခန်းတွေဆို တောင်ကုန်းတွေပေါ်က ဒလိမ့်ကောက်ကွေးလိမ့်ကျလည်း မညည်းညူ ပဲကင်မရာရှေ့ပြန်ရောက်အောင်လာပြီး ဆက်ပြေးခဲ့တာ။ ဒါရိုက်တာကတောင် သက်လုံကောင်းလွန်းလိုက်တာလို့ အံ့သြရပါရော။

ဒီဇာတ်ကားမှာ တရုတ်ပြည်ကျေးလက်ရဲ့ ရှူ ခင်းတွေက လှပလွန်းတဲ့ အပြင် နောက်ခံတေးဂီတကလည်း ဇာတ်ဝင်ခန်းတွေကို ပြည့်စုံလှပစေပါရဲ့။ ဘဝတစ်လျှောက်လုံး ရိုးရိုးသားသားနဲ့ ကျေးရွာလေးမှာ အများအတွက် အကျိုးဆောင်သွားတဲ့ ကျောင်းဆရာလေးရယ်၊ တစ်သက်တာ အနားက မခွာချင်တဲ့ ပါရမီဖြည့်ဖက်သက်လျာရယ် သူတို့ကို ကြည့်ပြီး ငြိမ်းချမ်းရိုးအေးမှုဟာ ကူးစက်လာသလိုပါ။
ဇွဲလွင်  

(အပေါ်က ကိုဇွဲလွင်ပြောသွားတာနဲ့တင် တော်တော်ပြည့်စုံနေပါပြီ...
ကျွန်တော်ထပ်ဖြည့်ပြီးပြောချင်တာကတော့ ဒီဇာတ်ကားဟာ၂၀၁၁ခုနှစ်
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာအကယ်ဒမီ (၇)ဆုရရှိခဲ့တဲ့ ထာဝရအလင်းတန်းများ မြန်မာဇာတ်ကားရဲ့ ကျောရိုးဇာတ်လမ်းဖြစ်ကြောင်းပါပဲ.....)

Zip File size...673MB
Quality....အကြည်
Format...mkv
hour....01:23:35
subtitle....မြန်မာစာတန်းထိုး

Download Zip File

နမူနာကြည့်ရန်