Sunday, March 29, 2015

Happy Ghost 3(1987) မြန်မာစာတန်းထိုး


1980 ၀န်းကျင် လောက်ကနေစပြီး 5 ကားတိတိထွက်ရှိခဲ့တဲ့

Happy Ghost ဆိုတဲ့ဇာတ်ကားရဲ့ နံပါတ် 3 ပါ..
တစ်ကားနဲ့တစ်ကားမင်းသားတူညီပေမယ့် အကြောင်းအရာတွေ
ဘာဆိုဘာမှမတူ..အဆက်အနေနဲ့ရိုက်တာလည်းမဟုတ်လို့
နံပါတ် 3ကနေစကြည့်လည်း ကြောင်တောင်တောင်ဖြစ်နေမှာမဟုတ်ပါဘူး
ပထမဆုံးကနေစပြီး ဇာတ်လမ်းအကျဉ်းနည်းနည်းပြောရမယ်ဆိုရင်
ချင်မင်းဆက်ခေတ်တုန်းက လူတစ်ယောက်က ပညာရှိစာမေးပွဲကို
အကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့် အောင်မြင်ခြင်းမရှိပဲ..နောက်ဆုံးမှာ
သူ့မိန်းမကိုယ်တိုင်က ထားရစ်ခဲ့လည်း စိတ်ကျရောဂါဖြစ်ပြီးတဲ့နောက်
ဘုရားကျောင်းပျက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေခဲ့ပါတယ်
လူပြန်ဝင်စားခွင့်မရပဲနဲ့ ကြိုးပေါ်မှာပဲ တွယ်ကပ်နေခဲ့ပါတယ်
တစ်နေ့မှာ မြို့က ကျောင်းသားအဖွဲ့တစ်ဖွဲ့လာရောက်အပန်းဖြေရာကနေ
ကြိုးကိုသယ်ဆောင်သွားပြီး Happy Ghost က မြို့ကိုရောက်ရှိသွားပါတယ်
ကျောင်းသားအဖွဲ့ကကောင်မလေးတွေနဲ့ သိရှိပြီး ဘ၀ရဲ့ အဓိပ္ပါယ်တွေကို
သေချာစွာ နားလည်သင်ယူနိုင်ခဲ့လို့ လူပြန်ဝင်စားခွင့်ရရှိခဲ့ပါတယ်
ဒါက အပိုင်း ၁ ပါ..အပိုင်း ၂ ကနေ ၄ အထိက လူပြန်ဝင်စားပေမယ့်
Happy Ghost က ပြန်ဝင်စားတဲ့လူရဲ့ ကိုယ်စောင့်နတ်အဖြစ်နဲ့
ဆက်ပြီးရှိနေတဲ့အကြောင်းတွေပါ
အခုဒီနံပါတ်သုံးရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး
မပြောပြပဲကြည့်ရင် ပိုပြီးဆွဲဆောင်မှုရှိမယ်လို့ထင်ပါတယ်..
နံပါတ် 1 , 2 , 4 ကိုလည်း ဘာသာပြန်ထားတာတစ်ဝက်တစ်ပျက်တွေပဲရှိနေပါသေးတယ်
ဆက်ပြီးတင်ပေးသွားပါမယ်...
Srt ဖိုင်သက်သက် Video ဖိုင် သက်သက်တင်ပေးထားပါတယ်
Video ကတော့ အရမ်းကြာနေလို့ အကြည်ရှာဖို့မလွယ်တော့ပါဘူး
နည်းနည်းလေးတော့ဝါးနေပေမယ့် အဆင်ပြေပြေကြည့်လို့ရပါတယ်

No comments:

Post a Comment