Sunday, June 29, 2014

Love Lesson(2013) English စာတန်းထိုး



Profile

  • Information: 18+
  • Movie: Love Lesson
  • Revised romanization: Hwaryeonhan Oechul
  • Hangul: 화려한 외출
  • Director: Ko Kyoung-A
  • Upload: myanmarsubtitlemovie.blogspot.com
  • Release Date: December 5, 2013
  • Runtime: 80 min.
  • Language: Korean
  • Country: South Korea

Plot

Hee-Soo (Kim Sun-Young) is a popular songwriter with numerous hits, but she is going through a dry spell. She wonders if she lost her inspiration, because she is lonely. Hee-Soo then meets a boy (Byun Joon-Suk) in the elevator of an apartment building. She notices his stares. Hee-Soo feels a new song coming about.
On the pretext of giving the boy music lessons, Hee-Soo gives the boy a lesson in love. As time passes, the boy falls for her more and more and Hee-Soo's song is almost completed. At this time, Joon-Ho, who taught her about love and music, returns.

File size...365MB
Quality....Blu-ray Rip
Format...mkv
Hour....01:20:07
Subtitle....English

 



နမူနာကြည့်ရန်

 

Saturday, June 28, 2014

The Hunger Games(2012) မြန်မာစာတန်းထိုး


ဒီဇာတ်ကားက The Hunger Games စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပါတယ်။
ဇာတ်လမ်းက မြောက်အမေရိက တိုက်ကို အခြေခံပြုထားပြီး ကမ္ဘာကြီးကပ်ဆိုက်ပြီးတဲ့နောက်မှာ ကျန်ခဲ့တဲ့ နိုင်ငံတွေက စုပေါင်းပြီး Panem ဆိုတဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပေါ်လာပါတယ်။ အဲ့ဒီနိုင်ငံကို Capitol လို့ခေါ်တဲ့ လူချမ်းသာတွေနေတဲ့ မြို့က အုပ်ချုပ်ပြီး ကျန် ပြည်နယ် ၁၂ ခု ကတော့ ဆင်းဆင်းရဲရဲနေနေရပါတယ်။ Hunger Games တွေဖြစ်ပေါ်လာပုံကတော့ အဲ့ဒီပြည်နယ်တွေက ဆင်းရဲသားတွေက Capitol ကို တော်လှန်ကြရာမှာ မအောင်မြင်ပဲ Capitol ရဲ့ လက်အောက်ပြန်ကျရောက် ခဲ့သလို၊ Capitol က သူတို့ကို အပြစ်ပေးတဲ့အနေနဲ့ နှစ်စဉ် ပြည်နယ်တစ်ခုစီကနေ အသက် ၁၂ နှစ်နဲ့ ၁၈ ကြားက ယောက်ျားလေးမိန်းကလေး တစ်ယောက်စီရွေးပြီး Hunger Game မှာဝင်ယှဉ်ပြိုင်ရပါတယ်။ သူဌေးတွေက ရုပ်သံ အစီအစဉ်တစ်ခုလို အားကစားနည်းတစ်ခုလို ကြည့်ရှု အားပေးကြပါတယ်။
ဒီကစားနည်းက သူတို့ တည်ဆောက်ထားတဲ့ ကစားကွင်းထဲမှာ သူသေကိုယ်သေ အပြန်အလှန် အမဲလိုက် ကြရတာဖြစ်ပါတယ်။ နောက်ဆုံး တစ်ယောက်ပဲ ကျန်တဲ့အထိ ကစားရပြီး ကျန်တဲ့သူက အနိုင်ပါ။ တစ်ယောက်ပဲကျန်ရပါမယ်။ The Hunger Game မှာ မင်းသမီး Jennifer Lawrence (Katniss) နဲ့ သူရဲ့ တစ်ပြည်နယ်ထဲသား Peeta တို့ နှစ်ယောက်ဘယ်လိုတွေဆက်ဖြစ်ကြမယ်ဆိုတာ.........

Zip File size...894MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....02:15:03
subtitle....မြန်မာစာတန်းထိုး

Download Zip File(google drive link)


Mobile ဖုန်းများမှတိုက်ရိုက်ကြည့်ရှုရန် (မြန်မာစာတန်းထိုး)
နမူနာကြည့်ရန်

Friday, June 27, 2014

Always(2011) မြန်မာစာတန်းထိုး


လက်ဝှေ့လောကထဲက အနားယူထားတဲ့ မင်းသားနဲ့ မျက်မမြင်မင်းသမီးတို့ရဲ့
မေတ္တာတရားအကြောင်းကိုရိုးရိုးလေးရိုက်ပြထားတဲ့ဇာတ်ကားပါ...ကိုရီးယားဇာတ်ကားတွေမှာ
တွေ့နေကြ အိုဗာအိုက်တင်တွေသိပ်မတွေ့ရဘဲ မင်းသားဆိုဂျီဆပ်ရော..မင်းသမီးဟန်ဟိုဂျိုးရော
အပိုအလိုမရှိ အကောင်းဆုံး သရုပ်ဆောင်ထားနိုင်ပါတယ်....
ကိုရီးယားမင်းသားတွေထဲမှာတော့ ဒီမင်းသားက စုတ်စုတ်ပြတ်ပြတ်ဝတ်စားဆင်ယင်ပုံ နေပုံထိုင်ပုံတွေနဲ့
လိုက်ဖက်ပါတယ်...(သဘာဝကျကျ သရုပ်ဖော်ပုံပီပြင်တယ်လို့ဆိုလိုချင်တာပါ)
မင်းသမီးကတော့ ရုပ်မြင်တာနဲ့ ဂရုဏာသက်ချင်စရာပါ...ဒါရိုက်တာလူရွေးထားတာတော်ပါတယ်...
တစ်ခုသတိထားမိတာက နိုင်ငံခြားဇာတ်ကားတော်တော်များများက အလုပ်လုပ်တာကိုဦးစားပေးပုံဖော်ပြီး
ရသမြောက်အောင်ရိုက်ထားနိုင်တာကိုတွေ့ရပါတယ်..(အလုပ်ကိုတန်းဖိုးထားတာကိုလဲတွေ့ရပါတယ်)
မြန်မာဇာတ်ကားတစ်ချို့ကတော့ ဇာတ်လမ်းသာပြီးသွားတယ်..မင်းသားရော မင်းသမီးရော
ဘာအလုပ်မှလုပ်တာမတွေ့လိုက်ရဘူး...(ဇာတ်ကားတိုင်းကိုမဆိုလိုပါ)...

Zip File size...700MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....01:45:50
subtitle....မြန်မာစာတန်းထိုး

Download Zip File(Mediafire link)Soft-subtitle

Watch and Download (pCloud Link)Hard-subtitle(387MB)


နမူနာကြည့်ရန်

Monday, June 23, 2014

Mr&Mrs Player(2013) English စာတန်းထိုး



Information....18+
Mr & Mrs Player (2013) BluRay
Genre.........99 min - Comedy - 26 September 2013 (Hong Kong)
Stars...........Chrissie Chow, Matt Chow, Ho-Cheung Pange
Upload.........myanmarsubtitlemovie.blogspot.com
Language.....Hong Kong
Subtitle........English
Zip File Size....651MB
Format....mkv

Download Zip File
Trailer

Wednesday, June 18, 2014

Xue di zi (2012) မြန်မာစာတန်းထိုး




ရှေးခေတ်တရုတ်မင်းဆက်တွေလက်ထက်မှာ အမှန်တကယ်ရှိခဲ့တဲ့ လျှို့ဝှက်အဖွဲ့အစည်း Guillotine ဆိုတဲ့အဖွဲ့အကြောင်းကို ရင်နာစရာရိုက်ပြထားတဲ့ တရုတ်သိုင်းကားပါ...
ကျွန်တော်ဥာဏ်မီသလောက်ပြောရရင် တရုတ်သိုင်းကားတွေထဲမှာ တော်တော်အနှစ်သာရပြည့်ဝတဲ့
ဇာတ်ကားလို့ပြောချင်ပါတယ်...(သမိုင်းဖြစ်ရပ်မှန်ကိုဇာတ်အိမ်တည်ထားလို့လဲပါပါတယ်..)
ရိုက်ကူးထားတာလဲသေသပ်ပါတယ်...
ဒါပေမယ့် IMDb Rating မှာ 4.7 ပဲရရှိထားတာကိုတွေ့ရပါတယ်...
စဉ်းစားကြည့်မိသလောက်ပြောရရင် အရှေ့တိုင်းသားတွေရဲ့ သစ္စာရှိမှု...စွန့်လွှတ်မှုစတဲ့
ကွန်ဖြူးရှပ်လမ်းစဉ်ဆန်ဆန်အတွေးအခေါ်တွေကို မခံစားမိလို့တူပါတယ်...
ကျွန်တော်ကတော့ ရင်ဘတ်ကိုလှုပ်ခတ်နိုင်တဲ့ ခံစားမှုရသကိုခံစားမိပါတယ်...
သိုင်းကားနဲ့သိပ်မတူဘဲ မျက်ရည်ကျမိတဲ့ ခံစားမှုရသကိုပေးနိုင်တဲ့ဇာတ်ကားပါ....
(ကျွန်တော်တစ်ဦးတည်းရဲ့အမြင်သတ်သတ်ကိုအခြေခံပြီး ရေးသားထားခြင်းကြောင့်
လွတ်လပ်စွာကွဲပြားခံစားနိုင်ပါတယ်ခင်ဗျာ....)

Zip File size...798MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....01:53:06
subtitle....မြန်မာစာတန်းထိုး


နမူနာကြည့်ရန်



Monday, June 16, 2014

Snow White and The Huntman(2012) မြန်မာစာတန်းထိုး



Twilight မင်းသမီး Kristen Stewart ကစနိုးဝှိုက် အဖြစ်လည်းကောင်း၊
Thor မင်းသား Chris Hemsworth က Huntman အဖြစ်လည်းကောင်း၊
Italian Job မင်းသမီး Charlize Theron က စုန်းမအဖြစ်လည်းကောင်း
ပူးပေါင်းတင်ဆက်ထားတဲ့ ပုံပြင်ဆန်ဆန် ဇာတ်ကားလေးပါ...
သေသပ်လှပစွာ ရိုက်ကူးထားနိုင်ပါတယ်...

Zip File size...799MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....02:02:26
subtitle....မြန်မာစာတန်းထိုး

Download Zip File(Link 1)

Download Zip File(Link 2)

Mobile ဖုန်းများမှတိုက်ရိုက်ကြည့်ရှုရန် (မြန်မာစာတန်းထိုး)
နမူနာကြည့်ရန်

Friday, June 13, 2014

RoboCop (2014) မြန်မာစာတန်းထိုး


#ရုပ်ရှင်မိတ်ဆက်

ဒီကားက မထွက်ခင်ကတည်းက ပြောထားခဲ့သလိုပါပဲ ၁၉၈၀ ခုနှစ်တွေတုန်းကထွက်ခဲ့တဲ့ RoboCop ကို Remake ပြန်လုပ်ထားပေမယ့် မူလကားကို လုံးဝမမှီပါဘူး။

ဇာတ်လမ်းကတော့ ပထမကားနဲ့ သိပ်မတူပါဘူး။ မူလကားမှာ Detroit မြို့တော်ဝန်က ရဲဌာနကို OCP ကုမ္ပဏီကို လွှဲပေးပြီး ငွေထောက်ပံ့ခိုင်းရာက OCP က လူတွေအစား စက်ရုပ်တွေအစားထိုးဖို့လုပ်ပါတယ်။ အဲ့ဒီမှာ သူ့တို့ရဲ့စက်ရုပ်က အဆင်မပြေဖြစ်ပြီး၊ စက်၇ုပ်သီးသန့်အစား လူနဲ့ စက်နဲ့ပေါင်းဖို့ အစီအစဉ်လုပ်ပါတယ်။ အဲ့ဒီမှာ Officer Murphy က လူဆိုးတွေ ရက်ရက်စက်စက်သတ်တာ ခံရပေမယ့် အသက်မသေခင်မှာပဲ စက်ရုပ်အဖြစ် OCP ကပြောင်းပေးလိုက်ပြီး RobCop ဖြစ်လာပါတယ်။

၂၀၁၄ ကားမှာတော့ OCP ကစက်ရုပ်တွေကို ထုတ်လုပ်ထားနိုင်ပြီး အမေရိကန်ရဲ့ လက်အောက်ခံနိုင်ငံတွေ ဖြစ်တဲ့ အရှေ့အလယ်ပိုင်း၊ ဗီယက်နမ်၊ ကိုရီးယား နဲ့ အခြားအခြားသော နိုင်ငံတွေမှာ သုံးနေပေမယ့် အမေရိကန်နိုင်ငံ မှာတော့ ဥပဒေအရတားမြစ်ထားပါတယ်။ ပြည်သူတွေက စက်ရုပ်တွေကို မယုံကြည်ကြသလို လူတွေလို ဆုံးဖြတ်နိုင်စွမ်းမရှိတာ၊ လူတွေလို အမှားအမှန် ဝေဖန် ပိုင်းခြားနိုင်စွမ်းမရှိတာကြောင့် လက်မခံကြပါဘူး။ အဲ့ဒီဒါကြောင့် အမေရိကားမှာ ပစ္စည်းရောင်းရဖို့ စက်ရုပ်နဲ့လူကို ပေါင်းဖို့ ကြံစည်ပါတယ်။ Officer Murphy က လူဆိုးတွေလက်ချက်နဲ့ ကားဗုံးဖောက်ခံ ရပြီးနောက် OCP က သူ့တို့ရဲ့ အစည်အစဉ်ကို အကောင်အထည်ဖော်ပါတော့တယ်။

ဒီကားက RoboCop remake သာမဟုတ်ခဲ့ရင် အရမ်းကောင်းတဲ့ စက်ရုပ်ကားတစ်ကားဖြစ်မှာဖြစ်ပြီး နာမည်ကြောင့် လူတွေ စိတ်ပျက်တာဖြစ်ပါတယ်။ လူတိုင်းကြိုက်ခဲ့တဲ့ RoboCop ကို ယူပြီး ဇာတ်လမ်းလုံးဝပြောင်းလိုက်တာကလည်း ပရိတ်သတ်ကို ဒေါသထွက်စေပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ခေတ်က RoboCop က Made in USA ဖြစ်ပြီး ဒီ RoboCop ကတော့ Made in China ဖြစ်ပါတယ်။ အဲ့ဒီလောက်ထိ ဒီဘက်ခေတ်နဲ့ လျှော်ညီအောင် ရိုက်ကူးထားနိုင်သလို ဇာတ်လမ်းအားဖြင့်လည်း အထူးကောင်းမွန်ပါတယ်။ စက်ရုပ်နဲ့ လူနဲ့ တွဲထားပြီး စက်ရုပ်လိုပဲ လိုသလို ထိမ်းခြုပ်နိုင်အောင်ကြိုးစား ပေမယ့် လူဦးနှောက်နဲ့ နှလုံးသားက အထိန်းအချုပ်မခံ ပဲ Program ကို Override လုပ်တာမျိုး တွေက ဒီဘက်ခေတ် စက်ရုပ်အက်ရှင်ကား တစ်ကားအနေနဲ့ အထူးကောင်းမွန် ပါတယ်။ ဒါပေမယ့် RoboCop Remake ဆိုတာတစ်ခုတည်းနဲ့တင် RoboCop fan တွေ ကလက်မခံ ချင်ကြပါဘူး။

အားလုံးခြုံပြောရရင် ဇာတ်ကားကောင်းတစ်ကားပါ။ RoboCop လို့မမြင်ပဲ စက်ရုပ်ကားတစ်ကား လို့ သာ မြင်ရင် သို့မဟုတ် RoboCop (1987) ကားကို မကြည့်ဖူးရင်၊ ဇာတ်ကားကောင်းတစ်ကားဖြစ်လာ မှာပါ။ ကြည့်သင့်ပါတယ်။ ဒါက ဒီဘက်ခေတ်ကလေးတွေအတွက် 2014 RoboCop ပါ။ IronCop လို့နာမည်ပေးရင်တောင် တော်တော် ကောင်းပါဦးမယ်။ RoboCop နဲ့ လားလားမှမတူပါဘူး။ ကျန်တာအကုန်ကောင်းပါတယ်။

#Sololay
(ရုပ်ရှင်မိတ်ဆက်မှကူးယူဖော်ပြသည်...)

Zip File size...856MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....01:50:26
subtitle....မြန်မာစာတန်းထိုး

Download Zip File

Mobile ဖုန်းများမှတိုက်ရိုက်ကြည့်ရှုရန် (မြန်မာစာတန်းထိုး)


နမူနာကြည့်ရန်



Tuesday, June 10, 2014

Rio 2 (2014) မြန်မာစာတန်းထိုး



ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေ ကျော်လွန်ပြီးတဲ့နောက်မှာ Blu တစ်ယောက် သူချစ်တဲ့ Jewel နဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလာခဲ့ပါတယ်။ ခုတော့ သူတို့မှာ မိသားစုဝင်တွေ ထပ်တိုးနေပါပြီ။ သီချင်းကြိုက်တဲ့ Carla ၊ စာဂျပိုး Bia နဲ့ လက်သံပြောင်တဲ့ Tiago ဆိုတဲ့ သားသမီး ၃ ယောက် ပွားစီးနေပါပြီ။ Blu ကို အရင်က ပြုစုစောင့်ရှောက်ခဲ့တဲ့ Linda ဟာ Tulio နဲ့ လက်ထပ်ပြီး နောက်ပိုင်း အမေဇုံတောထဲကို ဒဏ်ရာရနေတဲ့ ငှက်တစ်ကောင်လွှတ်ဖို့ သွားရင်း Blu ရဲ့ မျိုးနွယ် Spix's Macaw တစ်ကောင်ရဲ့ ငှက်မွေးကို တွေ့သွားခဲ့ပါတယ်။ ဒီအကြောင်းကို ရုပ်သံကနေ ထုတ်လွှင့်ပြသလိုက်တဲ့အခါမှာ Jewel ဟာ သူ့ရဲ့ ဇာတိကို ပြန်ဖို့ Blu ကို ပူဆာပါတော့တယ်။ Blu အတွက် ရီယို ဒီဂျနေရိုက သာယာတဲ့ဘဝလေးကို စွန့်ပစ်ဖို့ဆိုတာ အတော် ဆုံးဖြတ်ရခက်ပေမယ့် Rafael ၊ Nico နဲ့ Pedro တို့လည်း လိုက်ပါမှာမို့ မလိုက်ချင်လိုက်ချင်နဲ့ ပါလာသည်။ ခွေးဘီလူးကြီး Luiz ကတော့ ငှက်တွေနဲ့ အပြိုင်မလိုက်နိုင်သမို့ ကျန်နေခဲ့သည်။ Blu မှာ သူ့အတွက် သီးသန့်လုပ်ပေးထားတဲ့ Fanny Pack လေး သယ်လာခဲ့ပြီး အဲဒီထဲမှာ Linda ကို ရှာနိုင်မယ့် GPS စက်တစ်လုံး ပါလာသည်။
Linda တို့ ရှာတွေ့ထားတဲ့ သစ်တောအနားမှာ သစ်တွေခိုးခုတ်နေတဲ့ အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ Linda နဲ့ Tulio ရဲ့ တွေ့ရှိမှုဟာ အဲဒီသစ်တောဒေသကို လူစိတ်ဝင်စားမှု မြင့်တက်လာစေပြီး သစ်ခိုးထုတ်တဲ့ လုပ်ငန်းအတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်လာနိုင်တာမို့ Linda တို့ လင်မယားကို လုပ်ကြံဖို့ ကြံစည်ပါတော့တယ်။ Blu ရဲ့ အမေဇုံသွားတောလားဟာလည်း အကြီးမားဆုံး အဟန့်အတားတစ်ခုနဲ့ ရင်ဆိုင်ဖို့ တာစူနေပါတော့တယ်။ Blu နဲ့ Jewel ရဲ့ ရန်သူတော်ဟောင်းကြီး ကြက်တော Nigel ဟာ ပုရွက်စားကောင် Charlie နဲ့ အဆိပ်ဖား Gabi တို့ရဲ့ အကူအညီနဲ့ Blu ကို လက်စားချေဖို့ ကြိုးစားပါတော့တယ်။ အမေဇုံကို ရောက်သွားတဲ့အခါမှာတော့ Blu အတွက် နောက်ထပ် ပြဿနာ တစ်ခု ထပ်တိုးလာပါတယ်။ မြောက်များလှတဲ့ မျိုးနွယ်တူ ငှက်တွေရဲ့ကြားမှာ Jewel ရဲ့ အဖေ Eduardo ၊ အစ်မ Mimi နဲ့ Jewel ရဲ့ ငယ်သူငယ်ချင်း Roberto တို့နဲ့ အဆင်ပြေအောင် ကြိုးစားရပါတယ်။
Blu ဟာ ဒီငှက်သိုက်ကြီးထဲမှာ ဘယ်လောက် အဆင်ပြေအောင် ကြိုးစားပါသော်လည်း အဆင်မပြေပါဘူး။ ဒါကြောင့် ဒီငှက်တွေကို စွန့်ခွာပြီး လူတွေရှိရာ အရပ်ကိုသာ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ ပိုင်ရှင်ဟောင်း Linda တို့ လင်မယားဟာလည်း သစ်ခုတ်သမားတွေက ဖမ်းဆီးခံထားရပါတယ်။ Blu တစ်ယောက် Linda တို့ လင်မယားနဲ့ အမေဇုန်ဒေသက မိုးသစ်တောကြီးတွေကို ဘယ်လို ကယ်တင်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါခင်ဗျာ …
Blu အဖြစ် မင်းသား Jesse Eisenberg ၊ Jewel အဖြစ် မင်းသမီး Anne Hathaway ၊ Roberto အဖြစ် Bruno Mars ၊ Nico အဖြစ် Jamie Foxx ၊ Pedro အဖြစ် will.i.am ၊ Eduardo အဖြစ် Andy Garcia တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Carlos Saldanha ရိုက်ကူးထားတဲ့ Rio 2 ဟာ ၂၀၁၁ ခုနှစ် က Rio ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ရီယိုဒီဂျနေရိုးမှာ ဇာတ်အိမ်တည်ထားတာ မဟုတ်ပဲ အလွန်သာယာလှပတဲ့ တောင်အမေရိက အမေဇုံ မိုးသစ်တောထဲမှာ ဇာတ်အိမ်တည်ထားပြီး ရှားပါး ငှက်မျိုးစိတ်တွေနဲ့ သတ္တဝါတွေရဲ့ အလှအပတွေကို အဓိကထား တင်ဆက်ထားတာ တွေ့ရမှာပါ။ IMDb မှာ Rating 6.8 ရရှိထားပြီး Rotten Tomatoes မှာတော့ Tomatometer 47% ပဲ ရရှိထားပါတယ်။
သီချင်းတွေအကတွေနဲ့ဟာသအသားပေးပြီးရိုက်ကူးထားတာမို့ အပန်းဖြေကြည့်ချင်တဲ့သူတွေ သေချာပေါက် ကြည့်သင့်တဲ့ ဇာတ်ကားပါ။ အမေဇုံတောရဲ့ အလှအပတွေနဲ့ ရှားပါးတိရိစ္ဆာန်တွေကို ထည့်သွင်းဖော်ပြထားတာမို့ အရမ်းကြည့်လို့ကောင်းသလို ဘရာဇီးတွေရဲ့ ဘောလုံးနဲ့ ပတ်သက်တဲ့ ခံယူချက်ကိုလည်း ထည့်သွင်းရိုက်ကူးထားတာ တွေ့ရမှာပါ။ သီချင်းလေးတွေ ကောင်းသလို ကပြတဲ့ အခန်းတွေလည်း တော်တော် ကြည့်လို့ကောင်းပါတယ်။ အရောင်အသွေးစုံလင်တဲ့ ငှက်တွေနဲ့ သားရဲတွေကို ချစ်စဖွယ်ဖြစ်အောင် ဖန်တီးထားပါတယ်။ တချို့အခန်းတွေကို ကြည့်ရတာ အတော်လေးတော့ ခေါင်းမူးပါတယ်။ ဇာတ်လမ်းရဲ့ Tempo အမြင့်ဆုံးအခန်းမှာ အနည်းငယ် ကလေးဆန်နေတာကလွဲရင် ကျန်တာအားလုံး ပြည့်စုံတယ်လို့ ပြောနိုင်ပါတယ်။ အပန်းဖြေ ကြည့်ချင်တဲ့သူတွေ၊ ပေါ့ပေါ့ပါးပါး ဇာတ်အိမ်ကြိုက်သူတွေနဲ့ ကလေးတွေ သေချာပေါက် ကြည့်သင့်တဲ့ ဇာတ်ကားပါပဲ။
Hollinaz
(mmmovieguide.com မှကူးယူဖော်ပြသည်....)
Rio 1 (2011)တိုက်ရိုက်ကြည့်လင့်ကိုလဲတင်ပေးလိုက်ပါတယ်..

Zip File size...460MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....01:41:50
subtitle....မြန်မာစာတန်းထိုး

Download Zip File(Google Drive Link)

Download Zip File(Solidfiles Link)


နမူနာကြည့်ရန်


Rio (2011) ကို ဒီလင့်မှာ ကလစ်ပြီးတိုက်ရိုက်ကြည့်နိုင်ပါတယ်....

Wednesday, June 4, 2014

Knight and Day(2010) မြန်မာစာတန်းထိုး


Tom Cruise နဲ့ Cameron Diaz တို့ပါဝင်ထားတဲ့ဇာတ်ကားလေးပါ...နှစ်ယောက်လုံးက
ဝါရင့်တွေပီပီ ဇာတ်ကားတစ်လျှောက်လုံး ကြည့်ရှု သူအပေါင်းကို စိတ်ပါဝင်စားအောင် ဆွဲခေါ်သွားနိုင်ပါတယ်...ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် Action ကားကိုကြည့်မယ်ဆိုရင်
အလိုက်ဖက်ဆုံးဇာတ်ကားပါ...Movie Review ကိုတော့ Ma Khin oo may ရေးသားထားတာ
သဘောကျလို့ သူ့ဘလော့ကနေ ကူးယူဖော်ပြလိုက်ပါတယ်.....
********************************************************************
လေဆိပ်တစ်ခုမှာ တွမ်ခရုစ် က ဟိုကြည့်ဒီကြည့်ကြည့်နေတယ။် မျက်စိက ကျားရဲ ..အဲ လေ စွန်ရဲသဖွယ် ပစ် မှတ် ကို လိုက်ရှာနေတယ။်ဟော..တွေ့သွားပြီ မိန်းကလေးတစ်ယောက် ပြာရိပြာယာ နဲ့ လေဆိပ်ထဲကကို ဝင်လာတယ်။ လက်ထဲမှာလက်ဆွဲ အိတ် hand carry luggage တစ်ခုဘဲပါတယ်။ ခဏနေတော့ မမျှော်လင့်ဘဲနဲ့ တွမ်ခရုစ် က မတော်တဆတမင်ဝင်တိုက်မိတယ်။ ပစ္စည်းတွေ ကြဲပလားသွားတယ်..ပြန်ကောက်ပေးတယ်.. စကားပြောကြတယ်။ ဘာတွေ ပြောသလဲ မမေးပါနဲ့ ကိုယ်လဲမသိဘူးထုံးစံအတိုင်း...တောင်းပန်ပါတယ်နော်....ကိစ္စမရှိပါဘူး...... ဖြစ်တတ်ပါတယ်။နောက်ကိုသတိထားဦးမှ.....တစ်ယောက်ထဲလား... ဂရုစိုက်နော်... အဲသလိုမျိုးတွေ ဘဲဖြစ်မှာပါ.ကိုယ့်ဘာသာကိုယ်နားလည်ယူ ဘာသြာ့ပန်လိုက်တယ်။
တစ်ခါလေယဉ်ပေါ်မတက်ခင်မှာဝင်တိုက်ကြပြန်ရောတစ်ခါ...တောင်းပန်ကြပြန်ရောတစ်ခါ..ဘာဘဲ ဖြစ်ဖြစ်ခင်သွားတာပေါ့။ အကြံရတယ်။နောက်တစ်ခါလေဆိပ်ဆင်းရင် ဘာမှ မသယ်ဘဲနဲ့ အိတ်တစ်လုံးဘဲသယ်ပြီးနောက်ကျမှသွားမယ်။ အဲသလိုပြာယာပြာယာ အိုက်တင်လုပ်မယ် တစ်စုံတစ်ယောက်က ဝင်တိုက်ရငသူငယ်ချင်းဖြစ်ရတာပေါ့ မဟုတ်ရင် လောကကြီးက ပျင်းစရာကြီး.။ မတိုက်တော့လဲဘာဖြစ်လဲ ဘယ်သူသိတာမှတ်လို့။မိန်းကလေးများငယ်စဉ်ကာလမှ သိတ်ရှက်တတ်ပြီး ကြီးလာရင်. ..အဲလေမိန်းကလေးများလို့ပြောရင် အမှု ကြီးမယ်...ကိုယ်ဘဲဆိုပါစို့....အသက်ငယ်တုံးကရှက်တတ်သလောက် အခုကြီးလာတော့မရှက်တတ်တော့ဘူး။ ဟိုတုံးက ဖုံးဖုံးဖိဖိဝတ်ခဲ့သမျှ အခုဖော်တာတွေ ကြိုက်တယ် ပေါ်လေ..ကြိုက်လေဘဲ။

ပုံပြင်လေးတောင်သတိရမိသေး.။ ရွာထဲမှာ လူဆိုးကြီးသောင်းကျန်းနေလို့တစ်ချို့မိန်းကလေးများက တံခါးသေချာပိတ်အိပ်ကြသတဲ့ တစ်ချို့ ကတော့တစ်ခါးဖွင့်အိပ်ကြသတဲ့။ ကိုယ်သာဆိုရင် ဖွင့်မလားပိတ်မလားဆိုတာကိုတော့မပြောပါရစေနဲ့။အဲသလိုနဲ့လေယဉ်ပေါ်တက်ဘို့လုပ်ကြတယ်။ကင်မရွန်ဒေစ်ကseat..မရသလိုဖြစ်တယ်။နောက်ဆုံးမှာတော့seat ရသွားပြီး လေယဉ်ကြီးကောင်းကင်ပေါ်တက်သွားတယ်တစ်ယောက်ကို တစ်ယောက် အသိအမှတ် ပြုကြတယ် ထိုင်တာတော့အတူတူမထိုင်ကြဘူး။အရှေ့အနောက် လှမ်းစကားပြောကြတယ်။ ကိုယ်သာဆိုရင်လား.. အတူတူသွားထိုင်မှာပါ.အေးလေ... စကားပြောတာဘဲ ဘာဖြစ်လဲ ကိုယ်ကအော်မပြောတတ်ဘူး စကားပြောတာလဲခပ်တိုးတိုးဘဲ အိုက်တင်နဲ့ ကိုယ့်zif ကိုယ်ကြားရုံလေနဲ့ ပြောတာဆိုတော့အကွာအဝေးက ဝေးလို့မဖြစ်ဘူး...လက်တွေ့မှာလဲ ဘတ်စကားကားစောင့်ရင့်နဲ့ မျက်မှန်း တန်းမိ တဲ့မြန်မာအစ်ကိုကြီးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်နဲ့ရှိတယ်။ ပထမတော့သူတို့
ဘာသိ ဘာသာဘဲ. ကိုယ်ကိုယ်တိုင်က သူတို့ဘေးသွားထိုင်ပြီးစကားသွားစပြောတာ.အခုမှ စသိတဲ့သူတစ်ယောက်ကိုမိတ်ဆွေ ဖြစ်အောင်လုပ်ဘို့ဆိုတာကိုယ့်အတွက်တော့မခဲယဉ်းလှပါဘူး. Custom service sector မှာလုပ်နေလို့လဲပါမှာပေါ့။ အဲသလိုဘဲ ရုပ်ရှုင်ကြည့်ရင် မင်းသမီးနေရာကနေကိုယ်က လိုက်ခံစားနေတာ . ကိုမဆလာက သတိပေးရတယ်.. မင်းက မင်းသမီးမဟုတ်ဘူး...မင်းသမီးအမေဖြစ်နေပြီလို့ဆိုတယ်.သူ့ဘာသာသူ ဆိုလိုချင်တာဆို..အဓိကကိုယ်စိတ်ချမ်းသာရင်ပြီးတာဘဲ။လေယဉ်ကလည်းလူနဲနဲလေး ခဏနေတော့ ကင်မရွန်ဒေစ် က အိမ်သာ အဲလေ. gents.\ loo…..toilet ထဲဝင်ပြီးမိတ်ကပ်သွာဖို့တယ်...အခုခေတ်စားနေတဲ့အီးမေလ်တွေပြန့်နေတဲ့ရှေ့မျက်နာနောက်ထားတော်မူကြပါဆိုတဲ့ဇာတ်ကားထဲကမင်းသမီးလိုမျိုး. ဟိုပင့်ဒီပင့်လုပ်တယ်။ ပါးစပ်ထဲကို..ဘာတွေညာတွေဖျန်းတယ်။မင်းသား မင်းသမီးက နဲနဲတော့ကြီးပြီလို့ ခလေးတွေကပြောချင်ရင်ပြောပေမဲ့ကိုယ့်အတွက်တော့အရင်အတိုင်းဘဲ နဲနဲအိုလာသွားတာကလွဲလို့ နှစ်သက်နေတုံးဘဲ။ ငယ်ချစ်တွေကိုး..ဟိုတုံးက အဲသလိုဘဲ
သဘာဝဘေးအန္တရာယ်အတွက်အလှုငွေ ကောက်တာ ထင်တယ် အစိမ်း ၁၀၀ လှူ ရင် တွမ်ခရုစ်နဲ့ တယ်လီဖုန်းပြောခွင့်ရတယ်။အဲဒီခေတ်ကနိုင်ငံခြားမရောက်သေးလို့ရောက်လို့များကတော့လူလစ်တုံးသမလိုက်မယ်။ပြီးတော့လေယဉ်ပေါ်မှာပါလာတဲ့သူတွေနဲ့တွမ်ခရုစ်နဲ့တိုက်ခိုက်ကြတယ်။မင်းသားဘဲနိုင်တာပေါ့မေးနေရသေးလား..လေယဉ်မယ်ရော..လေယဉ်မောင်းတဲ့သူတွေရောအားလုံးရှုံးသွားတယ် အများနဲ့တစ်ယောက် တိုက်ခိုက်နေတဲ့အချိန်မှာကင်မရွန်ဒေစ် ကလည်း အပြတ်ရှိုင်းနေတယ်။ အခန်းထဲမှာ..သူတွက်လာတော့တွမ်ခရုစ်ကအအေးခွက်ကလေးနစ်ခွက်ကိုင်ပြီး သောက်နေတယ်။
စကားတွေပြောကြတယ်..သိတ်ပြောနိုင်ကြတာဘဲ ကိုယ်လဲနားမလည်တော့ခက်တယ်။ခဏနေတော့လေယဉ်ကြီးက မှောက်မလိုဖြစ်တယ်။အဲဒါနဲ့ တွမ်ခရုစ် ကနေလေယဉ်ဝင်မောင်းတယ်။ သူကလေယဉ်လဲမောင်းတတ်တယ်။ရုပ်ရှင်မို့လို့သာယုံလိုက်တယ်။နောက်ဆုံးမြေပြင်ပေါ်ကို ထိုးဆိုက်ပြီးလေယဉ်လဲပျက်မတတ်ဖြစ်သွာတယ်.. သူနဲ့သိခဲ့တာ မပြောနဲ့နော်လို့ တွမ်ခရုစ် ကမှာလိုက်တယ။် တွမ်ခရုစ် မှာလို့ကတော့ ကိုယ်ကတော့ခေါင်းညိတ်မှာဘဲ။
တစ်ခါရဲတွေလိုက်လာတယ်.ကင်မရွန်ဒေစ်က သူလဲမသိဘူးလို့ခံငြင်းတာဘဲတွမ်ခရုစ်ရောက်လာပြီးကယ်ထုတ်သွားပြန်ရော..ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိ.ရုပ်ရှင်မို့လို့ဘဲ။ကြည့်လို့တော့ကောင်းပါတယ်။မယုံရင် ထရေလာကိုဖွင့်ကြည့်ပါ။ ယူကျုမှာရှိတယ်။..ပြီးတဲ့သကာလကြတော့ တွမ်ခရုစ်က သူသွားမယ်တဲ့ ကင်မရွန်ဒေစ်ကိုလိုက်မလားလို့မေးတယ်။ နားလည်လို့ မဟုတ်ပါဘူး ခန့်မှန်းကြည့်တာခြေဟန်လက်ဟန်တွေ နဲ့ ခန့်မှန်းကြည့်ရတာပေါ့။
သူ့ကိုယ်သူလက်ညိုးထိုးပြီး with me တဲ့ ။ နေခဲ့မယ်ဆိုရင် without meဆိုပြီး. ထွက်သွားပြီး ကားအကောင်းစားကြီးတစ်စီးပေါ်ကနေထိုင်ပြီးသွားစောင့်နေတယ။်ကင်မရွန်ဒေစ်ခဗျာဝေခွဲရခက်နေရှာတယ်နောက်ဆုံးတော့သိတတယ်မဟုတ်လား .ကိုယ့်လိုဘဲ သူလဲမငြင်းနိုင်ပါဘူး.ပါသွားတယ်။ကင်မရွန်ဒေစ် လဲ အတော်ပိန်အောင်.အဲလေ ပိန်နေတယ်။ ပိန်နေတော့ဘာဖြစ်သလဲ ..လှတာပေါ့။ ဝတ်လို့စားလို့လဲအဆင်ပြေတယ်။ အဲဒါနဲ့ပစ်ကြခတ်ကြ..နောက်ဆုံးမှာတော့ တွမ်ခရုစ် ကို ကင်မရွန်ဒေစ် က with me…… လား. Without me လား တစ်ပြန်မေးပြီး အပိုင်သိမ်းသွားတယ်. ဟင်း။ ………..

(khinoomay77.blog မှကူးယူဖော်ပြသည်...)

***********************************************************************
File size...(900MB) 
Quality...Blu-ray Rip 720p

Format...mp4
Duration....01:52:43
Subtitle....Myanmar Subtitle (Hardsub)

Encoder....Kyaw Swar Win

 
Download and Watch 720p HD (pCloud Link)

Download and Watch 360p Small File Size(450MB)



Zip File size...689MB (WinRAR ဖြင့်ဖြည်ပါ)
Subtitle...Softsub with myanmar subtitle file(srt)

Download 1 File(689MB) 

Download 1 File(689MB)Google Drive Link

 


နမူနာကြည့်ရန်

Tuesday, June 3, 2014

Drive Angry(2011) မြန်မာစာတန်းထိုး


Nicolas Cage ပါဝင်ထားတဲ့ Action, Crime, Fantasy အမျိုးအစားဇာတ်ကားပါ..
Movie Review ကိုတော့ Ma Khin oo may ရေးထားတာသဘောကျလို့ သူ့ဘလော့ကနေ
ကူးယူဖော်ပြလိုက်ပါတယ်...

***********************************************************************
ရုပ်ရှင်ရုံဆီသွားတုံးကတော့ unknown ကြည့်ဘို့ဘဲ. အမည်မဖော်လိုသူတစ်ဦး (ကိုဇော်) က အဲဒီကားကို ကြည့်ပါလို့ recommend ပေးထားတယ်။ တန်းစီနေရင်းက စိတ်ပြောင်းသွားတယ်. Unknownကတစ်နေ့ကိုသုံးပွဲဘဲပြတော့တယ်။သဘောက နဲနဲရုံတင်တာကြာသွားပြီဆိုတဲ့သဘောဘဲ...အသစ်ဆိုရင် ပွဲစဉ်အများကြီးပြတယ်။ အဲဒါနဲ့ အနောက်က ကလေးမတွေ ကိုနေရာဦးခိုင်းထားပြီး. ဘာကားရှိသေးလဲ သွားကြည့်တယ်။ Drive angry တွေ့တယ။် Nicolas Cage ဆိုတာနဲ့သဘောကျသွားပြီ။


face off မှာ အရမ်းကြိုက်သွားတယ် အကြိမ်ပေါင်းများစွာကြည့်တယ်။ အဲဒီထည်းမှာ ဘယ်သူက လဲ Nicolas Cage လား John Travolta ကလား. သူ့မိန်းမ ဆရာဝန်မကို မျက်နာကို လက်နဲ့သပ်တဲ့ အခန်းကို သိတ်သဘောကျတယ်။ ချစ်ခင်မှုကို သက်သေပြသလိုဘဲခံစားရတယ်။ သူ့မိန်းမ ဆရာဝန်မကလည်း ရုပ်ဆိုးလိုက်တာ. ဆရာဝန်မဆိုရင် ရုပ်ဆိုးမယ်လို့ပရိသတ်တွေ ကတောင် အထင် အမြင် လွဲသွားနိုင်တဲ့အန္တရာယ်ရှိတယ်။

လိုရင်းက တော့မိန်းကလေး သဘာဝအတိုင်း အသစ်ကို မှ မက်မောတတ်တာမို့လို့ နောက်နေ့မှဘဲ unknownကြည့်တော့မယ်အခုတော့အသစ်စက်စက်ကိုမှ ကိုင်လိုက်ဦးမယ်ဆိုပြီးစဉ်းစားလိုက်တယ်။ နောက်က ကလေးမ နစ်ယောက်ကလည်း drive angry ဘဲတဲ့ အာ. ငါတို့ ၁၅ မိနစ်တောင်နောက်ကျနေပြီဆိုတော့ရပါတယ်တဲ့ ထွေလာလောက်ဘဲ လွတ်ဦးမှာပါတဲ့ အဲသာနဲ့ သူများယောင်ရင် ယောင်တတ်တဲ့အတိုင်း. Drive angry ဘဲလို့ဆုံးဖြတ်လိုက်တယ် သုတ်သုတ်ကလေးဝင်.....ဒီတစ်ခါလက်မှတ်ဝယ်တာကတော့သိပ်မကြာဘူး. ဒါတောင်ရုံထဲရောက်သွားတော့ကားက စပြနေပြီ. ..
ကြော်ငြာအရတော့ NicolasCage ကိုကောင်မလေးတစ်ယောက်နဲ့တွေ့တာ သမီးများလားလို့တောင်ထင်မိတယ်။ မင်းသမီးဖြစ်နေတာကိုး. အခုလဲ စိုးအောင်ဇတ်လမ်း. သိုင်းဝထ္တုတွေ လိုဘဲ မည်သို့မည်ပုံဖြစ်သည်မသိ. မင်းသမီးနဲ့ Nicolas Cage ကကားတစ်စီးပေါ်ကနေ အတူဆင်းလာပြီး နှုတ်ဆက်စကားဆိုရင်လမ်းခွဲပြီးကိုယ့်လမ်းကိုယ်သွားကြတာကိုတွေ့လိုက်ရတယ်
ကောင်မလေးကဖွင့်ပြီးအိမ်ထဲဝင်သွားတယ်..ဘာဖြစ်သွားမှန်းမသိ.....အပြင်ပြန် ရောက်လာတယ်။
အနောက်ကသူ့ရည်းစားလားဘာလားမသိထင်ရတဲ့သူတစ်ယောကက် လိုက်လာတယ်။ ကောင်မလေးက သွားတော့မယ်လုပ်တော့ငါ့ကားသူ့ကားဆိုပြီးငြင်းကြရာကနေ ထသတ်ကြတယ်။ ကောင်မလေးကလဲပြန်ချတာဘဲ မနိုင်ဘူး. မနိုင်ဆို ဗလကလည်းကွာတာကိုး. . အဲဒါကို မလှမ်းမကမ်းက နေသူ့အလုပ်နဲ့သူရှုပ်နေတဲ့ Nicolas Cage ကမြင်သွားတော့ဟိုတစ်ယောကက် အသေတီးတော့မယ်အချိန်မှာ အချိန်မှီကလေးရောက်လာပြီးဟိုကောင်ကိုဆော်ထည့်လိုက်တာ တစ်ချက် ထည်း အဲ..တစ်ချက်တည်းတော့မကဘူးနဲနဲ တော့ချက်ရတယ်။ ဟိုကောင်လဲသွားရော. အဲဒါနဲ့ကောင်မလေးလဲ နီကိုလပ်နဲ့ပါသွားရော. စကားတွေ တော့ပြောကြတာပေါ့ ဘာတွေ ပြောသလဲတော့မမေးနဲ ကိုယ့်ဘာသာဘဲ စဉ်းစားယူရတာဘဲ မိတ်ဆက်တာတွေ လုပ်ကြမှာပေါ့ ဟိုကောင်ကဘယ်သူလဲ နင့်ရည်းစားလား  ဘာဖြစ်လိုကလဲ. ဘယ်သွားမှာလဲ နင်ကကောဘယ်ကလဲ ဘာလုပ်ကိုင်စားလဲ ဘယ်သွားမလို့လဲ ဘာလဲညာလဲ ASL တွေ မေးကြမှာပေါ့။

အဲဒါနဲ့ကလပ်လိုဟော်တယ်လိုနေရာရောက်သွားပြီး.ဟိုဟာဒီဟာမှာသောက်မလို့ လုပ်ပြီးကောင်မလေးကငါ.ငါ့တူနဲ့သွားတွေ့လိုက်ဦးမယ်ဆိုလား ဘယ်သူနဲ့သွားတွေ့လိုက်ဦးမယ်ဆိုလား. ဆိုပြီး ထွက်သွားပြီး ကောင်လေးတစ်ယောက်ကို တစ်နေရာကို လက်ကိုင်ပုဝါလိုမျိုးနဲ့ ပုတ်လိုက်တာ ကောင်လေးလဲ ကောင်မလေးနောက်ပါသွားရော. စိတ်ဝင်စားစရာဘဲ.

ဆက်ရေးခါနီးစဉ်းစားသွားတယ်....ဆင်ဆာလွတ်မလွတ်....အင်တာနက်ထဲစာရေး တာလည်းမလွယ်ဘူး ရေးပြီးမှ ပြန်ဖျက်ဘို့ မလွယ်ဘူး. မရေးတာကောင်းမယ်ထင်တယ်.အဲဒါ သူတို့နစ်ယောက် အဲသလို. ဟိုလိုတော့မဟုတ်ဘူး. ဒီလိုတော့ဟုတ်တယ်။ အဲသလိုနေတုံး. ရန်သူတွေ ရောက်လာသလို ခံစားရတော့ကောင်မလေးက အသာလေးထွက်ကြည့်တာ. တစ်ကယ်ဘဲရန်သူတွေ က နီကိုလပ် အခန်းထဲကိုဝင်သွားပြီးအသေချ ကြပြန်ရော နိကိုလပ်ကလဲအားတာ မဟုတ်ဘူး...နောက်ကောင်မလေး(များများတော့အသက်ကြီး)တစ်ယောက်နဲ့ အလုပ်ရှုပ်နေရာကနေ ဆေးလိပ်ကြီးခဲပြီး အဲဒီတစ်ယောက်ကို လက်ကိုင်ထားပြီး (လက်ကမချဘူးနော် ဖက်ထားရာ)ကနေပြန်ချတာအော်ရင်ဂျီနယ်ကောင်မလေးကလည်းကူညီပါတယ်။ အဲဒါနဲ့သူတို့ပြေးကြပြန်ရော..ကောင်မလေးက စကားပြောရင် F ခဏခဏပါတယ်။ ဖဘ မှာ F ထည့်ထည့်ရေးနေတဲ့ညီမလေးကိုသတိရမိပြန်တယ်။

အဲဒီကောင်မလေးဝတ်တဲ့ အကျီထဲမှာ ဟိုနေ့ကဝယ်လာတဲ့ အကျီပုံစံမျိုးလေးတွေ့ လိုက်တယ်။ရင်ဘတ်အိပ်ထောင်နဲ့ မကြိုက်ချင်ဘူး ဒါပေမဲ့ဈေးသက်သာတာနဲ့ ဝယ်ထားလိုက်တာ. ဘယ်သူ့ဘဲ့ပေးပေးဆိုပြီး. အဲဒီထဲမှာ မင်းသမီးက အဲဒါမျိုးလေးဝတ်ပြီးအပေါ်က တစ်ထပ် ထပ်ဝတ်ထားတာ အတော်လှတယ်။ အင်း. အဓိကကတော့ လူလှဘို့ပါဘဲ လူလှရင်ဘာဘဲဝတ်ဝတ်လှတာပါဘဲလေ။
ရေးရင်းသက်ပြင်းချပြန်သည်. လက်ညောင်းလာသည်. အတိုချုံးရမယ်။ အဲသည်မှာ အဲသလိုဘဲ အတိုချုံးမယ်ဆိုရင် လူတစ်ယောက်က နိကိုလပ်သမီးကိုသတ်...မြေးကိုယူပြီး သွားတာ အဲဒါကို ပြန်လိုက်တောင်းတာ ကလေးကို. အဲဒီမှာ အနှောက်အယှက်တွေကလည်းအများကြီးဘဲပေါ့ ဘယ်သူမှန်းမသိတဲ့ အက်ဖ်ဘီအိုင်ဆိုတဲ့ သူလည်းပါသေးတယ။် သူကလည်း မျက် လှည့်ပြ တတ်တယ်။အသေးစိတ်ကတော့ထားပါတော့ အရေးရယ်အကြောင်းရယ် သူ့ကို ဝိုင်းပစ်ကြတော့မယ်ဆိုရင်.သူကကျပ်စေ့လိုဟာမျိုးကို လက်နဲ့ တောက် ကောင်းကင်ပေါ်ပြစီပြီးပြန်ကျလာမယ်ဆိုရင် အက်ဖ်ဘီ အိုင်ဆို တဲ့ ကဒ်ပြားမျိုးကသူ့လက်ထဲကိုကျလာတယ်။ထူးဆန်းတာပေါ့. တစ်ချက်တစ်ချက်တော့အတော်လေးပေါတယ်။ ၁၃ ကားလား + ၁၈ ကားလားတောင်ပြန်ကြည့်ရမလိုဘဲ.

ဒါပေမဲ့ကောင်းပါတယ်။ ကားတွေ ပြိုင်မောင်းတာကြည့်ရတယ်။ သီချင်းတွေကောင်းတယ်။ ဇာတ်လမ်းက လမ်းသရဲဆန်တယ်။အက်ရှင်များတယ်။ကြည့်လို့ကောင်းပါတယ် လွတ်သွားမှာစိုးလို့ရောက်ရောက်ချင်းဆိုရင်လက်ထဲကကိုင်သွားတဲ့ ပိုက်ဆံအိတ်အသေးလေးကိုတောင်အိတ်ကြီးထဲမထည့်ဖြစ်ဘူး သေချာကြည့် နေရတာနဲ့.

အိပ်ငိုက်လာပြန်သည် ပက်ပီသုံးငုံထသောက်သည်....

အဲသည်မှာ သူတို့နောက်ကိုလိုက်လာတဲ့ မျက်လှည့်ဆရာကြီး ကို တံတားပေါ်မှာ ကားအပြိုင်မောင်းနေ ရာကနေ ပြိုင်ဖိုက်ကြရာမှာ တံတားပေါ်က နေကားပြုတ်ကျပြီးမြေကြီးပေါ်ဇောက်ထိုးဆင်းသွားတာကို မြင်လိုက်ရတယ် မဆိုးဘူး လွတ်ပြီပေါ့ဝမ်းသာပြီးထွက်သွားကြတယ်။

ဆင်းလာတဲ့ကားဘေးကိုစက်ဘီးနစ်စီးနဲ့ကောင်လေးနစ်ယောက်မတော်တဆ ရောက်လာပြီး အံသြ သွားကြတယ်။ ဒီကားထဲကလူ အသက်ရှိနိုင်သေး လားဆိုပြီးစဉ်းစားကြတယ်။ ဒီကောင်တွေ ဘလော့ဂါမဟုတ်တာ သေချာတယ် ဘလော့ဂါသာ ဆိုရင် ရှစ်မိုင်လမ်းဆုံမှာ ကားကြီး zif ထောင်သွား တာမြင်သွားတာနဲ့ငါတော့ယနေ့ကံကောင်းပြီဆိုပြီး ရိုက်တဲ့ ဘလော့ဂါလိုဘဲ ဘယ်သူမှ မလွတ်ဘူး အဲဒီကောင်တွေလို ဆွေးနွေးချိန်မရဘူး မြင်တာနဲ့ ကင်မလာကြီးထုတ်ရိုက်မှာဘဲ ချစ်ကြည်အေးဆိုရင် သုံးချောင်းထောက်တောင်စက်ဘီးမှာ ချိတ်ထားနိုင်သေးတယ်။ ပန်ပန်ဆိုလဲ အိုင်ဖုံးမှာ ကမန်းကတန်း ခဲကြမ်း အဲလေ အိုင်ကြမ်းခြစ်ထားလိုက်ပြီ။ ကိုဘ ဆိုရင်တော့ map ထဆွဲမှာဘဲ ဘယ်နေရာလဲလို့ N2ကို လှမ်းမေးနိုင်တယ်။

ကလေးကို abduct လုပ်သွားတဲ့လူနောက်လဲလိုက်ကြတာ သက်စွန့်ဆံဖျား. နောက်ဆုံး နီကိုလပ်ကားကို လိုက်လို့မရအောင်လုပ်လိုက်တာလား...အောတိုပျက်သွားတာလားမသိမှာ နီကိုလပ်တို့ကျန်ခဲ့တယ် ဒါလဲယုတ္တိမရှိဘူး. ဒီလောက်အသေချနေကြတာ သူတို့ကားပျက်သွားရင်လမ်းသွားလမ်းလာကားတွေ ကို သေနတ်ပြပြီးကားလုပြီးဆက်လုပ်လို့ရတာဘဲ ရုပ်ရှင်ပြီးသွားမှ ဆိုးတာနဲ့ မလိုက်သွားကြတော့ဘူး. ကားပျက်ကိုဘဲပြင်လို့ရအောင်လုပ်ကြရတော့မယ်။

ထပ်ပြီးလိုတိုရှင်းရရင်. လိုက်ရင်းနဲ့ ကလေးပြန်ရလာရော နိကိုလပ်ကလဲသေမလိုဖြစ်နေပြီး ကလေးကိုစောင့်ရှောင့်ပါနော်. ငါ့ကို promise ပေးပါပေါ့ကောင်မလေးခများလည်းသနားပါတယ် မျက်ရည်လွဲရွဲဖြစ်နေပြီ. အဲသည်မှာ ပြောပြီး ငြိမ်ကျသွားတော့ သေပြီထင်တာဘဲ ရုတ်တရက် ကလေးအမေဖြစ်သွားတဲ့ ကောင်မလေးလဲ မျက်ရည်လည်ရွဲ နဲ့ နီကိုလပ်မိတ်ဆွေ က နစ်သိမ့်ရတယ်။အဲဒီလူ ကံဘဲပေါ့။ကောင်မလေးနဲ့ ဟိုလူနဲ့ ထွက်သွားပြီးကာမှ သေပြီထင်တဲ့ နီကိုလပ်က ပြန်ထလာပြီး အဲဒီမျက်လှည့်ဆရာ လူကြီး က တလိုက်တာ နဲ့ရောက်လာတဲ့ကားနဲ့ဘယ်မှန်းမသိထွက်သွားကြရော အဲသလိုတော့နိကိုလပ်က မလုပ်သင့်ပါဘူး ကောင်မလေးခများ ကလေးတစ်ယောက်နဲ့ကျန်ခဲ့တယ်။ သူ့ကလေးပြန်လိုချင်လို့ဆိုပြီး သက်စွန့်ဆံဖျားလိုက်ပြီးရတော့လဲသူများကိုပေးခဲ့တာကောင်းသလား။ကောင်မလေးခမျာ ရည်းစားဘဲလိုချင်ရှာမှာ သူများကလေးတော့လိုချင်ရှာမှာ မဟုတ်ဘူးလေ. နိကိုလပ်နားလည်သင့်တယ်။ 

အဲဒီကားနဲ့ မျက်လှည့်ဆရာကြီးနဲ့ နီကိုလပ်နဲ့ထွက်သွားပြီး ထုံးစံအတိုင်းဘဲ ဘယ်သူမှ မရှိတဲ့ကား လမ်းအရှည်ကြီးပေါ်မောင်းထွက်သွားရင်းနဲ့ ပြီးသွားတယ် ဇာတ်သိမ်းသီချင်းလေး ကနား ထောင်လို့ကောင်းတာနဲ့ မထဘဲ ကားမောင်းတာကြည့်ရင်းနဲ့နားထောင်နေတာ ပြီးလုမှ သတိပြုမိတာ ရုံထဲမှာ နောက်ဆုံး ကျန်သူဖြစ်နေတယ်။ ကျန်တဲ့ရပ်ကြည့်နေတဲ့သူတွေ က နောက်တစ်ပွဲစ ဘို့အတွက်သန့်ရှင်းရေးလုပ်ဘို့စောင့်နေတဲ့ဝန်ထမ်းတွေ.………ဒီလောက်ကောင်းတဲ့သီချင်းကို နားမထောင်ကြဘဲ ဘာဖြစ်လို့ရုံထဲကနေ ကမန်းကတန်းထွက်သွားကြတာလဲနားမလည်နိုင်ဘူး....
(khinoomay77.blogspot မှကူးယူဖော်ပြသည်...)
***********************************************************************
Zip File size...643MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....01:28:15
subtitle....မြန်မာစာတန်းထိုး

Download Zip File
 
Mobile phone များမှ Firedrive တွင်တိုက်ရိုက်ကြည့်ရှုရန်(မြန်မာစာတန်းထိုး)



 နမူနာကြည့်ရန်